Premier League

သူ႕ရဲ႕နည္းျပျဖစ္ဖူးသူကို လက္ေထာက္အျဖစ္ ျပန္လည္ခန္႔အပ္သြားမယ့္ ဂြါဒီယိုလာ

မန္ခ်က္စတာစီးတီးအသင္းနည္းျပ ပက္ပ္ ဂြါဒီယိုလာဟာ သူ႕ရဲ႕ အေရးပါတဲ့ နံပါတ္ ၂ ျဖစ္တဲ့ လက္ေထာက္နည္းျပရာထူးကို ရက္ပုိင္းအတြင္း ခန္႔အပ္ႏုိင္ေတာ့မွာျဖစ္ၿပီး အာဆင္နယ္အသင္းကို မီခယ္လ္ အာတီတာ ထြက္ခြာသြားကတည္းက လစ္လပ္ေနတဲ့ေနရာကို ျပန္လည္ျဖည့္ဆည္းသြားႏိုင္ေတာ့မွာျဖစ္ပါတယ္။

အာတီတာနဲ႔ လက္တြဲညီခဲ့တဲ့ ဂြါဒီယိုလာအေနနဲ႔ ကစားသမားေဟာင္းေတြျဖစ္ၾကတဲ့ လူငယ္နည္းျပေတြကိုပဲ လက္ေထာက္အျဖစ္ ခန္႔အပ္မယ္လို႔ ခန္႔မွန္းခဲ့ၾကေပမယ့္ ဇာဗီ အလြန္ဆုိနဲ႔ သေဘာမတူညီႏုိင္ခဲ့သလို အသင္းေခါင္းေဆာင္ေဟာင္း ဗင္းဆင့္ ကြန္ပနီကလည္း ပယ္ခ်ခဲ့လို႔ လက္ရွိမွာေတ့ ဟြမ္ မန္ညဴယယ္(ဟြမ္မာ) လီယိုလို႔ အမည္ရတဲ့ နည္းျပကို ခန္႔အပ္ေတာ့မယ္လို႔ သိရပါတယ္။

အသက္ ၅၄ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဟြမ္မာ လီယိုဟာ ကာတာလန္သားနည္းျပရဲ႕ ကစားသမားဘဝ ေနာက္ဆုံးအသင္းျဖစ္တဲ့ မကၠဆီကိုကလပ္ ဒိုရာဒို႔စ္အသင္းကို ကိုင္တြယ္ခဲ့သူျဖစ္ၿပီး သူ႕အေနနဲ႔ ဒီအသင္းရဲ႕ နည္းျပျဖစ္လာစဥ္မွာ ကာတာကလပ္ အယ္လ္အာလီက ထြက္ခြာလာခဲ့တဲ့ ဂြါဒီယိုလာကို ေခၚယူခဲ့တာလည္းျဖစ္ပါတယ္။

ေဘာလုံးသမားတစ္ေယာက္မျဖစ္ခဲ့ဘဲ နည္းျပဘဝကို အသက္ ၁၆ ႏွစ္အရြယ္မွာ စတင္ေျခခ်ခဲ့တဲ့ လီယိုဟာ စပိန္ျပည္တြင္းကလပ္ေတြကို ကိုင္တြယ္ခဲ့သူျဖစ္ၿပီး အသက္ ၃၀ အရြယ္မွာ အသက္အငယ္ဆုံး လာလီဂါနည္းျပအျဖစ္ ဆာလာမန္ကာအသင္းကို ကိုင္တြယ္ၿပီး စံခ်ိန္တင္ႏုိင္ခဲ့သူျဖစ္သလို လက္ရွိမွာေတာ့ မန္စီးတီးကစားသမားေဟာင္း ယာယာ တုိေရး ပါဝင္ကစားေနတဲ့ တ႐ုတ္ဆူပါလိဂ္ကလပ္ ခ်င္းေတာင္ ဟြမ့္ဟိုင္မွာ နည္းျပအျဖစ္ ေဆာင္ရြက္ေနသူလည္းျဖစ္ပါတယ္။

လာလီဂါမွာ ဇာရာဂိုဇာနဲ႔ ရီးရဲလ္ဆုိစီဒက္တုိ႔ကို ကိုင္တြယ္ခဲ့ဖူးသလို ေဟာ္ဟဲ ဆမ္ပါအိုလီရဲ႕ ခ်ီလီအသင္း လက္ေထာက္နည္းျပအျဖစ္ ေဆာင္ရြက္ခဲ့ၿပီးတဲ့ေနာက္ ဆီဗီလာကို ကိုင္တြယ္ခဲ့ရာမွာလည္း ေနာက္ကေန လုိက္ပါခဲ့ၿပီး လက္ရွိအသင္းကို မေရာက္ခင္မွာ အင္နီေယစတာတုိ႔ရဲ႕ ဗစ္ဆယ္လ္ ကိုေဘးအသင္းကို ကိုင္တြယ္ခဲ့ဖူးတဲ့ လီယိုကို ဂြါဒီယိုလာက သူ႕ရဲ႕ နည္းစနစ္ေတြအတြက္ ခ်ီးက်ဴးထားခဲ့ဖူးေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာဟာ သူ့ရဲ့ အရေးပါတဲ့ နံပါတ် ၂ ဖြစ်တဲ့ လက်ထောက်နည်းပြရာထူးကို ရက်ပိုင်းအတွင်း ခန့်အပ်နိုင်တော့မှာဖြစ်ပြီး အာဆင်နယ်အသင်းကို မီခယ်လ် အာတီတာ ထွက်ခွာသွားကတည်းက လစ်လပ်နေတဲ့နေရာကို ပြန်လည်ဖြည့်ဆည်းသွားနိုင်တော့မှာဖြစ်ပါတယ်။

အာတီတာနဲ့ လက်တွဲညီခဲ့တဲ့ ဂွါဒီယိုလာအနေနဲ့ ကစားသမားဟောင်းတွေဖြစ်ကြတဲ့ လူငယ်နည်းပြတွေကိုပဲ လက်ထောက်အဖြစ် ခန့်အပ်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် ဇာဗီ အလွန်ဆိုနဲ့ သဘောမတူညီနိုင်ခဲ့သလို အသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့် ကွန်ပနီကလည်း ပယ်ချခဲ့လို့ လက်ရှိမှာတေ့ ဟွမ် မန်ညူယယ်(ဟွမ်မာ) လီယိုလို့ အမည်ရတဲ့ နည်းပြကို ခန့်အပ်တော့မယ်လို့ သိရပါတယ်။

အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟွမ်မာ လီယိုဟာ ကာတာလန်သားနည်းပြရဲ့ ကစားသမားဘဝ နောက်ဆုံးအသင်းဖြစ်တဲ့ မက္ကဆီကိုကလပ် ဒိုရာဒို့စ်အသင်းကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး သူ့အနေနဲ့ ဒီအသင်းရဲ့ နည်းပြဖြစ်လာစဉ်မှာ ကာတာကလပ် အယ်လ်အာလီက ထွက်ခွာလာခဲ့တဲ့ ဂွါဒီယိုလာကို ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

ဘောလုံးသမားတစ်ယောက်မဖြစ်ခဲ့ဘဲ နည်းပြဘဝကို အသက် ၁၆ နှစ်အရွယ်မှာ စတင်ခြေချခဲ့တဲ့ လီယိုဟာ စပိန်ပြည်တွင်းကလပ်တွေကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး အသက် ၃၀ အရွယ်မှာ အသက်အငယ်ဆုံး လာလီဂါနည်းပြအဖြစ် ဆာလာမန်ကာအသင်းကို ကိုင်တွယ်ပြီး စံချိန်တင်နိုင်ခဲ့သူဖြစ်သလို လက်ရှိမှာတော့ မန်စီးတီးကစားသမားဟောင်း ယာယာ တိုရေး ပါဝင်ကစားနေတဲ့ တရုတ်ဆူပါလိဂ်ကလပ် ချင်းတောင် ဟွမ့်ဟိုင်မှာ နည်းပြအဖြစ် ဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။

လာလီဂါမှာ ဇာရာဂိုဇာနဲ့ ရီးရဲလ်ဆိုစီဒက်တို့ကို ကိုင်တွယ်ခဲ့ဖူးသလို ဟော်ဟဲ ဆမ်ပါအိုလီရဲ့ ချီလီအသင်း လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီးတဲ့နောက် ဆီဗီလာကို ကိုင်တွယ်ခဲ့ရာမှာလည်း နောက်ကနေ လိုက်ပါခဲ့ပြီး လက်ရှိအသင်းကို မရောက်ခင်မှာ အင်နီယေစတာတို့ရဲ့ ဗစ်ဆယ်လ် ကိုဘေးအသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ လီယိုကို ဂွါဒီယိုလာက သူ့ရဲ့ နည်းစနစ်တွေအတွက် ချီးကျူးထားခဲ့ဖူးကြောင်းလည်း သိရှိရပါတယ်။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.