La Liga Match Report Premier League UCL&UEL

တီကို,ကို နှစ်ကျော့စလုံးတီးပြီး စောစောစီးစီး အုပ်စုဗိုလ်နဲ့ ခြေစစ်ပွဲအောင်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအတွက်တော့ ဒီနှစ် ချန်ပီယံလိဂ်ဟာ ထင်တာထက် လွယ်ကူနေခဲ့ပြီး အဓိကပြိုင်ဘက် အက်သလက်တီကို မက်ဒရစ် အသင်းအပေါ် အုပ်စုတွင်းမှာ အိမ်ကွင်းရော အဝေးကွင်းပါ နှစ်ကျော့တွေ့ဆုံရာမှာ နှစ်ကျော့စလုံး အနိုင်ရရှိခဲ့ပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

နည်းပြ ကလော့ပ်အနေနဲ့ အိမ်ကွင်း အန်းဖီးလ်မှာ လူစုံထုတ်လာခဲ့သလို Group of Death ကို စောစောစီးစီး ပွဲသိမ်းပြီး ကျန်တဲ့ နှစ်ပွဲစာမှာ ပရီးမီးယားလိဂ်ရဲ့ ပွဲကျပ်တွေကို အေးအေးဆေးဆေး ကိုင်တွယ်ခွင့်ရှိနေအောင် စီမံသွားခဲ့သလို တိုက်စစ်မှာ ဖာမီနိုနဲ့ ခံစစ်မှာ ရောဘတ်ဆန်တို့ နှစ်ဦးကိုသာ အနားပေးခဲ့ပြီး ဂျိုတာ၊ ဖာဘင်ညိုနဲ့ ဆီမီကတ်စ်တို့ ပါဝင်လာခဲ့ကြတာပါ။

ပွဲအစမှာ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်တဲ့ လူးဝစ် ဆွာရက်ဇ်နဲ့ တွဲဖက်တိုက်စစ်မှူး ဂျာအို ဖဲလစ္စတို့ရဲ့ ခြိမ်းခြောက်မှုတချို့ ရှိခဲ့ပေမယ့် သိပ်တော့ ရင်ခုန်စရာမဖြစ်ခဲ့ဘဲ ပွဲချိန် ၁၃ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သလို အက်သလက်တီကိုတို့ အငိုက်မိသွားခဲ့ရပါတယ်။

ဒီဂိုးကတော့ ညာခြမ်းကနေ အိမ်ရှင်ကစားသမားတွေ ထိုးဖောက်လာခဲ့ချိန်မှာ ဆာလားကို လိုက်ကပ်ပြီး မျောနေတဲ့ တီကိုခံစစ်တွေရဲ့ အာရုံစူးစိုက်မှု အားနည်းတာကို အခွင့်ကောင်းယူပြီး အလက်ဇန်းဒါး-အာနိုးလ်ဒ်က ဖြတ်တင်ပေးခဲ့ရာမှာ ဂျိုတာက နောက်ခံလူနှစ်ယောက်ကြားကနေ ပြေးဝင်ပြီး အနီးကပ် ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။

ဂိုးပေးလိုက်ရပေမယ့် တီကိုတို့ တုံ့ပြန်နိုင်ဖို့ ခက်ခဲနေခဲ့ပြီး ပွဲချိန် ၂၁ မိနစ်မှာတော့ လီဗာပူးလ်တို့ နောက်တစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့သလို ဟန်ဒါဆန်ပေးတဲ့ ဘောလုံးကို အလက်ဇန်းဒါး-အာနိုးလ်ဒ်က အနိမ့်ဘောဖြတ်တင်ပေးခဲ့ရာမှာ ဘယ်ခြမ်းကနေ ပြေးဝင်လာတဲ့ မာနေးက ထိန်းမနေဘဲ မနားတမ်း ကန်သွင်းယူခဲ့လို့ အော့ဘ်လက်ခ်တို့အဖွဲ့ အငိုက်မိခဲ့ပြီး နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

နှစ်ဂိုးပေးခဲ့ရအပြီးမှာတော့ တီကိုတို့ ပြန်လည်ထိုးဖောက်ခဲ့သလို ကွင်းလယ်က ချိမ်ဘာလိန်ရဲ့ ချိတ်ဆက်ပေးပို့မှုတွေကတော့ ကျန်သူတွေထက် တစ်ဆင့်နိမ့်သလိုဖြစ်နေပြီး သိပ်အားရစရာမရှိခဲ့လို့ ခံစစ်မှာရော တန်ပြန်တိုက်စစ်တွေမှာပါ တုံ့ဆိုင်းနေခဲ့ရပြီး လီဗာပူးလ်တို့ရဲ့ ကွင်းလယ်က အီးလီးယော့နဲ့ ကီတာတို့ ဒဏ်ရာ မရခင်ကလိုမျိုး မချောမွေ့ဘဲ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ မာနေး ဆွဲပြေးလာတာကို ခြေချိတ်တဲ့ အက်သလက်တီကိုနောက်ခံလူ ဖလိပီကို ဒိုင်လူကြီး မက်ခီလီက အဝါပြဖို့ သုံးကြိမ်အထိ ခေါ်ခဲ့တာကို မလာဘဲ ငြင်းဆန်ခဲ့တာကြောင့် နောက်တစ်ဝါထပ်တိုးပြီး တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်သွားခဲ့သလို လီဗာပူးလ်တို့ တစ်ယောက်အသာနဲ့ ကစားခွင့်ရခဲ့ပါတယ်။

ပထမပိုင်း လက်ကျန်ပွဲချိန်တွေမှာတော့ ဆာလားရဲ့ ထောင့်ဖြတ်ကန်ချက်နဲ့ ဆီမီကတ်စ်ရဲ့ ဖြတ်တင်ဘောကနေ ဂျိုတာရဲ့ ခေါင်းတိုက်ချက်တွေကို အက်သလက်တီကိုဂိုးသမား အော့ဘ်လက် စွမ်းစွမ်းတမံ ကာကွယ်သွားနိုင်ခဲ့လို့ လီဗာပူးလ်တို့ ဂိုးထပ်မရခဲ့ဘဲ ပွဲတစ်ဝက်မှာ အိမ်ရှင်တွေ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ လီဗာပူးလ်တို့ မာနေးအစား ဖာမီနိုကို လူစားလဲခဲ့ပြီး ဆာလားကတော့ ညာခြမ်းကနေ ဂိုးသွင်းဖို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ပိတ်ကစားနေတဲ့ တီကိုခံစစ်ကို ကျော်ဖို့ ခက်နေခဲ့ပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ ဂျိုတာက တစ်ဂိုးထပ်သွင်းခဲ့ပေမယ့် VAR ပြန်အကြည့်မှာ လူကျွံနေခဲ့ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ ဆာလားက တစ်ကိုယ်တော် ဆွဲပြေးပြီးရတဲ့ အခွင့်အရေးကို ဝင်အောင်မကန်နိုင်ခဲ့သလို ဂျိုတာကိုလည်း နောက်ဆုံးအချိန်မှာ လူပေးလိုက်ရင် ဂိုးရနိုင်တဲ့ အခြေအနေကို ပျက်ကွက်ခဲ့တာကြောင့် လီဗာပူးလ်တို့ နစ်နာခဲ့ရပြီး ဒီကရတဲ့ ထောင့်ကန်ဘောကိုလည်း မာတစ်ပ် လွတ်လွတ်ကျွတ်ကျွတ် ထိန်းပြီး ကန်ခွင့်ရခဲ့ပေမယ့် ဂိုးတိုင်ဘေးက လွဲချော်သွားခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာ ဆီမီကတ်စ်ရဲ့ ကောင်းလွန်းတဲ့ ထိုးဖောက်မှုနဲ့ ဖြတ်တင်ဘောကို ဂျိုတာ လွတ်လွတ်ကျွတ်ကျွတ်ကြီးကနေ ခေါင်းတိုက်ချက် လွဲချော်ခဲ့ပြန်ပြီး ပွဲချိန် ၅၇ မိနစ်မှာတော့ လူးဝစ် ဆွာရက်ဇ်ရဲ့ ကန်ချက်က မာတစ်ပ်နဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့ပေမယ့် ဒီမတိုင်ခင်မှာ ဘောလုံးကို ခေါင်းတိုက် ချပေးတဲ့ ဟီမီနက်ဇ် လူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ လီဗာပူးလ်တို့ ဖာဘင်ညိုအစား သီယာဂိုကို ထည့်ပြီး ပွဲကို ပိုင်ဆိုင်မှု ဦးစားပေးပုံစံနဲ့ ထိန်းကစားဖို့ လုပ်ခဲ့သလို ဒုတိယပိုင်းအစမှာမှ ဝင်လာတဲ့ ဖာမီနိုကတော့ ဒဏ်ရာထပ်ရသွားခဲ့တာကြောင့် အိုရီဂီနဲ့ လူစားလဲခဲ့ရပြီး ချိမ်ဘာလိန်ကိုလည်း မီနာမီနိုနဲ့ လဲကစားခဲ့သလို ဒီနေ့ပွဲမှာ ခြေစွမ်းအပြနိုင်ဆုံးကတော့ ဒီရာသီမှာ ပြန်လည်တောက်ပလာခဲ့တဲ့ နောက်ခံလူ ဆီမီကတ်စ်ပဲဖြစ်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ လီဗာပူးလ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ဆာလားရဲ့ ဖြတ်တင်ဘောကို လေထဲမှာ Overhead Kick နဲ့ ကန်ဖို့ ကြိုးစားတဲ့ ဂျိုတာလည်း အဝါထိခဲ့တာကြောင့် ဂိုးထပ်မရခဲ့ဘဲ ပွဲချိန်မိနစ် ၉၀ အပြည့်မှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ပွဲသိမ်းခဲ့ပြီး လီဗာပူးလ်တို့ကတော့ အားလုံးက ရုန်းကန်ရမယ်လို့ ထင်ထားတဲ့ Group of Death ကို ၄ ပွဲကစား ၁၂ မှတ်နဲ့ စောစောစီးစီး အလွယ်တကူ ဖြတ်ကျော်ပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကို အုပ်စုဗိုလ်အဖြစ် တက်ရောက်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအတြက္ေတာ့ ဒီႏွစ္ ခ်န္ပီယံလိဂ္ဟာ ထင္တာထက္ လြယ္ကူေနခဲ့ၿပီး အဓိကၿပိဳင္ဘက္ အက္သလက္တီကို မက္ဒရစ္ အသင္းအေပၚ အုပ္စုတြင္းမွာ အိမ္ကြင္းေရာ အေဝးကြင္းပါ ႏွစ္ေက်ာ့ေတြ႕ဆုံရာမွာ ႏွစ္ေက်ာ့စလုံး အႏိုင္ရရွိခဲ့ၿပီး ရႈံးထြက္ ၁၆ သင္းအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

နည္းျပ ကေလာ့ပ္အေနနဲ႔ အိမ္ကြင္း အန္းဖီးလ္မွာ လူစုံထုတ္လာခဲ့သလို Group of Death ကို ေစာေစာစီးစီး ပြဲသိမ္းၿပီး က်န္တဲ့ ႏွစ္ပြဲစာမွာ ပရီးမီးယားလိဂ္ရဲ႕ ပြဲက်ပ္ေတြကို ေအးေအးေဆးေဆး ကိုင္တြယ္ခြင့္ရွိေနေအာင္ စီမံသြားခဲ့သလို တိုက္စစ္မွာ ဖာမီႏိုနဲ႔ ခံစစ္မွာ ေရာဘတ္ဆန္တို႔ ႏွစ္ဦးကိုသာ အနားေပးခဲ့ၿပီး ဂ်ိဳတာ၊ ဖာဘင္ညိဳနဲ႔ ဆီမီကတ္စ္တို႔ ပါဝင္လာခဲ့ၾကတာပါ။

ပြဲအစမွာ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္တဲ့ လူးဝစ္ ဆြာရက္ဇ္နဲ႔ တြဲဖက္တိုက္စစ္မႉး ဂ်ာအို ဖဲလစၥတို႔ရဲ႕ ၿခိမ္းေျခာက္မႈတခ်ိဳ႕ ရွိခဲ့ေပမယ့္ သိပ္ေတာ့ ရင္ခုန္စရာမျဖစ္ခဲ့ဘဲ ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့သလို အက္သလက္တီကိုတို႔ အငိုက္မိသြားခဲ့ရပါတယ္။

ဒီဂိုးကေတာ့ ညာျခမ္းကေန အိမ္ရွင္ကစားသမားေတြ ထိုးေဖာက္လာခဲ့ခ်ိန္မွာ ဆာလားကို လိုက္ကပ္ၿပီး ေမ်ာေနတဲ့ တီကိုခံစစ္ေတြရဲ႕ အာ႐ုံစူးစိုက္မႈ အားနည္းတာကို အခြင့္ေကာင္းယူၿပီး အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ျဖတ္တင္ေပးခဲ့ရာမွာ ဂ်ိဳတာက ေနာက္ခံလူႏွစ္ေယာက္ၾကားကေန ေျပးဝင္ၿပီး အနီးကပ္ ေခါင္းတိုက္သြင္းယူသြားခဲ့တာပါ။

ဂိုးေပးလိုက္ရေပမယ့္ တီကိုတို႔ တုံ႔ျပန္ႏိုင္ဖို႔ ခက္ခဲေနခဲ့ၿပီး ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ေနာက္တစ္ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့သလို ဟန္ဒါဆန္ေပးတဲ့ ေဘာလုံးကို အလက္ဇန္းဒါး-အာႏိုးလ္ဒ္က အနိမ့္ေဘာျဖတ္တင္ေပးခဲ့ရာမွာ ဘယ္ျခမ္းကေန ေျပးဝင္လာတဲ့ မာေနးက ထိန္းမေနဘဲ မနားတမ္း ကန္သြင္းယူခဲ့လို႔ ေအာ့ဘ္လက္ခ္တို႔အဖြဲ႕ အငိုက္မိခဲ့ၿပီး ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ႏွစ္ဂိုးေပးခဲ့ရအၿပီးမွာေတာ့ တီကိုတို႔ ျပန္လည္ထိုးေဖာက္ခဲ့သလို ကြင္းလယ္က ခ်ိမ္ဘာလိန္ရဲ႕ ခ်ိတ္ဆက္ေပးပို႔မႈေတြကေတာ့ က်န္သူေတြထက္ တစ္ဆင့္နိမ့္သလိုျဖစ္ေနၿပီး သိပ္အားရစရာမရွိခဲ့လို႔ ခံစစ္မွာေရာ တန္ျပန္တိုက္စစ္ေတြမွာပါ တုံ႔ဆိုင္းေနခဲ့ရၿပီး လီဗာပူးလ္တို႔ရဲ႕ ကြင္းလယ္က အီးလီးေယာ့နဲ႔ ကီတာတို႔ ဒဏ္ရာ မရခင္ကလိုမ်ိဳး မေခ်ာေမြ႕ဘဲ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန မာေနး ဆြဲေျပးလာတာကို ေျခခ်ိတ္တဲ့ အက္သလက္တီကိုေနာက္ခံလူ ဖလိပီကို ဒိုင္လူႀကီး မက္ခီလီက အဝါျပဖို႔ သုံးႀကိမ္အထိ ေခၚခဲ့တာကို မလာဘဲ ျငင္းဆန္ခဲ့တာေၾကာင့္ ေနာက္တစ္ဝါထပ္တိုးၿပီး တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္သြားခဲ့သလို လီဗာပူးလ္တို႔ တစ္ေယာက္အသာနဲ႔ ကစားခြင့္ရခဲ့ပါတယ္။

ပထမပိုင္း လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဆာလားရဲ႕ ေထာင့္ျဖတ္ကန္ခ်က္နဲ႔ ဆီမီကတ္စ္ရဲ႕ ျဖတ္တင္ေဘာကေန ဂ်ိဳတာရဲ႕ ေခါင္းတိုက္ခ်က္ေတြကို အက္သလက္တီကိုဂိုးသမား ေအာ့ဘ္လက္ စြမ္းစြမ္းတမံ ကာကြယ္သြားႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ ဂိုးထပ္မရခဲ့ဘဲ ပြဲတစ္ဝက္မွာ အိမ္ရွင္ေတြ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းအစမွာေတာ့ လီဗာပူးလ္တို႔ မာေနးအစား ဖာမီႏိုကို လူစားလဲခဲ့ၿပီး ဆာလားကေတာ့ ညာျခမ္းကေန ဂိုးသြင္းဖို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို ပိတ္ကစားေနတဲ့ တီကိုခံစစ္ကို ေက်ာ္ဖို႔ ခက္ေနခဲ့ၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ ဂ်ိဳတာက တစ္ဂိုးထပ္သြင္းခဲ့ေပမယ့္ VAR ျပန္အၾကည့္မွာ လူကြၽံေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ဆာလားက တစ္ကိုယ္ေတာ္ ဆြဲေျပးၿပီးရတဲ့ အခြင့္အေရးကို ဝင္ေအာင္မကန္ႏိုင္ခဲ့သလို ဂ်ိဳတာကိုလည္း ေနာက္ဆုံးအခ်ိန္မွာ လူေပးလိုက္ရင္ ဂိုးရႏိုင္တဲ့ အေျခအေနကို ပ်က္ကြက္ခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ နစ္နာခဲ့ရၿပီး ဒီကရတဲ့ ေထာင့္ကန္ေဘာကိုလည္း မာတစ္ပ္ လြတ္လြတ္ကြၽတ္ကြၽတ္ ထိန္းၿပီး ကန္ခြင့္ရခဲ့ေပမယ့္ ဂိုးတိုင္ေဘးက လြဲေခ်ာ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၅၄ မိနစ္မွာ ဆီမီကတ္စ္ရဲ႕ ေကာင္းလြန္းတဲ့ ထိုးေဖာက္မႈနဲ႔ ျဖတ္တင္ေဘာကို ဂ်ိဳတာ လြတ္လြတ္ကြၽတ္ကြၽတ္ႀကီးကေန ေခါင္းတိုက္ခ်က္ လြဲေခ်ာ္ခဲ့ျပန္ၿပီး ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ လူးဝစ္ ဆြာရက္ဇ္ရဲ႕ ကန္ခ်က္က မာတစ္ပ္နဲ႔ထိၿပီး ဂိုးထဲ ဝင္သြားခဲ့ေပမယ့္ ဒီမတိုင္ခင္မွာ ေဘာလုံးကို ေခါင္းတိုက္ ခ်ေပးတဲ့ ဟီမီနက္ဇ္ လူကြၽံေနလို႔ ပယ္ဖ်က္ခံခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ လီဗာပူးလ္တို႔ ဖာဘင္ညိဳအစား သီယာဂိုကို ထည့္ၿပီး ပြဲကို ပိုင္ဆိုင္မႈ ဦးစားေပးပုံစံနဲ႔ ထိန္းကစားဖို႔ လုပ္ခဲ့သလို ဒုတိယပိုင္းအစမွာမွ ဝင္လာတဲ့ ဖာမီႏိုကေတာ့ ဒဏ္ရာထပ္ရသြားခဲ့တာေၾကာင့္ အိုရီဂီနဲ႔ လူစားလဲခဲ့ရၿပီး ခ်ိမ္ဘာလိန္ကိုလည္း မီနာမီႏိုနဲ႔ လဲကစားခဲ့သလို ဒီေန႔ပြဲမွာ ေျခစြမ္းအျပႏိုင္ဆုံးကေတာ့ ဒီရာသီမွာ ျပန္လည္ေတာက္ပလာခဲ့တဲ့ ေနာက္ခံလူ ဆီမီကတ္စ္ပဲျဖစ္ခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာ လီဗာပူးလ္တို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို ဆာလားရဲ႕ ျဖတ္တင္ေဘာကို ေလထဲမွာ Overhead Kick နဲ႔ ကန္ဖို႔ ႀကိဳးစားတဲ့ ဂ်ိဳတာလည္း အဝါထိခဲ့တာေၾကာင့္ ဂိုးထပ္မရခဲ့ဘဲ ပြဲခ်ိန္မိနစ္ ၉၀ အျပည့္မွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပြဲသိမ္းခဲ့ၿပီး လီဗာပူးလ္တို႔ကေတာ့ အားလုံးက ႐ုန္းကန္ရမယ္လို႔ ထင္ထားတဲ့ Group of Death ကို ၄ ပြဲကစား ၁၂ မွတ္နဲ႔ ေစာေစာစီးစီး အလြယ္တကူ ျဖတ္ေက်ာ္ၿပီး ရႈံးထြက္ ၁၆ သင္းအဆင့္ကို အုပ္စုဗိုလ္အျဖစ္ တက္ေရာက္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.