Premier League UCL&UEL

ဥေရာပဝင္ခြင့္ပိတ္ခံရရင္ မန္စီးတီးကေန ဒီဘ႐ိုင္းနားထြက္ခြာႏိုင္တယ္လုိ႔ ဘယ္လ္ဂ်ီယမ္နည္းျပေျပာ

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔သာ ဥေရာပ ၿပဳိင္ပြဲေတြကေန ကစားခြင့္ ပိတ္ပင္ခံခဲ့ရရင္ ကြင္းလယ္ကစားသမား ကီဗင္ ဒီဘ႐ိုင္းနားအေနနဲ႔ အသင္းကေန ထြက္ခြာႏုိင္တယ္လို႔ ဘယ္လ္ဂ်ီယမ္လက္ေရြးစင္နည္းျပ ေရာဘတ္တို မာတီနက္ဇ္က ေျပာၾကားလုိက္ပါတယ္။

လာမယ့္ ဇြန္လ ၈ ရက္ေန႔ကေန ၁၀ ရက္ေန႔အထိ ဆြစ္ဇာလန္ႏုိင္ငံ လိုဇန္ၿမဳိ႕မွာ ၾကားနာမွဳေတြ ျပဳလုပ္မွာျဖစ္တဲ့ မန္စီးတီးအသင္းတဲ့ အားကစားခုံ႐ုံး အယူခံၾကားနာမွဳ မတုိင္ခင္ မာတီနက္ဇ္က သူ႕အျမင္ကို ထုတ္ေဖာ္လုိက္တာျဖစ္ၿပီး ဆုံးျဖတ္ခ်က္ခ်မွတ္ဖို႔ကေတာ့ အားလုံးသိထားတဲ့ အတိုင္းပဲ ႏွစ္လနီးပါး ၾကာျမင့္ဦးမယ္လုိ႔ ဆုိပါတယ္။

မန္စီးတီးအသင္းကို ျပစ္ဒဏ္ အတည္ျပဳခ်မွတ္ေစခ်င္တဲ့ အသင္းေတြ မ်ားျပားေနခ်ိန္မွာ အားကစားခုံ႐ုံး CAS အေနနဲ႔ ယူအီးအက္ဖ္ေအရဲ႕ ျပစ္ဒဏ္ကို ဆက္လက္ေဆာင္ရြက္ၿပီး ႏွစ္ႏွစ္ပိတ္ပင္ဖို႔အတြက္ အတည္ျပဳသြားမယ္လို႔ တခ်ဳိ႕က ခန္႔မွန္းေနၾကၿပီး ေရွာင္လႊဲႏုိင္ဖို႔ မလြယ္ဘူးလို႔လည္း ခန္႔မွန္းေနၾကပါတယ္။

“ကီဗင္က အႏုိင္လိုခ်င္တဲ့ ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ သူ႕အေနနဲ႔ သူ႕ကိုယ္တုိင္ရဲ႕ အေတြးအေခၚအတုိင္းပဲ ဆုံးျဖတ္မွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ မကစားရခ်ိန္မွာ အသင္းေျပာင္းဖို႔နဲ႔ အသင္းမွာ ဆက္ေနဖို႔ဆုိတဲ့ ဆုံးျဖတ္ခ်က္ႏွစ္ခုၾကား ေရြးခ်ယ္ရမွာလည္းျဖစ္ပါတယ္။ အသင္းနဲ႔ နည္းျပနဲ႔ ဆက္ဆံေရးေတြအရ ဆက္ရွိေနတာမ်ဳိးလည္းျဖစ္ႏုိင္သလို ကစားသမားဘဝအတြက္ တျခားေရြးခ်ယ္မွဳမ်ဳိးလည္း ျပဳလုပ္သြားႏုိင္ပါတယ္”လို႔ အသင္းက ထြက္ခြာႏုိင္ေျခတခ်ဳိ႕ကို မာတီနက္ဇ္က ကစားသမားဘဝနဲ႔ခ်ီၿပီး ေျပာပါတယ္။

မာတီနက္ဇ္က ကစားသမားတစ္ေယာက္အေနနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ရွိေနမွ ကစားပုံေကာင္းၿပီး ဆုဖလားေတြကို ရယူႏုိင္မွာျဖစ္ေၾကာင္း၊ ဒါေပမယ့္ အသင္းသာ ပြဲပယ္ခံခဲ့ရရင္ ဒီဘ႐ိုင္းနားရဲ႕ အေနအထားဟာ အရင္အတုိင္းရွိပါ့မလားဆုိတာကိုလည္း စိုးရိမ္စရာျဖစ္ၿပီး အသင္းမွာ နည္းျပ ပက္ပ္ ဂြါဒီယိုလာကေရာ ဆက္ရွိဖို႔ ျဖစ္ႏုိင္ဦးမလားဆိုတာေတြကိုလည္း စဥ္းစားရမယ္လုိ႔ မာတီနက္ဇ္က ဆုိခဲ့ၿပီး ဘယ္သူမွ သူ႕ကိုေတာ့ အႀကံမေပးႏုိင္ဘဲ ကစားသမားကိုယ္တုိင္ရဲ႕ ျပႆနာပဲျဖစ္တယ္လုိ႔ ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့သာ ဥရောပ ပြိုင်ပွဲတွေကနေ ကစားခွင့် ပိတ်ပင်ခံခဲ့ရရင် ကွင်းလယ်ကစားသမား ကီဗင် ဒီဘရိုင်းနားအနေနဲ့ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ဘယ်လ်ဂျီယမ်လက်ရွေးစင်နည်းပြ ရောဘတ်တို မာတီနက်ဇ်က ပြောကြားလိုက်ပါတယ်။

လာမယ့် ဇွန်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ လိုဇန်မြို့မှာ ကြားနာမှုတွေ ပြုလုပ်မှာဖြစ်တဲ့ မန်စီးတီးအသင်းတဲ့ အားကစားခုံရုံး အယူခံကြားနာမှု မတိုင်ခင် မာတီနက်ဇ်က သူ့အမြင်ကို ထုတ်ဖော်လိုက်တာဖြစ်ပြီး ဆုံးဖြတ်ချက်ချမှတ်ဖို့ကတော့ အားလုံးသိထားတဲ့ အတိုင်းပဲ နှစ်လနီးပါး ကြာမြင့်ဦးမယ်လို့ ဆိုပါတယ်။

မန်စီးတီးအသင်းကို ပြစ်ဒဏ် အတည်ပြုချမှတ်စေချင်တဲ့ အသင်းတွေ များပြားနေချိန်မှာ အားကစားခုံရုံး CAS အနေနဲ့ ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ်ကို ဆက်လက်ဆောင်ရွက်ပြီး နှစ်နှစ်ပိတ်ပင်ဖို့အတွက် အတည်ပြုသွားမယ်လို့ တချို့က ခန့်မှန်းနေကြပြီး ရှောင်လွှဲနိုင်ဖို့ မလွယ်ဘူးလို့လည်း ခန့်မှန်းနေကြပါတယ်။

“ကီဗင်က အနိုင်လိုချင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ သူ့ကိုယ်တိုင်ရဲ့ အတွေးအခေါ်အတိုင်းပဲ ဆုံးဖြတ်မှာဖြစ်ပြီး ချန်ပီယံလိဂ် မကစားရချိန်မှာ အသင်းပြောင်းဖို့နဲ့ အသင်းမှာ ဆက်နေဖို့ဆိုတဲ့ ဆုံးဖြတ်ချက်နှစ်ခုကြား ရွေးချယ်ရမှာလည်းဖြစ်ပါတယ်။ အသင်းနဲ့ နည်းပြနဲ့ ဆက်ဆံရေးတွေအရ ဆက်ရှိနေတာမျိုးလည်းဖြစ်နိုင်သလို ကစားသမားဘဝအတွက် တခြားရွေးချယ်မှုမျိုးလည်း ပြုလုပ်သွားနိုင်ပါတယ်”လို့ အသင်းက ထွက်ခွာနိုင်ခြေတချို့ကို မာတီနက်ဇ်က ကစားသမားဘဝနဲ့ချီပြီး ပြောပါတယ်။

မာတီနက်ဇ်က ကစားသမားတစ်ယောက်အနေနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိနေမှ ကစားပုံကောင်းပြီး ဆုဖလားတွေကို ရယူနိုင်မှာဖြစ်ကြောင်း၊ ဒါပေမယ့် အသင်းသာ ပွဲပယ်ခံခဲ့ရရင် ဒီဘရိုင်းနားရဲ့ အနေအထားဟာ အရင်အတိုင်းရှိပါ့မလားဆိုတာကိုလည်း စိုးရိမ်စရာဖြစ်ပြီး အသင်းမှာ နည်းပြ ပက်ပ် ဂွါဒီယိုလာကရော ဆက်ရှိဖို့ ဖြစ်နိုင်ဦးမလားဆိုတာတွေကိုလည်း စဉ်းစားရမယ်လို့ မာတီနက်ဇ်က ဆိုခဲ့ပြီး ဘယ်သူမှ သူ့ကိုတော့ အကြံမပေးနိုင်ဘဲ ကစားသမားကိုယ်တိုင်ရဲ့ ပြဿနာပဲဖြစ်တယ်လို့ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.