Match Report Premier League

မြေခွေးတွေကို အနိုင်ကစားပြီး အဆင့် ၆ အထိ ပြန်လည်တက်လှမ်းခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ အိမ်ရှင်လက်စတာနဲ့ ယှဉ်ပြိုင်ရမှာ ရလဒ်ကောင်းဖို့ လူကြီးလူငယ် မျှမျှတတ ပေါင်းစပ်ထားပြီး ဟန်ချက်ညီမှုအပြင် လုပ်အားနှုန်းကောင်းကောင်းကိုပါ ပြသနိုင်တဲ့ စုဖွဲ့မှုနဲ့ ဆာကာရဲ့ ပွဲ ၁၀၀ ပြည့်မှာ ပေပေကို အရန်ခုံမှာသာ ထားခဲ့ပြီး တိုက်စစ်ကို အူဘာမီယန်း၊ လာကာဇက်၊ စမစ်ရိုးတို့နဲ့ တွဲဖက်ခဲ့သလို ခံစစ်မှာလည်း လူစုံပါဝင်လာခဲ့ပါတယ်။

လက်စတာကတော့ သူတို့နဲ့ သိပ်ပြီး အဆင်မပြေတဲ့ ၃-၅-၂ ကိုပဲ ဆက်သုံးခဲ့သလို ဟာဗီဘန်းစ်ရဲ့ ဘယ်တောင်ပံက အကျိုးပြုမှုတွေကို မေ့နေပုံ ပေါ်ပြီး ဗာဒီနဲ့ အီဟန်နာချိုကို ရှေ့မှာ တင်ထားချိန်မှာ မက်ဒီဆန်၊ တီးလီးမန်း၊ ဆူမာရေးတို့ရဲ့ ကွင်းလယ်အားကို တောင်ပံတွေထက် အသုံးချဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅ မိနစ်မှာပဲ အာဆင်နယ်တို့ စောစောစီးစီး အဖွင့်ဂိုး ရယူနိုင်ခဲ့ပြီး ဘယ်ထောင့်ကန်ဘောကို ဗာဒီ ခေါင်းတိုက်ဖျက်လို့ရတဲ့ ညာထောင့်ကန်ဘောကို ဆာကာ ကန်တင်ပေးရာမှာ လက်စတာနောက်တန်းအငိုက်မိအောင် စနစ်တကျ တိုးဖြဲပေးသွားတဲ့ တိုက်စစ်အသင်းရဲ့ အခွင့်အရေး အကောင်းဆုံး နောက်ခံလူ ဂါဘရီယယ်လ်က ခပ်စောင်းစောင်းအနေအထားနဲ့ ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ရှမိုက်ကယ် ငုတ်တုတ်မေ့သွားခဲ့ရတာပါ။

လက်စတာတို့ သူတို့ရဲ့ တိုက်စစ်မှူးနှစ်ဦးကို ပြေးထွက်ခိုင်းဖို့ ကြိုးစားနေပေမယ့် အာဆင်နယ်တို့ကတော့ တစ်ဖက်ကွင်းခြမ်းမှာ အကောင်းဆုံး Pressing ကစားနေသလို ကိုယ့်ကွင်းခြမ်းမှာလည်း နေရာလွတ်တွေကို တတ်နိုင်သလောက် ပိတ်ဆို့သွားခဲ့လို့ အိမ်ရှင်တွေ တိုင်ပတ်နေခဲ့ပြီး မက်ဒီဆန်နဲ့ တီးလီးမန်းစ်တို့ လူပေးဖို့ ခက်နေခဲ့ပါတယ်။

အာဆင်နယ်ရဲ့ ဘယ်နောက်ခံကစားတဲ့ နူနို တာဗာရက်စ်ကတော့ ညာခြေကိုပါ ကောင်းကောင်းသုံးနိုင်တာ အားသာချက်ဖြစ်ခဲ့ပြီး ဘောလုံး အထိန်းအသိမ်းနဲ့ အမြင်မှာ တီယာနီထက် အားနည်းပေမယ့် လုပ်အားနှုန်းနဲ့ Flexibility အရ အထာပိုကျခဲ့သလို သူ့ဘက်ခြမ်းက တိုက်စစ်ရော ခံစစ်ပါ အကောင်းဆုံး တာဝန်ကျေခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတော့ လက်စတာကွင်းလယ်လူ မက်ဒီဆန်ရဲ့ ပေါ့ပေါ့ဆဆပေးတဲ့ ဘောလုံးကနေ အာဆင်နယ်ရဲ့ ပါတေး ပြန်ရပြီး ဘယ်ခြမ်းက ဆာကာဆီ တင်ပေးခဲ့ရာကနေ တန်ပြန်တိုက်စစ် စတင်ခဲ့ပြီး သူက အချိန်ကိုက် ရောက်လာတဲ့ လာကာဇက်ကို ထိုးပေးခဲ့တာကနေ ပြင်သစ်တိုက်စစ်မှူးက ဧရိယာထဲ ဆွဲဝင်ခဲ့တာကို ခံစစ်က ဖျက်ထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို စမစ်ရိုးက ကန်သွင်းပြီး ဒုတိယဂိုးရယူသွားနိုင်ခဲ့ပါတယ်။

အာဆင်နယ်တို့ စောစောစီးစီးမှာပဲ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့သလို ဒီနှစ်ဂိုးစလုံးမှာ ဂိုးသမား ရှမိုက်ကယ်ကို လှုပ်မရဘဲ ဂိုးပေးလိုက်ရအောင် စွမ်းဆောင်နိုင်ခဲ့ကြပြီး အူဘာမီယန်းနဲ့ လာကာဇက်တို့ရဲ့ ဦးဆောင်မှုက လက်စတာရဲ့ ဗာဒီထက် ပိုကောင်းခဲ့တာကိုလည်း ပြသနိုင်ခဲ့သလို ဂိုးသမား ရမ်းစ်ဒေးလ်ရဲ့ ဘောလုံးဖြန့်ဝေနိုင်စွမ်းနဲ့ ခြေထဲမှာ ပိုင်ပိုင်နိုင်ကစားပြနိုင်စွမ်းကိုလည်း မြင်ခဲ့ရတာပါ။

ပွဲချိန် ၂၈ မိနစ်မှာ အီဟန်နာချိုရဲ့ ကန်ချက်ကို လက်ဖျားနဲ့ ထိုးထုတ်သွားခဲ့သလို မက်ဒီဆန်ရဲ့ ၄၃ မိနစ် ဖရီးကစ်ကိုလည်း ခက်ခက်ခဲခဲ ပုတ်ထုတ်ပြသွားခဲ့ပြီး သူ့ရဲ့ အဝေးဘောက အူဘာမီယန်းမဟုတ်ဘဲ အမြင့်ဘောတွေကို ကောင်းကောင်းပိုင်နိုင်တဲ့ တိုက်စစ်မှူးမျိုးနဲ့ဆို အသင်းတိုက်စစ်ကို ထောက်ပံ့ပေးနိုင်ဦးမှာလည်းဖြစ်ပြီး နောက်ခံတင်ဆက်သူတွေကတော့ လီဗာပူးလ်ရဲ့ အယ်လစ်ဆန်နဲ့ နှိုင်းယှဉ်ချီးကျူးသွားခဲ့ပါတယ်။

ခံစစ်ပိုင်းကလည်း ဘန်ဝှိုက်၊ ဂါဘရီယယ်လ်နဲ့ တိုမီယာစုတို့ အမှားအယွင်းနည်းနည်းနဲ့ ကစားသွားနိုင်ခဲ့လို့ အာဆင်နယ်တို့အနေနဲ့ ဘောလုံးကိုင်ကစားနေခဲ့တဲ့ လက်စတာရဲ့ ဗာဒီနဲ့အဖွဲ့ အခွင့်အရေး မရသလောက်ဖြစ်အောင် ထိန်းချုပ်ထားနိုင်ခဲ့ပြီး ပထမပိုင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ လက်စတာတို့ နောက်ခံလူ အမာတေနဲ့ အီဟန်နာချိုအစား ဟာဗီဘန်းစ်နဲ့ လွတ်ခ်မန်းကို ထည့်ပြီး ၄-၃-၃ ပုံစံ ပြန်ကစားလာခဲ့သလို တော်တော်လေး ပြန်စီးမိလာခဲ့ပြီး အာဆင်နယ်တို့ ခံစစ်သက်သက်ဖြစ်နေခဲ့သလို လူစားဝင် အင်္ဂလိပ်လူငယ်ရဲ့ သက်ရောက်မှုက ကြီးမားခဲ့ပြီး နည်းပြ အာတီတာအနေနဲ့ ပြုပြင်ပြောင်းလဲဖို့အတွက် လာကာဇက်ကို အော်ဒီဂွါဒ်နဲ့ လဲကစားခဲ့ရပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာ လက်စတာတို့ တိုက်စစ်ဆင်လာခဲ့ပြီး ဗာဒီ နောက်ပေါက်နဲ့ ချပေးခဲ့တာကို ညာတောင်ပံကစားသမား လွတ်ခ်မန်းက ဆွဲယူပြီး အနီးကပ်ကန်သွင်းခဲ့တာကို ရမ်းစ်ဒေးလ် ထောင့်ပိတ်ကာကွယ်ခဲ့ရသလို အိမ်ရှင်တွေရဲ့ ပြောင်းလဲလာခဲ့တဲ့ High Pressing System မှာ အာဆင်နယ်တို့ ရုန်းကန်နေခဲ့ရတာပါ။

ပွဲချိန် ၆၂ မိနစ်မှာလည်း လက်စတာတို့ အလျင်အမြန် ပေးခဲ့တဲ့ လက်ပစ်ဘောကနေ ဖောက်ထွက်ပြီး ဟာဗီဘန်းစ်က ကန်သွင်းခဲ့တာကို ရမ်းစ်ဒေးလ် လျင်လျင်မြန်မြန် ရှေ့တက်ပိတ်ဆို့ခဲ့ရပြီး ပွဲချိန် ၆၈ မိနစ်မှာတော့ အူဘာမီယန်းကို တစ်ယောက်ချင်းအတွေ့မှာ ဖက်ထားခဲ့တဲ့ အီဗန်စ် အဝါသာ ထိခဲ့လို့ အာဆင်နယ်နည်းပြ အာတီတာ ပေါက်ကွဲခဲ့ရပြီး မိနစ် ၇၀ မှာတော့ ထောင့်ကန်ဘောကနေ အူဘာမီယန်းရဲ့ ပိတ်သွင်းချက်ကို ရှမိုက်ကယ် ကာကွယ်နိုင်ခဲ့ပါတယ်။

အော်ဒီဂွါဒ်ကို ဘောလုံးထိန်းကစားနိုင်ဖို့ ထည့်ခဲ့ပေမယ့် ကြံ့ခိုင်မှုနည်းသလို မရွံ့မရဲဖြစ်နေခဲ့လို့ လာကာဇက်ရဲ့ ဖိအားမျိုး ပျောက်ဆုံးသွားတာကို ပြန်အစားထိုးနိုင်ဖို့ နည်းပြ အာတီတာအနေနဲ့ ပွဲချိန် ၈၅ မိနစ်မှာ ဆာကာအစား ပေပေကို ထည့်ပြီး ကြိုးစားကြည့်ခဲ့ပေမယ့် အဆင်မပြေတဲ့ တိုက်စစ် စုဖွဲ့မှုကြောင့် ထက်ထက်မြက်မြက် လုပ်မပြနိုင်ဘဲဖြစ်နေခဲ့ပါတယ်။

မိနစ် ၉၀ မှာတော့ နာကျင်အချိန်ပို ၅ မိနစ်ကို ကျော်ဖြတ်ဖို့ ဂိုးသွင်းရှင် စမစ်ရိုးအစား နောက်ခံလူ ကိုလာစီနက်ချ်ကို ထပ်မံထည့်သွင်းပြီး အာဆင်နယ်တို့ ပိတ်ဆို့ကစားခဲ့သလို အော်ဒီဂွါဒ်ကတော့ ဘယ်ခြေနဲ့ မဟုတ်ရင် အရေးပါတဲ့ ပေးပို့မှုတွေ မလုပ်နိုင်ခဲ့ဘဲ ပေပေနဲ့ပါ ညာခြမ်းမှာ ဘယ်ခြေနှစ်ချောင်း အစေးမကပ်ဘဲ ဖြစ်နေခဲ့ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ အာဆင်နယ်တို့ တတ်နိုင်သလောက် ဘောလုံးကို ထိန်းကစားသွားခဲ့ပြီး လက်စတာတိုက်စစ်ကို အရှိန်လျှော့ချပြီး ကစားသွားခဲ့သလို ဂိုးပြန်မပေးရဘဲ နိုင်ပွဲရယူနိုင်ခဲ့ပြီး အဝေးကွင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြသလို အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာကို နေရာ ၄ ခုအထိ ခုန်ကျော်ပြီး တက်လှမ်းလာနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ အိမ္ရွင္လက္စတာနဲ႔ ယွဥ္ၿပိဳင္ရမွာ ရလဒ္ေကာင္းဖို႔ လူႀကီးလူငယ္ မွ်မွ်တတ ေပါင္းစပ္ထားၿပီး ဟန္ခ်က္ညီမႈအျပင္ လုပ္အားႏႈန္းေကာင္းေကာင္းကိုပါ ျပသႏိုင္တဲ့ စုဖြဲ႕မႈနဲ႔ ဆာကာရဲ႕ ပြဲ ၁၀၀ ျပည့္မွာ ေပေပကို အရန္ခုံမွာသာ ထားခဲ့ၿပီး တိုက္စစ္ကို အူဘာမီယန္း၊ လာကာဇက္၊ စမစ္႐ိုးတို႔နဲ႔ တြဲဖက္ခဲ့သလို ခံစစ္မွာလည္း လူစုံပါဝင္လာခဲ့ပါတယ္။

လက္စတာကေတာ့ သူတို႔နဲ႔ သိပ္ၿပီး အဆင္မေျပတဲ့ ၃-၅-၂ ကိုပဲ ဆက္သုံးခဲ့သလို ဟာဗီဘန္းစ္ရဲ႕ ဘယ္ေတာင္ပံက အက်ိဳးျပဳမႈေတြကို ေမ့ေနပုံ ေပၚၿပီး ဗာဒီနဲ႔ အီဟန္နာခ်ိဳကို ေရွ႕မွာ တင္ထားခ်ိန္မွာ မက္ဒီဆန္၊ တီးလီးမန္း၊ ဆူမာေရးတို႔ရဲ႕ ကြင္းလယ္အားကို ေတာင္ပံေတြထက္ အသုံးခ်ဖို႔ ႀကိဳးစားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅ မိနစ္မွာပဲ အာဆင္နယ္တို႔ ေစာေစာစီးစီး အဖြင့္ဂိုး ရယူႏိုင္ခဲ့ၿပီး ဘယ္ေထာင့္ကန္ေဘာကို ဗာဒီ ေခါင္းတိုက္ဖ်က္လို႔ရတဲ့ ညာေထာင့္ကန္ေဘာကို ဆာကာ ကန္တင္ေပးရာမွာ လက္စတာေနာက္တန္းအငိုက္မိေအာင္ စနစ္တက် တိုးၿဖဲေပးသြားတဲ့ တိုက္စစ္အသင္းရဲ႕ အခြင့္အေရး အေကာင္းဆုံး ေနာက္ခံလူ ဂါဘရီယယ္လ္က ခပ္ေစာင္းေစာင္းအေနအထားနဲ႔ ေခါင္းတိုက္သြင္းယူခဲ့ရာမွာ ရွမိုက္ကယ္ ငုတ္တုတ္ေမ့သြားခဲ့ရတာပါ။

လက္စတာတို႔ သူတို႔ရဲ႕ တိုက္စစ္မႉးႏွစ္ဦးကို ေျပးထြက္ခိုင္းဖို႔ ႀကိဳးစားေနေပမယ့္ အာဆင္နယ္တို႔ကေတာ့ တစ္ဖက္ကြင္းျခမ္းမွာ အေကာင္းဆုံး Pressing ကစားေနသလို ကိုယ့္ကြင္းျခမ္းမွာလည္း ေနရာလြတ္ေတြကို တတ္ႏိုင္သေလာက္ ပိတ္ဆို႔သြားခဲ့လို႔ အိမ္ရွင္ေတြ တိုင္ပတ္ေနခဲ့ၿပီး မက္ဒီဆန္နဲ႔ တီးလီးမန္းစ္တို႔ လူေပးဖို႔ ခက္ေနခဲ့ပါတယ္။

အာဆင္နယ္ရဲ႕ ဘယ္ေနာက္ခံကစားတဲ့ ႏူႏို တာဗာရက္စ္ကေတာ့ ညာေျခကိုပါ ေကာင္းေကာင္းသုံးႏိုင္တာ အားသာခ်က္ျဖစ္ခဲ့ၿပီး ေဘာလုံး အထိန္းအသိမ္းနဲ႔ အျမင္မွာ တီယာနီထက္ အားနည္းေပမယ့္ လုပ္အားႏႈန္းနဲ႔ Flexibility အရ အထာပိုက်ခဲ့သလို သူ႔ဘက္ျခမ္းက တိုက္စစ္ေရာ ခံစစ္ပါ အေကာင္းဆုံး တာဝန္ေက်ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ လက္စတာကြင္းလယ္လူ မက္ဒီဆန္ရဲ႕ ေပါ့ေပါ့ဆဆေပးတဲ့ ေဘာလုံးကေန အာဆင္နယ္ရဲ႕ ပါေတး ျပန္ရၿပီး ဘယ္ျခမ္းက ဆာကာဆီ တင္ေပးခဲ့ရာကေန တန္ျပန္တိုက္စစ္ စတင္ခဲ့ၿပီး သူက အခ်ိန္ကိုက္ ေရာက္လာတဲ့ လာကာဇက္ကို ထိုးေပးခဲ့တာကေန ျပင္သစ္တိုက္စစ္မႉးက ဧရိယာထဲ ဆြဲဝင္ခဲ့တာကို ခံစစ္က ဖ်က္ထုတ္လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို စမစ္႐ိုးက ကန္သြင္းၿပီး ဒုတိယဂိုးရယူသြားႏိုင္ခဲ့ပါတယ္။

အာဆင္နယ္တို႔ ေစာေစာစီးစီးမွာပဲ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့သလို ဒီႏွစ္ဂိုးစလုံးမွာ ဂိုးသမား ရွမိုက္ကယ္ကို လႈပ္မရဘဲ ဂိုးေပးလိုက္ရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၾကၿပီး အူဘာမီယန္းနဲ႔ လာကာဇက္တို႔ရဲ႕ ဦးေဆာင္မႈက လက္စတာရဲ႕ ဗာဒီထက္ ပိုေကာင္းခဲ့တာကိုလည္း ျပသႏိုင္ခဲ့သလို ဂိုးသမား ရမ္းစ္ေဒးလ္ရဲ႕ ေဘာလုံးျဖန႔္ေဝႏိုင္စြမ္းနဲ႔ ေျခထဲမွာ ပိုင္ပိုင္ႏိုင္ကစားျပႏိုင္စြမ္းကိုလည္း ျမင္ခဲ့ရတာပါ။

ပြဲခ်ိန္ ၂၈ မိနစ္မွာ အီဟန္နာခ်ိဳရဲ႕ ကန္ခ်က္ကို လက္ဖ်ားနဲ႔ ထိုးထုတ္သြားခဲ့သလို မက္ဒီဆန္ရဲ႕ ၄၃ မိနစ္ ဖရီးကစ္ကိုလည္း ခက္ခက္ခဲခဲ ပုတ္ထုတ္ျပသြားခဲ့ၿပီး သူ႔ရဲ႕ အေဝးေဘာက အူဘာမီယန္းမဟုတ္ဘဲ အျမင့္ေဘာေတြကို ေကာင္းေကာင္းပိုင္ႏိုင္တဲ့ တိုက္စစ္မႉးမ်ိဳးနဲ႔ဆို အသင္းတိုက္စစ္ကို ေထာက္ပံ့ေပးႏိုင္ဦးမွာလည္းျဖစ္ၿပီး ေနာက္ခံတင္ဆက္သူေတြကေတာ့ လီဗာပူးလ္ရဲ႕ အယ္လစ္ဆန္နဲ႔ ႏႈိင္းယွဥ္ခ်ီးက်ဴးသြားခဲ့ပါတယ္။

ခံစစ္ပိုင္းကလည္း ဘန္ဝႈိက္၊ ဂါဘရီယယ္လ္နဲ႔ တိုမီယာစုတို႔ အမွားအယြင္းနည္းနည္းနဲ႔ ကစားသြားႏိုင္ခဲ့လို႔ အာဆင္နယ္တို႔အေနနဲ႔ ေဘာလုံးကိုင္ကစားေနခဲ့တဲ့ လက္စတာရဲ႕ ဗာဒီနဲ႔အဖြဲ႕ အခြင့္အေရး မရသေလာက္ျဖစ္ေအာင္ ထိန္းခ်ဳပ္ထားႏိုင္ခဲ့ၿပီး ပထမပိုင္းကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ လက္စတာတို႔ ေနာက္ခံလူ အမာေတနဲ႔ အီဟန္နာခ်ိဳအစား ဟာဗီဘန္းစ္နဲ႔ လြတ္ခ္မန္းကို ထည့္ၿပီး ၄-၃-၃ ပုံစံ ျပန္ကစားလာခဲ့သလို ေတာ္ေတာ္ေလး ျပန္စီးမိလာခဲ့ၿပီး အာဆင္နယ္တို႔ ခံစစ္သက္သက္ျဖစ္ေနခဲ့သလို လူစားဝင္ အဂၤလိပ္လူငယ္ရဲ႕ သက္ေရာက္မႈက ႀကီးမားခဲ့ၿပီး နည္းျပ အာတီတာအေနနဲ႔ ျပဳျပင္ေျပာင္းလဲဖို႔အတြက္ လာကာဇက္ကို ေအာ္ဒီဂြါဒ္နဲ႔ လဲကစားခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာ လက္စတာတို႔ တိုက္စစ္ဆင္လာခဲ့ၿပီး ဗာဒီ ေနာက္ေပါက္နဲ႔ ခ်ေပးခဲ့တာကို ညာေတာင္ပံကစားသမား လြတ္ခ္မန္းက ဆြဲယူၿပီး အနီးကပ္ကန္သြင္းခဲ့တာကို ရမ္းစ္ေဒးလ္ ေထာင့္ပိတ္ကာကြယ္ခဲ့ရသလို အိမ္ရွင္ေတြရဲ႕ ေျပာင္းလဲလာခဲ့တဲ့ High Pressing System မွာ အာဆင္နယ္တို႔ ႐ုန္းကန္ေနခဲ့ရတာပါ။

ပြဲခ်ိန္ ၆၂ မိနစ္မွာလည္း လက္စတာတို႔ အလ်င္အျမန္ ေပးခဲ့တဲ့ လက္ပစ္ေဘာကေန ေဖာက္ထြက္ၿပီး ဟာဗီဘန္းစ္က ကန္သြင္းခဲ့တာကို ရမ္းစ္ေဒးလ္ လ်င္လ်င္ျမန္ျမန္ ေရွ႕တက္ပိတ္ဆို႔ခဲ့ရၿပီး ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ အူဘာမီယန္းကို တစ္ေယာက္ခ်င္းအေတြ႕မွာ ဖက္ထားခဲ့တဲ့ အီဗန္စ္ အဝါသာ ထိခဲ့လို႔ အာဆင္နယ္နည္းျပ အာတီတာ ေပါက္ကြဲခဲ့ရၿပီး မိနစ္ ၇၀ မွာေတာ့ ေထာင့္ကန္ေဘာကေန အူဘာမီယန္းရဲ႕ ပိတ္သြင္းခ်က္ကို ရွမိုက္ကယ္ ကာကြယ္ႏိုင္ခဲ့ပါတယ္။

ေအာ္ဒီဂြါဒ္ကို ေဘာလုံးထိန္းကစားႏိုင္ဖို႔ ထည့္ခဲ့ေပမယ့္ ႀကံ့ခိုင္မႈနည္းသလို မ႐ြံ႕မရဲျဖစ္ေနခဲ့လို႔ လာကာဇက္ရဲ႕ ဖိအားမ်ိဳး ေပ်ာက္ဆုံးသြားတာကို ျပန္အစားထိုးႏိုင္ဖို႔ နည္းျပ အာတီတာအေနနဲ႔ ပြဲခ်ိန္ ၈၅ မိနစ္မွာ ဆာကာအစား ေပေပကို ထည့္ၿပီး ႀကိဳးစားၾကည့္ခဲ့ေပမယ့္ အဆင္မေျပတဲ့ တိုက္စစ္ စုဖြဲ႕မႈေၾကာင့္ ထက္ထက္ျမက္ျမက္ လုပ္မျပႏိုင္ဘဲျဖစ္ေနခဲ့ပါတယ္။

မိနစ္ ၉၀ မွာေတာ့ နာက်င္အခ်ိန္ပို ၅ မိနစ္ကို ေက်ာ္ျဖတ္ဖို႔ ဂိုးသြင္းရွင္ စမစ္႐ိုးအစား ေနာက္ခံလူ ကိုလာစီနက္ခ်္ကို ထပ္မံထည့္သြင္းၿပီး အာဆင္နယ္တို႔ ပိတ္ဆို႔ကစားခဲ့သလို ေအာ္ဒီဂြါဒ္ကေတာ့ ဘယ္ေျခနဲ႔ မဟုတ္ရင္ အေရးပါတဲ့ ေပးပို႔မႈေတြ မလုပ္ႏိုင္ခဲ့ဘဲ ေပေပနဲ႔ပါ ညာျခမ္းမွာ ဘယ္ေျခ ႏွစ္ေခ်ာင္း အေစးမကပ္ဘဲ ျဖစ္ေနခဲ့ရတာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အာဆင္နယ္တို႔ တတ္ႏိုင္သေလာက္ ေဘာလုံးကို ထိန္းကစားသြားခဲ့ၿပီး လက္စတာတိုက္စစ္ကို အရွိန္ေလွ်ာ့ခ်ၿပီး ကစားသြားခဲ့သလို ဂိုးျပန္မေပးရဘဲ ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီး အေဝးကြင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို အမွတ္ေပးဇယားရဲ႕ အဆင့္ ၆ ေနရာကို ေနရာ ၄ ခုအထိ ခုန္ေက်ာ္ၿပီး တက္လွမ္းလာႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.