Other Leagues Premier League Transfer News

ေရဘဝဲလို႔ အမည္ရတဲ့ ဘင္ဖီကာကြင္းလယ္လူကို မန္ခ်က္စတာယူႏုိက္တက္ အလိုရွိေန

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကြင္းလယ္ခ်ိန္ခြင္လွ်ာကို ထိန္းညႇိေပးႏုိင္မယ့္ လုပ္အားႏွဳန္းအေကာင္းဆုံး ကစားသမားမ်ဳိး ရွာေဖြေနရာမွာ ေပၚတူဂီကလပ္ ဘင္ဖီကာအသင္းက ကြင္းလယ္လူ ဖေလာ္ရင္တီႏို လူးဝစ္ကို အလိုရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

အသက္ ၂၀ အရြယ္ရွိၿပီျဖစ္တဲ့ ကြင္းလယ္အဖ်က္ကစားသမားဟာ ေပၚတူဂီလူငယ္အသင္းအဆင့္ဆင့္မွာ ယူ-၁၅ ကေန ယူ-၂၀ အဆင့္အထိ ကစားထားခဲ့သူျဖစ္ၿပီး ယူ-၂၀ အသင္းနဲ႔ ၁၈ ပြဲကစားထားခဲ့သူျဖစ္သလို ဒီရာသီမွာေတာ့ ဘင္ဖီကာအသင္းအတြက္ ၿပဳိင္ပြဲစုံမွာ ၁၅ ပြဲကစားၿပီး တစ္ဂိုး ဖန္တီးေပးထားႏုိင္ခဲ့ပါတယ္။

လာမယ့္ရာသီက်ရင္ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး အသက္အရြယ္အရ က်ဆင္းလာခဲ့တဲ့ ဝါရင့္ကြင္းလယ္လူ နီမန္ဂ်ာ မာတစ္အတြက္ အစားထိုးမွဳအျဖစ္ ရွဳျမင္ထားတဲ့ အန္ဂိုလာႏြယ္ဖြား လူးဝစ္ရဲ႕ ေအးဂ်င့္နဲ႔ ယူႏုိက္တက္တာဝန္ရွိသူေတြဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီက ေတြ႕ဆုံခဲ့ဖူးၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ကို ေခၚယူဖို႔အတြက္ အလုပ္မ်ားေနတာေၾကာင့္လည္း မေခၚယူႏုိင္ေသးတာလို႔ သိရပါတယ္။

သူ႕ရဲ႕ ကြင္းလယ္တစ္ေၾကာကို စီးနင္းထားႏုိင္မွဳနဲ႔ ေဘာလုံးကို မလြတ္တမ္းရယူႏုိင္မွဳေတြေၾကာင့္ ေရဘဝဲလုိ႔ နာမည္ေျပာင္ရရွိထားတဲ့ လူးဝစ္ဟာ ဥေရာပရဲ႕အေကာင္းဆုံး လူငယ္ကြင္းလယ္အဖ်က္ကစားသမားတစ္ဦးျဖစ္ၿပီး ဂ်ာမနီ၊ အဂၤလန္နဲ႔ စပိန္က အသင္းေတြက သူ႕ကို ခ်ိတ္ဆက္ေနတယ္လို႔ ေအးဂ်င့္ျဖစ္သူ ဘ႐ူႏို ကာဗယ္လ္ဟို ဆန္တုိ႔စ္က ေျပာၾကားလိုက္ၿပီး ေအစီမီလန္အသင္းကလည္း ခ်ိတ္ဆက္ေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းနည္းျပ အုိလီဂန္နာ ဆုိးလ္ရွားနဲ႔ တာဝန္ရွိသူေတြကေတာ့ လူးဝစ္ကို အသင္းရဲ႕ အနာဂတ္အတြက္ ေရရွည္ အစားထိုးမွဳအျဖစ္ ရွဳျမင္ထားၾကၿပီး ဘင္ဖီကာနဲ႔ ၂၀၂၄ အထိ စာခ်ဳပ္အရ ေဈးကြက္မွာ အနည္းဆုံး ယူ႐ိုသန္း ၂၀ ေလာက္ တန္ေၾကးရွိတဲ့ သူ႕အတြက္ လာမယ့္ရာသီမွာ ေခၚယူသြားႏိုင္ဖို႔ ေဆြးေႏြးမွဳေတြ ျပဳလုပ္ေနတယ္လို႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ချိန်ခွင်လျှာကို ထိန်းညှိပေးနိုင်မယ့် လုပ်အားနှုန်းအကောင်းဆုံး ကစားသမားမျိုး ရှာဖွေနေရာမှာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းက ကွင်းလယ်လူ ဖလော်ရင်တီနို လူးဝစ်ကို အလိုရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်အဖျက်ကစားသမားဟာ ပေါ်တူဂီလူငယ်အသင်းအဆင့်ဆင့်မှာ ယူ-၁၅ ကနေ ယူ-၂၀ အဆင့်အထိ ကစားထားခဲ့သူဖြစ်ပြီး ယူ-၂၀ အသင်းနဲ့ ၁၈ ပွဲကစားထားခဲ့သူဖြစ်သလို ဒီရာသီမှာတော့ ဘင်ဖီကာအသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၅ ပွဲကစားပြီး တစ်ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

လာမယ့်ရာသီကျရင် သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသက်အရွယ်အရ ကျဆင်းလာခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ နီမန်ဂျာ မာတစ်အတွက် အစားထိုးမှုအဖြစ် ရှုမြင်ထားတဲ့ အန်ဂိုလာနွယ်ဖွား လူးဝစ်ရဲ့ အေးဂျင့်နဲ့ ယူနိုက်တက်တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက တွေ့ဆုံခဲ့ဖူးပြီး ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့အတွက် အလုပ်များနေတာကြောင့်လည်း မခေါ်ယူနိုင်သေးတာလို့ သိရပါတယ်။

သူ့ရဲ့ ကွင်းလယ်တစ်ကြောကို စီးနင်းထားနိုင်မှုနဲ့ ဘောလုံးကို မလွတ်တမ်းရယူနိုင်မှုတွေကြောင့် ရေဘဝဲလို့ နာမည်ပြောင်ရရှိထားတဲ့ လူးဝစ်ဟာ ဥရောပရဲ့အကောင်းဆုံး လူငယ်ကွင်းလယ်အဖျက်ကစားသမားတစ်ဦးဖြစ်ပြီး ဂျာမနီ၊ အင်္ဂလန်နဲ့ စပိန်က အသင်းတွေက သူ့ကို ချိတ်ဆက်နေတယ်လို့ အေးဂျင့်ဖြစ်သူ ဘရူနို ကာဗယ်လ်ဟို ဆန်တို့စ်က ပြောကြားလိုက်ပြီး အေစီမီလန်အသင်းကလည်း ချိတ်ဆက်နေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားနဲ့ တာဝန်ရှိသူတွေကတော့ လူးဝစ်ကို အသင်းရဲ့ အနာဂတ်အတွက် ရေရှည် အစားထိုးမှုအဖြစ် ရှုမြင်ထားကြပြီး ဘင်ဖီကာနဲ့ ၂၀၂၄ အထိ စာချုပ်အရ ဈေးကွက်မှာ အနည်းဆုံး ယူရိုသန်း ၂၀ လောက် တန်ကြေးရှိတဲ့ သူ့အတွက် လာမယ့်ရာသီမှာ ခေါ်ယူသွားနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.