Analysis Premier League

လျှမ်းလျှမ်းတောက် ရမ်းစ်ဒေးလ်နဲ့ လက်စတာ 0-2 အာဆင်နယ် ပွဲအပြီး ပြောစရာ 7 ချက်

တည်ကန်ဘောမှာ စတားဖြစ်ခဲ့သူကြီး ဂါဘရီယယ်လ်
အာဆင်နယ်အသင်းရဲ့ နည်းပြအဖွဲ့ဝင်သစ် နီကိုလတ်စ် ယိုဗာရဲ့ ကြီးမားတဲ့ သက်ရောက်မှုကတော့ တည်ကန်ဘောတွေပဲဖြစ်ပြီး တိုက်စစ်တဲ့ အချိန်တွေမှာ တိုးတက်မှုတွေကို မြင်ရသလို ဒီနေ့ပွဲမှာလည်း ထောင့်ကန်ဘောကနေ တစ်ဂိုးသွင်းယူနိုင်ခဲ့သလို အူဘာမီယန်းရဲ့ ဖြတ်တင်ဘောကိုလည်း ဖရီးကစ်ကနေ တွေ့မြင်ခဲ့ရတာပါ။ ပွဲချိန် ၅ မိနစ်မှာတော့ စောစောစီးစီးပဲ အာဆင်နယ်တို့ ဂိုးရခဲ့ပြီး ဒီဂိုးကိုတော့ ခံစစ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဘရာဇီးလ်သား ဂါဘရီယယ်လ် မာဂါလိုင်စ်က ခပ်စောင်းစောင်းအနေအထားကနေ ခေါင်းတိုက်ချက်ပြင်းပြင်းနဲ့ ရယူပေးခဲ့တာဖြစ်ပါတယ်။

ဂိုးတွေ ဆက်တိုက်ရနေတဲ့ စမစ်ရိုး
အက်စ်တန်ဗီလာနဲ့ပွဲမှာ တစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ အင်္ဂလန်လူငယ်ဟာ ဒီနေ့ပွဲမှာလည်း ထပ်မံတောက်ပခဲ့ပြန်ပါတယ်။ အာဆင်နယ်တို့ရဲ့ တန်ပြန်တိုက်စစ်ဆင်မှုကနေ ဆာကာနဲ့ လာကာဇက်တို့ တွဲလုံးနဲ့ ထိုးဖောက်ပြီး အူဘာမီယန်းနဲ့ဆိုရင် 3 Vs 7 အနေအထားမှာ အင်အားသာလွန်ပေမယ့် ဖရိုဖရဲ ပြိုလဲကျသွားခဲ့တဲ့ လက်စတာခံစစ်က ရှင်းထုတ်မှုကို စမစ်ရိုးက ပွင့်နေတဲ့ အပေါက်ကိုမှ ရွေးပြီး ကန်ချသွားခဲ့တော့ ရှမိုက်ကယ်တစ်ယောက် လှုပ်တောင် မလှုပ်နိုင်ဘဲ ဂိုးပေးလိုက်ရတာပါ။ ဟေးလ်အန့်ဒ် အကယ်ဒမီထွက်လူငယ်ဟာ ဘယ်တောင်ပံမှာလည်း တာဝန်ကျေခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သူတွေထဲက တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

အဖေနဲ့သားနဲ့ သွေးခွဲပေးတာလားဆိုတဲ့ လျှမ်းလျှမ်းတောက် ရမ်းစ်ဒေးလ်
ပထမပိုင်းအပြီးမှာ ပီတာ ရှမိုက်ကယ်ရဲ့ တခုတ်တရ တွစ်တာပို့စ်တင်ပြီး ချီးကျူးခံခဲ့ရတဲ့ အာဆင်နယ်ဂိုးသမားဟာ ဒီနေ့မှာ ဂိုးပေါက်တည့်မှု ၈ ကြိမ်ကို ဖမ်းယူပိတ်ဆို့ ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့သူပါ။ ပွဲချိန် ၄၃ မိနစ်က မက်ဒီဆန်ရဲ့ ဖရီးကစ်ကို အစွမ်းကုန် ဆန့်ထုတ်ပြီး ကာကွယ်နိုင်ခဲ့ချိန်မှာတော့ ဒိန်းမတ်ဂန္ထဝင်ဂိုးသမားကြီးရဲ့ ချီးကျူးမှုကို ခံခဲ့ရပြီး တစ်ချိန်တည်းမှာတော့ သားဖြစ်သူ ကက်စပါအနေနဲ့ အာဆင်နယ်ရဲ့ နှစ်ဂိုးစလုံးမှာ မလှုပ်နိုင်ဘဲ ရေနစ်နေခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း အာဆင်နယ်တစ်သင်းလုံးကို ဒုက္ခပေးနိုင်ခဲ့တဲ့ လူစားဝင်တောင်ပံကစားသမား ဟာဗီဘန်းစ်ရဲ့ ထိုးဖောက်မှုတွေကိုလည်း ရမ်းစ်ဒေးလ်က သုံးကြိမ်ထက်မနည်း ရပ်တန့်ပြနိုင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

အတွဲလိုက်ကို ချီးကျူးခံခဲ့ရတဲ့ ဂန်းနားဗဟိုခံစစ်
အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဒဏ်ရာက သက်သာလာတဲ့ ဘန်ဝှိုက်ကို ဂါဘရီယယ်လ်နဲ့ တွဲပေးခဲ့ပြီး နှစ်ဦးစလုံးက Clean Sheet နိုင်ပွဲမှာ တာဝန်ကျေပြွန်ခဲ့ကြတာဖြစ်ပါတယ်။ အမြင့်ဘောတွေမှာ ဘရာဇီးလ်သားက ခေါင်းတစ်လုံးသာနေသလို မြေပေါ်က ဘောလုံးတွေ တော်တော်များများကို အင်္ဂလန်သားက ခြေတစ်လှမ်းသာနေခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ အတွဲအဖက်က ဗာဒီနဲ့ အီဟန်နာချိုတို့ကို လုပ်ရကိုင်ရခက်စေခဲ့ပြီး ပထမပိုင်းမှာ အိမ်ရှင်တွေ အကွက်ဖော်လို့ မရအောင် ထိန်းချုပ်သွားနိုင်ခဲ့သလို ဗဟိုနောက်ခံလူတစ်ယောက်ရဲ့ အကောင်းဆုံးပုံစံမျိုး ရှိနေတဲ့ ညာနောက်ခံလူ တိုမီယာစုကလည်း ပါဝင်အားပေးသွားခဲ့သေးတာဖြစ်ပါတယ်။

တိုက်စစ်ရော ခံစစ်ပါ အမှတ်ပေးရမယ့် ပါတေး
ကွင်းလယ်လူ သောမတ်စ် ပါတေးကတော့ ပရီးမီးယားလိဂ်နဲ့ ကောင်းကောင်းအသားကျခဲ့ပြီလို့ ဆိုရမှာဖြစ်ပြီး သူတို့အတွက် ပြီးခဲ့တဲ့ပွဲမှာ ပထမဆုံး သွင်းဂိုးကို ရယူပေးခဲ့သလို ဒီနေ့ပွဲမှာလည်း တိုက်စစ်ရော ခံစစ်ပါ တာဝန်ကျေခဲ့တာဖြစ်ပါတယ်။ စမစ်ရိုးရဲ့ ဂိုးမှာ မက်ဒီဆန်ရဲ့ ဘောလုံးပျက်မှုကို ပြန်လည်ရယူပြီး ဗျူဟာမြောက် ဘောလုံးကို ဆာကာဆီ ပေးပို့ခဲ့သလို ပွဲချိန် ၄၃ မိနစ်မှာ ရမ်းစ်ဒေးလ်ရဲ့ ကာကွယ်မှုကို လက်စတာနောက်ခံလူ အီဗန်စ်ရဲ့ ထပ်မံပိတ်သွင်းမှုကိုလည်း ဂိုးစည်းပေါ်ကနေ ရှင်းထုတ်ပြီး ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်လို့ ဂါနာသားရဲ့ စိုးမိုးမှုအတွက် အသိအမှတ်ပြုရဖို့ အချိန်ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

ဒုတိယပိုင်းမှ ဝင်ပြီး သောင်းကျန်းတဲ့ တစ်ကောင်တည်းသော မြေခွေး
လက်စတာစီးတီးအသင်းရဲ့ ပထမပိုင်းအစ ၅-၃-၂ နဲ့ ၃-၅-၂ ပြောင်းကစားတဲ့ ပုံစံမှာ အာဆင်နယ်တို့ကို သက်တောင့်သက်သာ ကစားနိုင်ဖို့ ပေးဂိုးနှစ်ဂိုးနဲ့ ဧည့်ခံကြိုဆိုမှု ကောင်းလွန်းခဲ့ချိန်မှာ နည်းပြ ရော့ဂျားစ်အနေနဲ့ စိတ်ပျက်ခဲ့ရပြီး ဒုတိယပိုင်းမှာတော့ အပြောင်းအလဲလုပ်ခဲ့ရပါတယ်။ ကစားသမားနှစ်ဦးကို လဲပြီး ၄-၃-၃ ပြောင်းခဲ့ချိန်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူကတော့ နံပါတ် ၇ ဟာဗီဘန်းစ်ဖြစ်ပြီး ဘယ်တောင်ပံကနေ ဧည့်သည် ခံစစ်ကို အကြိမ်ကြိမ် ထိုးဖောက်ခဲ့ချိန်မှာ ဗာဒီနဲ့ တခြားတိုက်စစ်သမားတွေ သိပ်ပြီး ဘက်မညီခဲ့လို့သာ ဂိုးမရခဲ့တာပါ။ အသင်းရှုံးခဲ့ပေမယ့် ဘန်းစ်ရဲ့ ထိုးဖောက်မှုတွေကတော့ ချီးကျူးစရာဖြစ်ခဲ့ပြီး ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ ရမ်းစ်ဒေးလ်ရဲ့ အကြီးမားဆုံး အန္တရာယ်လည်းဖြစ်ခဲ့ပါတယ်။

ရာပြည့်ပွဲမှာ ဖန်တီးမှုကောင်းတွေနဲ့ မှတ်တိုင်စိုက်တဲ့ ဆာကာ
အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမားလေး ဘူကာယို ဆာကာကတော့ အသက် ၂၀ နဲ့ ၁ လစွန်းစွန်းမှာပဲ အသင်းအတွက် ရာပြည့်ပွဲကို ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ညာခြမ်းမှာ ပွဲထွက်လာခဲ့တဲ့ ဘယ်သန် အင်္ဂလန်လက်ရွေးစင်ဟာ ဂါဘရီယယ်လ်ရဲ့ အဖွင့်ဂိုးကို ထောင့်ကန်ဘောကနေ ကွက်တိပေးပို့နိုင်ခဲ့ပြီး ဒုတိယဂိုးကိုလည်း တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်ပေးခဲ့သလို ဂန်းနားတွေအတွက် အကောင်းဆုံးကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ တောင်ပိုင်းနိုင်ဂျီးရီးယားမျိုးနွယ်စု ယာရူဘာတွေရဲ့ စကားအရ ဘူကာယိုဆိုတာ “ပျော်ရွှင်မှုကို ဖြည့်ဆည်းခြင်း”လို့ အဓိပ္ပါယ်ရှိတာကြောင့် ရာပြည့်ပွဲက ဒီနာမည်နဲ့ လိုက်ဖက်ညီခဲ့တယ်လို့ပဲ ပြောရတော့မှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တည္ကန္ေဘာမွာ စတားျဖစ္ခဲ့သူႀကီး ဂါဘရီယယ္လ္
အာဆင္နယ္အသင္းရဲ႕ နည္းျပအဖြဲ႕ဝင္သစ္ နီကိုလတ္စ္ ယိုဗာရဲ႕ ႀကီးမားတဲ့ သက္ေရာက္မႈကေတာ့ တည္ကန္ေဘာေတြပဲျဖစ္ၿပီး တိုက္စစ္တဲ့ အခ်ိန္ေတြမွာ တိုးတက္မႈေတြကို ျမင္ရသလို ဒီေန႔ပြဲမွာလည္း ေထာင့္ကန္ေဘာကေန တစ္ဂိုးသြင္းယူႏိုင္ခဲ့သလို အူဘာမီယန္းရဲ႕ ျဖတ္တင္ေဘာကိုလည္း ဖရီးကစ္ကေန ေတြ႕ျမင္ခဲ့ရတာပါ။ ပြဲခ်ိန္ ၅ မိနစ္မွာေတာ့ ေစာေစာစီးစီးပဲ အာဆင္နယ္တို႔ ဂိုးရခဲ့ၿပီး ဒီဂိုးကိုေတာ့ ခံစစ္မွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဘရာဇီးလ္သား ဂါဘရီယယ္လ္ မာဂါလိုင္စ္က ခပ္ေစာင္းေစာင္းအေနအထားကေန ေခါင္းတိုက္ခ်က္ျပင္းျပင္းနဲ႔ ရယူေပးခဲ့တာျဖစ္ပါတယ္။

ဂိုးေတြ ဆက္တိုက္ရေနတဲ့ စမစ္႐ိုး
အက္စ္တန္ဗီလာနဲ႔ပြဲမွာ တစ္ဂိုးသြင္းယူေပးႏိုင္ခဲ့တဲ့ အဂၤလန္လူငယ္ဟာ ဒီေန႔ပြဲမွာလည္း ထပ္မံေတာက္ပခဲ့ျပန္ပါတယ္။ အာဆင္နယ္တို႔ရဲ႕ တန္ျပန္တိုက္စစ္ဆင္မႈကေန ဆာကာနဲ႔ လာကာဇက္တို႔ တြဲလုံးနဲ႔ ထိုးေဖာက္ၿပီး အူဘာမီယန္းနဲ႔ဆိုရင္ 3 Vs 7 အေနအထားမွာ အင္အားသာလြန္ေပမယ့္ ဖ႐ိုဖရဲ ၿပိဳလဲက်သြားခဲ့တဲ့ လက္စတာခံစစ္က ရွင္းထုတ္မႈကို စမစ္႐ိုးက ပြင့္ေနတဲ့ အေပါက္ကိုမွ ေ႐ြးၿပီး ကန္ခ်သြားခဲ့ေတာ့ ရွမိုက္ကယ္တစ္ေယာက္ လႈပ္ေတာင္ မလႈပ္ႏိုင္ဘဲ ဂိုးေပးလိုက္ရတာပါ။ ေဟးလ္အန႔္ဒ္ အကယ္ဒမီထြက္လူငယ္ဟာ ဘယ္ေတာင္ပံမွာလည္း တာဝန္ေက်ခဲ့ၿပီး အေကာင္းဆုံး ေျခစြမ္းျပႏိုင္ခဲ့သူေတြထဲက တစ္ဦးလည္းျဖစ္ခဲ့ပါတယ္။

အေဖနဲ႔သားနဲ႔ ေသြးခြဲေပးတာလားဆိုတဲ့ လွ်မ္းလွ်မ္းေတာက္ ရမ္းစ္ေဒးလ္
ပထမပိုင္းအၿပီးမွာ ပီတာ ရွမိုက္ကယ္ရဲ႕ တခုတ္တရ တြစ္တာပို႔စ္တင္ၿပီး ခ်ီးက်ဴးခံခဲ့ရတဲ့ အာဆင္နယ္ဂိုးသမားဟာ ဒီေန႔မွာ ဂိုးေပါက္တည့္မႈ ၈ ႀကိမ္ကို ဖမ္းယူပိတ္ဆို႔ ကာကြယ္မႈေတြ ျပဳလုပ္ႏိုင္ခဲ့သူပါ။ ပြဲခ်ိန္ ၄၃ မိနစ္က မက္ဒီဆန္ရဲ႕ ဖရီးကစ္ကို အစြမ္းကုန္ ဆန႔္ထုတ္ၿပီး ကာကြယ္ႏိုင္ခဲ့ခ်ိန္မွာေတာ့ ဒိန္းမတ္ဂႏၴဝင္ဂိုးသမားႀကီးရဲ႕ ခ်ီးက်ဴးမႈကို ခံခဲ့ရၿပီး တစ္ခ်ိန္တည္းမွာေတာ့ သားျဖစ္သူ ကက္စပါအေနနဲ႔ အာဆင္နယ္ရဲ႕ ႏွစ္ဂိုးစလုံးမွာ မလႈပ္ႏိုင္ဘဲ ေရနစ္ေနခဲ့ရတာ ျဖစ္ပါတယ္။ ဒုတိယပိုင္းမွာလည္း အာဆင္နယ္တစ္သင္းလုံးကို ဒုကၡေပးႏိုင္ခဲ့တဲ့ လူစားဝင္ေတာင္ပံကစားသမား ဟာဗီဘန္းစ္ရဲ႕ ထိုးေဖာက္မႈေတြကိုလည္း ရမ္းစ္ေဒးလ္က သုံးႀကိမ္ထက္မနည္း ရပ္တန႔္ျပႏိုင္ခဲ့တာကို ေတြ႕ျမင္ခဲ့ရပါတယ္။

အတြဲလိုက္ကို ခ်ီးက်ဴးခံခဲ့ရတဲ့ ဂန္းနားဗဟိုခံစစ္
အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဒဏ္ရာက သက္သာလာတဲ့ ဘန္ဝႈိက္ကို ဂါဘရီယယ္လ္နဲ႔ တြဲေပးခဲ့ၿပီး ႏွစ္ဦးစလုံးက Clean Sheet ႏိုင္ပြဲမွာ တာဝန္ေက်ႁပြန္ခဲ့ၾကတာျဖစ္ပါတယ္။ အျမင့္ေဘာေတြမွာ ဘရာဇီးလ္သားက ေခါင္းတစ္လုံးသာေနသလို ေျမေပၚက ေဘာလုံးေတြ ေတာ္ေတာ္မ်ားမ်ားကို အဂၤလန္သားက ေျခတစ္လွမ္းသာေနခဲ့ပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ အတြဲအဖက္က ဗာဒီနဲ႔ အီဟန္နာခ်ိဳတို႔ကို လုပ္ရကိုင္ရခက္ေစခဲ့ၿပီး ပထမပိုင္းမွာ အိမ္ရွင္ေတြ အကြက္ေဖာ္လို႔ မရေအာင္ ထိန္းခ်ဳပ္သြားႏိုင္ခဲ့သလို ဗဟိုေနာက္ခံလူတစ္ေယာက္ရဲ႕ အေကာင္းဆုံးပုံစံမ်ိဳး ရွိေနတဲ့ ညာေနာက္ခံလူ တိုမီယာစုကလည္း ပါဝင္အားေပးသြားခဲ့ေသးတာျဖစ္ပါတယ္။

တိုက္စစ္ေရာ ခံစစ္ပါ အမွတ္ေပးရမယ့္ ပါေတး
ကြင္းလယ္လူ ေသာမတ္စ္ ပါေတးကေတာ့ ပရီးမီးယားလိဂ္နဲ႔ ေကာင္းေကာင္းအသားက်ခဲ့ၿပီလို႔ ဆိုရမွာျဖစ္ၿပီး သူတို႔အတြက္ ၿပီးခဲ့တဲ့ပြဲမွာ ပထမဆုံး သြင္းဂိုးကို ရယူေပးခဲ့သလို ဒီေန႔ပြဲမွာလည္း တိုက္စစ္ေရာ ခံစစ္ပါ တာဝန္ေက်ခဲ့တာျဖစ္ပါတယ္။ စမစ္႐ိုးရဲ႕ ဂိုးမွာ မက္ဒီဆန္ရဲ႕ ေဘာလုံးပ်က္မႈကို ျပန္လည္ရယူၿပီး ဗ်ဴဟာေျမာက္ ေဘာလုံးကို ဆာကာဆီ ေပးပို႔ခဲ့သလို ပြဲခ်ိန္ ၄၃ မိနစ္မွာ ရမ္းစ္ေဒးလ္ရဲ႕ ကာကြယ္မႈကို လက္စတာေနာက္ခံလူ အီဗန္စ္ရဲ႕ ထပ္မံပိတ္သြင္းမႈကိုလည္း ဂိုးစည္းေပၚကေန ရွင္းထုတ္ၿပီး ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာျဖစ္လို႔ ဂါနာသားရဲ႕ စိုးမိုးမႈအတြက္ အသိအမွတ္ျပဳရဖို႔ အခ်ိန္ကို ေရာက္ရွိခဲ့ၿပီျဖစ္ပါတယ္။

ဒုတိယပိုင္းမွ ဝင္ၿပီး ေသာင္းက်န္းတဲ့ တစ္ေကာင္တည္းေသာ ေျမေခြး
လက္စတာစီးတီးအသင္းရဲ႕ ပထမပိုင္းအစ ၅-၃-၂ နဲ႔ ၃-၅-၂ ေျပာင္းကစားတဲ့ ပုံစံမွာ အာဆင္နယ္တို႔ကို သက္ေတာင့္သက္သာ ကစားႏိုင္ဖို႔ ေပးဂိုးႏွစ္ဂိုးနဲ႔ ဧည့္ခံႀကိဳဆိုမႈ ေကာင္းလြန္းခဲ့ခ်ိန္မွာ နည္းျပ ေရာ့ဂ်ားစ္အေနနဲ႔ စိတ္ပ်က္ခဲ့ရၿပီး ဒုတိယပိုင္းမွာေတာ့ အေျပာင္းအလဲလုပ္ခဲ့ရပါတယ္။ ကစားသမားႏွစ္ဦးကို လဲၿပီး ၄-၃-၃ ေျပာင္းခဲ့ခ်ိန္မွာ အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့သူကေတာ့ နံပါတ္ ၇ ဟာဗီဘန္းစ္ျဖစ္ၿပီး ဘယ္ေတာင္ပံကေန ဧည့္သည္ ခံစစ္ကို အႀကိမ္ႀကိမ္ ထိုးေဖာက္ခဲ့ခ်ိန္မွာ ဗာဒီနဲ႔ တျခားတိုက္စစ္သမားေတြ သိပ္ၿပီး ဘက္မညီခဲ့လို႔သာ ဂိုးမရခဲ့တာပါ။ အသင္းရႈံးခဲ့ေပမယ့္ ဘန္းစ္ရဲ႕ ထိုးေဖာက္မႈေတြကေတာ့ ခ်ီးက်ဴးစရာျဖစ္ခဲ့ၿပီး ဒီေန႔ပြဲရဲ႕ အေကာင္းဆုံးကစားသမားျဖစ္ခဲ့တဲ့ ရမ္းစ္ေဒးလ္ရဲ႕ အႀကီးမားဆုံး အႏၲရာယ္လည္းျဖစ္ခဲ့ပါတယ္။

ရာျပည့္ပြဲမွာ ဖန္တီးမႈေကာင္းေတြနဲ႔ မွတ္တိုင္စိုက္တဲ့ ဆာကာ
အာဆင္နယ္အသင္းရဲ႕ လူငယ္ကစားသမားေလး ဘူကာယို ဆာကာကေတာ့ အသက္ ၂၀ နဲ႔ ၁ လစြန္းစြန္းမွာပဲ အသင္းအတြက္ ရာျပည့္ပြဲကို ကစားေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ညာျခမ္းမွာ ပြဲထြက္လာခဲ့တဲ့ ဘယ္သန္ အဂၤလန္လက္ေ႐ြးစင္ဟာ ဂါဘရီယယ္လ္ရဲ႕ အဖြင့္ဂိုးကို ေထာင့္ကန္ေဘာကေန ကြက္တိေပးပို႔ႏိုင္ခဲ့ၿပီး ဒုတိယဂိုးကိုလည္း တန္ျပန္တိုက္စစ္ကေန ထိုးေဖာက္ေပးခဲ့သလို ဂန္းနားေတြအတြက္ အေကာင္းဆုံးကစားသမားတစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။ ေတာင္ပိုင္းႏိုင္ဂ်ီးရီးယားမ်ိဳးႏြယ္စု ယာ႐ူဘာေတြရဲ႕ စကားအရ ဘူကာယိုဆိုတာ “ေပ်ာ္႐ႊင္မႈကို ျဖည့္ဆည္းျခင္း”လို႔ အဓိပၸါယ္ရွိတာေၾကာင့္ ရာျပည့္ပြဲက ဒီနာမည္နဲ႔ လိုက္ဖက္ညီခဲ့တယ္လို႔ပဲ ေျပာရေတာ့မွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.