Premier League

ယခုအပတ်မှာ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲ

ယနေ့ညနေမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ကို စတင်ယှဉ်ပြိုင်သွားကြတော့မှာဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် လက်စတာစီးတီးက အာဆင်နယ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ ယခုအပတ် ယှဉ်ပြိုင်ကစားသွားမယ့်ပွဲစဉ်တွေထဲမှာ တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲဟာ လက်လွှတ်မခံသင့်တဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်ပြီး မဖြစ်မနေ စောင့်ကြည့်ရမယ့်ပွဲစဉ် ၁၀ က ဘယ်ပွဲစဉ်တွေ ဖြစ်မလဲ…

၁။ အဆင့် ၅ အတွက် တိုက်ပွဲဝင်ကြမယ့် လက်စတာနဲ့ အာဆင်နယ်

မန်ချက်စတာယူနိုက်တက်နဲ့ ဘရန်ဖို့ဒ်တို့ကို ၂ ပွဲဆက် အနိုင်ယူခဲ့တဲ့ လက်စတာကတော့ ခြေစွမ်းပိုင်း တိုးတက်လာခဲ့တဲ့ အာဆင်နယ်အတွက် ခက်ခဲတဲ့ စမ်းသပ်မှုဖြစ်လာတော့မှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အက်စ်တွန်ဗီလာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်နိုင်ပွဲကြောင့် အလွန်အမင်း ချီးကျူးခံခဲ့ရတာဖြစ်ကောင်းဖြစ်နိုင်ပြီး စနေနေ့ အစောပိုင်းမှာ ကစားကြမယ့် ၂ သင်းစလုံးဟာ ရမှတ် ၁၄ မှတ်ချင်း တူညီနေကြတာဖြစ်ပါတယ်။

ဒီ ၂ သင်းထဲက အနိုင်ရတဲ့အသင်းကတော့ အဆင့် ၅ နေရာမှာ အနည်းဆုံး နာရီအနည်းငယ်လောက် ရပ်တည်နိုင်မှာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲမြောက်ဖြစ်လာတဲ့အချိန်မှာ ဘယ်သူက ငါးလဲ၊ ဖလားလဲဆိုတာ ရုပ်လုံးပေါ်လာပြီဖြစ်ပါတယ်။ အနည်းဆုံးတော့ အာဆင်နယ်ဟာ ယခုရာသီအစမှာ ၃ ပွဲဆက်တိုက် အရှုံးနဲ့စတင်ခဲ့ရတဲ့ အသင်းတော့ မဟုတ်တော့တာသေချာပါတယ်။

၂။ မက်ဂွိုင်းယား မသုံးဘဲ လင်ဒီလော့ဖ်နဲ့ ဗာရိန်းကို ပွဲထွက်ခွင့်ပေးကို ပေးရမယ့် ယူနိုက်တက်

ခါးသီးပြိုင်ဘက်ရဲ့ ၅-၀ နဲ့ အပြတ်အသတ်အနိုင်ယူခြင်းကို အိမ်ကွင်းမှာ ခံစားခဲ့ရတဲ့ ယူနိုက်တက်အတွက် သန်းခေါင်ထက် ညဉ့်နက်တော့မှာမဟုတ်ပါဘူး။ အကျိုးဆက်အနေနဲ့ နည်းပြ ဆိုးလ်ရှားက ခိုင်မာပြီး သိသာထင်ရှားတဲ့ ဆုံးဖြတ်ချက်အချို့ကို ပြုလုပ်ကောင်း ပြုလုပ်သွားနိုင်ပြီး အသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲက ဆိုးရွားလွန်းတဲ့ စွမ်းဆောင်ရည်ကြောင့် ဗဟိုခံစစ်နေရာမှာ ၎င်းမဟုတ်ဘဲ လင်ဒီလော့ဖ်နဲ့ ဗာရိန်းအတွဲကို အသုံးပြုရတော့မှာဖြစ်ပါတယ်။

လုခ်ရှောနေရာမှာလည်း အဲလက်စ် တဲလက်စ်နဲ့ အစားထိုးရမှာဖြစ်သလို ဗန်ဒီဘိခ်ကလည်း ဆန်ချိုနဲ့အလားတူ ၁ ပွဲလောက်တော့ ပွဲထွက်ခွင့် ရသင့်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် အသိသာအထင်ရှားဆုံး အပြောင်းအလဲအနေနဲ့ ဆိုးလ်ရှားလုပ်ရမှာက ကစားကွက်ဖြစ်ပြီး ၄-၃-၃ ရော ၄-၂-၃-၁ ပါ အလုပ်ဖြစ်ခဲ့တဲ့အတွက် တောင်ပံကစားသမားတွေဟာ တိုက်စစ်ဆင်သလို ခံစစ်ကိုလည်း ကာကွယ်နိုင်မယ့် ၄-၁-၄-၁ ကစားကွက်ကို သုံးမယ်ဆိုရင် အသင်းရဲ့ ဟန်ချက်ညီမှုကို ကူညီပေးနိုင်မှာဖြစ်ပါတယ်။

၃။ ဆာလာရဲ့ ခြိမ်းခြောက်မှုကို ဘရိုက်တန် ရပ်တန့်နိုင်မှာလား

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အန်းဖီးမှာ ဘရိုက်တန်အသင်းက ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့တဲ့အချိန်မှာ လီဗာပူးလ်ခံစစ်မှာ နတ် ဖိလစ်နဲ့ ဂျော်ဒန် ဟန်ဒါဆန်တို့ ရှိနေခဲ့တာဖြစ်ပြီး ဂိုးနေရာမှာလည်း အယ်လစ်ဆန်မရှိနေခဲ့သလို ပွဲကြည့်စင်မှာလည်း ပရိသတ်တွေ မရှိခဲ့ပါဘူး။ နည်းပြ ကလော့ပ်ရဲ့ပြောကြားချက်အရဆို လီဗာပူးလ်အသင်းဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေခဲ့ကြပြီး ယနေ့ အန်းဖီးမှာ တွေ့ဆုံမှုကတော့ ဧည့်သည်ဘရိုက်တန်အတွက် တော်တော်လေးကွာခြားတဲ့အနေအထားဖြစ်လာမှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ရပ်တန့်လို့မရနိုင်တဲ့ အကောင်းဆုံးပုံစံမှာရှိနေပြီး လက်ရှိအချိန် ထိပ်တန်းခြေစွမ်းမှာရှိနေတဲ့ ဆာလားကို ဂရေဟမ် ပေါ်တာရဲ့အသင်းက တားဆီးဖို့ မလွယ်ပါဘူး။ အဖြေကတော့ ဘရိုက်တန်လူစာရင်းထဲက အပြောင်းအလဲအပေါ်မှာ မူတည်ကောင်း မူတည်နိုင်ပြီး ပြီးခဲ့တဲ့အပတ်မှာ ၁၀ လလောက် ဒဏ်ရာကြောင့် နားနေခဲ့ရတဲ့ လန့်ပ်တေး လူစားဝင်ကစားပေးခဲ့ပါတယ်။ တကယ်လို့ အသက် ၂၁ နှစ်အရွယ်ကစားသမားအနေနဲ့ အန်းဖီးမှာ ပွဲထွက်ပါဝင်ဖို့ ကြံ့ခိုင်မှုလုံလုံလောက်လောက်ရှိရင်တော့ ဆာလားကို အခက်တွေ့အောင် လုပ်နိုင်ဖွယ်ရှိပါတယ်။

၄။ ချန်ပီယံနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာ ပါရမီတွေ ထုတ်ပြခွင့် ရနိုင်မယ့် ဂယ်လေဂါ

ကော်နာ ဂယ်လေဂါအနေနဲ့ လာမယ့်ရာသီ ချဲလ်ဆီးရဲ့ ပုံမှန်ပွဲထွက်ခွင့်ရကစားသမားအဖြစ် မြင်ယောင်ကြည့်ဖို့ကတော့ မခက်ပါဘူး။ အသက် ၂၁ နှစ်အရွယ် အငှားကစားသမားဟာ ခရစ္စတယ် ပဲလေ့စ်ရဲ့ယခုရာသီ အကောင်းဆုံးကစားသမားဖြစ်နေခဲ့တယ်ဆိုတာ ငြင်းစရာမရှိဘဲ ၎င်းရဲ့ အားကစားသမားပီသမှု၊ ထက်မြက်မှုနဲ့ ဂျော်ဂျင်ညို၊ မေဆန် မောင့်တို့နဲ့ ကွင်းလယ်မှာ အတူတူ ကစားနိုင်လောက်တဲ့ ကြမ်းကြမ်းတမ်းတမ်းပုံစံကို မြင်ယောင်ကြည့်နိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ အဲဒါက အိပ်မက်တစ်ခုဖြစ်နေပြီး ယခုရာသီမှာ ဒီခြေစွမ်းအတိုင်းသာ ရာသီပြီးဆုံးတဲ့အထိ ဆက်သွားနိုင်မယ်ဆိုရင် လာမယ့်ရာသီ တူဟယ်ရဲ့အစီအစဉ်ထဲမှာ ပါဝင်လာဖို့ ဖြစ်နိုင်ခြေရှိပါတယ်။ ဂယ်လေဂါဟာ အာဆင်နယ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ အလွန်ထူးခြားခဲ့ပြီး နည်းပြ ပက်ထရစ် ဗီအဲရာအနေနဲ့ အာဆင်နယ်နဲ့တုန်းက ခြေစွမ်းမျိုး ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

၅။ နည်းပြသစ်အတွက် ကစားရမယ့် နယူးကာဆယ်လ်

ပရီးမီးယားလိဂ်နိုင်ပွဲမရသေးတဲ့ နယူးကာဆယ်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက ချဲလ်ဆီးနဲ့ပွဲမှာ အခြေအနေတွေကို ပြင်ဆင်နိုင်ဖို့ ကောင်းကောင်း လုပ်သွားမှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ အဓိကတိုက်စစ်မှူးတွေဖြစ်တဲ့ လူကာကူးနဲ့ တီမို ဗာနာတို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ပေမယ့် နယူးကာဆယ်လ်ကို ချေမှုန်းပစ်နိုင်တဲ့ အင်အားတော့ ရှိနေဆဲဖြစ်ပါတယ်။ နယူးကာဆယ်လ်ရဲ့ ယာယီနည်းပြ ဂရေမီ ဂျုံးစ်ဟာ ပထမဆုံးကိုင်တွယ်တဲ့ပွဲစဉ်မှာ နာမည်ကြီးကစားသမားအများအပြားကို အရန်ခုံပို့ခဲ့ပြီး ဖေဘီယံ ရှား၊ အယ်လ်မီရွန်၊ ဂျိုး ဝီလ်လော့ခ်၊ ဂျမဲလ် လူးဝစ္စတို့အနေနဲ့ ပြီးခဲ့တဲ့အပတ်က ၎င်းတို့ကို ချန်လှပ်ပြီး ရွေးချယ်ခြင်းခံခဲ့ရတဲ့ ကစားသမားတွေအပေါ်မှာ သိသာထင်ရှားတဲ့ အဆင့်မြှင့်တင်မှုအဖြစ် မြင်တွေ့ရဖို့ကတော့ ခက်ခဲပါတယ်။ နယူးကာဆယ်လ်အနေနဲ့ အပြောင်းအရွှေ့စျေးကွက်မှာ ဘီလီယံများစွာ စတင်ရင်းနှီးမမြှုပ်နှံမီမှာ နည်းပြသစ် ဖြစ်လာမယ့်သူအတွက် ပိုမိုလွယ်ကူတဲ့အခြေအနေဖြစ်လာစေဖို့အတွက် ရနိုင်သမျှ ရမှတ်တွေကို ကုတ်ကပ်ရယူသွားဖို့ လိုအပ်နေတဲ့ အခြေအနေမှာ ရောက်ရှိနေတာဖြစ်ပါတယ်။

၆။ ဆောက်သမ်တန်ရဲ့ပွဲထွက်လူစာရင်းထဲမှာ ဝါ့ဒ်-ပရောက်စ် ပြန်ပါလာမှာလား

ဝ့ါဒ်-ပရောက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဆောက်သမ်တန်အတွက် ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းမှာ အချိန်ပြည့်ပါဝင်ကစားပေးခဲ့ပေမယ့် ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ထုတ်ပယ်ခံခဲ့ရပြီး နောက်ပိုင်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပြီးခဲ့တဲ့ လိဂ်ပွဲ ၃ ပွဲနဲ့ ကာရာဘောင်ဖလားပွဲစဉ်တို့ကို လွဲချော်ခဲ့ရပါတယ်။ ဝ့ါဒ်-ပရောက်စ် မပါဝင်နိုင်ခင်မှာ အီဘရာဟီမာ ဂျယ်လိုက ဆောက်သမ်တန်အတွက် လိဒ်စ်နဲ့ပွဲမှာ အနိုင်၊ ဘန်လေနဲ့ပွဲစဉ်မှာ သရေရလဒ် ရရှိအောင် အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။ ဝ့ါဒ်-ပရောက်စ်အနေနဲ့ ပွဲပယ်ပြစ်ဒဏ်ပြည့်သွားပြီးနောက် ပွဲထွက်လူစာရင်းအတွက် ရွေးချယ်နိုင်တဲ့အခြေအနေရှိနေချိန်မှာ ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းထဲကို ပြန်လည်ပါဝင်လာနိုင်ဖို့က ၎င်းရဲ့ ပွဲပယ်ပြစ်ဒဏ်မတိုင်မီကတည်းက အများစုခန့်မှန်းခဲ့ကြသလို မလွယ်ကူနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

၇။ ဘရန်ဖို့ဒ်အတွက် လက်စွမ်းပြသခွင့်ရမယ့် ဖာနန်ဒက်ဇ်

ဘရန်ဖို့ဒ်အသင်းရဲ့ လက်စတာစီးတီးကို ရှုံးနိမ့်မှုက သာမန် ရှုံးပွဲတစ်ပွဲထက် ပိုပြီး ပေးဆပ်ခဲ့ရပါတယ်။ ဘရန့်ဖို့ဒ်ရဲ့ပွဲထွက်ဂိုးသမားဖြစ်တဲ့ ဒေးဗစ် ရာယာဟာ ဒူးဒဏ်ရာကြောင့် အနည်းဆုံး ၄ လလောက်အထိ လွဲချော်တော့မှာဖြစ်ပြီး သောမတ်စ် ဖရန့်ခ်အတွက် ခံစစ်ပိုင်းရော ဘောလုံးပိုင်ဆိုင်မှုမှာပါ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။ ရာယာဟာ ထူးခြားတဲ့ဂိုးသမားတစ်ဦးဖြစ်ပြီး ၎င်းရဲ့ အိုင်ဗန် တိုနီဆီနဲ့ အသင်းဖော်တွေဆီကို အဝေးဘော ဖြန့်ဝေပေးနိုင်မှုက ဘရန့်ဖို့ဒ်ရဲ့ ကစားဟန်မှာ ထင်ရှားတဲ့အချက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ တစ်ဖက် ၃ ဂိုးစီ သရေကျပြီးနောက် ကလော့ပ်က ရာယာဟာ ကျောနံပါတ် ၁၀ ဝတ်ကစားရမှာလို့တောင် ဟာသလုပ်ခဲ့ပြီး အဲဒီလောက်အထိ ဘောလုံးပေးပို့ရာမှာ အရည်အသွေးရှိတဲ့ဂိုးသမားဖြစ်ပါတယ်။ ရာယာရဲ့နေရာမှာ အစားထိုးခြင်းခံခဲ့ရသူက အယ်လ်ဗာရို ဖာနန်ဒက်ဇ်ဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ ဟူးစ်ကားအသင်းကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ဖာနန်ဒက်ဇ်အနေနဲ့ ယနေ့ညနေ ဘန်လေအသင်းရဲ့ အိမ်ကွင်းမှာ လက်စွမ်းပြသသွားဖို့အတွက် အဆင်သင့်ဖြစ်နေရတော့မှာဖြစ်ပါတယ်။

၈။ လိဒ်စ်ရဲ့ စိတ်ပိုင်းဆိုင်ရာကို နောက်ထပ်မြှင့်တင်မှုဖြစ်နိုင်တဲ့ နောဝစ်ချ်

သင့်အနေနဲ့ လိဒ်စ်ရဲ့ စိတ်ပိုင်းဆိုင်ရာရော ခွန်အားကိုပါ သံသယရှိလို့ မရနိုင်ပါဘူး။ လိဒ်စ်အသင်းဟာ ပြီးခဲ့တဲ့အပတ်မှာ ရာဖင်ညာကို ဒဏ်ရာကြောင့် ကာလရှည်အနားယူရမယ့်စာရင်းထဲ ထည့်ခဲ့ပြီးနောက် အသင်းရဲ့စွမ်းဆောင်ရည်ကျဆင်းသွားနိုင်ပေမယ့်လည်း အဲဒီလိုဖြစ်မယ့်အစား ရေကုန်ရေခမ်းကစားပြီး ဝုဗ်ကို ခံစားရအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီပွဲစဉ်ကနေ ခွန်အားယူနိုင်ပြီး အာဆင်နယ်နဲ့ကစားခဲ့တဲ့ ကာရာဘောင်ပွဲစဉ်မှာ ကယ်လ်ဗင် ဖိလစ်သာ ပွဲထွက်လူစာရင်းထဲမှာ ပြန်လည်ပါဝင်လာနိုင်ခဲ့တဲ့အတွက် ရလဒ်ကောင်းမရရှိခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ရာဖင်ညာသာ တနင်္ဂနွေနေ့မှာ ပြန်လည်ပါဝင်လာနိုင်မယ်ဆိုရင် လိဒ်စ်ဟာ နောဝစ်ချ်နဲ့ပွဲမှာ နိုင်ပွဲ ပြန်လည်ရယူနိုင်ဖို့ ယုံကြည်ချက်ရှိလာမှာဖြစ်ပါတယ်။

၉။ ဗီလာကို ပြဿနာပေးနိုင်တဲ့ ပုံမှန်ခြေစွမ်းရနေတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းသာ ၎င်းတို့ရဲ့ အကောင်းဆုံးပုံစံမှာရှိနေတယ်ဆိုရင် ပြိုင်ဘက်အသင်းကို ပါးပါးလှီးနိုင်ခဲ့တယ်ဆိုတာ အချိန်တိုင်း မြင်တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ဝက်စ်ဟမ်း တွေ့ရှိခဲ့တဲ့ နည်းလမ်းက စပါး၊ အဲဗာတန်၊ ဂျန့်ခ်တို့နဲ့ပွဲစဉ်တုန်းက အနိုင်ရရှိစေခဲ့တဲ့ တည်ကန်ဘောဖြစ်ပါတယ်။ ဝက်စ်ဟမ်းဟာ မန်ချက်စတာစီးတီးကို ကာရာဘောင်ဖလားပြိုင်ပွဲမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့ပြီး လိဂ်နိုင်ပွဲ ၂ ပွဲစလုံးကလည်း ထိုက်တန်ခဲ့ပါတယ်။ အလွတ်တည်ကန်ဘောနဲ့ ထောင့်ကန်ဘောတွေကနေ ဂိုးသွင်းတာက ပြဿနာမဟုတ်ပေမယ့်လည်း ဝက်စ်ဟမ်းအနေနဲ့ ကစားကွက်ကနေ ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးတွေ ဖန်တီးတာကို ပိုမိုကောင်းမွန်အောင် လုပ်သင့်ပါတယ်။ အက်စ်တန် ဗီလာဟာ စက်တင်ဘာလလယ်ကတည်းက နိုင်ပွဲမရခဲ့တဲ့အသင်းဖြစ်ပြီး အထူးသဖြင့် ပြီးခဲ့တဲ့သောကြာနေ့က အာဆင်နယ်နဲ့ပွဲမှာ ဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့တာက ဝက်စ်ဟမ်းအတွက် နိုင်ပွဲရရှိဖို့ အခြေအနေကောင်းဖြစ်လာမှာဖြစ်ပါတယ်။

၁၀။ စွမ်းဆောင်ရည်ထက် ရလဒ်ပိုကောင်းနေတဲ့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်

ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်ဟာ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ပုံစံကောင်းမှာ ရှိနေတယ်ဆိုပေမယ့်လည်း စောင့်ကြည့်သူတွေရဲ့ အမြင်မှာတော့ အဲဒီပွဲစဉ်တွေမှာ ကောင်းကောင်းမကစားနိုင်ခဲ့တာဖြစ်ပြီး စွမ်းဆောင်ရည်အများစုက ဆိုးရွားနေခဲ့တာကြောင့် ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အတွက် ရှုံးပွဲတွေရင်ဆိုင်ခဲ့ရတဲ့ ပထမဆုံးလိဂ် ၃ ပွဲကို ပြန်မြင်နေရသလိုဖြစ်ခဲ့ပါတယ်။ အဲဒီတော့ ဘရူနို လေ့ဂျ်ရဲ့ အဲဗာတန်အသင်းနဲ့ပွဲစဉ်က တာဝန်ဟာ ရာသီအစောပိုင်းတုန်းက တိုက်စစ်အင်အားမျိုး ပြန်ရအောင်လုပ်ရင်း ရမှတ်တွေ ဆက်လက်ရယူနေဖို့ ဖြစ်ပါတယ်။ ရာဖေးလ် ဘင်နီတက်ဇ်အတွက် စိန်ခေါ်မှုကတော့ ပြီးခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ပွဲစဉ်က ၅-၂ နဲ့ အရှက်ရဖွယ် အိမ်ကွင်းရှုံးပွဲပြီးနောက် စွမ်းဆောင်ရည်ကောင်း ပြန်လည်ပြသဖို့ စီစဉ်ရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယေန႔ညေနမွာ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၀ ကို စတင္ယွဥ္ၿပိဳင္သြားၾကေတာ့မွာျဖစ္ၿပီး အဖြင့္ပြဲစဥ္အျဖစ္ လက္စတာစီးတီးက အာဆင္နယ္ကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။ ယခုအပတ္ ယွဥ္ၿပိဳင္ကစားသြားမယ့္ပြဲစဥ္ေတြထဲမွာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ ပြဲဟာ လက္လႊတ္မခံသင့္တဲ့ ပြဲႀကီးပြဲေကာင္းတစ္ပြဲျဖစ္ၿပီး မျဖစ္မေန ေစာင့္ၾကည့္ရမယ့္ပြဲစဥ္ ၁၀ က ဘယ္ပြဲစဥ္ေတြ ျဖစ္မလဲ…

၁။ အဆင့္ ၅ အတြက္ တိုက္ပြဲဝင္ၾကမယ့္ လက္စတာနဲ႔ အာဆင္နယ္

မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဘရန္ဖို႔ဒ္တို႔ကို ၂ ပြဲဆက္ အႏိုင္ယူခဲ့တဲ့ လက္စတာကေတာ့ ေျခစြမ္းပိုင္း တိုးတက္လာခဲ့တဲ့ အာဆင္နယ္အတြက္ ခက္ခဲတဲ့ စမ္းသပ္မႈျဖစ္လာေတာ့မွာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ အက္စ္တြန္ဗီလာကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပရီးမီးယားလိဂ္ႏိုင္ပြဲေၾကာင့္ အလြန္အမင္း ခ်ီးက်ဴးခံခဲ့ရတာျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး စေနေန႔ အေစာပိုင္းမွာ ကစားၾကမယ့္ ၂ သင္းစလုံးဟာ ရမွတ္ ၁၄ မွတ္ခ်င္း တူညီေနၾကတာျဖစ္ပါတယ္။

ဒီ ၂ သင္းထဲက အႏိုင္ရတဲ့အသင္းကေတာ့ အဆင့္ ၅ ေနရာမွာ အနည္းဆုံး နာရီအနည္းငယ္ေလာက္ ရပ္တည္ႏိုင္မွာျဖစ္ၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ ၁၀ ပြဲေျမာက္ျဖစ္လာတဲ့အခ်ိန္မွာ ဘယ္သူက ငါးလဲ၊ ဖလားလဲဆိုတာ ႐ုပ္လုံးေပၚလာၿပီျဖစ္ပါတယ္။ အနည္းဆုံးေတာ့ အာဆင္နယ္ဟာ ယခုရာသီအစမွာ ၃ ပြဲဆက္တိုက္ အရႈံးနဲ႔စတင္ခဲ့ရတဲ့ အသင္းေတာ့ မဟုတ္ေတာ့တာေသခ်ာပါတယ္။

၂။ မက္ဂြိဳင္းယား မသုံးဘဲ လင္ဒီေလာ့ဖ္နဲ႔ ဗာရိန္းကို ပြဲထြက္ခြင့္ေပးကို ေပးရမယ့္ ယူႏိုက္တက္

ခါးသီးၿပိဳင္ဘက္ရဲ႕ ၅-၀ နဲ႔ အျပတ္အသတ္အႏိုင္ယူျခင္းကို အိမ္ကြင္းမွာ ခံစားခဲ့ရတဲ့ ယူႏိုက္တက္အတြက္ သန္းေခါင္ထက္ ညဥ့္နက္ေတာ့မွာမဟုတ္ပါဘူး။ အက်ိဳးဆက္အေနနဲ႔ နည္းျပ ဆိုးလ္ရွားက ခိုင္မာၿပီး သိသာထင္ရွားတဲ့ ဆုံးျဖတ္ခ်က္အခ်ိဳ႕ကို ျပဳလုပ္ေကာင္း ျပဳလုပ္သြားႏိုင္ၿပီး အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားရဲ႕ ၿပီးခဲ့တဲ့ ပြဲစဥ္ ၂ ပြဲက ဆိုး႐ြားလြန္းတဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ဗဟိုခံစစ္ေနရာမွာ ၎မဟုတ္ဘဲ လင္ဒီေလာ့ဖ္နဲ႔ ဗာရိန္းအတြဲကို အသုံးျပဳရေတာ့မွာျဖစ္ပါတယ္။

လုခ္ေရွာေနရာမွာလည္း အဲလက္စ္ တဲလက္စ္နဲ႔ အစားထိုးရမွာျဖစ္သလို ဗန္ဒီဘိခ္ကလည္း ဆန္ခ်ိဳနဲ႔အလားတူ ၁ ပြဲေလာက္ေတာ့ ပြဲထြက္ခြင့္ ရသင့္ေနၿပီျဖစ္ပါတယ္။ ဒါေပမယ့္ အသိသာအထင္ရွားဆုံး အေျပာင္းအလဲအေနနဲ႔ ဆိုးလ္ရွားလုပ္ရမွာက ကစားကြက္ျဖစ္ၿပီး ၄-၃-၃ ေရာ ၄-၂-၃-၁ ပါ အလုပ္ျဖစ္ခဲ့တဲ့အတြက္ ေတာင္ပံကစားသမားေတြဟာ တိုက္စစ္ဆင္သလို ခံစစ္ကိုလည္း ကာကြယ္ႏိုင္မယ့္ ၄-၁-၄-၁ ကစားကြက္ကို သုံးမယ္ဆိုရင္ အသင္းရဲ႕ ဟန္ခ်က္ညီမႈကို ကူညီေပးႏိုင္မွာျဖစ္ပါတယ္။

၃။ ဆာလာရဲ႕ ၿခိမ္းေျခာက္မႈကို ဘ႐ိုက္တန္ ရပ္တန႔္ႏိုင္မွာလား

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက အန္းဖီးမွာ ဘ႐ိုက္တန္အသင္းက ထိုက္ထိုက္တန္တန္ အႏိုင္ရရွိခဲ့တဲ့အခ်ိန္မွာ လီဗာပူးလ္ခံစစ္မွာ နတ္ ဖိလစ္နဲ႔ ေဂ်ာ္ဒန္ ဟန္ဒါဆန္တို႔ ရွိေနခဲ့တာျဖစ္ၿပီး ဂိုးေနရာမွာလည္း အယ္လစ္ဆန္မရွိေနခဲ့သလို ပြဲၾကည့္စင္မွာလည္း ပရိသတ္ေတြ မရွိခဲ့ပါဘူး။ နည္းျပ ကေလာ့ပ္ရဲ႕ေျပာၾကားခ်က္အရဆို လီဗာပူးလ္အသင္းဟာ စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာပါ ပင္ပန္းႏြမ္းနယ္ေနခဲ့ၾကၿပီး ယေန႔ အန္းဖီးမွာ ေတြ႕ဆုံမႈကေတာ့ ဧည့္သည္ဘ႐ိုက္တန္အတြက္ ေတာ္ေတာ္ေလးကြာျခားတဲ့အေနအထားျဖစ္လာမွာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ ရပ္တန႔္လို႔မရႏိုင္တဲ့ အေကာင္းဆုံးပုံစံမွာရွိေနၿပီး လက္ရွိအခ်ိန္ ထိပ္တန္းေျခစြမ္းမွာရွိေနတဲ့ ဆာလားကို ဂေရဟမ္ ေပၚတာရဲ႕အသင္းက တားဆီးဖို႔ မလြယ္ပါဘူး။ အေျဖကေတာ့ ဘ႐ိုက္တန္လူစာရင္းထဲက အေျပာင္းအလဲအေပၚမွာ မူတည္ေကာင္း မူတည္ႏိုင္ၿပီး ၿပီးခဲ့တဲ့အပတ္မွာ ၁၀ လေလာက္ ဒဏ္ရာေၾကာင့္ နားေနခဲ့ရတဲ့ လန႔္ပ္ေတး လူစားဝင္ကစားေပးခဲ့ပါတယ္။ တကယ္လို႔ အသက္ ၂၁ ႏွစ္အ႐ြယ္ကစားသမားအေနနဲ႔ အန္းဖီးမွာ ပြဲထြက္ပါဝင္ဖို႔ ႀကံ့ခိုင္မႈလုံလုံေလာက္ေလာက္ရွိရင္ေတာ့ ဆာလားကို အခက္ေတြ႕ေအာင္ လုပ္ႏိုင္ဖြယ္ရွိပါတယ္။

၄။ ခ်န္ပီယံနဲ႔ ယွဥ္ၿပိဳင္ရမယ့္ပြဲမွာ ပါရမီေတြ ထုတ္ျပခြင့္ ရႏိုင္မယ့္ ဂယ္ေလဂါ

ေကာ္နာ ဂယ္ေလဂါအေနနဲ႔ လာမယ့္ရာသီ ခ်ဲလ္ဆီးရဲ႕ ပုံမွန္ပြဲထြက္ခြင့္ရကစားသမားအျဖစ္ ျမင္ေယာင္ၾကည့္ဖို႔ကေတာ့ မခက္ပါဘူး။ အသက္ ၂၁ ႏွစ္အ႐ြယ္ အငွားကစားသမားဟာ ခရစၥတယ္ ပဲေလ့စ္ရဲ႕ယခုရာသီ အေကာင္းဆုံးကစားသမားျဖစ္ေနခဲ့တယ္ဆိုတာ ျငင္းစရာမရွိဘဲ ၎ရဲ႕ အားကစားသမားပီသမႈ၊ ထက္ျမက္မႈနဲ႔ ေဂ်ာ္ဂ်င္ညိဳ၊ ေမဆန္ ေမာင့္တို႔နဲ႔ ကြင္းလယ္မွာ အတူတူ ကစားႏိုင္ေလာက္တဲ့ ၾကမ္းၾကမ္းတမ္းတမ္းပုံစံကို ျမင္ေယာင္ၾကည့္ႏိုင္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အဲဒါက အိပ္မက္တစ္ခုျဖစ္ေနၿပီး ယခုရာသီမွာ ဒီေျခစြမ္းအတိုင္းသာ ရာသီၿပီးဆုံးတဲ့အထိ ဆက္သြားႏိုင္မယ္ဆိုရင္ လာမယ့္ရာသီ တူဟယ္ရဲ႕အစီအစဥ္ထဲမွာ ပါဝင္လာဖို႔ ျဖစ္ႏိုင္ေျခရွိပါတယ္။ ဂယ္ေလဂါဟာ အာဆင္နယ္နဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ အလြန္ထူးျခားခဲ့ၿပီး နည္းျပ ပက္ထရစ္ ဗီအဲရာအေနနဲ႔ အာဆင္နယ္နဲ႔တုန္းက ေျခစြမ္းမ်ိဳး ျပသႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။

၅။ နည္းျပသစ္အတြက္ ကစားရမယ့္ နယူးကာဆယ္လ္

ပရီးမီးယားလိဂ္ႏိုင္ပြဲမရေသးတဲ့ နယူးကာဆယ္အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးက ခ်ဲလ္ဆီးနဲ႔ပြဲမွာ အေျခအေနေတြကို ျပင္ဆင္ႏိုင္ဖို႔ ေကာင္းေကာင္း လုပ္သြားမွာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ အဓိကတိုက္စစ္မႉးေတြျဖစ္တဲ့ လူကာကူးနဲ႔ တီမို ဗာနာတို႔ ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ေပမယ့္ နယူးကာဆယ္လ္ကို ေခ်မႈန္းပစ္ႏိုင္တဲ့ အင္အားေတာ့ ရွိေနဆဲျဖစ္ပါတယ္။ နယူးကာဆယ္လ္ရဲ႕ ယာယီနည္းျပ ဂေရမီ ဂ်ဳံးစ္ဟာ ပထမဆုံးကိုင္တြယ္တဲ့ပြဲစဥ္မွာ နာမည္ႀကီးကစားသမားအမ်ားအျပားကို အရန္ခုံပို႔ခဲ့ၿပီး ေဖဘီယံ ရွား၊ အယ္လ္မီ႐ြန္၊ ဂ်ိဳး ဝီလ္ေလာ့ခ္၊ ဂ်မဲလ္ လူးဝစၥတို႔အေနနဲ႔ ၿပီးခဲ့တဲ့အပတ္က ၎တို႔ကို ခ်န္လွပ္ၿပီး ေ႐ြးခ်ယ္ျခင္းခံခဲ့ရတဲ့ ကစားသမားေတြအေပၚမွာ သိသာထင္ရွားတဲ့ အဆင့္ျမႇင့္တင္မႈအျဖစ္ ျမင္ေတြ႕ရဖို႔ကေတာ့ ခက္ခဲပါတယ္။ နယူးကာဆယ္လ္အေနနဲ႔ အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ဘီလီယံမ်ားစြာ စတင္ရင္းႏွီးမျမႇဳပ္ႏွံမီမွာ နည္းျပသစ္ ျဖစ္လာမယ့္သူအတြက္ ပိုမိုလြယ္ကူတဲ့အေျခအေနျဖစ္လာေစဖို႔အတြက္ ရႏိုင္သမွ် ရမွတ္ေတြကို ကုတ္ကပ္ရယူသြားဖို႔ လိုအပ္ေနတဲ့ အေျခအေနမွာ ေရာက္ရွိေနတာျဖစ္ပါတယ္။

၆။ ေဆာက္သမ္တန္ရဲ႕ပြဲထြက္လူစာရင္းထဲမွာ ဝါ့ဒ္-ပေရာက္စ္ ျပန္ပါလာမွာလား

ဝ့ါဒ္-ပေရာက္စ္ဟာ ၿပီးခဲ့တဲ့ရာသီက ေဆာက္သမ္တန္အတြက္ ပရီးမီးယားလိဂ္ပြဲစဥ္တိုင္းမွာ အခ်ိန္ျပည့္ပါဝင္ကစားေပးခဲ့ေပမယ့္ ခ်ဲလ္ဆီးနဲ႔ပြဲစဥ္မွာ ထုတ္ပယ္ခံခဲ့ရၿပီး ေနာက္ပိုင္း ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ၿပီးခဲ့တဲ့ လိဂ္ပြဲ ၃ ပြဲနဲ႔ ကာရာေဘာင္ဖလားပြဲစဥ္တို႔ကို လြဲေခ်ာ္ခဲ့ရပါတယ္။ ဝ့ါဒ္-ပေရာက္စ္ မပါဝင္ႏိုင္ခင္မွာ အီဘရာဟီမာ ဂ်ယ္လိုက ေဆာက္သမ္တန္အတြက္ လိဒ္စ္နဲ႔ပြဲမွာ အႏိုင္၊ ဘန္ေလနဲ႔ပြဲစဥ္မွာ သေရရလဒ္ ရရွိေအာင္ အထင္ႀကီးဖြယ္ ေျခစြမ္းျပသခဲ့တာျဖစ္ပါတယ္။ ဝ့ါဒ္-ပေရာက္စ္အေနနဲ႔ ပြဲပယ္ျပစ္ဒဏ္ျပည့္သြားၿပီးေနာက္ ပြဲထြက္လူစာရင္းအတြက္ ေ႐ြးခ်ယ္ႏိုင္တဲ့အေျခအေနရွိေနခ်ိန္မွာ ဝက္ဖို႔ဒ္နဲ႔ပြဲစဥ္မွာ ပြဲထြက္လူစာရင္းထဲကို ျပန္လည္ပါဝင္လာႏိုင္ဖို႔က ၎ရဲ႕ ပြဲပယ္ျပစ္ဒဏ္မတိုင္မီကတည္းက အမ်ားစုခန႔္မွန္းခဲ့ၾကသလို မလြယ္ကူႏိုင္တာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

၇။ ဘရန္ဖို႔ဒ္အတြက္ လက္စြမ္းျပသခြင့္ရမယ့္ ဖာနန္ဒက္ဇ္

ဘရန္ဖို႔ဒ္အသင္းရဲ႕ လက္စတာစီးတီးကို ရႈံးနိမ့္မႈက သာမန္ ရႈံးပြဲတစ္ပြဲထက္ ပိုၿပီး ေပးဆပ္ခဲ့ရပါတယ္။ ဘရန႔္ဖို႔ဒ္ရဲ႕ပြဲထြက္ဂိုးသမားျဖစ္တဲ့ ေဒးဗစ္ ရာယာဟာ ဒူးဒဏ္ရာေၾကာင့္ အနည္းဆုံး ၄ လေလာက္အထိ လြဲေခ်ာ္ေတာ့မွာျဖစ္ၿပီး ေသာမတ္စ္ ဖရန႔္ခ္အတြက္ ခံစစ္ပိုင္းေရာ ေဘာလုံးပိုင္ဆိုင္မႈမွာပါ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္လာခဲ့ပါတယ္။ ရာယာဟာ ထူးျခားတဲ့ဂိုးသမားတစ္ဦးျဖစ္ၿပီး ၎ရဲ႕ အိုင္ဗန္ တိုနီဆီနဲ႔ အသင္းေဖာ္ေတြဆီကို အေဝးေဘာ ျဖန႔္ေဝေပးႏိုင္မႈက ဘရန႔္ဖို႔ဒ္ရဲ႕ ကစားဟန္မွာ ထင္ရွားတဲ့အခ်က္ျဖစ္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္နဲ႔ တစ္ဖက္ ၃ ဂိုးစီ သေရက်ၿပီးေနာက္ ကေလာ့ပ္က ရာယာဟာ ေက်ာနံပါတ္ ၁၀ ဝတ္ကစားရမွာလို႔ေတာင္ ဟာသလုပ္ခဲ့ၿပီး အဲဒီေလာက္အထိ ေဘာလုံးေပးပို႔ရာမွာ အရည္အေသြးရွိတဲ့ဂိုးသမားျဖစ္ပါတယ္။ ရာယာရဲ႕ေနရာမွာ အစားထိုးျခင္းခံခဲ့ရသူက အယ္လ္ဗာ႐ို ဖာနန္ဒက္ဇ္ျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ ဟူးစ္ကားအသင္းကေန အငွားနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။ ဖာနန္ဒက္ဇ္အေနနဲ႔ ယေန႔ညေန ဘန္ေလအသင္းရဲ႕ အိမ္ကြင္းမွာ လက္စြမ္းျပသသြားဖို႔အတြက္ အဆင္သင့္ျဖစ္ေနရေတာ့မွာျဖစ္ပါတယ္။

၈။ လိဒ္စ္ရဲ႕ စိတ္ပိုင္းဆိုင္ရာကို ေနာက္ထပ္ျမႇင့္တင္မႈျဖစ္ႏိုင္တဲ့ ေနာဝစ္ခ်္

သင့္အေနနဲ႔ လိဒ္စ္ရဲ႕ စိတ္ပိုင္းဆိုင္ရာေရာ ခြန္အားကိုပါ သံသယရွိလို႔ မရႏိုင္ပါဘူး။ လိဒ္စ္အသင္းဟာ ၿပီးခဲ့တဲ့အပတ္မွာ ရာဖင္ညာကို ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူရမယ့္စာရင္းထဲ ထည့္ခဲ့ၿပီးေနာက္ အသင္းရဲ႕စြမ္းေဆာင္ရည္က်ဆင္းသြားႏိုင္ေပမယ့္လည္း အဲဒီလိုျဖစ္မယ့္အစား ေရကုန္ေရခမ္းကစားၿပီး ဝုဗ္ကို ခံစားရေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ အဲဒီပြဲစဥ္ကေန ခြန္အားယူႏိုင္ၿပီး အာဆင္နယ္နဲ႔ကစားခဲ့တဲ့ ကာရာေဘာင္ပြဲစဥ္မွာ ကယ္လ္ဗင္ ဖိလစ္သာ ပြဲထြက္လူစာရင္းထဲမွာ ျပန္လည္ပါဝင္လာႏိုင္ခဲ့တဲ့အတြက္ ရလဒ္ေကာင္းမရရွိခဲ့တာျဖစ္ပါတယ္။ တကယ္လို႔ ရာဖင္ညာသာ တနဂၤေႏြေန႔မွာ ျပန္လည္ပါဝင္လာႏိုင္မယ္ဆိုရင္ လိဒ္စ္ဟာ ေနာဝစ္ခ်္နဲ႔ပြဲမွာ ႏိုင္ပြဲ ျပန္လည္ရယူႏိုင္ဖို႔ ယုံၾကည္ခ်က္ရွိလာမွာျဖစ္ပါတယ္။

၉။ ဗီလာကို ျပႆနာေပးႏိုင္တဲ့ ပုံမွန္ေျခစြမ္းရေနတဲ့ ဝက္စ္ဟမ္း

ဝက္စ္ဟမ္းသာ ၎တို႔ရဲ႕ အေကာင္းဆုံးပုံစံမွာရွိေနတယ္ဆိုရင္ ၿပိဳင္ဘက္အသင္းကို ပါးပါးလွီးႏိုင္ခဲ့တယ္ဆိုတာ အခ်ိန္တိုင္း ျမင္ေတြ႕ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြမွာ ဝက္စ္ဟမ္း ေတြ႕ရွိခဲ့တဲ့ နည္းလမ္းက စပါး၊ အဲဗာတန္၊ ဂ်န႔္ခ္တို႔နဲ႔ပြဲစဥ္တုန္းက အႏိုင္ရရွိေစခဲ့တဲ့ တည္ကန္ေဘာျဖစ္ပါတယ္။ ဝက္စ္ဟမ္းဟာ မန္ခ်က္စတာစီးတီးကို ကာရာေဘာင္ဖလားၿပိဳင္ပြဲမွာ ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ယူခဲ့ၿပီး လိဂ္ႏိုင္ပြဲ ၂ ပြဲစလုံးကလည္း ထိုက္တန္ခဲ့ပါတယ္။ အလြတ္တည္ကန္ေဘာနဲ႔ ေထာင့္ကန္ေဘာေတြကေန ဂိုးသြင္းတာက ျပႆနာမဟုတ္ေပမယ့္လည္း ဝက္စ္ဟမ္းအေနနဲ႔ ကစားကြက္ကေန ဂိုးသြင္းယူႏိုင္မယ့္ အခြင့္အေရးေတြ ဖန္တီးတာကို ပိုမိုေကာင္းမြန္ေအာင္ လုပ္သင့္ပါတယ္။ အက္စ္တန္ ဗီလာဟာ စက္တင္ဘာလလယ္ကတည္းက ႏိုင္ပြဲမရခဲ့တဲ့အသင္းျဖစ္ၿပီး အထူးသျဖင့္ ၿပီးခဲ့တဲ့ေသာၾကာေန႔က အာဆင္နယ္နဲ႔ပြဲမွာ ဆိုးဆိုး႐ြား႐ြားရႈံးနိမ့္ခဲ့တာက ဝက္စ္ဟမ္းအတြက္ ႏိုင္ပြဲရရွိဖို႔ အေျခအေနေကာင္းျဖစ္လာမွာျဖစ္ပါတယ္။

၁၀။ စြမ္းေဆာင္ရည္ထက္ ရလဒ္ပိုေကာင္းေနတဲ့ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္

ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္ဟာ ေနာက္ဆုံး ၄ ပြဲမွာ ၃ ပြဲႏိုင္ ၁ ပြဲသေရနဲ႔ ပုံစံေကာင္းမွာ ရွိေနတယ္ဆိုေပမယ့္လည္း ေစာင့္ၾကည့္သူေတြရဲ႕ အျမင္မွာေတာ့ အဲဒီပြဲစဥ္ေတြမွာ ေကာင္းေကာင္းမကစားႏိုင္ခဲ့တာျဖစ္ၿပီး စြမ္းေဆာင္ရည္အမ်ားစုက ဆိုး႐ြားေနခဲ့တာေၾကာင့္ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အတြက္ ရႈံးပြဲေတြရင္ဆိုင္ခဲ့ရတဲ့ ပထမဆုံးလိဂ္ ၃ ပြဲကို ျပန္ျမင္ေနရသလိုျဖစ္ခဲ့ပါတယ္။ အဲဒီေတာ့ ဘ႐ူႏို ေလ့ဂ်္ရဲ႕ အဲဗာတန္အသင္းနဲ႔ပြဲစဥ္က တာဝန္ဟာ ရာသီအေစာပိုင္းတုန္းက တိုက္စစ္အင္အားမ်ိဳး ျပန္ရေအာင္လုပ္ရင္း ရမွတ္ေတြ ဆက္လက္ရယူေနဖို႔ ျဖစ္ပါတယ္။ ရာေဖးလ္ ဘင္နီတက္ဇ္အတြက္ စိန္ေခၚမႈကေတာ့ ၿပီးခဲ့တဲ့ ဝက္ဖို႔ဒ္နဲ႔ပြဲစဥ္က ၅-၂ နဲ႔ အရွက္ရဖြယ္ အိမ္ကြင္းရႈံးပြဲၿပီးေနာက္ စြမ္းေဆာင္ရည္ေကာင္း ျပန္လည္ျပသဖို႔ စီစဥ္ရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.