Premier League

ရော်နယ်လ်ဒိုနဲ့သင့်တော်မယ့် ကစားကွက်ကို ပုံဖော်ဖို့ ဆိုးလ်ရှားကို တိုက်တွန်းခဲ့တဲ့ ဒီနေး

ကျွန်တော့်ရဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်ပြီး အကြီးမားဆုံးစိတ်ပျက်မှုက လူတွေက ‘ကောင်းပြီ။ သူတို့မှာ ဒီလိုမျိုး စူပါစတားတွေ ရှိနေတယ်’လို့ ပြောနေကြပေမယ့် ခင်ဗျားမှာ အသင်းအဖွဲ့တစ်ခုရှိဖို့ လိုအပ်နေသေးတာပဲ။ မန်ချက်စတာစီးတီးနဲ့ ပီအက်စ်ဂျီအသင်းတို့လိုမျိုးပဲ သူတို့မှာ ကြီးမားတဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ကစားသမားတွေ ရှိကြပါတယ်။

ကျွန်တော့်အတွက် ကွာခြားမှုက အဲဒီကစားသမားတွေ ရွေ့လျားစေတဲ့ ပုံစံနဲ့ စုဖွဲ့တဲ့ ပုံစံပါပဲ။ အားလုံးက ကြီးမားတဲ့ ဝိသေသ၊ ကြီးမားတဲ့ ကစားသမားနဲ့ ကြီးမားတဲ့ ငွေကြေးရှိကြတယ်။ မန်ချက်စတာယူနိုက်တက်က အချို့ကစားသမားတွေက မန်စီးတီးနဲ့ ချဲလ်ဆီးက ကစားသမားတွေထက်တောင် လစာပိုမိုများပြားပါတယ်။

အဲဒီလိုဆို ဘာကြောင့် သူတို့က ပိုပြီး အောင်မြင်နေသေးတာလဲ။ တည်ဆောက်ပုံတစ်ခုလုံးရဲ့ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး လုပ်ဖို့ လိုနေတာဖြစ်ပြီး အပေါ်ဆုံးကနေ အောက်ဆုံးအထိ လုပ်ရမှာပါ။ အဲဒီထဲမှာ နည်းပြ ဆိုးလ်ရှားက အဆိုးရွားဆုံးအပိုင်းဖြစ်ပြီး လီဗာပူးလ်က သူတို့ကို တစ်စစီ လုပ်သွားတာကို ကျွန်တော် အံ့သြတုန်လှုပ်ခဲ့မိပါတယ်။

ခင်ဗျားက သူတို့အတွက် မန်စီးတီး၊ ချဲလ်ဆီး၊ လီဗာပူးလ်တို့နဲ့ တူညီတဲ့အဆင့်အတန်းမှာ ရှိနေလားဆိုတာကို ပြသဖို့အတွက် ဒီရာသီရဲ့ ပထမဆုံးစိန်ခေါ်မှုအဖြစ် ကစားခဲ့တာလို့ ပြောရမှာပါ။ သူတို့တွေက လုံးဝကို မမီပါဘူး။ ခင်ဗျား ထိုင်ကြည်ပြီး ‘ဒီဟာက သူတို့ ၂ သင်းကြားက အရမ်းကြီးမားတဲ့ ကွာခြားမှုပဲ’လို့ တွေးနေမှာပါ။

ရှုံးပွဲအပြီးမှာ ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးလည်း ယူနိုက်တက်နဲ့ပတ်သက်ရင် အမြဲတမ်း ပြင်းထန်လွန်းခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ရှုံးနိမ့်ခဲ့တဲ့အခါတိုင်းမှာ အဲဒါက ‘အိုလေက အသုံးမကျလို့ပဲ’။ သူတို့တွေ နိုင်ပွဲတွေ ပြန်ရလာတဲ့အခါကျရင် သူတို့တွေက ချက်ချင်းကြီးကို အရမ်းကောင်းတဲ့ပုံစံမျိုး ဖြစ်သွားပြန်ရော။ အဲဒါက အရမ်းသေးငယ်တဲ့ ကွာခြားမှုပဲ။

ပရိသတ်တွေရဲ့ စိတ်ပျက်မှုက သူတို့ရဲ့အကောင်းဆုံးပွဲထွက်ကစားသမား ၁၁ ဦးက ဘယ်သူတွေလဲဆိုတာ သူတို့ မသိသေးတာလို့ ကျွန်တော် ထင်တယ်။ အားလုံးက ကြံ့ခိုင်မှုပြည့်ဝနေတဲ့အချိန်မှာ သူတို့ရဲ့ အကောင်းဆုံးအသင်းက ဘာလဲ။ သူတို့ရဲ့အဓိက တောင်ပံကစားသမားတွေက ဘယ်သူလဲ။ ဘာကြောင့် ဆန်ချိုက မကစားရတာလဲ။ အဖြေမရှိတဲ့ မေးခွန်းတွေမှ အများကြီးပဲ။

ခင်ဗျားက မျိုးဆက်လိုက် ပါရမီအကြောင်း ပြောနေတဲ့အချိန်မှာ ရော်နယ်လ်ဒိုက အိုလေအတွက် အဖြေလား ဒါမှမဟုတ် ပြဿနာလားဆိုတဲ့ ငြင်းခုန်မှုက မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြပြန်တယ်။ တကယ်လို့ ကျွန်တော့်မှာ အသက် ၃၆ နှစ်အရွယ် ရော်နယ်လ်ဒိုရှိနေပြီး သူက ပြိုင်ဘက်ခံစစ်ကို ဖိအားမပေးဘူးဆိုတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ အားလုံးမြင်တွေ့ခဲ့ရမယ်ဆိုရင် သူ့နောက်မှာ အဲဒီလိုလုပ်မယ့် ကစားသမား ၂ ဦးကို ထားဖို့ ကျွန်တော် မျှော်လင့်မှာပါ။ သူက ခင်ဗျားရဲ့ အကောင်းဆုံးကစားသမားဆိုတော့ အဲဒါက တော်တော်လေး ရိုးရှင်းပါတယ်။

ခင်ဗျားရဲ့ အကောင်းဆုံးကစားသမားနဲ့ ကစားပြီး ဘောလုံးနဲ့အတူ ပိုပြီး လွှမ်းမိုးနိုင်အောင်နဲ့ သူတို့ဆီကအကောင်းဆုံးပုံစံ ရရှိနိုင်မယ့် ဘောလုံးကစားဟန်မျိုး ကစားရမှာပါ။ ဥပမာ ချဲလ်ဆီးကိုပဲ ကြည့်လိုက်ပါ။ ဖရန့်ခ် လမ်းပတ်လက်အောက်မှာ သူတို့ ကစားခဲ့တဲ့ပုံစံကို ကြည့်ပြီး အားလုံးက ‘သူတို့တွေက ကောင်းပါတယ်။ ဒါပေမယ့် သူတို့တွေက ငယ်ရွယ်ကြတယ်’လို့ ပြောခဲ့ကြတယ်။ တူဟယ် ရောက်လာပြီး သိပ်မကြာဘူး။ ဘယ်သူကမှ ကစားသမားတွေရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ကစားကွက်နဲ့ သူတို့ကစားတဲ့ပုံစံကို မေးခွန်းမထုတ်ကြတော့ဘူး။ သူ အဲဒီလို ဖြစ်အောင် လုပ်ခဲ့တယ်။

ကလော့ပ်နဲ့ ဂွါဒီယိုလာတို့လည်း အတူတူပဲ။ ကျွန်တော်က တစ်စုံတယောက်ကို ထုတ်ပယ်ဖို့ မတောင်းဆိုတဲ့ လူတွေထဲမှာ ပါနေတုန်းဖြစ်ပေမယ့် အိုလေလက်အောက် ၃ နှစ်ကြာပြီးနောက်မှာ ယူနိုက်တက်က ကစားကွက်၊ ကစားဟန်နဲ့ အခြေခံကျတဲ့ အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်းမရှိသေးဘူးလို့ ခင်ဗျား ပြောရမှာပါ။ သူတို့တွေ ငွေတွေသုံးခဲ့တယ်။ အဲဒီတော့ ဘယ်မှာ သူတို့ပိုအောင်မြင်လာလို့လဲ။

ဂယ်ရီ နဗီးကတော့ အိုလေကို ရာထူးကနေ ထုတ်ပယ်ဖို့အတွက် မတောင်းဆိုချင်ခဲ့ပါဘူး။ တစ်ဦးတည်းအမြင်အရ အဲဒါက ဘောလုံးဝေဖန်သူတစ်ယောက်အတွက် အန္တရာယ်ရှိတဲ့ အခြေအနေ ရောက်သွားမယ်လို့ ကျွန်တော် မထင်ပါဘူး။ သူ တစ်ယောက်ယောက်ရဲ့အလုပ်အတွက် အရေးယူမှုတွေ လုပ်ဖို့ တောင်းဆိုခဲ့တာ ကျွန်တော် မမှတ်မိနိုင်ပါဘူး။ သူ အမြဲတမ်း အချိန်ပေးဖို့အတွက်ပဲ တောင်းဆိုခဲ့တယ်။

အဲဒါက သူ ဗလင်စီယာမှာတုန်းက လိုချင်ခဲ့တဲ့ဟာ ဖြစ်ကောင်းဖြစ်ခဲ့လို့ နေမှာပါ။ ခင်ဗျားက ဘောလုံးဝေဖန်သုံးသပ်သူဖြစ်တဲ့အခါမှာ ခင်ဗျား နှလုံးသားထဲမှာ အသင်းရဲ့အကျိုးအမြတ်အတွက် အမြဲတမ်းရှိနေမယ်ဆိုတာ ကျွန်တော် ခံစားနိုင်ပါတယ်။ ခင်ဗျားမှာ လေးစားမှု ပုံစံတွေ ရှိပါတယ်။ ဂယ်ရီက သူ ငါ့ကို တချိန်တုန်းက စောင့်ရှောက်ခဲ့လို့ ငါ သူ့ကို ပြန်စောင့်ရှောက်ဖို့လိုတယ်လို့ တွေးမှာပါ။ ဒါပေမယ့် ခင်ဗျား အမြဲတမ်း နောက်ပြန်သွားပြီး ခင်ဗျားရဲ့ အမွေအနှစ်တွေကို ဖျက်ဆီးပစ်လိုက်နိုင်တဲ့ အန္တရာယ်ကလည်း ရှိနေပါတယ်။ ဒီလိုနယ်ပယ်မှာ အားလုံးက ရလဒ်တွေ လိုချင်တယ်။

အိုလေ ၁၉၉၀ ကျော်ကနေ ၂၀၀၀ ပြည့်နှစ်တွေအထိ လုပ်ခဲ့တာတွေက အရမ်းကောင်းခဲ့ပေမယ့် ဘယ်သူကမှ အတိတ်ကို စိတ်မဝင်စားပါဘူး။ ဘောလုံးက ခင်ဗျား ကျွန်တော့်အတွက် သိပ်မကြာသေးတဲ့အချိန်တုန်းက ဘာလုပ်ပေးခဲ့လဲဆိုတာပဲ။ စပါးက ပွဲကြီးပွဲကောင်းပဲ။ သူတို့တွေ ရှုံးခဲ့ပြီး အိုလေ ထုတ်ပယ်ခံရရင် ကျွန်တော် အံ့အားသင့်မိမှာလားဆိုရင် အံ့လည်း အံ့သြမိမှာဖြစ်ပြီး မအံ့လည်း မအံ့သြတော့ပါဘူး။

အားလုံးက အထုတ်ခံရတာနဲ့ပတ်သက်ပြီး အသားကျနေပြီဆိုပေမယ့် အသင်းက သူတို့တွေအနေနဲ့ နည်းပြနဲ့ အတူတကွရှိနေမှာဖြစ်ပြီး သူတို့ရဲ့ ရေရှည်စီမံကိန်းအကြောင်းကို ပြောခဲ့တယ်ဆိုရင် သူတို့တွေအနေနဲ့ အကြီးကြီးမှားသွားတယ်ဆိုတာကို ဝန်ခံတာ ဖြစ်သွားပါလိမ့်မယ်။ အဲဒါကတော့ အံ့အားသင့်စရာဖြစ်မှာပါ။ ဒါပေမယ့် သူတို့တွေက အန်တိုနီယို ကွန်တီ ဒါမှမဟုတ် ပိုချက်တီနိုတို့လိုမျိုး နည်းပြတွေကို ရှာဖွေနေခဲ့တာဆိုရင် ကျွန်တော် အဲဒါကို မပြောလည်း သိနေပြီးသားပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ကၽြန္ေတာ့္ရဲ့ မန္ခ်က္စတာယူနိုက္တက္နဲ႔ပတ္သက္ၿပီး အႀကီးမားဆုံးစိတ္ပ်က္မႈက လူေတြက ‘ေကာင္းၿပီ။ သူတို႔မွာ ဒီလိုမ်ိဳး စူပါစတားေတြ ရွိေနတယ္’လို႔ ေျပာေနၾကေပမယ့္ ခင္ဗ်ားမွာ အသင္းအဖြဲ႕တစ္ခုရွိဖို႔ လိုအပ္ေနေသးတာပဲ။ မန္ခ်က္စတာစီးတီးနဲ႔ ပီအက္စ္ဂ်ီအသင္းတို႔လိုမ်ိဳးပဲ သူတို႔မွာ ႀကီးမားတဲ့ကိုယ္ရည္ကိုယ္ေသြးနဲ႔ ကစားသမားေတြ ရွိၾကပါတယ္။

ကၽြန္ေတာ့္အတြက္ ကြာျခားမႈက အဲဒီကစားသမားေတြ ေရြ႕လ်ားေစတဲ့ ပုံစံနဲ႔ စုဖြဲ႕တဲ့ ပုံစံပါပဲ။ အားလုံးက ႀကီးမားတဲ့ ဝိေသသ၊ ႀကီးမားတဲ့ ကစားသမားနဲ႔ ႀကီးမားတဲ့ ေငြေၾကးရွိၾကတယ္။ မန္ခ်က္စတာယူနိုက္တက္က အခ်ိဳ႕ကစားသမားေတြက မန္စီးတီးနဲ႔ ခ်ဲလ္ဆီးက ကစားသမားေတြထက္ေတာင္ လစာပိုမိုမ်ားျပားပါတယ္။

အဲဒီလိုဆို ဘာေၾကာင့္ သူတို႔က ပိုၿပီး ေအာင္ျမင္ေနေသးတာလဲ။ တည္ေဆာက္ပုံတစ္ခုလုံးရဲ့ စီမံခန႔္ခြဲမႈနဲ႔ပတ္သက္ၿပီး လုပ္ဖို႔ လိုေနတာျဖစ္ၿပီး အေပၚဆုံးကေန ေအာက္ဆုံးအထိ လုပ္ရမွာပါ။ အဲဒီထဲမွာ နည္းၿပ ဆိုးလ္ရွားက အဆိုးရြားဆုံးအပိုင္းျဖစ္ၿပီး လီဗာပူးလ္က သူတို႔ကို တစ္စစီ လုပ္သြားတာကို ကၽြန္ေတာ္ အံ့ၾသတုန္လႈပ္ခဲ့မိပါတယ္။

ခင္ဗ်ားက သူတို႔အတြက္ မန္စီးတီး၊ ခ်ဲလ္ဆီး၊ လီဗာပူးလ္တို႔နဲ႔ တူညီတဲ့အဆင့္အတန္းမွာ ရွိေနလားဆိုတာကို ျပသဖို႔အတြက္ ဒီရာသီရဲ့ ပထမဆုံးစိန္ေခၚမႈအျဖစ္ ကစားခဲ့တာလို႔ ေျပာရမွာပါ။ သူတို႔ေတြက လုံးဝကို မမီပါဘူး။ ခင္ဗ်ား ထိုင္ၾကည္ၿပီး ‘ဒီဟာက သူတို႔ ၂ သင္းၾကားက အရမ္းႀကီးမားတဲ့ ကြာျခားမႈပဲ’လို႔ ေတြးေနမွာပါ။

ရႈံးပြဲအၿပီးမွာ ျဖစ္ခဲ့တာေတြနဲ႔ပတ္သက္ၿပီးလည္း ယူနိုက္တက္နဲ႔ပတ္သက္ရင္ အျမဲတမ္း ျပင္းထန္လြန္းခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ ရႈံးနိမ့္ခဲ့တဲ့အခါတိုင္းမွာ အဲဒါက ‘အိုေလက အသုံးမက်လို႔ပဲ’။ သူတို႔ေတြ နိုင္ပြဲေတြ ျပန္ရလာတဲ့အခါက်ရင္ သူတို႔ေတြက ခ်က္ခ်င္းႀကီးကို အရမ္းေကာင္းတဲ့ပုံစံမ်ိဳး ျဖစ္သြားျပန္ေရာ။ အဲဒါက အရမ္းေသးငယ္တဲ့ ကြာျခားမႈပဲ။

ပရိသတ္ေတြရဲ့ စိတ္ပ်က္မႈက သူတို႔ရဲ့အေကာင္းဆုံးပြဲထြက္ကစားသမား ၁၁ ဦးက ဘယ္သူေတြလဲဆိုတာ သူတို႔ မသိေသးတာလို႔ ကၽြန္ေတာ္ ထင္တယ္။ အားလုံးက ႀကံ့ခိုင္မႈျပည့္ဝေနတဲ့အခ်ိန္မွာ သူတို႔ရဲ့ အေကာင္းဆုံးအသင္းက ဘာလဲ။ သူတို႔ရဲ့အဓိက ေတာင္ပံကစားသမားေတြက ဘယ္သူလဲ။ ဘာေၾကာင့္ ဆန္ခ်ိဳက မကစားရတာလဲ။ အေျဖမရွိတဲ့ ေမးခြန္းေတြမွ အမ်ားႀကီးပဲ။

ခင္ဗ်ားက မ်ိဳးဆက္လိုက္ ပါရမီအေၾကာင္း ေျပာေနတဲ့အခ်ိန္မွာ ေရာ္နယ္လ္ဒိုက အိုေလအတြက္ အေျဖလား ဒါမွမဟုတ္ ျပႆနာလားဆိုတဲ့ ျငင္းခုန္မႈက ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္သြားၾကျပန္တယ္။ တကယ္လို႔ ကၽြန္ေတာ့္မွာ အသက္ ၃၆ ႏွစ္အရြယ္ ေရာ္နယ္လ္ဒိုရွိေနၿပီး သူက ၿပိဳင္ဘက္ခံစစ္ကို ဖိအားမေပးဘူးဆိုတဲ့ အခ်က္အလက္ေတြကို ကၽြန္ေတာ္တို႔ အားလုံးျမင္ေတြ႕ခဲ့ရမယ္ဆိုရင္ သူ႔ေနာက္မွာ အဲဒီလိုလုပ္မယ့္ ကစားသမား ၂ ဦးကို ထားဖို႔ ကၽြန္ေတာ္ ေမၽွာ္လင့္မွာပါ။ သူက ခင္ဗ်ားရဲ့ အေကာင္းဆုံးကစားသမားဆိုေတာ့ အဲဒါက ေတာ္ေတာ္ေလး ရိုးရွင္းပါတယ္။

ခင္ဗ်ားရဲ့ အေကာင္းဆုံးကစားသမားနဲ႔ ကစားၿပီး ေဘာလုံးနဲ႔အတူ ပိုၿပီး လႊမ္းမိုးနိုင္ေအာင္နဲ႔ သူတို႔ဆီကအေကာင္းဆုံးပုံစံ ရရွိနိုင္မယ့္ ေဘာလုံးကစားဟန္မ်ိဳး ကစားရမွာပါ။ ဥပမာ ခ်ဲလ္ဆီးကိုပဲ ၾကည့္လိုက္ပါ။ ဖရန႔္ခ္ လမ္းပတ္လက္ေအာက္မွာ သူတို႔ ကစားခဲ့တဲ့ပုံစံကို ၾကည့္ၿပီး အားလုံးက ‘သူတို႔ေတြက ေကာင္းပါတယ္။ ဒါေပမယ့္ သူတို႔ေတြက ငယ္ရြယ္ၾကတယ္’လို႔ ေျပာခဲ့ၾကတယ္။ တူဟယ္ ေရာက္လာၿပီး သိပ္မၾကာဘူး။ ဘယ္သူကမွ ကစားသမားေတြရဲ့ ကိုယ္ရည္ကိုယ္ေသြး၊ ကစားကြက္နဲ႔ သူတို႔ကစားတဲ့ပုံစံကို ေမးခြန္းမထုတ္ၾကေတာ့ဘူး။ သူ အဲဒီလို ျဖစ္ေအာင္ လုပ္ခဲ့တယ္။

ကေလာ့ပ္နဲ႔ ဂြါဒီယိုလာတို႔လည္း အတူတူပဲ။ ကၽြန္ေတာ္က တစ္စုံတေယာက္ကို ထုတ္ပယ္ဖို႔ မေတာင္းဆိုတဲ့ လူေတြထဲမွာ ပါေနတုန္းျဖစ္ေပမယ့္ အိုေလလက္ေအာက္ ၃ ႏွစ္ၾကာၿပီးေနာက္မွာ ယူနိုက္တက္က ကစားကြက္၊ ကစားဟန္နဲ႔ အေျခခံက်တဲ့ အေကာင္းဆုံး ပြဲထြက္ ၁၁ ဦးစာရင္းမရွိေသးဘူးလို႔ ခင္ဗ်ား ေျပာရမွာပါ။ သူတို႔ေတြ ေငြေတြသုံးခဲ့တယ္။ အဲဒီေတာ့ ဘယ္မွာ သူတို႔ပိုေအာင္ျမင္လာလို႔လဲ။

ဂယ္ရီ နဗီးကေတာ့ အိုေလကို ရာထူးကေန ထုတ္ပယ္ဖို႔အတြက္ မေတာင္းဆိုခ်င္ခဲ့ပါဘူး။ တစ္ဦးတည္းအျမင္အရ အဲဒါက ေဘာလုံးေဝဖန္သူတစ္ေယာက္အတြက္ အႏၲရာယ္ရွိတဲ့ အေျခအေန ေရာက္သြားမယ္လို႔ ကၽြန္ေတာ္ မထင္ပါဘူး။ သူ တစ္ေယာက္ေယာက္ရဲ့အလုပ္အတြက္ အေရးယူမႈေတြ လုပ္ဖို႔ ေတာင္းဆိုခဲ့တာ ကၽြန္ေတာ္ မမွတ္မိနိုင္ပါဘူး။ သူ အျမဲတမ္း အခ်ိန္ေပးဖို႔အတြက္ပဲ ေတာင္းဆိုခဲ့တယ္။

အဲဒါက သူ ဗလင္စီယာမွာတုန္းက လိုခ်င္ခဲ့တဲ့ဟာ ျဖစ္ေကာင္းျဖစ္ခဲ့လို႔ ေနမွာပါ။ ခင္ဗ်ားက ေဘာလုံးေဝဖန္သုံးသပ္သူျဖစ္တဲ့အခါမွာ ခင္ဗ်ား ႏွလုံးသားထဲမွာ အသင္းရဲ့အက်ိဳးအျမတ္အတြက္ အျမဲတမ္းရွိေနမယ္ဆိုတာ ကၽြန္ေတာ္ ခံစားနိုင္ပါတယ္။ ခင္ဗ်ားမွာ ေလးစားမႈ ပုံစံေတြ ရွိပါတယ္။ ဂယ္ရီက သူ ငါ့ကို တခ်ိန္တုန္းက ေစာင့္ေရွာက္ခဲ့လို႔ ငါ သူ႔ကို ျပန္ေစာင့္ေရွာက္ဖို႔လိုတယ္လို႔ ေတြးမွာပါ။ ဒါေပမယ့္ ခင္ဗ်ား အျမဲတမ္း ေနာက္ျပန္သြားၿပီး ခင္ဗ်ားရဲ့ အေမြအႏွစ္ေတြကို ဖ်က္ဆီးပစ္လိုက္နိုင္တဲ့ အႏၲရာယ္ကလည္း ရွိေနပါတယ္။ ဒီလိုနယ္ပယ္မွာ အားလုံးက ရလဒ္ေတြ လိုခ်င္တယ္။

အိုေလ ၁၉၉၀ ေက်ာ္ကေန ၂၀၀၀ ျပည့္ႏွစ္ေတြအထိ လုပ္ခဲ့တာေတြက အရမ္းေကာင္းခဲ့ေပမယ့္ ဘယ္သူကမွ အတိတ္ကို စိတ္မဝင္စားပါဘူး။ ေဘာလုံးက ခင္ဗ်ား ကၽြန္ေတာ့္အတြက္ သိပ္မၾကာေသးတဲ့အခ်ိန္တုန္းက ဘာလုပ္ေပးခဲ့လဲဆိုတာပဲ။ စပါးက ပြဲႀကီးပြဲေကာင္းပဲ။ သူတို႔ေတြ ရႈံးခဲ့ၿပီး အိုေလ ထုတ္ပယ္ခံရရင္ ကၽြန္ေတာ္ အံ့အားသင့္မိမွာလားဆိုရင္ အံ့လည္း အံ့ၾသမိမွာျဖစ္ၿပီး မအံ့လည္း မအံ့ၾသေတာ့ပါဘူး။

အားလုံးက အထုတ္ခံရတာနဲ႔ပတ္သက္ၿပီး အသားက်ေနၿပီဆိုေပမယ့္ အသင္းက သူတို႔ေတြအေနနဲ႔ နည္းျပနဲ႔ အတူတကြရွိေနမွာျဖစ္ၿပီး သူတို႔ရဲ့ ေရရွည္စီမံကိန္းအေၾကာင္းကို ေျပာခဲ့တယ္ဆိုရင္ သူတို႔ေတြအေနနဲ႔ အႀကီးႀကီးမွားသြားတယ္ဆိုတာကို ဝန္ခံတာ ျဖစ္သြားပါလိမ့္မယ္။ အဲဒါကေတာ့ အံ့အားသင့္စရာျဖစ္မွာပါ။ ဒါေပမယ့္ သူတို႔ေတြက အန္တိုနီယို ကြန္တီ ဒါမွမဟုတ္ ပိုခ်က္တီနိုတို႔လိုမ်ိဳး နည္းျပေတြကို ရွာေဖြေနခဲ့တာဆိုရင္ ကၽြန္ေတာ္ အဲဒါကို မေျပာလည္း သိေနၿပီးသားပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.