Match Report Premier League UCL&UEL

အိမ်ကွင်းမှာ ဘရုဂျ်ကို ဂိုးသွင်းခွင့်မပေးဘဲ အနိုင်ယူပြီး အုပ်စုကို ဦးဆောင်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအနေနဲ့ ဒီနေ့မှာ အသင်းခံစစ်ကို အပြောင်းအလဲလုပ်ခဲ့ပြီး စတုန်းစ်နဲ့ လာပေါ့တ်တို့ကို တွဲပေးခဲ့သလို ကွင်းလယ်မှာ ရိုဒရီ၊ဂွန်ဒိုးဝမ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ အထိုင်ကစားခဲ့ကြချိန်မှာ တိုက်စစ်မှာတော့ ဖိုဒန်၊ မာရက်ဇ်နဲ့ ဂရီးလစ်ရှ်တို့ ကစားခဲ့ကြပြီး ကလပ်ဘရုဂျ်ကို နိုင်ပွဲ ရယူနိုင်ဖို့ အမှားအယွင်းမခံဘဲ ပြင်ဆင်လာခဲ့ပါတယ်။

အိမ်ရှင်တွေအနေနဲ့ ဧည့်သည် ဘယ်လ်ဂျီယမ်ကလပ်အပေါ် ပွဲစကတည်းက ဖိကစားနေခဲ့ပြီး အခွင့်အရေး သုံးကြိမ်လောက်ကို အသုံးမချနိုင်ဘဲ လွဲချော်နေခဲ့လို့သာ စောစောစီးစီး ဂိုးမရခဲ့တာဖြစ်သလို ဖိုဒန်၊ ဂွန်ဒိုးဝမ်တို့ရဲ့ ကန်ချက်တွေက လွဲချော်ခဲ့သလို ပွဲချိန် ၁၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်က ကန်ဆယ်လိုရဲ့ ကန်ချက်ကလည်း ဂိုးသမားကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် တိုင်ထိထွက်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သလို နောက်ခံလူတွေကြားကနေ တစ်ကိုယ်တော်ကန်သွင်းဖို့ အပေါက်ရှာရာမှာ မရတဲ့ မာရက်ဇ်က ဘယ်ခြမ်းကို ထိုးပေးခဲ့ရာမှာ ကန်ဆယ်လိုက အနိမ့်ဘော ဖြတ်တင်ပေးခဲ့တာကိုတော့ ဖိုဒန်က ကလပ်ဘရုဂျ်နောက်တန်းကြားကနေ ပါးပါးနပ်နပ် ခွာထွက်ပြီး အနီးကပ် ပိတ်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဗာနာကင်ရဲ့ ကန်ချက်ကို အီဒါဆန် ကာကွယ်နိုင်ခဲ့ပေမယ့် ဒီကက်တယ်လာရာက နောက်ကနေ လိုက်လံရယူပြီး ဖြတ်တင်ခဲ့ရာမှာတော့ ဘာနာဒို ဆေးလ်ဗားရဲ့ ဖျက်ထုတ်မှုက နောက်ခံလူ စတုန်းစ်နဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့လို့ ကလပ်ဘရုဂျ်တို့ ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ မန်စီးတီးတို့ ဦးဆောင်ဂိုး ထပ်မံရှာဖွေနိုင်ဖို့ ဖိကစားခဲ့ပေမယ့် ကလပ်ဘရုဂျ်တို့ရဲ့ တစ်သင်းလုံးဆင်းပြီး ပိတ်ဆို့နေမှုကြောင့် ဂိုးရဖို့ ခက်နေခဲ့ပြီး ပထမပိုင်းရဲ့ လက်ကျန်ပွဲချိန်တွေမှာ နှစ်ဖက်စလုံးက အပိုင်အခွင့်အရေးတွေ မရှာဖွေနိုင်ခဲ့လို့ တစ်ဂိုးစီ သရေနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ မာရက်ဇ်က ထောင့်ကျဉ်းအနေအထားကနေ ဂိုးသမား မစ်နိုလက်ကို ကျော်အောင်မကန်နိုင်ခဲ့သလို ကန်ဆယ်လို့ရဲ့ ကန်ချက်ကလည်း ဂိုးအပေါ်ထောင့်နဲ့ လွဲချော်သွားခဲ့ပြီး နောက်ခံလူ စတုန်းစ်ရဲ့ ခေါင်းတိုက်ချက်ကလည်း ဂိုးသမားတည့်တည့်ပဲ ရောက်သွားခဲ့လို့ စီးတီးတို့ ခြိမ်းခြောက်မှုတွေက အရာမထင်ဘဲဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၅၄ မိနစ်မှာတော့ သူတို့တွေ ဂိုးပေါက် ထပ်ရှာတွေ့ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဂွန်ဒိုးဝမ် တင်ပေးတာကို မာရက်ဇ်ရဲ့ ပိတ်သွင်းမှုက စိတ်ပျက်စရာအဖြစ် ဘယ်တောင်ပံဆီ ထွက်သွားခဲ့တာကို ကန်ဆယ်လိုက လိုက်လံရယူပြီး ပြန်လည်ဖြတ်တင်ပေးခဲ့ရာမှာ ဒီတစ်ကြိမ်မှာတော့ အယ်လ်ဂျီးရီးယားတောင်ပံသမားက အနီးကပ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ စီးတီးတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့တာပါ။

ဒီနေ့ပွဲမှာ မန်စီးတီးတို့ရဲ့ ထိုးဖောက်မှုနဲ့ ဂိုးပေါက်တည့်မှုကတော့ သုံးပုံတစ်ပုံ၊ သုံးအချိုးတစ်သာ ရှိခဲ့သလို အဆုံးသတ်ပိုင်းတွေကတော့ ထင်သလိုမဖြစ်ဘဲ အားနည်းနေခဲ့ပြီး ပွဲချိန် ၆၉ မိနစ်မှာတော့ ဂရီးလစ်ရှ်နဲ့ မာရက်ဇ်တို့အစား ဂျေဆူးစ်နဲ့ စတာလင်တို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ဖို့ ဂွါဒီယိုလာက ပြောင်းလဲလာခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ မန်စီးတီးတို့ တတိယဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဖိုဒန် ထိုးပေးလိုက်တဲ့ ဘောလုံးကို ကလပ်ဘရုဂျ် နောက်ခံလူတွေကြားက ပြေးထွက်သွားခဲ့တဲ့ ဂွန်ဒိုးဝမ်က ရယူပြီး အနီးကပ်ချိုးပေးခဲ့ရာမှာ ဂိုးရှေ့မှာ လူကပ်ခံမထားရဘဲ တစ်ယောက်တည်း လွတ်နေတဲ့ စတာလင်က အနီးကပ် အသာအယာ ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဘာနာဒို ဆေးလ်ဗား၊ ဝေါ်လ်ကာနဲ့ ဖိုဒန်တို့အစား ဒီဘရိုင်းနား၊ ဇင်ချန်ကိုနဲ့ ပါးလ်မားတို့ကို ဆက်တိုက်ထည့်သွင်းခဲ့ပြီး မန်စီးတီးတိုက်စစ်က ပိုသွက်လာခဲ့သလို ဂျေဆူးစ်နဲ့ ပါးလ်မားတို့ရဲ့ ကန်ချက်တွေကိုတော့ ကလပ်ဘရုဂျ်ဂိုးသမား မစ်နိုလက်က စွမ်းစွမ်းတမံ ကာကွယ်သွားခဲ့ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ မန်စီးတီးတို့ ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ခံစစ်ကနေ ပေးလိုက်တဲ့ ဘောလုံးကို ပါးလ်မား ဆွဲယူပြီး အပျက်မှာ နောက်က လိုက်တာတဲ့ ကန်ဆယ်လိုက ဆက်လက်ဆွဲပြေးပြီး ဂိုးဧရိယာဘယ်ခြမ်းကို ထိုးပေးခဲ့ရာမှာ လွတ်နေတဲ့ ဂျေဆူးစ်က အဝေးတိုင် ထောင့်ကို ကန်သွင်းနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ လေးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဒီနေ့နိုင်ပွဲကြောင့် မန်ချက်စတာစီးတီးတို့အနေနဲ့ အုပ်စု(A)ကို ၄ ပွဲကစား ၉ မှတ်နဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့သလို RB လိုက်ပ်ဇစ်နဲ့ အဝေးကွင်းမှာ သရေကျခဲ့တဲ့ အဓိကပြိုင်ဘက် ပီအက်စ်ဂျီကို ပြန်ကျော်တက်နိုင်ခဲ့ပြီး လာမယ့်ပွဲစဉ် ၅ မှာ ရှုံးကြွေးဆပ်ပြီး အုပ်စုဗိုလ်နေရာကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်နိုင်ဖို့ မောင်းတင်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအေနနဲ႔ ဒီေန႔မွာ အသင္းခံစစ္ကို အေျပာင္းအလဲလုပ္ခဲ့ၿပီး စတုန္းစ္နဲ႔ လာေပါ့တ္တို႔ကို တြဲေပးခဲ့သလို ကြင္းလယ္မွာ ႐ိုဒရီ၊ဂြန္ဒိုးဝမ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ အထိုင္ကစားခဲ့ၾကခ်ိန္မွာ တိုက္စစ္မွာေတာ့ ဖိုဒန္၊ မာရက္ဇ္နဲ႔ ဂရီးလစ္ရွ္တို႔ ကစားခဲ့ၾကၿပီး ကလပ္ဘ႐ုဂ်္ကို ႏိုင္ပြဲ ရယူႏိုင္ဖို႔ အမွားအယြင္းမခံဘဲ ျပင္ဆင္လာခဲ့ပါတယ္။

အိမ္ရွင္ေတြအေနနဲ႔ ဧည့္သည္ ဘယ္လ္ဂ်ီယမ္ကလပ္အေပၚ ပြဲစကတည္းက ဖိကစားေနခဲ့ၿပီး အခြင့္အေရး သုံးႀကိမ္ေလာက္ကို အသုံးမခ်ႏိုင္ဘဲ လြဲေခ်ာ္ေနခဲ့လို႔သာ ေစာေစာစီးစီး ဂိုးမရခဲ့တာျဖစ္သလို ဖိုဒန္၊ ဂြန္ဒိုးဝမ္တို႔ရဲ႕ ကန္ခ်က္ေတြက လြဲေခ်ာ္ခဲ့သလို ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္က ကန္ဆယ္လိုရဲ႕ ကန္ခ်က္ကလည္း ဂိုးသမားကို ေက်ာ္ျဖတ္ႏိုင္ခဲ့ေပမယ့္ တိုင္ထိထြက္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့သလို ေနာက္ခံလူေတြၾကားကေန တစ္ကိုယ္ေတာ္ကန္သြင္းဖို႔ အေပါက္ရွာရာမွာ မရတဲ့ မာရက္ဇ္က ဘယ္ျခမ္းကို ထိုးေပးခဲ့ရာမွာ ကန္ဆယ္လိုက အနိမ့္ေဘာ ျဖတ္တင္ေပးခဲ့တာကိုေတာ့ ဖိုဒန္က ကလပ္ဘ႐ုဂ်္ေနာက္တန္းၾကားကေန ပါးပါးနပ္နပ္ ခြာထြက္ၿပီး အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဗာနာကင္ရဲ႕ ကန္ခ်က္ကို အီဒါဆန္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ဒီကက္တယ္လာရာက ေနာက္ကေန လိုက္လံရယူၿပီး ျဖတ္တင္ခဲ့ရာမွာေတာ့ ဘာနာဒို ေဆးလ္ဗားရဲ႕ ဖ်က္ထုတ္မႈက ေနာက္ခံလူ စတုန္းစ္နဲ႔ထိၿပီး ဂိုးထဲ ဝင္သြားခဲ့လို႔ ကလပ္ဘ႐ုဂ်္တို႔ ေခ်ပဂိုး ျပန္လည္ရရွိခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ မန္စီးတီးတို႔ ဦးေဆာင္ဂိုး ထပ္မံရွာေဖြႏိုင္ဖို႔ ဖိကစားခဲ့ေပမယ့္ ကလပ္ဘ႐ုဂ်္တို႔ရဲ႕ တစ္သင္းလုံးဆင္းၿပီး ပိတ္ဆို႔ေနမႈေၾကာင့္ ဂိုးရဖို႔ ခက္ေနခဲ့ၿပီး ပထမပိုင္းရဲ႕ လက္က်န္ပြဲခ်ိန္ေတြမွာ ႏွစ္ဖက္စလုံးက အပိုင္အခြင့္အေရးေတြ မရွာေဖြႏိုင္ခဲ့လို႔ တစ္ဂိုးစီ သေရနဲ႔ပဲ ၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ မာရက္ဇ္က ေထာင့္က်ဥ္းအေနအထားကေန ဂိုးသမား မစ္ႏိုလက္ကို ေက်ာ္ေအာင္မကန္ႏိုင္ခဲ့သလို ကန္ဆယ္လို႔ရဲ႕ ကန္ခ်က္ကလည္း ဂိုးအေပၚေထာင့္နဲ႔ လြဲေခ်ာ္သြားခဲ့ၿပီး ေနာက္ခံလူ စတုန္းစ္ရဲ႕ ေခါင္းတိုက္ခ်က္ကလည္း ဂိုးသမားတည့္တည့္ပဲ ေရာက္သြားခဲ့လို႔ စီးတီးတို႔ ၿခိမ္းေျခာက္မႈေတြက အရာမထင္ဘဲျဖစ္ေနခဲ့ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ သူတို႔ေတြ ဂိုးေပါက္ ထပ္ရွာေတြ႕ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ဂြန္ဒိုးဝမ္ တင္ေပးတာကို မာရက္ဇ္ရဲ႕ ပိတ္သြင္းမႈက စိတ္ပ်က္စရာအျဖစ္ ဘယ္ေတာင္ပံဆီ ထြက္သြားခဲ့တာကို ကန္ဆယ္လိုက လိုက္လံရယူၿပီး ျပန္လည္ျဖတ္တင္ေပးခဲ့ရာမွာ ဒီတစ္ႀကိမ္မွာေတာ့ အယ္လ္ဂ်ီးရီးယားေတာင္ပံသမားက အနီးကပ္ ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ စီးတီးတို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒီေန႔ပြဲမွာ မန္စီးတီးတို႔ရဲ႕ ထိုးေဖာက္မႈနဲ႔ ဂိုးေပါက္တည့္မႈကေတာ့ သုံးပုံတစ္ပုံ၊ သုံးအခ်ိဳးတစ္သာ ရွိခဲ့သလို အဆုံးသတ္ပိုင္းေတြကေတာ့ ထင္သလိုမျဖစ္ဘဲ အားနည္းေနခဲ့ၿပီး ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ဂရီးလစ္ရွ္နဲ႔ မာရက္ဇ္တို႔အစား ေဂ်ဆူးစ္နဲ႔ စတာလင္တို႔ကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္ဖို႔ ဂြါဒီယိုလာက ေျပာင္းလဲလာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ မန္စီးတီးတို႔ တတိယဦးေဆာင္ဂိုးကို ရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဖိုဒန္ ထိုးေပးလိုက္တဲ့ ေဘာလုံးကို ကလပ္ဘ႐ုဂ်္ ေနာက္ခံလူေတြၾကားက ေျပးထြက္သြားခဲ့တဲ့ ဂြန္ဒိုးဝမ္က ရယူၿပီး အနီးကပ္ခ်ိဳးေပးခဲ့ရာမွာ ဂိုးေရွ႕မွာ လူကပ္ခံမထားရဘဲ တစ္ေယာက္တည္း လြတ္ေနတဲ့ စတာလင္က အနီးကပ္ အသာအယာ ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဘာနာဒို ေဆးလ္ဗား၊ ေဝၚလ္ကာနဲ႔ ဖိုဒန္တို႔အစား ဒီဘ႐ိုင္းနား၊ ဇင္ခ်န္ကိုနဲ႔ ပါးလ္မားတို႔ကို ဆက္တိုက္ထည့္သြင္းခဲ့ၿပီး မန္စီးတီးတိုက္စစ္က ပိုသြက္လာခဲ့သလို ေဂ်ဆူးစ္နဲ႔ ပါးလ္မားတို႔ရဲ႕ ကန္ခ်က္ေတြကိုေတာ့ ကလပ္ဘ႐ုဂ်္ဂိုးသမား မစ္ႏိုလက္က စြမ္းစြမ္းတမံ ကာကြယ္သြားခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ မန္စီးတီးတို႔ ပြဲသိမ္းအႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ခံစစ္ကေန ေပးလိုက္တဲ့ ေဘာလုံးကို ပါးလ္မား ဆြဲယူၿပီး အပ်က္မွာ ေနာက္က လိုက္တာတဲ့ ကန္ဆယ္လိုက ဆက္လက္ဆြဲေျပးၿပီး ဂိုးဧရိယာဘယ္ျခမ္းကို ထိုးေပးခဲ့ရာမွာ လြတ္ေနတဲ့ ေဂ်ဆူးစ္က အေဝးတိုင္ ေထာင့္ကို ကန္သြင္းႏိုင္ခဲ့တာေၾကာင့္ ပြဲအၿပီးမွာ ေလးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ဒီေန႔ႏိုင္ပြဲေၾကာင့္ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ အုပ္စု(A)ကို ၄ ပြဲကစား ၉ မွတ္နဲ႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့သလို RB လိုက္ပ္ဇစ္နဲ႔ အေဝးကြင္းမွာ သေရက်ခဲ့တဲ့ အဓိကၿပိဳင္ဘက္ ပီအက္စ္ဂ်ီကို ျပန္ေက်ာ္တက္ႏိုင္ခဲ့ၿပီး လာမယ့္ပြဲစဥ္ ၅ မွာ ရႈံးေႂကြးဆပ္ၿပီး အုပ္စုဗိုလ္ေနရာကို ခိုင္ခိုင္မာမာ ဆုပ္ကိုင္ႏိုင္ဖို႔ ေမာင္းတင္ထားႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.