Bundesliga Premier League Transfer News

အာဆင္နယ္ေနာက္ခံလူကို ဘြန္ဒက္စ္လီဂါအသင္းငါးသင္း စိတ္ဝင္စားေန

အာဆင္နယ္အသင္းကေန ဘြန္ဒက္စ္လီဂါတူးကလပ္ ႏုရင္ဘတ္ကို အငွားခ်ထားခဲ့တဲ့ လူငယ္ေနာက္ခံလူ ကြန္စတန္တီႏို႔စ္ မာဗ႐ိုပါႏို႔စ္ကို ေခၚယူဖို႔ တစ္ဆင့္ျမင့္ၿပဳိင္ပြဲ ဘြန္ဒက္စ္လီဂါက အသင္း ၅ သင္းက စိတ္ဝင္စားေနၾကၿပီး ကစားသမားအေနနဲ႔ ေႏြရာသီမွာ သူ႕အနာဂတ္ကို ဆုံးျဖတ္သြားရဖို႔ ရွိေနပါတယ္။

ႏုရင္ဘတ္ကို အငွားနဲ႔ မေျပာင္းေရႊ႕ခင္အခ်ိန္အထိ ဂရိသားအေနနဲ႔ အာဆင္နယ္အသင္းမွာ သုံးရာသီအတြင္း ၈ ပြဲသာ ကစားဖူးခဲ့ၿပီး ဘြန္ဒက္စ္လီဂါတူးမွာ တန္းမဆင္းဖို႔ ႐ုန္းကန္ေနရတဲ့ အသင္းအတြက္ ေနာက္ဆုံး ၁၀ ပြဲမွာ Clean Sheet ၃ ပြဲ ရယူေပးထားႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ကစားပုံအတြက္ဆို အရမ္း႐ိုးရွင္းလြန္းေနတဲ့ ပုံစံနဲ႔ ေလးလံတဲ့ ကစားဟန္ကို ပုိင္ဆုိင္ထားတဲ့ မာဗ႐ိုပါႏို႔စ္အေနနဲ႔ အံဝင္ဖို႔ ခက္ခဲမွာျဖစ္ေပမယ့္ ဂ်ာမန္ေျမကေတာ့ သူ႕အတြက္ ယုံၾကည္မွဳေတြ ေပးစြမ္းတဲ့ ေနရာလည္းျဖစ္ခဲ့ၿပီး နည္းျပသစ္ မီခယ္လ္ အာတီတာရဲ႕ လက္ေအာက္မွာေတာ့ သူ႕အနာဂတ္ကို မဆုံးျဖတ္ရေသးတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဆာင္းရာသီအေျပာင္းအေရႊ႕ကာလကမွ ဂ်ာမန္ေျမကို ေျခခ်ခဲ့တဲ့ အသက္ ၂၂ ႏွစ္အရြယ္ ဂရိယူ-၂၁ လက္ေရြးစင္ေဟာင္းကို စိတ္ဝင္စားေနၾကတယ္ဆုိတဲ့ ဘြန္ဒက္စ္လီဂါအသင္း ၅ သင္းကိုေတာ့ အတိအက် မသိရေသးေပမယ့္ ကစားသမားကေတာ့ အာဆင္နယ္အသင္းနဲ႔ အနာဂတ္ကို ေမွ်ာ္လင့္ေနဆဲလို႔ ဆိုပါတယ္။

ဒါေပမယ့္ အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္အေျပာင္းအေရႊ႕ကာလမွ ေဈးကြက္ထဲ လွဳပ္ရွားႏုိင္ဖို႔ ရန္ပုံေငြ ရတတ္သမွ် ရွာေဖြေနၿပီး အသင္းရဲ႕ ခံစစ္ပုိင္းမွာ အမွန္တကယ္ လိုအပ္ျခင္းမရွိတဲ့ ပုိလွ်ံအင္အားလုိျဖစ္ေနတဲ့ မာဗ႐ိုပါႏုိ႔စ္ကေတာ့ တျခားေနာက္ခံလူေလးဦးျဖစ္ၾကတဲ့ မူစတာဖီ၊ ဆိုကရာတစ္၊ ဟိုးလ္ဒင္း၊ ကိုလာစီနက္ခ်္တုိ႔နဲ႔အတူ ေရာင္းခ်ခံရႏုိင္ဖြယ္ရွိေနတယ္လုိ႔ ခန္႔မွန္းခံေနခဲ့ရေၾကာင္းလည္း သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းကနေ ဘွန်ဒက်စ်လီဂါတူးကလပ် နုရင်ဘတ်ကို အငှားချထားခဲ့တဲ့ လူငယ်နောက်ခံလူ ကွန်စတန်တီနို့စ် မာဗရိုပါနို့စ်ကို ခေါ်ယူဖို့ တစ်ဆင့်မြင့်ပြိုင်ပွဲ ဘွန်ဒက်စ်လီဂါက အသင်း ၅ သင်းက စိတ်ဝင်စားနေကြပြီး ကစားသမားအနေနဲ့ နွေရာသီမှာ သူ့အနာဂတ်ကို ဆုံးဖြတ်သွားရဖို့ ရှိနေပါတယ်။

နုရင်ဘတ်ကို အငှားနဲ့ မပြောင်းရွှေ့ခင်အချိန်အထိ ဂရိသားအနေနဲ့ အာဆင်နယ်အသင်းမှာ သုံးရာသီအတွင်း ၈ ပွဲသာ ကစားဖူးခဲ့ပြီး ဘွန်ဒက်စ်လီဂါတူးမှာ တန်းမဆင်းဖို့ ရုန်းကန်နေရတဲ့ အသင်းအတွက် နောက်ဆုံး ၁၀ ပွဲမှာ Clean Sheet ၃ ပွဲ ရယူပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ကစားပုံအတွက်ဆို အရမ်းရိုးရှင်းလွန်းနေတဲ့ ပုံစံနဲ့ လေးလံတဲ့ ကစားဟန်ကို ပိုင်ဆိုင်ထားတဲ့ မာဗရိုပါနို့စ်အနေနဲ့ အံဝင်ဖို့ ခက်ခဲမှာဖြစ်ပေမယ့် ဂျာမန်မြေကတော့ သူ့အတွက် ယုံကြည်မှုတွေ ပေးစွမ်းတဲ့ နေရာလည်းဖြစ်ခဲ့ပြီး နည်းပြသစ် မီခယ်လ် အာတီတာရဲ့ လက်အောက်မှာတော့ သူ့အနာဂတ်ကို မဆုံးဖြတ်ရသေးတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလကမှ ဂျာမန်မြေကို ခြေချခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ဂရိယူ-၂၁ လက်ရွေးစင်ဟောင်းကို စိတ်ဝင်စားနေကြတယ်ဆိုတဲ့ ဘွန်ဒက်စ်လီဂါအသင်း ၅ သင်းကိုတော့ အတိအကျ မသိရသေးပေမယ့် ကစားသမားကတော့ အာဆင်နယ်အသင်းနဲ့ အနာဂတ်ကို မျှော်လင့်နေဆဲလို့ ဆိုပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့ကာလမှ ဈေးကွက်ထဲ လှုပ်ရှားနိုင်ဖို့ ရန်ပုံငွေ ရတတ်သမျှ ရှာဖွေနေပြီး အသင်းရဲ့ ခံစစ်ပိုင်းမှာ အမှန်တကယ် လိုအပ်ခြင်းမရှိတဲ့ ပိုလျှံအင်အားလိုဖြစ်နေတဲ့ မာဗရိုပါနို့စ်ကတော့ တခြားနောက်ခံလူလေးဦးဖြစ်ကြတဲ့ မူစတာဖီ၊ ဆိုကရာတစ်၊ ဟိုးလ်ဒင်း၊ ကိုလာစီနက်ချ်တို့နဲ့အတူ ရောင်းချခံရနိုင်ဖွယ်ရှိနေတယ်လို့ ခန့်မှန်းခံနေခဲ့ရကြောင်းလည်း သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.