Other Leagues Premier League Transfer News

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ပထမဆုံးေႏြရာသီေခၚယူမွဳ ျဖစ္လာႏုိင္တဲ့ ဗန္ဒဘိခ္

မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ဒီရာသီမွာ ကြင္းလယ္လိုအပ္ခ်က္ကို ျဖည့္ဆည္းဖို႔ ကစားသမား ၅ ဦးေလာက္ကို ေစာင့္ၾကည့္ေနရာမွာ ေသေသခ်ာခ်ာ အာ႐ုံစူးစိုက္ၿပီး ေလ့လာခံခဲ့ရတဲ့သူ ၃ ဦးေလာက္ရွိၿပီး ဒီထဲက တစ္ဦးျဖစ္တဲ့ အုိင္းယက္စ္ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ဟာ အသင္းရဲ႕ ပထမဆုံး ေႏြရာသီေခၚယူမွဳျဖစ္လာဖို႔ နီးစပ္ေနပါတယ္။

ယူႏုိက္တက္အေနနဲ႔ အက္သလက္တီကို မက္ဒရစ္ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို အလိုရွိေနေပမယ့္ စပိန္ကလပ္ဘက္က သူ႕ရဲ႕ ေပါင္သန္း ၁၃၀ ေက်ာ္တန္ေလ်ာ္ေၾကးကို ေလွ်ာ့ခ်ေပးဖို႔ စိတ္ကူးမရွိတာေၾကာင့္ ေဈးႏွဳန္းပုိမိုသက္သာႏိုင္ၿပီး တုိက္စစ္မွာပါ ပိုမိုအသုံးျပဳႏုိင္မယ့္ ဗန္ဒဘိခ္ဘက္ လွည့္လာခဲ့တာလည္းျဖစ္ပါတယ္။

ကြင္းလယ္ကစားသမားတစ္ဦးအျဖစ္ အထိုင္ခ်ႏုိင္တဲ့ အသက္ ၂၃ ႏွစ္အရြယ္ ဒတ္ခ်္ကြင္းလယ္လူဟာ တိုက္စစ္လိုက္ပါမွဳနဲ႔ ဂိုးဧရိယာထဲအထိ ျဖည့္ဆည္းမွဳေတြ အားေကာင္းခဲ့တာကို အသင္းေဖာ္ ဖရန္ကီ ဒီေဂ်ာင္ ဘာစီလိုနာကို ထြက္ခြာသြားၿပီးတဲ့ ဒီရာသီမွာ ပုိမိုျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး သူ႕ရဲ႕ တန္ေၾကးကလည္း ေပါင္သန္း ၅၀ နဲ႔ ၆၀ ၾကားမွာ ရွိေနတာကလည္း အားသာခ်က္တစ္ရပ္ျဖစ္ခဲ့ပါတယ္။

နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ ကြင္းလယ္မွာ အဖ်က္ပုိင္းအတြက္ နီမန္ဂ်ာ မာတစ္၊ ဖရက္ဒ္နဲ႔ စေကာ့ မက္ေတာ္မီေနးတုိ႔ကို ထည့္သြင္း ေရတြက္ထားပုံေပၚၿပီး ကြင္းလယ္ဗဟို နံပါတ္ ၈ စစ္စစ္ကိုသာ ရွာေဖြသြားဖို႔ ဆုံးျဖတ္ခဲ့ပုံလည္းရခဲ့တဲ့အတြက္ ဗန္ဒဘိခ္ဟာ စံျပပစ္မွတ္အျဖစ္ ထြက္ေပၚလာခဲ့တာလည္းျဖစ္ပါတယ္။

အုိင္းယက္စ္ရဲ႕ အေထြေထြဒါ႐ိုက္တာ မန္ခ်က္စတာယူႏုိက္တက္ဂိုးသမားေဟာင္း အက္ဒ္ဗင္ ဗန္ဒါဆားကေတာ့ သူတုိ႔အေနနဲ႔ ဗန္ဒဘိခ္ကို ေဈးေလွ်ာ့ေရာင္းဖို႔ မရွိေပမယ့္ ကိုဗစ္-၁၉ ေၾကာင့္ ျဖစ္လာတဲ့ သက္ေရာက္မွဳကို နားလည္ၿပီး လက္ခံႏုိင္စရာ သင့္ေတာ္တဲ့ ေဈးရရင္ ေရာင္းခ်သြားဖို႔ ဆုိထားၿပီး အသင္းအတြက္ ၁၇၅ ပြဲမွာ ၄၁ ဂိုးသြင္း၊ ၃၄ ဂိုးဖန္တီးထားခဲ့တဲ့ ကြင္းလယ္လူကို အိုးလ္ထရက္ဖို႔ဒ္ကို ေခၚယူႏုိင္ဖို႔ အသင္းႏွစ္သင္းၾကား ဆက္ဆံေရးေကာင္းေတြအရ နီးစပ္မွဳရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DE TELEGRAAF & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီရာသီမှာ ကွင်းလယ်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကစားသမား ၅ ဦးလောက်ကို စောင့်ကြည့်နေရာမှာ သေသေချာချာ အာရုံစူးစိုက်ပြီး လေ့လာခံခဲ့ရတဲ့သူ ၃ ဦးလောက်ရှိပြီး ဒီထဲက တစ်ဦးဖြစ်တဲ့ အိုင်းယက်စ်ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ဟာ အသင်းရဲ့ ပထမဆုံး နွေရာသီခေါ်ယူမှုဖြစ်လာဖို့ နီးစပ်နေပါတယ်။

ယူနိုက်တက်အနေနဲ့ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို အလိုရှိနေပေမယ့် စပိန်ကလပ်ဘက်က သူ့ရဲ့ ပေါင်သန်း ၁၃၀ ကျော်တန်လျော်ကြေးကို လျှော့ချပေးဖို့ စိတ်ကူးမရှိတာကြောင့် ဈေးနှုန်းပိုမိုသက်သာနိုင်ပြီး တိုက်စစ်မှာပါ ပိုမိုအသုံးပြုနိုင်မယ့် ဗန်ဒဘိခ်ဘက် လှည့်လာခဲ့တာလည်းဖြစ်ပါတယ်။

ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် အထိုင်ချနိုင်တဲ့ အသက် ၂၃ နှစ်အရွယ် ဒတ်ချ်ကွင်းလယ်လူဟာ တိုက်စစ်လိုက်ပါမှုနဲ့ ဂိုးဧရိယာထဲအထိ ဖြည့်ဆည်းမှုတွေ အားကောင်းခဲ့တာကို အသင်းဖော် ဖရန်ကီ ဒီဂျောင် ဘာစီလိုနာကို ထွက်ခွာသွားပြီးတဲ့ ဒီရာသီမှာ ပိုမိုမြင်တွေ့ခဲ့ရတာဖြစ်ပြီး သူ့ရဲ့ တန်ကြေးကလည်း ပေါင်သန်း ၅၀ နဲ့ ၆၀ ကြားမှာ ရှိနေတာကလည်း အားသာချက်တစ်ရပ်ဖြစ်ခဲ့ပါတယ်။

နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ကွင်းလယ်မှာ အဖျက်ပိုင်းအတွက် နီမန်ဂျာ မာတစ်၊ ဖရက်ဒ်နဲ့ စကော့ မက်တော်မီနေးတို့ကို ထည့်သွင်း ရေတွက်ထားပုံပေါ်ပြီး ကွင်းလယ်ဗဟို နံပါတ် ၈ စစ်စစ်ကိုသာ ရှာဖွေသွားဖို့ ဆုံးဖြတ်ခဲ့ပုံလည်းရခဲ့တဲ့အတွက် ဗန်ဒဘိခ်ဟာ စံပြပစ်မှတ်အဖြစ် ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

အိုင်းယက်စ်ရဲ့ အထွေထွေဒါရိုက်တာ မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်း အက်ဒ်ဗင် ဗန်ဒါဆားကတော့ သူတို့အနေနဲ့ ဗန်ဒဘိခ်ကို ဈေးလျှော့ရောင်းဖို့ မရှိပေမယ့် ကိုဗစ်-၁၉ ကြောင့် ဖြစ်လာတဲ့ သက်ရောက်မှုကို နားလည်ပြီး လက်ခံနိုင်စရာ သင့်တော်တဲ့ ဈေးရရင် ရောင်းချသွားဖို့ ဆိုထားပြီး အသင်းအတွက် ၁၇၅ ပွဲမှာ ၄၁ ဂိုးသွင်း၊ ၃၄ ဂိုးဖန်တီးထားခဲ့တဲ့ ကွင်းလယ်လူကို အိုးလ်ထရက်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့ အသင်းနှစ်သင်းကြား ဆက်ဆံရေးကောင်းတွေအရ နီးစပ်မှုရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DE TELEGRAAF & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.