Article La Liga Ligue1 Premier League Serie A

ဒိုင်ဗင်မင်းသားလို့ မကြာခဏစွပ်စွဲခံရတဲ့ ကမ္ဘာ့ထိပ်တန်းကစားသမား ၅ ဦး

ဒိုင်ဗင်ထိုးတာက ဘောလုံးလောကမှာ အခုဆိုရင် ပုံမှန်ဖြစ်ပွားတာထက်ကို ပိုမို များပြားလာနေပြီဖြစ်ပြီး အဲဒါကလည်း ပြိုင်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် အားကစားလောကရဲ့ အကောင်းဆုံးဒိုင်လူကြီးတွေကိုတောင် လှည့်စားနိုင်ဖို့ လက်ရှိအချိန်မှာ ဒိုင်ဗင်ထိုးခြင်းအနုပညာကို တဖက်ကမ်းခတ် တတ်မြောက်အောင် လေ့ကျင့်မှုတွေ ပြုလုပ်ပြီး လဲကျတဲ့နေရာမှာ ပီပြင်အောင် လုပ်ဆောင်နေတဲ့ ကစားသမားတွေတောင် ရှိလာနေကြပြီဖြစ်ပါတယ်။

ပြိုင်ဘက်ကစားသမားက ပေါင်ကို ဖြည်းဖြည်းလေး ထိတွေ့မိရင်တောင် အလွန်အမင်း နာကျင်တဲ့ မျက်နှာပေးနဲ့ ရှုံ့မဲ့ပြီး မြေကြီးပေါ်မှာ ခြေချင်းဝတ်ကို ကိုင်ပြီး လူးလှိမ့်တာ ပီပြင်သွားပြီဆိုရင် ၁ မှတ်ကနေ ၃ မှတ်ကြား ကွာခြားချက်တွေ ဖြစ်လာနိုင်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဘောလုံးသမားတွေ ဒိုင်ဗင်ထိုးပြီး ပင်နယ်တီကန်တာကို မနှစ်သက်ဘူးဆိုရင် ဟာသအမြင်နဲ့ပဲ ကြည့်သင့်ပြီး ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေတောင် ဒီလိုမျိုး အပြုအမူကို ပြုလုပ်တတ်တာကြောင့်ဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး။

ဘောလုံးဂန္တဝင်တွေဖြစ်တဲ့ ပီလီ၊ မာရာဒိုနာတို့ဟာ ခံစစ်ကစားသမားတွေ သူတို့အနားကပ်လာတဲ့အခါကျရင် မြက်ခင်းပေါ် ပစ်လှဲပြီး လူးလှိမ့်တဲ့နေရာမှာ မထူးချွန်ခဲ့ကြပေမယ့် အဲဒါက အရမ်းလည်း အရေးပါတာမဟုတ်ပါဘူး။ နောက်ဆုံးတော့ မာရာဒိုနာဟာ အလွတ်တည်ကန်ဘော ဒါမှမဟုတ် ပင်နယ်တီကနေ ဂိုးသွင်းယူရတာထက် သူ့ရဲ့ ဘုရားသခင်ရဲ့လက်လို့ နာမည်ကျော်တဲ့ အခိုက်အတံ့နဲ့ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ဘောလုံးဟာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစပ်ကစားရတဲ့ ကစားနည်းဖြစ်တယ်ဆိုတာ အားလုံးသိကြမှာဖြစ်ပြီး အဲဒီလို ဉာဏ်ကောင်းလွန်းလို့ ပြီးခဲ့တဲ့နှစ်အပိုင်းအခြားတွေမှာ ဒိုင်ဗင်ထိုးတယ်လို့ မကြာခဏ စွပ်စွဲခံခဲ့ရတဲ့ ကမ္ဘာ့အဆင့် ကစားသမား ၅ ဦးက ဘယ်သူတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၅။ မိုဟာမက် ဆာလား(လီဗာပူးလ်)

လီဗာပူးလ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်တဲ့ ဆာလားဟာ သူ့ရဲ့ လျင်မြန်တဲ့ ပြေးနှုန်း၊ အလိမ်အခေါက်၊ တိကျသေချာတဲ့ ဂိုးကန်သွင်းမှုတွေနဲ့ နာမည်ကျော်ကြားနေသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်တွေမှာ ဒိုင်ဗင် မကြာခဏထိုးတယ်လို့ စွပ်စွဲခြင်းခံခဲ့ရပြီး ပရီးမီးယားလိဂ်ပရိသတ်တွေက တကယ်တော့ ပရီးမီးယားလိဂ်သမိုင်းမှာ အီဂျစ်တိုက်စစ်မှူးက ဒိုင်ဗင်ထိုးတာ အညံ့ဆုံးကစားသမားလို့ ငြင်းဆိုခဲ့ကြပါတယ်။ အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ဘယ်လိုထိတွေ့မှုမှမရှိဘဲ မြေကြီးပေါ် ရှင်းရှင်းလင်းလင်း ပစ်လှဲနိုင်တာကြောင့် အဲဒီငြင်းဆိုမှုက မှားကောင်းမှားနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်း လက်စတာစီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာ ဆာလားက ရီကာဒို ပါရဲရားနဲ့ ထိတွေ့မှုဖြစ်ခဲ့ပြီးနောက် ပင်နယ်တီဧရိယာထဲမှာ ခပ်ကြမ်းကြမ်း လှဲချခဲ့တာကို အားလုံး သတိပြုမိကြမှာပါ။ ဒိုင်လူကြီးက ဖြစ်စဉ်ကို သေချာမြင်တွေ့ခဲ့တဲ့အတွက် ပင်နယ်တီမပေးခဲ့လို့ လက်စတာစီးတီး ကံကောင်းခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းကတော့ ကံဆိုးစွာနဲ့ ဆာလားရဲ့ အငြင်းပွားဖွယ်ဒိုင်ဗင်ကြောင့် သရေ ၁ မှတ်ဆုံးရှုံးခဲ့ရပြီး နည်းပြ ကလော့ပ်ကတောင် အီဂျစ်တိုက်စစ်မှူးဘက်ကနေ ကာကွယ်ပေးခဲ့ရပါတယ်။

၄။ ဟာရီ ကိန်း(စပါး)

စပါးတိုက်စစ်မှူးဟာ ယခုရာသီမှာ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရပေမယ့် ပြီးခဲ့တဲ့ရာသီက ခြေစွမ်းကတော့ ဘယ်လိုမှ ယှဉ်လို့မရလောက်အောင် ကောင်းမွန်ခဲ့ပါတယ်။ ပင်နယ်တီရအောင် အကြိမ်ပေါင်းများစွာ လုပ်ဆောင်နိုင်ခဲ့တဲ့ ဟာရီ ကိန်းရဲ့အရည်အချင်းဟာ ပြီးခဲ့တဲ့နှစ်က သတင်းခေါင်းစည်းအချို့မှာ နေရာယူခဲ့ပြီး အင်္ဂလန်တိုက်စစ်မှူးရဲ့ ကျွမ်းကျင်မှုက VAR တောင် မျက်စိလည်ခဲ့ရတဲ့အထိပါပဲ။

ဟာရီ ကိန်းရဲ့ သတိထားအမိဆုံး ဒိုင်ဗင်ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာက ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ပွဲစဉ်က အငြင်းပွားဖွယ် ပင်နယ်တီတောင်းဆိုမှုမှာ ဖြစ်ခဲ့ပြီး ကိန်းဟာ ဘောလုံးကို ရယူနိုင်အောင် ခုန်တာထက် နည်းနည်း ကုန်းပေးပြီး လယ်လာနာက အပေါ်က ဖိတိုက်သလိုဖြစ်အောင် ဖန်တီးယူပြီး ပြစ်ဒဏ်ဘော တောင်းခဲ့တာဖြစ်ပါတယ်။ ကိန်းရဲ့ ပင်နယ်တီက သွင်း၈ိုးဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ စပါးအသင်းအတွက် ၎င်းတို့ရဲ့ပထမဆုံးအိမ်ကွင်းနိုင်ပွဲကို ရရှိစေခဲ့တာဖြစ်ပါတယ်။

၃။ လူးဝစ္စ ဆွာရက်ဇ်(အက်သလက်တီကို မက်ဒရစ်)

ဆွာရက်ဇ်ကတော့ လီဗာပူးလ်မှာ ကစားခဲ့တဲ့အစောပိုင်းအချိန်ကတည်းက ဒိုင်ဗင်ဆရာတဆူဖြစ်ခဲ့သူဖြစ်ပြီး ပင်နယ်တီဧရိယာအတွင်းမှာ ပွဲရှာတတ်တဲ့ အမူအကျင့်ကြောင့် အမြဲဆိုသလို ဝေဖန်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။ အထူးသဖြင့် ဆွာရက်ဇ်က စတုတ်နဲ့ကစားခဲ့တဲ့ပွဲစဉ်အပြီးမှာ ဒိုင်ဗင်ထိုးခဲ့တယ်ဆိုတာ ဝန်ခံခဲ့ပြီး အဲဒီတုန်းက စတုတ်နည်းပြဖြစ်တဲ့ တိုနီ ပူးလစ်က ဆွာရက်ဇ်ဟာ အရှက်ရစရာဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဆွာရက်ဇ်ဟာ ပင်နယ်တီဧရိယာထဲမှာ အလွန်ကောင်းမွန်တဲ့ ဒိုင်ဗင်ထိုးခြင်း အနုပညာကို ပြသနိုင်ခဲ့ပြီး ဘာစီလိုနာရဲ့ အံ့အားသင့်ဖွယ် ပြန်လာနိုင်မှုအတွက် အဲဒီပင်နယ်တီက အကူအညီဖြစ်ခဲ့ပါတယ်။ သိပ်မကြာသေးတဲ့ ပြီးခဲ့တဲ့ရာသီ လာလီဂါပွဲစဉ်အဖြစ် အသင်းဟောင်း ဘာစီလိုနာနဲ့ ပြန်လည်တွေ့ဆုံချိန်မှာ အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူး ဆွာရက်ဇ်က ၎င်းကို ပင်နယ်တီဧရိယာထဲမှာ မဆိုစလောက်လေး ထိခဲ့တဲ့ အသင်းဖော်ဟောင်း တာ စတီဂျန်ကို ဒိုင်ဗင်ထိုးပြပြီး ဒေါသထွက်စေခဲ့ပါသေးတယ်။

၂။ ခရစ္စတီယာနို ရော်နယ်လ်ဒို(မန်ချက်စတာယူနိုက်တက်)

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ သူ ပါဝင်ကစားတဲ့ ဘယ်လိုအသင်းမျိုးကိုမဆို တိုက်စစ်ပိုင်းမှာ ယှဉ်လို့မရလောက်တဲ့အထိ တောက်ပစေခဲ့တာဖြစ်ပေမယ့် ပင်နယ်တီဧရိယာထဲက ၎င်းရဲ့ ထူးခြားတဲ့အပြုအမူဟာ အဓိက ဝေဖန်စရာနဲ့ ဒေါသထွက်စရာ အငြင်းအခုံကို ဖြစ်စေခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ အနိုင်ရဖို့ဆိုရင် ဘာမဆိုလုပ်သွားမယ်ဆိုရင် အားလုံး သိပြီးသားဖြစ်ပြီး အင်တာနက်ပေါ်မှာ ၎င်းရဲ့ အငြင်းပွားဖွယ် ဒိုင်ဗင်စွမ်းရည်ကို ပြသထားတဲ့ ဗီဒီယိုတွေကလည်း မရေမတွက်နိုင်အောင် ရှိနေပြီးသားဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်းတို့မှာ ကစားခဲ့တဲ့အချိန်အတွင်း ပရိသတ်တွေအတွက် အဲဒီအပြုအမူက သဘောထားကွဲလွဲမှုနဲ့ ပြဿနာဖြစ်စေခဲ့ပေမယ့် ရော်နယ်လ်ဒိုက ယူနိုက်တက်ကို ပြန်ပြောင်းရွှေ့ပြီးတဲ့အချိန်အထိလည်း အဲဒီအကျင့်ကို မဖျောက်သေးတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပေါ်တူဂီကြယ်ပွင့်ရဲ့ ဒိုင်ဗင်ထိုးမှုကြောင့် ဝက်စ်ဟမ်းပရိသတ်တွေဟာ တော်တော်လေး ဒေါသထွက်ခဲ့ကြပြီး အချို့က ပွဲစဉ်အတွင်း ၃ ကြိမ်တောင် ဒိုင်ဗင်ထိုးခဲ့တယ်လို့တောင် အငြင်းပွားခဲ့ကြတာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုရဲ့ မသိမသာ ဒိုင်ဗင်ထိုးတာက အဲဒီအချိန်မှာတော့ တော်တော်လေး သိသာသွားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

၁။ နေမာ(ပီအက်စ်ဂျီ)

ရော်နယ်လ်ဒိုလိုပဲ နေမာရဲ့ ဒိုင်ဗင်ထိုးတဲ့ အမူအကျင့်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက တကမ္ဘာလုံးသိသွားပြီး လူမှုကွန်ရက်ပေါ်မှာ Memes ဖြစ်ခဲ့တဲ့အထိ နာမည်ကြီးခဲ့ပါတယ်။ ဘယ်လောက်တောင် ထူးခြားလဲဆိုရင် နယူးယောက်တိုင်းမ်က ၎င်းရဲ့ ဒိုင်ဗင်ထိုးခြင်းအနုပညာအကြောင်းကိုပဲ ဆောင်းပါးရှည်ကြီးတစ်ခု ရေးခဲ့ရပြီး ဘရာဇီးလ်တိုက်စစ်မှူးက အဲဒီလို ရေးသားခြင်းခံရတဲ့ ကမ္ဘာပေါ်က တစ်ဦးတည်းသောကစားသမားဖြစ်ခဲ့ပုံရပါတယ်။

နေမာက တစ်ခါတုန်းက ပွဲအတွင်း ဒိုင်ဗင်ထိုးတာက ဒဏ်ရာမရအောင် ကာကွယ်တာလို့ ရှင်းလင်းခဲ့ဖူးပြီး လူတွေကတော့ နားလည်ပေးကြမှာမဟုတ်ဘူးလို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နေမာရဲ့ ဒိုင်ဗင်ထိုးခြင်းအနုပညာလောက် ဘယ်သူမှ ပြီးပြည့်စုံမှာမဟုတ်ဘူးလို့ ပြောရမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ပီရူးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာဆို ပင်နယ်တီ ၂ ကြိမ်အထိ ရရှိအောင် အောင်အောင်မြင်မြင် ဒိုင်ဗင်ထိုးပြနိုင်ခဲ့တဲ့အထိ ဆရာကျသူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဒိုင္ဗင္ထိုးတာက ေဘာလုံးေလာကမွာ အခုဆိုရင္ ပုံမွန္ျဖစ္ပြားတာထက္ကို ပိုမို မ်ားျပားလာေနၿပီျဖစ္ၿပီး အဲဒါကလည္း ၿပိဳင္ပြဲရဲ့ အစိတ္အပိုင္းတစ္ခုအျဖစ္ ရွိေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ အားကစားေလာကရဲ့ အေကာင္းဆုံးဒိုင္လူႀကီးေတြကိုေတာင္ လွည့္စားနိုင္ဖို႔ လက္ရွိအခ်ိန္မွာ ဒိုင္ဗင္ထိုးျခင္းအႏုပညာကို တဖက္ကမ္းခတ္ တတ္ေျမာက္ေအာင္ ေလ့က်င့္မႈေတြ ျပဳလုပ္ၿပီး လဲက်တဲ့ေနရာမွာ ပီျပင္ေအာင္ လုပ္ေဆာင္ေနတဲ့ ကစားသမားေတြေတာင္ ရွိလာေနၾကၿပီျဖစ္ပါတယ္။

ၿပိဳင္ဘက္ကစားသမားက ေပါင္ကို ျဖည္းျဖည္းေလး ထိေတြ႕မိရင္ေတာင္ အလြန္အမင္း နာက်င္တဲ့ မ်က္ႏွာေပးနဲ႔ ရႈံ႔မဲ့ၿပီး ေျမႀကီးေပၚမွာ ေျခခ်င္းဝတ္ကို ကိုင္ၿပီး လူးလွိမ့္တာ ပီျပင္သြားၿပီဆိုရင္ ၁ မွတ္ကေန ၃ မွတ္ၾကား ကြာျခားခ်က္ေတြ ျဖစ္လာနိုင္မွာျဖစ္ပါတယ္။ သင့္အေနနဲ႔ ေဘာလုံးသမားေတြ ဒိုင္ဗင္ထိုးၿပီး ပင္နယ္တီကန္တာကို မႏွစ္သက္ဘူးဆိုရင္ ဟာသအျမင္နဲ႔ပဲ ၾကည့္သင့္ၿပီး ကမၻာေပၚက အေကာင္းဆုံးကစားသမားေတြေတာင္ ဒီလိုမ်ိဳး အျပဳအမူကို ျပဳလုပ္တတ္တာေၾကာင့္ဆိုတာ ေျပာစရာလိုမယ္မထင္ပါဘူး။

ေဘာလုံးဂႏၲဝင္ေတြျဖစ္တဲ့ ပီလီ၊ မာရာဒိုနာတို႔ဟာ ခံစစ္ကစားသမားေတြ သူတို႔အနားကပ္လာတဲ့အခါက်ရင္ ျမက္ခင္းေပၚ ပစ္လွဲၿပီး လူးလွိမ့္တဲ့ေနရာမွာ မထူးခၽြန္ခဲ့ၾကေပမယ့္ အဲဒါက အရမ္းလည္း အေရးပါတာမဟုတ္ပါဘူး။ ေနာက္ဆုံးေတာ့ မာရာဒိုနာဟာ အလြတ္တည္ကန္ေဘာ ဒါမွမဟုတ္ ပင္နယ္တီကေန ဂိုးသြင္းယူရတာထက္ သူ႔ရဲ့ ဘုရားသခင္ရဲ့လက္လို႔ နာမည္ေက်ာ္တဲ့ အခိုက္အတံ့နဲ႔ ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

ေဘာလုံးဟာ ဦးေႏွာက္နဲ႔ ခႏၶာကိုယ္ကို ေပါင္းစပ္ကစားရတဲ့ ကစားနည္းျဖစ္တယ္ဆိုတာ အားလုံးသိၾကမွာျဖစ္ၿပီး အဲဒီလို ဉာဏ္ေကာင္းလြန္းလို႔ ၿပီးခဲ့တဲ့ႏွစ္အပိုင္းအျခားေတြမွာ ဒိုင္ဗင္ထိုးတယ္လို႔ မၾကာခဏ စြပ္စြဲခံခဲ့ရတဲ့ ကမၻာ့အဆင့္ ကစားသမား ၅ ဦးက ဘယ္သူေတြလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

၅။ မိုဟာမက္ ဆာလား(လီဗာပူးလ္)

လီဗာပူးလ္ရဲ့ အေကာင္းဆုံးကစားသမားျဖစ္တဲ့ ဆာလားဟာ သူ႔ရဲ့ လ်င္ျမန္တဲ့ ေျပးႏႈန္း၊ အလိမ္အေခါက္၊ တိက်ေသခ်ာတဲ့ ဂိုးကန္သြင္းမႈေတြနဲ႔ နာမည္ေက်ာ္ၾကားေနသူျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ဒိုင္ဗင္ မၾကာခဏထိုးတယ္လို႔ စြပ္စြဲျခင္းခံခဲ့ရၿပီး ပရီးမီးယားလိဂ္ပရိသတ္ေတြက တကယ္ေတာ့ ပရီးမီးယားလိဂ္သမိုင္းမွာ အီဂ်စ္တိုက္စစ္မႉးက ဒိုင္ဗင္ထိုးတာ အညံ့ဆုံးကစားသမားလို႔ ျငင္းဆိုခဲ့ၾကပါတယ္။ အီဂ်စ္လက္ေရြးစင္တိုက္စစ္မႉးဟာ ဘယ္လိုထိေတြ႕မႈမွမရွိဘဲ ေျမႀကီးေပၚ ရွင္းရွင္းလင္းလင္း ပစ္လွဲနိုင္တာေၾကာင့္ အဲဒီျငင္းဆိုမႈက မွားေကာင္းမွားနိုင္တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

ယခုႏွစ္အေစာပိုင္း လက္စတာစီးတီးနဲ႔ကစားခဲ့တဲ့ပြဲမွာ ဆာလားက ရီကာဒို ပါရဲရားနဲ႔ ထိေတြ႕မႈျဖစ္ခဲ့ၿပီးေနာက္ ပင္နယ္တီဧရိယာထဲမွာ ခပ္ၾကမ္းၾကမ္း လွဲခ်ခဲ့တာကို အားလုံး သတိျပဳမိၾကမွာပါ။ ဒိုင္လူႀကီးက ျဖစ္စဥ္ကို ေသခ်ာျမင္ေတြ႕ခဲ့တဲ့အတြက္ ပင္နယ္တီမေပးခဲ့လို႔ လက္စတာစီးတီး ကံေကာင္းခဲ့ေပမယ့္ ၿပီးခဲ့တဲ့ရာသီက ဝက္စ္ဟမ္းကေတာ့ ကံဆိုးစြာနဲ႔ ဆာလားရဲ့ အျငင္းပြားဖြယ္ဒိုင္ဗင္ေၾကာင့္ သေရ ၁ မွတ္ဆုံးရႈံးခဲ့ရၿပီး နည္းၿပ ကေလာ့ပ္ကေတာင္ အီဂ်စ္တိုက္စစ္မႉးဘက္ကေန ကာကြယ္ေပးခဲ့ရပါတယ္။

၄။ ဟာရီ ကိန္း(စပါး)

စပါးတိုက္စစ္မႉးဟာ ယခုရာသီမွာ ပုံမွန္ေျခစြမ္းရရွိဖို႔ ႐ုန္းကန္ေနရေပမယ့္ ၿပီးခဲ့တဲ့ရာသီက ေျခစြမ္းကေတာ့ ဘယ္လိုမွ ယွဥ္လို႔မရေလာက္ေအာင္ ေကာင္းမြန္ခဲ့ပါတယ္။ ပင္နယ္တီရေအာင္ အႀကိမ္ေပါင္းမ်ားစြာ လုပ္ေဆာင္နိုင္ခဲ့တဲ့ ဟာရီ ကိန္းရဲ့အရည္အခ်င္းဟာ ၿပီးခဲ့တဲ့ႏွစ္က သတင္းေခါင္းစည္းအခ်ိဳ႕မွာ ေနရာယူခဲ့ၿပီး အဂၤလန္တိုက္စစ္မႉးရဲ့ ကၽြမ္းက်င္မႈက VAR ေတာင္ မ်က္စိလည္ခဲ့ရတဲ့အထိပါပဲ။

ဟာရီ ကိန္းရဲ့ သတိထားအမိဆုံး ဒိုင္ဗင္ျဖစ္စဥ္ဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာက ဘရိုက္တန္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္က အျငင္းပြားဖြယ္ ပင္နယ္တီေတာင္းဆိုမႈမွာ ျဖစ္ခဲ့ၿပီး ကိန္းဟာ ေဘာလုံးကို ရယူနိုင္ေအာင္ ခုန္တာထက္ နည္းနည္း ကုန္းေပးၿပီး လယ္လာနာက အေပၚက ဖိတိုက္သလိုျဖစ္ေအာင္ ဖန္တီးယူၿပီး ျပစ္ဒဏ္ေဘာ ေတာင္းခဲ့တာျဖစ္ပါတယ္။ ကိန္းရဲ့ ပင္နယ္တီက သြင္း၈ိုးဟာ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ စပါးအသင္းအတြက္ ၎တို႔ရဲ့ပထမဆုံးအိမ္ကြင္းနိုင္ပြဲကို ရရွိေစခဲ့တာျဖစ္ပါတယ္။

၃။ လူးဝစၥ ဆြာရက္ဇ္(အက္သလက္တီကို မက္ဒရစ္)

ဆြာရက္ဇ္ကေတာ့ လီဗာပူးလ္မွာ ကစားခဲ့တဲ့အေစာပိုင္းအခ်ိန္ကတည္းက ဒိုင္ဗင္ဆရာတဆူျဖစ္ခဲ့သူျဖစ္ၿပီး ပင္နယ္တီဧရိယာအတြင္းမွာ ပြဲရွာတတ္တဲ့ အမူအက်င့္ေၾကာင့္ အျမဲဆိုသလို ေဝဖန္ျခင္း ခံခဲ့ရသူျဖစ္ပါတယ္။ အထူးသျဖင့္ ဆြာရက္ဇ္က စတုတ္နဲ႔ကစားခဲ့တဲ့ပြဲစဥ္အၿပီးမွာ ဒိုင္ဗင္ထိုးခဲ့တယ္ဆိုတာ ဝန္ခံခဲ့ၿပီး အဲဒီတုန္းက စတုတ္နည္းျပျဖစ္တဲ့ တိုနီ ပူးလစ္က ဆြာရက္ဇ္ဟာ အရွက္ရစရာျဖစ္တယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက ဘာစီလိုနာနဲ႔ ပီအက္စ္ဂ်ီတို႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဆြာရက္ဇ္ဟာ ပင္နယ္တီဧရိယာထဲမွာ အလြန္ေကာင္းမြန္တဲ့ ဒိုင္ဗင္ထိုးျခင္း အႏုပညာကို ျပသနိုင္ခဲ့ၿပီး ဘာစီလိုနာရဲ့ အံ့အားသင့္ဖြယ္ ျပန္လာနိုင္မႈအတြက္ အဲဒီပင္နယ္တီက အကူအညီျဖစ္ခဲ့ပါတယ္။ သိပ္မၾကာေသးတဲ့ ၿပီးခဲ့တဲ့ရာသီ လာလီဂါပြဲစဥ္အျဖစ္ အသင္းေဟာင္း ဘာစီလိုနာနဲ႔ ျပန္လည္ေတြ႕ဆုံခ်ိန္မွာ အက္သလက္တီကို မက္ဒရစ္တိုက္စစ္မႉး ဆြာရက္ဇ္က ၎ကို ပင္နယ္တီဧရိယာထဲမွာ မဆိုစေလာက္ေလး ထိခဲ့တဲ့ အသင္းေဖာ္ေဟာင္း တာ စတီဂ်န္ကို ဒိုင္ဗင္ထိုးျပၿပီး ေဒါသထြက္ေစခဲ့ပါေသးတယ္။

၂။ ခရစၥတီယာနို ေရာ္နယ္လ္ဒို(မန္ခ်က္စတာယူနိုက္တက္)

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးဟာ သူ ပါဝင္ကစားတဲ့ ဘယ္လိုအသင္းမ်ိဳးကိုမဆို တိုက္စစ္ပိုင္းမွာ ယွဥ္လို႔မရေလာက္တဲ့အထိ ေတာက္ပေစခဲ့တာျဖစ္ေပမယ့္ ပင္နယ္တီဧရိယာထဲက ၎ရဲ့ ထူးျခားတဲ့အျပဳအမူဟာ အဓိက ေဝဖန္စရာနဲ႔ ေဒါသထြက္စရာ အျငင္းအခုံကို ျဖစ္ေစခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ အနိုင္ရဖို႔ဆိုရင္ ဘာမဆိုလုပ္သြားမယ္ဆိုရင္ အားလုံး သိၿပီးသားျဖစ္ၿပီး အင္တာနက္ေပၚမွာ ၎ရဲ့ အျငင္းပြားဖြယ္ ဒိုင္ဗင္စြမ္းရည္ကို ျပသထားတဲ့ ဗီဒီယိုေတြကလည္း မေရမတြက္နိုင္ေအာင္ ရွိေနၿပီးသားျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္အသင္းတို႔မွာ ကစားခဲ့တဲ့အခ်ိန္အတြင္း ပရိသတ္ေတြအတြက္ အဲဒီအျပဳအမူက သေဘာထားကြဲလြဲမႈနဲ႔ ျပႆနာျဖစ္ေစခဲ့ေပမယ့္ ေရာ္နယ္လ္ဒိုက ယူနိုက္တက္ကို ျပန္ေျပာင္းေရႊ႕ၿပီးတဲ့အခ်ိန္အထိလည္း အဲဒီအက်င့္ကို မေဖ်ာက္ေသးတာျဖစ္ပါတယ္။ လြန္ခဲ့တဲ့ရက္သတၱပတ္အနည္းငယ္က ဝက္စ္ဟမ္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ေပၚတူဂီၾကယ္ပြင့္ရဲ့ ဒိုင္ဗင္ထိုးမႈေၾကာင့္ ဝက္စ္ဟမ္းပရိသတ္ေတြဟာ ေတာ္ေတာ္ေလး ေဒါသထြက္ခဲ့ၾကၿပီး အခ်ိဳ႕က ပြဲစဥ္အတြင္း ၃ ႀကိမ္ေတာင္ ဒိုင္ဗင္ထိုးခဲ့တယ္လို႔ေတာင္ အျငင္းပြားခဲ့ၾကတာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုရဲ့ မသိမသာ ဒိုင္ဗင္ထိုးတာက အဲဒီအခ်ိန္မွာေတာ့ ေတာ္ေတာ္ေလး သိသာသြားခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

၁။ ေနမာ(ပီအက္စ္ဂ်ီ)

ေရာ္နယ္လ္ဒိုလိုပဲ ေနမာရဲ့ ဒိုင္ဗင္ထိုးတဲ့ အမူအက်င့္ဟာ ၂၀၁၈ ကမၻာ့ဖလားတုန္းက တကမၻာလုံးသိသြားၿပီး လူမႈကြန္ရက္ေပၚမွာ Memes ျဖစ္ခဲ့တဲ့အထိ နာမည္ႀကီးခဲ့ပါတယ္။ ဘယ္ေလာက္ေတာင္ ထူးျခားလဲဆိုရင္ နယူးေယာက္တိုင္းမ္က ၎ရဲ့ ဒိုင္ဗင္ထိုးျခင္းအႏုပညာအေၾကာင္းကိုပဲ ေဆာင္းပါးရွည္ႀကီးတစ္ခု ေရးခဲ့ရၿပီး ဘရာဇီးလ္တိုက္စစ္မႉးက အဲဒီလို ေရးသားျခင္းခံရတဲ့ ကမၻာေပၚက တစ္ဦးတည္းေသာကစားသမားျဖစ္ခဲ့ပုံရပါတယ္။

ေနမာက တစ္ခါတုန္းက ပြဲအတြင္း ဒိုင္ဗင္ထိုးတာက ဒဏ္ရာမရေအာင္ ကာကြယ္တာလို႔ ရွင္းလင္းခဲ့ဖူးၿပီး လူေတြကေတာ့ နားလည္ေပးၾကမွာမဟုတ္ဘူးလို႔ ဝန္ခံေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနမာရဲ့ ဒိုင္ဗင္ထိုးျခင္းအႏုပညာေလာက္ ဘယ္သူမွ ၿပီးျပည့္စုံမွာမဟုတ္ဘူးလို႔ ေျပာရမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ ကမၻာ့ဖလားေျခစစ္ပြဲအျဖစ္ ပီ႐ူးနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာဆို ပင္နယ္တီ ၂ ႀကိမ္အထိ ရရွိေအာင္ ေအာင္ေအာင္ျမင္ျမင္ ဒိုင္ဗင္ထိုးျပနိုင္ခဲ့တဲ့အထိ ဆရာက်သူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.