Premier League

အူဘာမီယန္းကို အလြတ္ဆုိတာဟာ ရာဇဝတ္မွဳ က်ဴးလြန္တာလို႔ ေျပာလုိက္တဲ့ အိုလီယာရီ

အာဆင္နယ္အသင္းရဲ႕ ပြဲအမ်ားဆုံးကစားထားတဲ့ စံခ်ိန္ကို တင္ရွိထားတဲ့ ဂႏၴဝင္ေနာက္ခံလူေဟာင္း ေဒးဗစ္ အုိလီယာရီက အသင္း တာဝန္ရွိသူေတြအေနနဲ႔ တုိက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို အျဖစ္ႏုိင္ဆုံး အျမင့္ဆုံးေဈးနဲ႔ ေရာင္းထုတ္ဖို႔နဲ႔ ဒီလိုမဟုတ္ဘဲ အလြတ္နဲ႔ ေနာက္ႏွစ္ရာသီကုန္မွာ ေျပာင္းေရႊ႕ခြင့္ေပးမယ္ဆုိတာကေတာ့ ရာဇဝတ္မွဳ က်ဴးလြန္တာျဖစ္တယ္လို႔ ေဝဖန္ေျပာၾကားလိုက္ပါတယ္။

အိုလီယာရီဟာ အာဆင္နယ္အသင္းနဲ႔ လိဒ္စ္ယူႏုိက္တက္ႏွစ္သင္းတည္းမွာသာ ကစားဖူးခဲ့သူျဖစ္ၿပီး အသင္းအတြက္ ၁၈ ႏွစ္ၾကာ ကစားၿပီးမွ လိဒ္စ္မွာ ႏွစ္ႏွစ္အတြင္း ပြဲအနည္းငယ္သာ ကစားၿပီးေနာက္ သုံးႏွစ္အၾကာမွာ နည္းျပအျဖစ္ တာဝန္ယူခဲ့သလို အက္စတန္ဗီလာအသင္းကိုလည္း ကိုင္တြယ္ခဲ့ဖူးသူျဖစ္ပါတယ္။

အသက္ ၆၂ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အုိင္ယာလန္သားႀကီးဟာ အမ္းမရိတ္ကြင္းရဲ႕ ဗီအုိင္ပီပြဲၾကည့္စင္မွာလည္း မၾကာခဏ ေတြ႕ျမင္ရသူျဖစ္ၿပီး သူက လက္ရွိမွာေတာ့ ေျမာက္လန္ဒန္သားေတြအတြက္ အေကာင္းဆုံးေရြးခ်ယ္မွဳဟာ အူဘာမီယန္းနဲ႔ ေနာက္တစ္ရာသီကုန္မွာ ထုိင္ၾကည့္ေနမယ့္အစား အျမင့္ဆုံး ရႏုိင္တဲ့ ေဈးနဲ႔ ေရာင္းထုတ္ဖို႔ကိုပဲ အႀကံျပဳခဲ့တာပါ။

“အသင္းအေနနဲ႔ ေရွ႕က အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္လႊတ္ခဲ့ရတဲ့သူေတြဆီက သင္ခန္းစာေတြ ရခဲ့ၿပီးပါၿပီ။ ဒါက အသင္းရဲ႕ ဘဏၰာေရး အေျခအေနအတြက္ မွားယြင္းတဲ့ လုပ္ရပ္ျဖစ္ပါတယ္။ အူဘာမီယန္းရဲ႕ ဂိုးသြင္းမွတ္တမ္းက အရမ္းေကာင္းတာ အမွန္ပါပဲ။ ဒါေပမယ့္ အသင္းအေနနဲ႔ သူ ဘာေတြးေနလဲဆုိတာနဲ႔ ဆက္ေနမွာ ဟုတ္မဟုတ္ အတည္ျပဳၿပီးရင္ ထြက္ခြာမယ္ဆုိ ေရာင္းထုတ္ရမယ့္အခ်ိန္ပဲ ျဖစ္ပါတယ္”လို႔ အိုလီယာရီက ေျပာလိုက္ပါတယ္။

ဒါ့အျပင္ အုိလီယာရီက အသင္းအေနနဲ႔ ဒီလိုမ်ဳိး ကစားသမားေကာင္းေတြရဲ႕ စာခ်ဳပ္ကို တျဖည္းျဖည္း အခ်ိန္ကာလ ေလ်ာ့က်လာတာကို ထိုင္ၾကည့္ေနတာကပဲ မွားယြင္းလွၿပီျဖစ္ေၾကာင္းနဲ႔ ဒါကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္လႊတ္ၿပီး တစ္ျပားမွ မရမယ့္ အျဖစ္မ်ဳိးကေတာ့ အသင္းအေပၚ က်ဴးလြန္ေစာ္ကားၿပီး ရာဇဝတ္မွဳေျမာက္ေအာင္ ျပဳလုပ္လုိက္တာပဲလို႔ထင္ေၾကာင္း အာဆင္နယ္တာဝန္ရွိသူေတြကို သတိေပးေျပာၾကားသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ ပွဲအများဆုံးကစားထားတဲ့ စံချိန်ကို တင်ရှိထားတဲ့ ဂန္ထဝင်နောက်ခံလူဟောင်း ဒေးဗစ် အိုလီယာရီက အသင်း တာဝန်ရှိသူတွေအနေနဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို အဖြစ်နိုင်ဆုံး အမြင့်ဆုံးဈေးနဲ့ ရောင်းထုတ်ဖို့နဲ့ ဒီလိုမဟုတ်ဘဲ အလွတ်နဲ့ နောက်နှစ်ရာသီကုန်မှာ ပြောင်းရွှေ့ခွင့်ပေးမယ်ဆိုတာကတော့ ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

အိုလီယာရီဟာ အာဆင်နယ်အသင်းနဲ့ လိဒ်စ်ယူနိုက်တက်နှစ်သင်းတည်းမှာသာ ကစားဖူးခဲ့သူဖြစ်ပြီး အသင်းအတွက် ၁၈ နှစ်ကြာ ကစားပြီးမှ လိဒ်စ်မှာ နှစ်နှစ်အတွင်း ပွဲအနည်းငယ်သာ ကစားပြီးနောက် သုံးနှစ်အကြာမှာ နည်းပြအဖြစ် တာဝန်ယူခဲ့သလို အက်စတန်ဗီလာအသင်းကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။

အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုင်ယာလန်သားကြီးဟာ အမ်းမရိတ်ကွင်းရဲ့ ဗီအိုင်ပီပွဲကြည့်စင်မှာလည်း မကြာခဏ တွေ့မြင်ရသူဖြစ်ပြီး သူက လက်ရှိမှာတော့ မြောက်လန်ဒန်သားတွေအတွက် အကောင်းဆုံးရွေးချယ်မှုဟာ အူဘာမီယန်းနဲ့ နောက်တစ်ရာသီကုန်မှာ ထိုင်ကြည့်နေမယ့်အစား အမြင့်ဆုံး ရနိုင်တဲ့ ဈေးနဲ့ ရောင်းထုတ်ဖို့ကိုပဲ အကြံပြုခဲ့တာပါ။

“အသင်းအနေနဲ့ ရှေ့က အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့ရတဲ့သူတွေဆီက သင်ခန်းစာတွေ ရခဲ့ပြီးပါပြီ။ ဒါက အသင်းရဲ့ ဘဏ္ဏာရေး အခြေအနေအတွက် မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အူဘာမီယန်းရဲ့ ဂိုးသွင်းမှတ်တမ်းက အရမ်းကောင်းတာ အမှန်ပါပဲ။ ဒါပေမယ့် အသင်းအနေနဲ့ သူ ဘာတွေးနေလဲဆိုတာနဲ့ ဆက်နေမှာ ဟုတ်မဟုတ် အတည်ပြုပြီးရင် ထွက်ခွာမယ်ဆို ရောင်းထုတ်ရမယ့်အချိန်ပဲ ဖြစ်ပါတယ်”လို့ အိုလီယာရီက ပြောလိုက်ပါတယ်။

ဒါ့အပြင် အိုလီယာရီက အသင်းအနေနဲ့ ဒီလိုမျိုး ကစားသမားကောင်းတွေရဲ့ စာချုပ်ကို တဖြည်းဖြည်း အချိန်ကာလ လျော့ကျလာတာကို ထိုင်ကြည့်နေတာကပဲ မှားယွင်းလှပြီဖြစ်ကြောင်းနဲ့ ဒါကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ပြီး တစ်ပြားမှ မရမယ့် အဖြစ်မျိုးကတော့ အသင်းအပေါ် ကျူးလွန်စော်ကားပြီး ရာဇဝတ်မှုမြောက်အောင် ပြုလုပ်လိုက်တာပဲလို့ထင်ကြောင်း အာဆင်နယ်တာဝန်ရှိသူတွေကို သတိပေးပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.