La Liga Ligue1 Other Leagues

လီယွန်နယ် မက်ဆီနဲ့ ကစားဟန် ဆင်တူတဲ့ ကစားသမား ၅ ဦး

အာဂျင်တီးနားကြယ်ပွင့်ဟာ လက်ရှိဘောလုံးပြိုင်ပွဲထဲမှာရှိနေတဲ့ အကောင်းဆုံးကစားသမားဆိုတာ ငြင်းစရာမရှိဘဲ အမြင့်မားဆုံးအဆင့်မျာ ဆက်လက်တောက်ပနေတဲ့ကစားသမားဖြစ်ပါတယ်။

အလွန်ကောင်းမွန်တဲ့ကစားသမားတွေဟာ မက်ဆီလက်သစ်လို့ နှိုင်းယှဉ်ခြင်းခံခဲ့ရပေမယ့် အာဂျင်တီးနားကြယ်ပွင့်လိုတော့ အမြင့်မားဆုံးအဆင့်မှာ ရေရှည်မရပ်တည်နိုင်ခဲ့ကြတာဖြစ်ပြီး အခုဖော်ပြပေးသွားမယ့် ကစားသမား ၅ ဦးကတော့ မက်ဆီနဲ့ ဆင်တူတဲ့အရည်အချင်းတွေရှိပေမယ့် ကစားသမားအနည်းငယ်ကသာ ဘယ်လွန်ဒေါ ၆ ဆုရှင်နဲ့ ခြေစွမ်းသိပ်မကွာတဲ့အဆင့်အတန်းတစ်ခုမှာ ရှိနေကြတာဖြစ်ပါတယ်။

၅။ ဒီဘာလာ(ဂျူဗင်တပ်)

လီယွန်နယ် မက်ဆီရဲ့နေရာ ဆက်ခံမယ့်သူအဖြစ် ကာလရှည် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဒီဘာလာဟာ အမြင့်မားဆုံးအဆင့်မှာ အောင်မြင်တဲ့ကစားသမားဘဝကို ပိုင်ဆိုင်ထားခဲ့သူဖြစ်ပါတယ်။ ပါလာမိုမှာ ကစားခဲ့တဲ့ကာလမှာ ကြီးမားတဲ့ပါရမီကို ပြသခဲ့တဲ့ ဒီဘာလာဟာ ၂၀၁၅ ခုနှစ်မှာ ပေါင် ၃၆ သန်းနဲ့ ဂျူဗင်တပ်ကို ပြောင်းရွှေ့ခဲ့ပြီး မက်ဆီလိုပဲ လူကောင်သေးညှက်တဲ့ ဒီဘာလာဟာ အလွန်ကောင်းမွန်တဲ့ နည်းစနစ်ပိုင်းအရည်အချင်းရှိသူဖြစ်ပါတယ်။

ဖန်တီးမှုကောင်းပြီး ဂိုးသွင်းနှုန်း တည်ငြိမ်တဲ့ ဒီဘာလာဟာ ဂျူဗင်တပ်မှာ အနိမ့်အမြင့်၊ အတက်အကျတွေရှိခဲ့ပေမယ့် ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်အတွက် ၂၆၁ ပွဲမှာ ၁၀၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄၄ ကြိမ် ပြုလုပ်ထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ ဒဏ်ရာပြဿနာတွေရှိခဲ့ပြီး ဂျူဗင်တပ်ကနေထွက်ခွာဖို့ သတင်းတွေ အရင်တုန်းက ထွက်ပေါ်ခဲ့ဖူးသူဖြစ်ပါတယ်။

၄။ ဒါနီ အိုလ်မို(လိုက်ပ်ဇစ်)

လာမာစီယာအကယ်ဒမီထွက်ဖြစ်တဲ့ ဒါနီ အိုလ်မိုဟာ ၎င်းရဲ့ခြေစွမ်းတိုးတက်ဖို့အတွက် ခရိုအေးရှားကို ပြောင်းရွှေ့ပြီး လမ်းသစ်ဖောက်ခဲ့သူဖြစ်ပါတယ်။ ဒိုင်နမို ဇာဂရက်နဲ့အတူရှိခဲ့တဲ့ ကာလအတွင်း ကြီးမားတဲ့ အောင်မြင်မှုတွေရခဲ့တဲ့ အိုလ်မိုကို လိုက်ပ်ဇစ်က ၂၀၂၀ ခုနှစ်မှာ ပေါင်သန်း ၂၀ နီးပါးနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်မှာ နေရာစုံကစားနိုင်ပြီး တိုက်စစ်မှာလည်း ကစားနိုင်တဲ့ အိုလ်မိုဟာ ဘုရားပေးတဲ့ နည်းစနစ်ပိုင်းကျွမ်းကျင်မှုကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ၎င်းရဲ့ ထက်မြက်မှုနဲ့ ဘောလုံးအမြင်ရှိမှုတို့အတွက် လူသိများကျော်ကြားပါတယ်။ ဘာစီလိုနာက အိုလ်မိုကို ပြန်ခေါ်ဖို့ စိတ်ဝင်စားနေတယ်လို့ ကောလာဟလတွေ ထွက်ခဲ့ပြီး အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ လိုက်ပ်ဇစ်အတွက် ပြိုင်ပွဲစုံ ၆၄ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်ထားတဲ့ကစားသမားဖြစ်ပါတယ်။

၃။ အန်ဆူ ဖာတီ(ဘာစီလိုနာ)

ဘာစီလိုနာမှာ လီယွန်နယ် မက်ဆီရဲ့ အရိုက်အရာကို ဆက်ခံခဲ့တဲ့ အန်ဆူ ဖာတီဟာ ဘာစီလိုနာဂန္တဝင်ရဲ့ ကျောနံပါတ် ၁၀ ကိုတောင် ဝတ်ဆင်ခွင့်ရခဲ့တာက ဘယ်လောက်တောင် အလားအလာမြင့်မားတဲ့ကစားသမားလဲဆိုတာကို မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။ ဖာတီဟာ လျင်မြန်တဲ့ပြေးနှုန်း၊ နည်းစနစ်ပိုင်း အားကောင်းမှုနဲ့ အလွန်ကောင်းမွန်တဲ့ အလိမ်အခေါက်ကျွမ်းကျင်သူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ဘာစီလိုနာအတွက် ပွဲဦးထွက် ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ စီနီယာကစားသမားဘဝမှာ နေရာရဖို့ သိပ်မရုန်းကန်ခဲ့ရဘဲ ဘာစီလိုနာရဲ့အကောင်းဆုံးတိုက်စစ်မှူးအဖြစ်တောင် အများစုရဲ့ ယူဆခြင်းကို ခံခဲ့ရပြီးဖြစ်ပါတယ်။ ဘာစီလိုနာအတွက် စုစုပေါင်း ၄၉ ပွဲမှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားတဲ့ ဖာတီဟာ ပြင်းထန်တဲ့ဒဏ်ရာကြောင့် တစ်နှစ်လောက် အနားယူခဲ့ရပေမယ့် ပြီးခဲ့တဲ့လမှာ သန်မာတဲ့ပုံစံနဲ့ ပြန်လာနိုင်ခဲ့ပြီးနောက် ယခုရာသီမှာ ဘာစီလိုနာအတွက် ၂ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

၂။ နေမာ(ပီအက်စ်ဂျီ)

နေမာဟာ လီယွန်နယ် မက်ဆီရဲ့ ပါရမီအဆင့်အတန်းအတိုင်း ထပ်တူကျတဲ့ ကမ္ဘာ့ဘောလုံးလောကထဲက တစ်ဦးတည်းသော ကစားသမားဖြစ်နိုင်ပါတယ်။ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးဟာ ဆန်းတို့စ်မှာ ကစားခဲ့တဲ့အချိန်ကတည်းက အကြီးမားဆုံးအရာတွေအတွက် စိတ်ပိုင်းဖြတ်ခဲ့သူဖြစ်ပြီး မက်ဆီနဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ နေမာနဲ့ မက်ဆီတို့ဟာ ဘာစီလိုနာအတွက် စိတ်လှုပ်ရှားစရာ စွမ်းဆောင်ရည်ပြသခဲ့ပြီး လက်ရှိမှာလည်း ပီအက်စ်ဂျီအသင်းမှာ အတူတူ တွဲကစားနေကြပြီဖြစ်ပါတယ်။

နေမာဟာ အလွန်လှည့်စားတတ်တဲ့ အလိမ်အခေါက် ဆရာတစ်ဆူဖြစ်ပြီး အလွန်ကောင်းမွန်တဲ့ ဂိုးသွင်းမှတ်တမ်းတွေလည်း ပိုင်ဆိုင်ထားတဲ့ကစားသမားဖြစ်ပါတယ်။ နေမာဟာ မကြာခဏ ကွင်းပြင်ပကိစ္စတွေကြောင့် ဝေဖန်ခံခဲ့ရပြီး အများစုကတော့ မက်ဆီလို စည်းကမ်းပိုင်းမှာ အားကောင်းခြင်းမရှိဘူးလို့ ယုံကြည်ခဲ့ကြပါတယ်။ အသက် ၂၉ နှစ်အရွယ်တိုက်စစ်မှူးဟာ ရာသီသစ်ကို ဆိုးရွားတဲ့ပုံစံနဲ့ စတင်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၁၂၄ ပွဲမှာ သွင်းဂိုး ၈၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅၄ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

၁။ မိုဟာမက် ဆာလား(လီဗာပူးလ်)

မိုဟာမက် ဆာလားဟာ လီယွန်နယ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ရောဘတ် လီဗန်ဒေါ့ဗ်စကီးတို့လို ကစားသမားတွေကို ကျော်လွန်ပြီး လက်ရှိ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခံထားရတဲ့ ကစားသမားဖြစ်ပါတယ်။ ဆာလားရဲ့ ယခုရာသီ စွမ်းဆောင်ရည်ဟာ မက်ဆီရဲ့ အကောင်းဆုံးကာလတွေက စွမ်းဆောင်ရည်နဲ့ နှိုင်းယှဉ်ခြင်းခံခဲ့ရပေမယ့် အများစုကတော့ အာဂျင်တီးနားမှော်ဆရာရဲ့ ခြေစွမ်းအဆင့်အတန်းကို ရောက်ရှိနေပြီလို့ မယုံကြည်ကြတာဖြစ်ပါတယ်။ ဆာလားဟာ အလွန်လျင်မြန်တဲ့ ခြေတစ်စုံနဲ့ တိုက်စစ်မှူးတစ်ယောက်ရှိရမယ့် အရည်အသွေးအားလုံးရှိတဲ့ ကစားသမားဖြစ်ပြီး ယခုရာသီ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ် ၉ ပွဲမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားတဲ့ကစားသမားဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဂ်င္တီးနားၾကယ္ပြင့္ဟာ လက္ရွိေဘာလုံးၿပိဳင္ပြဲထဲမွာရွိေနတဲ့ အေကာင္းဆုံးကစားသမားဆိုတာ ျငင္းစရာမရွိဘဲ အျမင့္မားဆုံးအဆင့္မ်ာ ဆက္လက္ေတာက္ပေနတဲ့ကစားသမားျဖစ္ပါတယ္။

အလြန္ေကာင္းမြန္တဲ့ကစားသမားေတြဟာ မက္ဆီလက္သစ္လို႔ ႏွိုင္းယွဥ္ျခင္းခံခဲ့ရေပမယ့္ အာဂ်င္တီးနားၾကယ္ပြင့္လိုေတာ့ အျမင့္မားဆုံးအဆင့္မွာ ေရရွည္မရပ္တည္နိုင္ခဲ့ၾကတာျဖစ္ၿပီး အခုေဖာ္ျပေပးသြားမယ့္ ကစားသမား ၅ ဦးကေတာ့ မက္ဆီနဲ႔ ဆင္တူတဲ့အရည္အခ်င္းေတြရွိေပမယ့္ ကစားသမားအနည္းငယ္ကသာ ဘယ္လြန္ေဒါ ၆ ဆုရွင္နဲ႔ ေျခစြမ္းသိပ္မကြာတဲ့အဆင့္အတန္းတစ္ခုမွာ ရွိေနၾကတာျဖစ္ပါတယ္။

၅။ ဒီဘာလာ(ဂ်ဴဗင္တပ္)

လီယြန္နယ္ မက္ဆီရဲ့ေနရာ ဆက္ခံမယ့္သူအျဖစ္ ကာလရွည္ သတ္မွတ္ျခင္းခံခဲ့ရတဲ့ ဒီဘာလာဟာ အျမင့္မားဆုံးအဆင့္မွာ ေအာင္ျမင္တဲ့ကစားသမားဘဝကို ပိုင္ဆိုင္ထားခဲ့သူျဖစ္ပါတယ္။ ပါလာမိုမွာ ကစားခဲ့တဲ့ကာလမွာ ႀကီးမားတဲ့ပါရမီကို ျပသခဲ့တဲ့ ဒီဘာလာဟာ ၂၀၁၅ ခုႏွစ္မွာ ေပါင္ ၃၆ သန္းနဲ႔ ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕ခဲ့ၿပီး မက္ဆီလိုပဲ လူေကာင္ေသးညႇက္တဲ့ ဒီဘာလာဟာ အလြန္ေကာင္းမြန္တဲ့ နည္းစနစ္ပိုင္းအရည္အခ်င္းရွိသူျဖစ္ပါတယ္။

ဖန္တီးမႈေကာင္းၿပီး ဂိုးသြင္းႏႈန္း တည္ၿငိမ္တဲ့ ဒီဘာလာဟာ ဂ်ဴဗင္တပ္မွာ အနိမ့္အျမင့္၊ အတက္အက်ေတြရွိခဲ့ေပမယ့္ ေကာင္းေကာင္းလုပ္နိုင္ခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္အတြက္ ၂၆၁ ပြဲမွာ ၁၀၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄၄ ႀကိမ္ ျပဳလုပ္ထားတဲ့ အာဂ်င္တီးနားတိုက္စစ္မႉးဟာ ဒဏ္ရာျပႆနာေတြရွိခဲ့ၿပီး ဂ်ဴဗင္တပ္ကေနထြက္ခြာဖို႔ သတင္းေတြ အရင္တုန္းက ထြက္ေပၚခဲ့ဖူးသူျဖစ္ပါတယ္။

၄။ ဒါနီ အိုလ္မို(လိုက္ပ္ဇစ္)

လာမာစီယာအကယ္ဒမီထြက္ျဖစ္တဲ့ ဒါနီ အိုလ္မိုဟာ ၎ရဲ့ေျခစြမ္းတိုးတက္ဖို႔အတြက္ ခရိုေအးရွားကို ေျပာင္းေရႊ႕ၿပီး လမ္းသစ္ေဖာက္ခဲ့သူျဖစ္ပါတယ္။ ဒိုင္နမို ဇာဂရက္နဲ႔အတူရွိခဲ့တဲ့ ကာလအတြင္း ႀကီးမားတဲ့ ေအာင္ျမင္မႈေတြရခဲ့တဲ့ အိုလ္မိုကို လိုက္ပ္ဇစ္က ၂၀၂၀ ခုႏွစ္မွာ ေပါင္သန္း ၂၀ နီးပါးနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။

ကြင္းလယ္မွာ ေနရာစုံကစားနိုင္ၿပီး တိုက္စစ္မွာလည္း ကစားနိုင္တဲ့ အိုလ္မိုဟာ ဘုရားေပးတဲ့ နည္းစနစ္ပိုင္းကၽြမ္းက်င္မႈကို ပိုင္ဆိုင္ထားသူျဖစ္ၿပီး ၎ရဲ့ ထက္ျမက္မႈနဲ႔ ေဘာလုံးအျမင္ရွိမႈတို႔အတြက္ လူသိမ်ားေက်ာ္ၾကားပါတယ္။ ဘာစီလိုနာက အိုလ္မိုကို ျပန္ေခၚဖို႔ စိတ္ဝင္စားေနတယ္လို႔ ေကာလာဟလေတြ ထြက္ခဲ့ၿပီး အသက္ ၂၃ ႏွစ္အရြယ္ကစားသမားဟာ လိုက္ပ္ဇစ္အတြက္ ၿပိဳင္ပြဲစုံ ၆၄ ပြဲမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၄ ႀကိမ္ ျပဳလုပ္ထားတဲ့ကစားသမားျဖစ္ပါတယ္။

၃။ အန္ဆူ ဖာတီ(ဘာစီလိုနာ)

ဘာစီလိုနာမွာ လီယြန္နယ္ မက္ဆီရဲ့ အရိုက္အရာကို ဆက္ခံခဲ့တဲ့ အန္ဆူ ဖာတီဟာ ဘာစီလိုနာဂႏၲဝင္ရဲ့ ေက်ာနံပါတ္ ၁၀ ကိုေတာင္ ဝတ္ဆင္ခြင့္ရခဲ့တာက ဘယ္ေလာက္ေတာင္ အလားအလာျမင့္မားတဲ့ကစားသမားလဲဆိုတာကို မီးေမာင္းထိုးျပေနတာျဖစ္ပါတယ္။ ဖာတီဟာ လ်င္ျမန္တဲ့ေျပးႏႈန္း၊ နည္းစနစ္ပိုင္း အားေကာင္းမႈနဲ႔ အလြန္ေကာင္းမြန္တဲ့ အလိမ္အေခါက္ကၽြမ္းက်င္သူျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာ ဘာစီလိုနာအတြက္ ပြဲဦးထြက္ ပါဝင္ကစားေပးခဲ့သူျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္ ကစားသမားဟာ စီနီယာကစားသမားဘဝမွာ ေနရာရဖို႔ သိပ္မ႐ုန္းကန္ခဲ့ရဘဲ ဘာစီလိုနာရဲ့အေကာင္းဆုံးတိုက္စစ္မႉးအျဖစ္ေတာင္ အမ်ားစုရဲ့ ယူဆျခင္းကို ခံခဲ့ရၿပီးျဖစ္ပါတယ္။ ဘာစီလိုနာအတြက္ စုစုေပါင္း ၄၉ ပြဲမွာ သြင္းဂိုး ၁၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္ျပဳလုပ္ထားတဲ့ ဖာတီဟာ ျပင္းထန္တဲ့ဒဏ္ရာေၾကာင့္ တစ္ႏွစ္ေလာက္ အနားယူခဲ့ရေပမယ့္ ၿပီးခဲ့တဲ့လမွာ သန္မာတဲ့ပုံစံနဲ႔ ျပန္လာနိုင္ခဲ့ၿပီးေနာက္ ယခုရာသီမွာ ဘာစီလိုနာအတြက္ ၂ ဂိုးသြင္းယူေပးထားနိုင္ခဲ့ၿပီးျဖစ္ပါတယ္။

၂။ ေနမာ(ပီအက္စ္ဂ်ီ)

ေနမာဟာ လီယြန္နယ္ မက္ဆီရဲ့ ပါရမီအဆင့္အတန္းအတိုင္း ထပ္တူက်တဲ့ ကမၻာ့ေဘာလုံးေလာကထဲက တစ္ဦးတည္းေသာ ကစားသမားျဖစ္နိုင္ပါတယ္။ ဘရာဇီးလ္လက္ေရြးစင္တိုက္စစ္မႉးဟာ ဆန္းတို႔စ္မွာ ကစားခဲ့တဲ့အခ်ိန္ကတည္းက အႀကီးမားဆုံးအရာေတြအတြက္ စိတ္ပိုင္းျဖတ္ခဲ့သူျဖစ္ၿပီး မက္ဆီနဲ႔ အလြန္ရင္းႏွီးတဲ့ ဆက္ဆံေရးကို ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။ ေနမာနဲ႔ မက္ဆီတို႔ဟာ ဘာစီလိုနာအတြက္ စိတ္လႈပ္ရွားစရာ စြမ္းေဆာင္ရည္ျပသခဲ့ၿပီး လက္ရွိမွာလည္း ပီအက္စ္ဂ်ီအသင္းမွာ အတူတူ တြဲကစားေနၾကၿပီျဖစ္ပါတယ္။

ေနမာဟာ အလြန္လွည့္စားတတ္တဲ့ အလိမ္အေခါက္ ဆရာတစ္ဆူျဖစ္ၿပီး အလြန္ေကာင္းမြန္တဲ့ ဂိုးသြင္းမွတ္တမ္းေတြလည္း ပိုင္ဆိုင္ထားတဲ့ကစားသမားျဖစ္ပါတယ္။ ေနမာဟာ မၾကာခဏ ကြင္းျပင္ပကိစၥေတြေၾကာင့္ ေဝဖန္ခံခဲ့ရၿပီး အမ်ားစုကေတာ့ မက္ဆီလို စည္းကမ္းပိုင္းမွာ အားေကာင္းျခင္းမရွိဘူးလို႔ ယုံၾကည္ခဲ့ၾကပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္တိုက္စစ္မႉးဟာ ရာသီသစ္ကို ဆိုးရြားတဲ့ပုံစံနဲ႔ စတင္ခဲ့ေပမယ့္လည္း ပီအက္စ္ဂ်ီအတြက္ ၿပိဳင္ပြဲစုံ ၁၂၄ ပြဲမွာ သြင္းဂိုး ၈၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅၄ ႀကိမ္အထိ ျပဳလုပ္ထားနိုင္ခဲ့တဲ့ကစားသမားျဖစ္ပါတယ္။

၁။ မိုဟာမက္ ဆာလား(လီဗာပူးလ္)

မိုဟာမက္ ဆာလားဟာ လီယြန္နယ္ မက္ဆီ၊ ခရစၥတီယာနို ေရာ္နယ္လ္ဒို၊ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးတို႔လို ကစားသမားေတြကို ေက်ာ္လြန္ၿပီး လက္ရွိ ကမၻာေပၚက အေကာင္းဆုံးကစားသမားလို႔ သတ္မွတ္ခံထားရတဲ့ ကစားသမားျဖစ္ပါတယ္။ ဆာလားရဲ့ ယခုရာသီ စြမ္းေဆာင္ရည္ဟာ မက္ဆီရဲ့ အေကာင္းဆုံးကာလေတြက စြမ္းေဆာင္ရည္နဲ႔ ႏွိုင္းယွဥ္ျခင္းခံခဲ့ရေပမယ့္ အမ်ားစုကေတာ့ အာဂ်င္တီးနားေမွာ္ဆရာရဲ့ ေျခစြမ္းအဆင့္အတန္းကို ေရာက္ရွိေနၿပီလို႔ မယုံၾကည္ၾကတာျဖစ္ပါတယ္။ ဆာလားဟာ အလြန္လ်င္ျမန္တဲ့ ေျခတစ္စုံနဲ႔ တိုက္စစ္မႉးတစ္ေယာက္ရွိရမယ့္ အရည္အေသြးအားလုံးရွိတဲ့ ကစားသမားျဖစ္ၿပီး ယခုရာသီ လီဗာပူးလ္အတြက္ ပရီးမီးယားလိဂ္ ၉ ပြဲမွာ သြင္းဂိုး ၁၀ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္ ျပဳလုပ္ထားတဲ့ကစားသမားျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.