Bundesliga Ligue1 Premier League Serie A Transfer News

ဟာဗတ္ဇ္ကို စိတ္ဝင္စားေနၿပီး ကစားသမားေတြ ေရာင္းခ်ေခၚယူမယ့္ ခ်ဲလ္ဆီး

ဂ်ာမန္ဘြန္ဒက္စ္လီဂါကလပ္ ေဘယာေလဗာကူဆင္ရဲ႕ ကြင္းလယ္တုိက္စစ္ကစားသမား ခုိင္ ဟာဗတ္ဇ္ကို စိတ္ဝင္စားလာခဲ့တဲ့ အသင္းေတြထဲမွာ ခ်ဲလ္ဆီးအသင္းလည္း ထပ္တိုးအျဖစ္ ပါဝင္လာခဲ့ၿပီး အသင္းရဲ႕ ဘတ္ဂ်က္ကို ထိန္းညႇိဖို႔ ကြင္းလယ္ကစားသမားႏွစ္ဦးကို ေရာင္းခ်ေခၚယူသြားဖို႔ ရွိေနတယ္လို႔ ဆုိပါတယ္။

ၿပီးခဲ့တဲ့ မတ္လအတြင္းက အုိင္းယက္စ္ေတာင္ပံကစားသမား ဟာကင္မ္ ဇီယက္ခ်္ကို ေခၚယူထားခဲ့ၿပီးျဖစ္တဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ RB လုိက္ပ္ဇစ္ရဲ႕ တီမို ဗာနာကိုလည္း သူ႕ရဲ႕ ေလ်ာ္ေၾကးသေဘာတူညီမွဳ ကုန္ဆုံးမယ့္ ဇြန္လ ၁၅ ရက္ေန႔ မတုိင္ခင္ အၿပီးသတ္ေခၚယူသြားႏုိင္ဖို႔ ႀကဳိးစားေနၿပီး တျခားပစ္မွတ္ေတြကိုလည္း ခ်ဲလ္ဆီးတုိ႔ ဆက္လက္ႀကဳိးစားဖို႔ ရွိေနတာပါ။

သူတို႔ရဲ႕ အဓိက လိုအပ္ခ်က္တစ္ခုျဖစ္တဲ့ ဘယ္ေနာက္ခံလူပစ္မွတ္ ဘန္ ေခ်းလ္ဝဲလ္ကေတာ့ အသင္းမွာ ရွိေနတဲ့ အလြန္ဆိုနဲ႔ အီမာဆင္တုိ႔ထက္ ပုိမုိငယ္ရြယ္ၿပီး လ်င္ျမန္တာကလြဲရင္ ခံစစ္ပုိင္းမွာ ဒီေလာက္ အားကိုးရမယ့္သူမ်ဳိး မဟုတ္တဲ့အတြက္ ေဝဖန္ခံေနရေပမယ့္ ေခၚယူဖို႔ ဆက္လက္လုပ္ေဆာင္သြားဖို႔ ရွိေနၿပီး ခ်ဲလ္ဆီးရဲ႕ အေျပာင္းအေရႊ႕ဘတ္ဂ်က္ကေတာ့ သူနဲ႔တင္ ကုန္ဆုံးသြားမယ့္သေဘာလည္း ရွိေနပါတယ္။

ဒါေၾကာင့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဟာဗတ္ဇ္ကို ေခၚယူဖို႔ဆိုရင္ အသင္းႀကီးေတြ စိတ္ဝင္စားေနတဲ့ ကြင္းလယ္အတြဲျဖစ္တဲ့ ေဂ်ာ္ဂ်င္ညဳိနဲ႔ အန္ဂိုလို ကြန္ေတတုိ႔ကို ထုတ္ေရာင္းသြားဖို႔ ရွိေနၿပီး အသက္ ၂၉ ႏွစ္အရြယ္ရွိေနတဲ့ ႏွစ္ဦးစလုံးကို ေဈးေကာင္းရႏိုင္တုန္းအခ်ိန္မွာ ေငြျပန္ေဖာ္ၿပီး လူငယ္ေတြကို အားကိုးသြားဖို႔လည္း ရွိေနပါတယ္။

လက္ရွိမွာေတာ့ ကြန္ေတကို ပါရီစိန္႔ဂ်ာမိန္း PSG နဲ႔ ေဂ်ာ္ဂ်င္ညဳိကို ဆရာေဟာင္း ေမာ္ရီဇီယို ဆာရီရွိရာ ဂ်ဴဗင္တပ္စ္အသင္းေတြက စိတ္ဝင္စားေနၾကၿပီး ခ်ဲလ္ဆီးတုိ႔အေနနဲ႔ ကမ္းလွမ္းမွဳေတြ ရွိလာရင္ ေငြေၾကးသက္သက္၊ ဒါမွမဟုတ္ ကစားသမားနဲ႔ ေငြေၾကးအလိုက္ကို ရယူၿပီး ေရာင္းခ်သြားႏုိင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဘေယာလေဗာကူဆင်ရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ခိုင် ဟာဗတ်ဇ်ကို စိတ်ဝင်စားလာခဲ့တဲ့ အသင်းတွေထဲမှာ ချဲလ်ဆီးအသင်းလည်း ထပ်တိုးအဖြစ် ပါဝင်လာခဲ့ပြီး အသင်းရဲ့ ဘတ်ဂျက်ကို ထိန်းညှိဖို့ ကွင်းလယ်ကစားသမားနှစ်ဦးကို ရောင်းချခေါ်ယူသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက အိုင်းယက်စ်တောင်ပံကစားသမား ဟာကင်မ် ဇီယက်ချ်ကို ခေါ်ယူထားခဲ့ပြီးဖြစ်တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ RB လိုက်ပ်ဇစ်ရဲ့ တီမို ဗာနာကိုလည်း သူ့ရဲ့ လျော်ကြေးသဘောတူညီမှု ကုန်ဆုံးမယ့် ဇွန်လ ၁၅ ရက်နေ့ မတိုင်ခင် အပြီးသတ်ခေါ်ယူသွားနိုင်ဖို့ ကြိုးစားနေပြီး တခြားပစ်မှတ်တွေကိုလည်း ချဲလ်ဆီးတို့ ဆက်လက်ကြိုးစားဖို့ ရှိနေတာပါ။

သူတို့ရဲ့ အဓိက လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဘယ်နောက်ခံလူပစ်မှတ် ဘန် ချေးလ်ဝဲလ်ကတော့ အသင်းမှာ ရှိနေတဲ့ အလွန်ဆိုနဲ့ အီမာဆင်တို့ထက် ပိုမိုငယ်ရွယ်ပြီး လျင်မြန်တာကလွဲရင် ခံစစ်ပိုင်းမှာ ဒီလောက် အားကိုးရမယ့်သူမျိုး မဟုတ်တဲ့အတွက် ဝေဖန်ခံနေရပေမယ့် ခေါ်ယူဖို့ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနေပြီး ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့ဘတ်ဂျက်ကတော့ သူနဲ့တင် ကုန်ဆုံးသွားမယ့်သဘောလည်း ရှိနေပါတယ်။

ဒါကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ဟာဗတ်ဇ်ကို ခေါ်ယူဖို့ဆိုရင် အသင်းကြီးတွေ စိတ်ဝင်စားနေတဲ့ ကွင်းလယ်အတွဲဖြစ်တဲ့ ဂျော်ဂျင်ညိုနဲ့ အန်ဂိုလို ကွန်တေတို့ကို ထုတ်ရောင်းသွားဖို့ ရှိနေပြီး အသက် ၂၉ နှစ်အရွယ်ရှိနေတဲ့ နှစ်ဦးစလုံးကို ဈေးကောင်းရနိုင်တုန်းအချိန်မှာ ငွေပြန်ဖော်ပြီး လူငယ်တွေကို အားကိုးသွားဖို့လည်း ရှိနေပါတယ်။

လက်ရှိမှာတော့ ကွန်တေကို ပါရီစိန့်ဂျာမိန်း PSG နဲ့ ဂျော်ဂျင်ညိုကို ဆရာဟောင်း မော်ရီဇီယို ဆာရီရှိရာ ဂျူဗင်တပ်စ်အသင်းတွေက စိတ်ဝင်စားနေကြပြီး ချဲလ်ဆီးတို့အနေနဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင် ငွေကြေးသက်သက်၊ ဒါမှမဟုတ် ကစားသမားနဲ့ ငွေကြေးအလိုက်ကို ရယူပြီး ရောင်းချသွားနိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.