Bundesliga Premier League

တီမို ဗာနာကို ေခၚယူရာမွာ ကစားသမားေဟာင္းေတြျဖစ္တဲ့ ပီတာခ်က္နဲ႔ လမ္းပတ္တုိ႔ အဓိကက်ခဲ့

ဥေရာပအသင္းႀကီးေတာ္ေတာ္မ်ားမ်ားက အလိုရွိေနခဲ့တဲ့ RB လုိက္ပ္ဇစ္တုိက္စစ္မွဴး တီမို ဗာနာကို ေခၚယူဖို႔အတြက္ အဓိကက်တဲ့ အခန္းက႑က ပါဝင္ခဲ့သူေတြက ခ်ဲလ္ဆီးအသင္းနည္းျပ ဖရန္႔ လမ္းပတ္နဲ႔ နည္းစနစ္အႀကံေပး ပီတာခ်က္တုိ႔ျဖစ္ၾကတယ္လို႔ သတင္းေတြက ေဖာ္ျပလုိက္ပါတယ္။

ပရီးမီးယားလိဂ္ၿပဳိင္ဘက္အသင္းေတြျဖစ္ၾကတဲ့ မန္ခ်က္စတာယူႏုိက္တက္နဲ႔ လီဗာပူးလ္အသင္းေတြထက္ လက္ဦးမွဳ ရယူၿပီး ေခၚယူႏုိင္ဖို႔ တီမို ဗာနာကို စည္း႐ုံးခဲ့တာဟာ အခုလပုိင္းအတြင္းမွ မဟုတ္ဘဲ ၿပီးခဲ့တဲ့ ေဆာင္းရာသီအားလပ္ရက္မွာကတည္းက နည္းျပ ဖရန္႔ လမ္းပတ္နဲ႔ ပီတာခ်က္တို႔ ဂ်ာမနီကို လွ်ဳိ႕ဝွက္သြားေရာက္ခဲ့တာလုိ႔လည္း သိရပါတယ္။

RB လုိက္ပ္ဇစ္နဲ႔ မေန႔က သေဘာတူညီမွဳရရွိခဲ့တဲ့ ခ်ဲလ္ဆီးတုိ႔အေနနဲ႔ အခ်ိန္တုိအတြင္း ဒီအသက္ ၂၄ ႏွစ္အရြယ္ ဂ်ာမန္တုိက္စစ္မွဴးကို စည္း႐ုံးႏိုင္ခဲ့တာလို႔ လူေတြက ထင္ျမင္ခဲ့ၾကေပမယ့္ တကယ္တမ္းေတာ့ ႀကဳိတင္စည္း႐ုံးခဲ့ရတာျဖစ္ေၾကာင္း ၿဗိတိန္သတင္းစာ တယ္လီဂရပ္ဖ္က ေဖာ္ျပခဲ့တာလည္းျဖစ္ပါတယ္။

ပြဲစဥ္ေတြ ေခတၱရပ္နားခဲ့တဲ့ ေဆာင္းရာသီအားလပ္ရက္မွာ ဗာနာနဲ႔ သူ႕ရဲ႕ဖခင္ကို သြားေရာက္ေတြ႕ဆုံခဲ့တဲ့ ခ်ဲလ္ဆီးကိုယ္စားလွယ္ထဲက ပီတာခ်က္ရဲ႕ ဂ်ာမန္စကားကို ကၽြမ္းက်င္စြာ ေျပာဆုိႏုိင္မွဳက အဓိကက်ခဲ့ၿပီး သူတုိ႔ရဲ႕ ရည္မွန္းခ်က္ေတြနဲ႔ ကစားသမားရဲ႕ အခန္းက႑ကို ေရေရလည္လည္ သေဘာေပါက္ေအာင္ စည္း႐ုံးႏုိင္ခဲ့တာလို႔လည္း သိရပါတယ္။

လမ္းပတ္နဲ႔ ပီတာခ်က္တုိ႔ဟာ ခ်ဲလ္ဆီးအသင္းမွာ ၁၀ ႏွစ္တိတိ အတူတူ တြဲဖက္ကစားခဲ့ၾကသူေတြျဖစ္ၿပီး ပရီးမီးယားလိဂ္ဖလား ၃ လုံး၊ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ုိပါလိဂ္ေတြကို ရယူႏုိင္ခဲ့ၾကတဲ့ေနာက္ ၿပီးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီအစမွာမွ ႏွစ္ဦးစလုံး စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ျပန္လည္ေရာက္ရွိခဲ့ၾကၿပီး ခုလိုမ်ဳိး လက္တြဲညီတဲ့ အစီအစဥ္တစ္ရပ္ကို အေကာင္အထည္ေဖာ္ႏုိင္ခဲ့တာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL & TELEGRAPH
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဥရောပအသင်းကြီးတော်တော်များများက အလိုရှိနေခဲ့တဲ့ RB လိုက်ပ်ဇစ်တိုက်စစ်မှူး တီမို ဗာနာကို ခေါ်ယူဖို့အတွက် အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သူတွေက ချဲလ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ်နဲ့ နည်းစနစ်အကြံပေး ပီတာချက်တို့ဖြစ်ကြတယ်လို့ သတင်းတွေက ဖော်ပြလိုက်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတွေထက် လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်ဖို့ တီမို ဗာနာကို စည်းရုံးခဲ့တာဟာ အခုလပိုင်းအတွင်းမှ မဟုတ်ဘဲ ပြီးခဲ့တဲ့ ဆောင်းရာသီအားလပ်ရက်မှာကတည်းက နည်းပြ ဖရန့် လမ်းပတ်နဲ့ ပီတာချက်တို့ ဂျာမနီကို လျှို့ဝှက်သွားရောက်ခဲ့တာလို့လည်း သိရပါတယ်။

RB လိုက်ပ်ဇစ်နဲ့ မနေ့က သဘောတူညီမှုရရှိခဲ့တဲ့ ချဲလ်ဆီးတို့အနေနဲ့ အချိန်တိုအတွင်း ဒီအသက် ၂၄ နှစ်အရွယ် ဂျာမန်တိုက်စစ်မှူးကို စည်းရုံးနိုင်ခဲ့တာလို့ လူတွေက ထင်မြင်ခဲ့ကြပေမယ့် တကယ်တမ်းတော့ ကြိုတင်စည်းရုံးခဲ့ရတာဖြစ်ကြောင်း ဗြိတိန်သတင်းစာ တယ်လီဂရပ်ဖ်က ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

ပွဲစဉ်တွေ ခေတ္တရပ်နားခဲ့တဲ့ ဆောင်းရာသီအားလပ်ရက်မှာ ဗာနာနဲ့ သူ့ရဲ့ဖခင်ကို သွားရောက်တွေ့ဆုံခဲ့တဲ့ ချဲလ်ဆီးကိုယ်စားလှယ်ထဲက ပီတာချက်ရဲ့ ဂျာမန်စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်မှုက အဓိကကျခဲ့ပြီး သူတို့ရဲ့ ရည်မှန်းချက်တွေနဲ့ ကစားသမားရဲ့ အခန်းကဏ္ဍကို ရေရေလည်လည် သဘောပေါက်အောင် စည်းရုံးနိုင်ခဲ့တာလို့လည်း သိရပါတယ်။

လမ်းပတ်နဲ့ ပီတာချက်တို့ဟာ ချဲလ်ဆီးအသင်းမှာ ၁၀ နှစ်တိတိ အတူတူ တွဲဖက်ကစားခဲ့ကြသူတွေဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၃ လုံး၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တွေကို ရယူနိုင်ခဲ့ကြတဲ့နောက် ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီအစမှာမှ နှစ်ဦးစလုံး စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြန်လည်ရောက်ရှိခဲ့ကြပြီး ခုလိုမျိုး လက်တွဲညီတဲ့ အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL & TELEGRAPH
PHOTOS CREDIT TO OWNERS
SPORTS A2Z.