Match Report Premier League

ဆရာဂျိမ်းစ်ကြောင့် အမှတ်ပေးဇယားကို ပြတ်ပြတ်သားသား ဦးဆောင်လိုက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ ဒဏ်ရာများနေတဲ့ အသင်းကို ဖျားနာနေတဲ့ မေဆန်မောင့်ကြောင့်ပါ အနုတ်ထပ်မံပြခဲ့ရပြီး နော့ဝစ်ချ်နဲ့ ပွဲက ဟက်ထရစ်ရှင် မပါဝင်နိုင်ချိန်မှာ နည်းပြ တူဟယ်လ်အနေနဲ့ သူ့ရဲ့ အိုင်ဒီယာတွေကို ပြောင်းလဲခဲ့ရသလို ရှိတဲ့ လူစာရင်းနဲ့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ အကောင်းဆုံး ခင်းကျင်းဖို့ ပြင်ဆင်ခဲ့ရတာပါ။

ပရီးမီးယားလိဂ်မှာ နည်းပြမရှိဘဲ ယှဉ်ပြိုင်ဖို့ ကြိုးစားတဲ့ နယူးကာဆယ်လ်တို့ကတော့ ယာယီနည်းပြ ဂယ်ရီဂျုံးစ်ရဲ့ ခံစစ်ပိတ်ကစားခြင်း မဟာဗျူဟာကိုပဲ အကောင်ထည်ဖော်ခဲ့သလို ၅-၃-၂ ကိုမှ ကွင်းလယ်မှာ ခံစစ်ဘက် စိတ်ပိုယိုင်တဲ့ ပုံစံကို သုံးစွဲခဲ့ပြီး တိုက်စစ်မှာတော့ ဂိုးမြူးနေတဲ့ ဝီလ်ဆန်နဲ့ ဆရာကြီး စန်မက်ဇီမန်တို့ကို ပွဲထုတ်ခဲ့တာပါ။

ခံစစ်မှာ အပြောင်းအလဲလုပ်ခဲ့တဲ့ တူဟယ်လ်ကတော့ ချာလိုဘာအစား ခရစ္စတင်ဆန်ကို ထည့်ပြီး ရူဒီဂါ၊ သီယာဂို ဆေးလ်ဗားတို့နဲ့ တွဲခဲ့သလို ကွင်းလယ်မှာ ဂျော်ဂျင်ညိုနဲ့ ကွန်တေတို့ကို ချေးလ်ဝဲလ်နဲ့ ရီးစ်ဂျိမ်းစ်တို့က ဘယ်ညာရံခဲ့ကြချိန်မှာ တိုက်စစ်မှာတော့ အထောင်ထားတဲ့ ဟာဗတ်ဇ်ကို ဟဒ်ဆန်-အိုဒွိုင်းနဲ့ ဇီးယက်ရှ်တို့က တောင်ပံတွေကနေ ကူညီခဲ့ကြတာဖြစ်ပါတယ်။

စောစောစီးစီး ပွဲချိန် ၁ မိနစ်မှာပဲ ဝီလ်ဆန်နဲ့ စန်မက်ဇီမန်တို့ရဲ့ အတွဲကနေ ရတဲ့ ဘောလုံးကို ဖရေဆာက ကန်ရမယ့်အစား ဖြတ်ပို့ခဲ့လို့ နယူးကာဆယ်လ်တို့အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပြီး ချဲလ်ဆီးတို့ကတော့ ကောင်းကောင်းတုံ့ပြန်နိုင်စွမ်း မရှိခဲ့ဘဲ ဘောလုံးကိုင်ထားတာကလွဲရင် ညာခြမ်းမှာ အဆင်မပြေတဲ့ ဇီးယက်ရှ်ကြောင့် ဟဒ်ဆန်-အိုဒွိုင်းပါ ညာခြမ်းအထိ လိုက်တွဲနေခဲ့ရတာပါ။

ပွဲချိန် ၂၉ မိနစ်မှာ ဇီးယက်ရှ်က ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လူကျွံဘောဖမ်းထားတာကို မပါးနပ်ဘဲ ဘောလုံးရယူခဲ့လို့ ပယ်ဖျက်ခံခဲ့ရပြီး ပွဲချိန် ၃၃ မိနစ်မှာလည် ညာခြမ်းက ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောကို အနီးကပ် Volley နဲ့ မိုးပေါ် ထောင်ကန်ပစ်ခဲ့တာကတော့ ချဲလ်ဆီးပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

ငှက်ကျားတိုက်စစ်မှူး ဝီလ်ဆန်ကတော့ ဒီနေ့မှာ တော်တော်လေး ခေါင်းဦးနေတာကို တွေ့ရပြီး ချဲလ်ဆီးခံစစ်တွေအနေနဲ့ သူ့ကို တားဆီးရာမှာ တော်တော်လေး ရုန်းကန်နေခဲ့ရသလို ပွဲချိန် ၄၃ မိနစ်မှာ သူ့ရဲ့ အပိုင်ခေါင်းတိုက်ခွင့်ကို ခရစ္စတင်ဆန် လိုက်ပြီး ပိတ်ဆို့ထားနိုင်ခဲ့လို့သာ သက်သာခဲ့တာပါ။

ပထမပိုင်းပြီးခါနီးမှာတော့ ဇီးယက်ရှ်ရဲ့ ဖရီးကစ် ဘားကျော်သွားတာကလွဲလို့ ပိတ်ဆို့ထားတဲ့ နယူးကာဆယ်လ်ခံစစ်ကို ချဲလ်ဆီးတို့ ထိုးဖောက်ဖို့ မတတ်နိုင်ခဲ့တာကြောင့် ဂိုးမရှိသရေပဲဖြစ်နေခဲ့ပြီး အသင်းရဲ့ ကွင်းလယ်ဖန်တီးမှုကလည်း မေဆန်မောင့် မပါဝင်ချိန်မှာ မေးခွန်းထုတ်စရာဖြစ်ခဲ့ရပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ ပွဲချိန် ၄၇ မိနစ်နဲ့ ၄၈ မိနစ်တွေမှာ ဇီးယက်ရှ်က နှစ်ကြိမ်ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ခံစစ်နဲ့ထိပြီး တိုင်ထိထွက်ခဲ့တဲ့ တစ်လုံးပဲ ရင်ခုန်စရာရှိခဲ့သလို ဟာဗတ်ဇ်နဲ့ ဂျော်ဂျင်ညိုတို့ကလည်း ဖြုန်းတီးနေခဲ့တဲ့နောက် ပွဲချိန် ၆၄ မိနစ်မှာတော့ ကွန်တေနဲ့ ဇီးယက်ရှ်အစား လော့ဖ်တပ်စ်ချိခ်နဲ့ ဘာကလီတို့ကို နည်းပြ တူဟယ်လ်က ထည့်သွင်းပြီး တိုက်စစ်မြှင့်တင်လာခဲ့ပါတယ်။

ဒါက အသင်းအတွက် ကြီးကြီးမားမား အပြောင်းအလဲဖြစ်လာခဲ့ပြီး ပွဲချိန် ၆၅ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ဟဒ်ဆန်-အိုဒွိုင်း တောက်လျှောက် ဆွဲပြေးပြီး ဖြတ်တင်ပေးတာကနေ နယူးကာဆယ်လ်ခံစစ်က ရှင်းထုတ်ခဲ့တဲ့ ဘောလုံးကို ဂျိမ်းစ်က ညာခြေနဲ့ ထိန်းပြီးမှ ဘယ်ခြေနဲ့ အဝေးတိုင်ဘက်ကို အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးဝင်သွားခဲ့လို့ ချဲလ်ဆီးတို့ စတင်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ ချဲလ်ဆီးတို့အတွက် ဂျိမ်းစ်ကပဲ ဒုတိယဦးဆောင်ဂိုး ထပ်မံသွင်းယူပေးနိုင်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ သူပြန်ချပေးတဲ့ ဘောလုံးကို လော့ဖ်တပ်စ်ချိခ်ရဲ့ ကန်ချက်က နယူးကာဆယ်လ်ခံစစ်နဲ့ ထိပြီး ပြန်ထွက်လာချိန်မှာ ညာနောက်ခံလူကပဲ အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ ပထမကန်ချက်ကို ကာကွယ်ဖို့ ကြိုးစားရင်း လဲနေတဲ့ ဂိုးသမား ဒါလိုးကို အကောင်းဆုံး အခွင့်အရေးယူသွားခဲ့တာပါ။

နှစ်ဂိုးပေးရအပြီးမှာ နယူးကာဆယ်လ်တို့ ပျာဆင်းသွားခဲ့ပြီး ဘာကလီ မျှောထိုးပေးလိုက်တဲ့ ဘောလုံးကို ပြေးထွက်ရယူခဲ့တဲ့ ဟာဗတ်ဇ်ကို ဂိုးသမား ဒါလိုးက ခြေချိတ်ခဲ့မိလို့ ပင်နယ်တီပေးခဲ့ရသလို ဒီအခွင့်အရေးကိုတော့ ဂျော်ဂျင်ညိုက ဂျိမ်းစ်ရဲ့ ဟက်ထရစ်အခွင့်အရေးထက် သူ့တာဝန်ကိုပဲ သူလုပ်တဲ့အနေနဲ့ ဂိုးအလယ်တည့်တည့်ကို အမြင့်ဘောကန်သွင်းပြီး အသင်းအတွက် တတိယဂိုးကို ပွဲချိန် ၈၁ မိနစ်မှာ ရှာဖွေပေးနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တူဟယ်လ်ရဲ့လူတွေ အနိုင်ရလဒ်ကို အေးအေးဆေးဆေး ထိန်းသိမ်းကစားသွားခဲ့ကြပြီး ပွဲချိန်အပြည့်မှာတော့ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြသလို တစ်ချိန်တည်းကန်တဲ့ လီဗာပူးလ်က သရေ၊ မန်စီးတီးက ရှုံးနိမ့်ခဲ့ချိန်မှာ အနီးဆုံးနေရာက အသင်းကို သုံးမှတ်ဖြတ်လိုက်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ပြတ်ပြတ်သားသား ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ ဒဏ္ရာမ်ားေနတဲ့ အသင္းကို ဖ်ားနာေနတဲ့ ေမဆန္ေမာင့္ေၾကာင့္ပါ အႏုတ္ထပ္မံျပခဲ့ရၿပီး ေနာ့ဝစ္ခ်္နဲ႔ ပြဲက ဟက္ထရစ္ရွင္ မပါဝင္ႏိုင္ခ်ိန္မွာ နည္းျပ တူဟယ္လ္အေနနဲ႔ သူ႔ရဲ႕ အိုင္ဒီယာေတြကို ေျပာင္းလဲခဲ့ရသလို ရွိတဲ့ လူစာရင္းနဲ႔ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ အေကာင္းဆုံး ခင္းက်င္းဖို႔ ျပင္ဆင္ခဲ့ရတာပါ။

ပရီးမီးယားလိဂ္မွာ နည္းျပမရွိဘဲ ယွဥ္ၿပိဳင္ဖို႔ ႀကိဳးစားတဲ့ နယူးကာဆယ္လ္တို႔ကေတာ့ ယာယီနည္းျပ ဂယ္ရီဂ်ဳံးစ္ရဲ႕ ခံစစ္ပိတ္ကစားျခင္း မဟာဗ်ဴဟာကိုပဲ အေကာင္ထည္ေဖာ္ခဲ့သလို ၅-၃-၂ ကိုမွ ကြင္းလယ္မွာ ခံစစ္ဘက္ စိတ္ပိုယိုင္တဲ့ ပုံစံကို သုံးစြဲခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂိုးျမဴးေနတဲ့ ဝီလ္ဆန္နဲ႔ ဆရာႀကီး စန္မက္ဇီမန္တို႔ကို ပြဲထုတ္ခဲ့တာပါ။

ခံစစ္မွာ အေျပာင္းအလဲလုပ္ခဲ့တဲ့ တူဟယ္လ္ကေတာ့ ခ်ာလိုဘာအစား ခရစၥတင္ဆန္ကို ထည့္ၿပီး ႐ူဒီဂါ၊ သီယာဂို ေဆးလ္ဗားတို႔နဲ႔ တြဲခဲ့သလို ကြင္းလယ္မွာ ေဂ်ာ္ဂ်င္ညိဳနဲ႔ ကြန္ေတတို႔ကို ေခ်းလ္ဝဲလ္နဲ႔ ရီးစ္ဂ်ိမ္းစ္တို႔က ဘယ္ညာရံခဲ့ၾကခ်ိန္မွာ တိုက္စစ္မွာေတာ့ အေထာင္ထားတဲ့ ဟာဗတ္ဇ္ကို ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ဇီးယက္ရွ္တို႔က ေတာင္ပံေတြကေန ကူညီခဲ့ၾကတာျဖစ္ပါတယ္။

ေစာေစာစီးစီး ပြဲခ်ိန္ ၁ မိနစ္မွာပဲ ဝီလ္ဆန္နဲ႔ စန္မက္ဇီမန္တို႔ရဲ႕ အတြဲကေန ရတဲ့ ေဘာလုံးကို ဖေရဆာက ကန္ရမယ့္အစား ျဖတ္ပို႔ခဲ့လို႔ နယူးကာဆယ္လ္တို႔အတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ရၿပီး ခ်ဲလ္ဆီးတို႔ကေတာ့ ေကာင္းေကာင္းတုံ႔ျပန္ႏိုင္စြမ္း မရွိခဲ့ဘဲ ေဘာလုံးကိုင္ထားတာကလြဲရင္ ညာျခမ္းမွာ အဆင္မေျပတဲ့ ဇီးယက္ရွ္ေၾကာင့္ ဟဒ္ဆန္-အိုဒြိဳင္းပါ ညာျခမ္းအထိ လိုက္တြဲေနခဲ့ရတာပါ။

ပြဲခ်ိန္ ၂၉ မိနစ္မွာ ဇီးယက္ရွ္က ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ လူကြၽံေဘာဖမ္းထားတာကို မပါးနပ္ဘဲ ေဘာလုံးရယူခဲ့လို႔ ပယ္ဖ်က္ခံခဲ့ရၿပီး ပြဲခ်ိန္ ၃၃ မိနစ္မွာလည္ ညာျခမ္းက ဂ်ိမ္းစ္ရဲ႕ ျဖတ္တင္ေဘာကို အနီးကပ္ Volley နဲ႔ မိုးေပၚ ေထာင္ကန္ပစ္ခဲ့တာကေတာ့ ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ စိတ္ပ်က္စရာ ျဖစ္ခဲ့ရပါတယ္။

ငွက္က်ားတိုက္စစ္မႉး ဝီလ္ဆန္ကေတာ့ ဒီေန႔မွာ ေတာ္ေတာ္ေလး ေခါင္းဦးေနတာကို ေတြ႕ရၿပီး ခ်ဲလ္ဆီးခံစစ္ေတြအေနနဲ႔ သူ႔ကို တားဆီးရာမွာ ေတာ္ေတာ္ေလး ႐ုန္းကန္ေနခဲ့ရသလို ပြဲခ်ိန္ ၄၃ မိနစ္မွာ သူ႔ရဲ႕ အပိုင္ေခါင္းတိုက္ခြင့္ကို ခရစၥတင္ဆန္ လိုက္ၿပီး ပိတ္ဆို႔ထားႏိုင္ခဲ့လို႔သာ သက္သာခဲ့တာပါ။

ပထမပိုင္းၿပီးခါနီးမွာေတာ့ ဇီးယက္ရွ္ရဲ႕ ဖရီးကစ္ ဘားေက်ာ္သြားတာကလြဲလို႔ ပိတ္ဆို႔ထားတဲ့ နယူးကာဆယ္လ္ခံစစ္ကို ခ်ဲလ္ဆီးတို႔ ထိုးေဖာက္ဖို႔ မတတ္ႏိုင္ခဲ့တာေၾကာင့္ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ၿပီး အသင္းရဲ႕ ကြင္းလယ္ဖန္တီးမႈကလည္း ေမဆန္ေမာင့္ မပါဝင္ခ်ိန္မွာ ေမးခြန္းထုတ္စရာျဖစ္ခဲ့ရပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ပြဲခ်ိန္ ၄၇ မိနစ္နဲ႔ ၄၈ မိနစ္ေတြမွာ ဇီးယက္ရွ္က ႏွစ္ႀကိမ္ၿခိမ္းေျခာက္ႏိုင္ခဲ့ေပမယ့္ ခံစစ္နဲ႔ထိၿပီး တိုင္ထိထြက္ခဲ့တဲ့ တစ္လုံးပဲ ရင္ခုန္စရာရွိခဲ့သလို ဟာဗတ္ဇ္နဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ကလည္း ျဖဳန္းတီးေနခဲ့တဲ့ေနာက္ ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ကြန္ေတနဲ႔ ဇီးယက္ရွ္အစား ေလာ့ဖ္တပ္စ္ခ်ိခ္နဲ႔ ဘာကလီတို႔ကို နည္းျပ တူဟယ္လ္က ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္တင္လာခဲ့ပါတယ္။

ဒါက အသင္းအတြက္ ႀကီးႀကီးမားမား အေျပာင္းအလဲျဖစ္လာခဲ့ၿပီး ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ဟဒ္ဆန္-အိုဒြိဳင္း ေတာက္ေလွ်ာက္ ဆြဲေျပးၿပီး ျဖတ္တင္ေပးတာကေန နယူးကာဆယ္လ္ခံစစ္က ရွင္းထုတ္ခဲ့တဲ့ ေဘာလုံးကို ဂ်ိမ္းစ္က ညာေျခနဲ႔ ထိန္းၿပီးမွ ဘယ္ေျခနဲ႔ အေဝးတိုင္ဘက္ကို အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးဝင္သြားခဲ့လို႔ ခ်ဲလ္ဆီးတို႔ စတင္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔အတြက္ ဂ်ိမ္းစ္ကပဲ ဒုတိယဦးေဆာင္ဂိုး ထပ္မံသြင္းယူေပးႏိုင္ခဲ့ၿပီး ဒီတစ္ႀကိမ္မွာေတာ့ သူျပန္ခ်ေပးတဲ့ ေဘာလုံးကို ေလာ့ဖ္တပ္စ္ခ်ိခ္ရဲ႕ ကန္ခ်က္က နယူးကာဆယ္လ္ခံစစ္နဲ႔ ထိၿပီး ျပန္ထြက္လာခ်ိန္မွာ ညာေနာက္ခံလူကပဲ အားပါျပင္းထန္တဲ့ ကန္ခ်က္နဲ႔ ပထမကန္ခ်က္ကို ကာကြယ္ဖို႔ ႀကိဳးစားရင္း လဲေနတဲ့ ဂိုးသမား ဒါလိုးကို အေကာင္းဆုံး အခြင့္အေရးယူသြားခဲ့တာပါ။

ႏွစ္ဂိုးေပးရအၿပီးမွာ နယူးကာဆယ္လ္တို႔ ပ်ာဆင္းသြားခဲ့ၿပီး ဘာကလီ ေမွ်ာထိုးေပးလိုက္တဲ့ ေဘာလုံးကို ေျပးထြက္ရယူခဲ့တဲ့ ဟာဗတ္ဇ္ကို ဂိုးသမား ဒါလိုးက ေျခခ်ိတ္ခဲ့မိလို႔ ပင္နယ္တီေပးခဲ့ရသလို ဒီအခြင့္အေရးကိုေတာ့ ေဂ်ာ္ဂ်င္ညိဳက ဂ်ိမ္းစ္ရဲ႕ ဟက္ထရစ္အခြင့္အေရးထက္ သူ႔တာဝန္ကိုပဲ သူလုပ္တဲ့အေနနဲ႔ ဂိုးအလယ္တည့္တည့္ကို အျမင့္ေဘာကန္သြင္းၿပီး အသင္းအတြက္ တတိယဂိုးကို ပြဲခ်ိန္ ၈၁ မိနစ္မွာ ရွာေဖြေပးႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ တူဟယ္လ္ရဲ႕လူေတြ အႏိုင္ရလဒ္ကို ေအးေအးေဆးေဆး ထိန္းသိမ္းကစားသြားခဲ့ၾကၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို တစ္ခ်ိန္တည္းကန္တဲ့ လီဗာပူးလ္က သေရ၊ မန္စီးတီးက ရႈံးနိမ့္ခဲ့ခ်ိန္မွာ အနီးဆုံးေနရာက အသင္းကို သုံးမွတ္ျဖတ္လိုက္ၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္မွာ ျပတ္ျပတ္သားသား ရပ္တည္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.