Bundesliga Premier League

ရာသီကုန္မွာ မန္ခ်က္စတာစီးတီးကို ျပန္လည္ေရာက္ရွိလာဦးမယ့္ အန္ဟဲလီညဳိ

မန္ခ်က္စတာစီးတီးအသင္းကေန ဘြန္ဒက္စ္လီဂါကလပ္ RB လုိက္ပ္ဇစ္ကို အငွားခ်ထားခဲ့တဲ့ စပိန္ေနာက္ခံလူ အန္ဟဲလီညဳိအေနနဲ႔ ရာသီကုန္မွာ မိခင္ကလပ္အသင္းကို ျပန္လည္ေရာက္ရွိလာေတာ့မွာျဖစ္ၿပီး အၿပီးသတ္ေျပာင္းေရႊ႕ဖို႔ကို သေဘာတူညီမွဳကို ပယ္ဖ်က္ခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ဘယ္ေနာက္ခံလူဟာ မန္ခ်က္စတာစီးတီးအသင္းရဲ႕ အကယ္ဒမီထြက္တစ္ဦးလည္းျဖစ္ၿပီး ၂၀၁၈-၁၉ ရာသီမွာ PSV အသင္းကို မေျပာင္းေရႊ႕ခင္အထိ သူတုိ႔ရဲ႕ မိတ္ဖက္ကလပ္အသင္းေတြဆီ အငွားနဲ႔ သြားေရာက္ခဲ့ရသူျဖစ္သလို အသင္းအတြက္ ဖလားပြဲ ၃ ပြဲသာ ကစားခြင့္ရခဲ့တာလည္းျဖစ္ပါတယ္။

၂၀၁၉-၂၀ ရာသီမွာေတာ့ ယူ႐ို ၁၂ သန္းနဲ႔ ေရာင္းထားခဲ့တဲ့ PSV အသင္းဆီက ျပန္လည္ေခၚယူခြင့္ ယူ႐ို ၁၆ သန္းနဲ႔ အသင္းမွာ ျပန္ကစားေစခဲ့ၿပီး ဦးစားေပး ဘယ္ေနာက္ခံလူေတြ ဒဏ္ရာကေန ျပန္သက္သာလာခ်ိန္မွာေတာ့ စုစုေပါင္းကစားခြင့္ ၁၂ ပြဲစာရင္းဝင္အၿပီးမွာ RB လိုက္ပ္ဇစ္ဆီ အငွားခ်ခဲ့ၿပီး ရာသီကုန္မွာ ေပါင္ ၂၅ သန္းနဲ႔ အၿပီးသတ္ေခၚယူခြင့္ကိုလည္း ထည့္သြင္းခဲ့တာျဖစ္ပါတယ္။

RB လိုက္ပ္ဇစ္အေနနဲ႔ ကိုဗစ္-၁၉ ကာလ မတုိင္ခင္မွာေတာ့ အသင္းအတြက္ ေျခစြမ္းျပခဲ့တဲ့ သူ႕ကို ေခၚယူဖို႔ စဥ္းစားခဲ့ေသးေပမယ့္ လက္ရွိအေနအထားမွာေတာ့ ေခၚယူဖို႔ မျဖစ္ႏုိင္ေတာ့ဘူးဆိုတဲ့သေဘာအျဖစ္ နည္းျပ ဂ်ဴလီယန္ နာဂဲလ္စ္မန္းက အသင္းဘတ္ဂ်က္ကို ေလးစားၿပီး သူ႕အတြက္ ေတာင္းဆုိဖို႔ မရွိေတာ့ဘူးလို႔လည္း ေျပာခဲ့တာျဖစ္ပါတယ္။

နာဂဲလ္စ္မန္းက အသင္းရဲ႕ အငွားကစားသမားေတြျဖစ္တဲ့ ႐ိုးမားက ခ်က္တုိက္စစ္မွဴး ပက္ထရစ္ ရွစ္ခ္နဲ႔ မန္စီးတီးက အန္ဟဲလီညဳိတုိ႔ကို လက္ရွိဘတ္ဂ်က္အရ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရင္လည္း မေခၚယူႏုိင္ေလာက္ဘူးလို႔ ဝန္ခံသြားခဲ့ၿပီး ေခၽြေခၽြတာတာသုံးစြဲရမယ္လို႔ ဆုိခဲ့တာေၾကာင့္ စပိန္သားအေနနဲ႔ ရာသီကုန္မွာ အစ္တီဟတ္ကို တစ္ေက်ာ့ျပန္ ေရာက္ရွိလာဦးမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းကနေ ဘွန်ဒက်စ်လီဂါကလပ် RB လိုက်ပ်ဇစ်ကို အငှားချထားခဲ့တဲ့ စပိန်နောက်ခံလူ အန်ဟဲလီညိုအနေနဲ့ ရာသီကုန်မှာ မိခင်ကလပ်အသင်းကို ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပြီး အပြီးသတ်ပြောင်းရွှေ့ဖို့ကို သဘောတူညီမှုကို ပယ်ဖျက်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် ဘယ်နောက်ခံလူဟာ မန်ချက်စတာစီးတီးအသင်းရဲ့ အကယ်ဒမီထွက်တစ်ဦးလည်းဖြစ်ပြီး ၂၀၁၈-၁၉ ရာသီမှာ PSV အသင်းကို မပြောင်းရွှေ့ခင်အထိ သူတို့ရဲ့ မိတ်ဖက်ကလပ်အသင်းတွေဆီ အငှားနဲ့ သွားရောက်ခဲ့ရသူဖြစ်သလို အသင်းအတွက် ဖလားပွဲ ၃ ပွဲသာ ကစားခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၉-၂၀ ရာသီမှာတော့ ယူရို ၁၂ သန်းနဲ့ ရောင်းထားခဲ့တဲ့ PSV အသင်းဆီက ပြန်လည်ခေါ်ယူခွင့် ယူရို ၁၆ သန်းနဲ့ အသင်းမှာ ပြန်ကစားစေခဲ့ပြီး ဦးစားပေး ဘယ်နောက်ခံလူတွေ ဒဏ်ရာကနေ ပြန်သက်သာလာချိန်မှာတော့ စုစုပေါင်းကစားခွင့် ၁၂ ပွဲစာရင်းဝင်အပြီးမှာ RB လိုက်ပ်ဇစ်ဆီ အငှားချခဲ့ပြီး ရာသီကုန်မှာ ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ကိုလည်း ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

RB လိုက်ပ်ဇစ်အနေနဲ့ ကိုဗစ်-၁၉ ကာလ မတိုင်ခင်မှာတော့ အသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ သူ့ကို ခေါ်ယူဖို့ စဉ်းစားခဲ့သေးပေမယ့် လက်ရှိအနေအထားမှာတော့ ခေါ်ယူဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့သဘောအဖြစ် နည်းပြ ဂျူလီယန် နာဂဲလ်စ်မန်းက အသင်းဘတ်ဂျက်ကို လေးစားပြီး သူ့အတွက် တောင်းဆိုဖို့ မရှိတော့ဘူးလို့လည်း ပြောခဲ့တာဖြစ်ပါတယ်။

နာဂဲလ်စ်မန်းက အသင်းရဲ့ အငှားကစားသမားတွေဖြစ်တဲ့ ရိုးမားက ချက်တိုက်စစ်မှူး ပက်ထရစ် ရှစ်ခ်နဲ့ မန်စီးတီးက အန်ဟဲလီညိုတို့ကို လက်ရှိဘတ်ဂျက်အရ ချန်ပီယံလိဂ်ဝင်ခွင့်ရရင်လည်း မခေါ်ယူနိုင်လောက်ဘူးလို့ ဝန်ခံသွားခဲ့ပြီး ချွေချွေတာတာသုံးစွဲရမယ်လို့ ဆိုခဲ့တာကြောင့် စပိန်သားအနေနဲ့ ရာသီကုန်မှာ အစ်တီဟတ်ကို တစ်ကျော့ပြန် ရောက်ရှိလာဦးမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.