Premier League UCL&UEL

မန္ခ်က္စတာစီးတီးရဲ႕ ခ်န္ပီယံလိဂ္အယူခံကို ႏွစ္လေလာက္ ထပ္ေစာင့္ရဖြယ္ရွိေန

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက ခ်မွတ္ခံခဲ့ရတဲ့ ယူအီးအက္ဖ္ေအရဲ႕ ဥေရာပၿပဳိင္ပြဲေတြကေန ႏွစ္ႏွစ္ပြဲပယ္ျပစ္ဒဏ္နဲ႔ ဒဏ္ေငြ ေပါင္ ၂၅ သန္းတုိ႔အတြက္ အယူခံဝင္ထားခဲ့ရာမွာ အားကစားခုံ႐ုံး (Court of Arbitration for Sports – CAS) ကေန လာမယ့္ ဇြန္လ ၈ ရက္ေန႔ကေန ၁၀ ရက္ေန႔အထိ ၾကားနာမွဳေတြ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

ကမာၻတစ္ဝွမ္းမွာ အားကစားခုံ႐ုံး ၃ ခု ရွိေနၿပီး ဆြစ္ဇာလန္ႏိုင္ငံ လိုဇန္ၿမဳိ႕၊ အေမရိကန္ႏုိင္ငံ နယူးေယာက္ၿမဳိ႕နဲ႔ ၾသစေတးလ်ႏုိင္ငံ ဆစ္ဒနီၿမဳိ႕တို႔မွာ တည္ရွိၾကၿပီး မန္စီးတီးအသင္းရဲ႕ အမွဳနဲ႔ အယူခံကိုေတာ့ ဆြစ္ဇာလန္ႏိုင္ငံက ခုံ႐ုံးမွာ သုံးရက္တာ ကာလအတြင္း ၾကားနာမွဳေတြ ျပဳလုပ္သြားဖို႔ ရွိေနပါတယ္။

ခုံ႐ုံးအေနနဲ႔ အာရပ္ေစာ္ဘြားပုိင္အသင္းရဲ႕ Financial Fair Play စည္းမ်ဥ္းခ်ဳိးေဖာက္မွဳအတြက္ တင္သြင္းထားတဲ့ အယူခံကို ခ်က္ခ်င္းေတာ့ ဆုံးျဖတ္ခ်က္ေပးႏုိင္မွာ မဟုတ္ဘဲ အၿပီးသတ္ ေၾကျငာခ်က္ကို ထုတ္ျပန္ဖို႔အတြက္ေတာ့ ေနာက္ထပ္ႏွစ္လေလာက္ အခ်ိန္ယူရဖြယ္ရွိေနသလို ၾသဂုတ္လေလာက္အထိ ေစာင့္ဆိုင္းရဖြယ္ရွိေနတာလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာေတာ့ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဒုတိယတစ္ေနရာကို ပယ္ဖ်က္ခဲ့မယ္ဆုိရင္ ပဥၥမေနရာက အသင္းက အစားထိုး ဝင္ေရာက္ယူဖို႔ ေစာင့္ဆုိင္းေနတာျဖစ္ၿပီး သူတုိ႔အေနနဲ႔ေတာ့ ပြဲစဥ္ေတြ ၿပီးဆုံးမယ့္အခ်ိန္မွာ CAS ရဲ႕ ဆုံးျဖတ္ခ်က္ကို ေစာင့္ဆုိင္းေကာင္း ေစာင့္ဆုိင္းရႏုိင္တာမို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေအာင္ပြဲခံဖုိ႔ေတာ့ ခ်က္ခ်င္းမျဖစ္ႏိုင္တာမ်ဳိးလည္း ႀကဳံရႏုိင္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းတာဝန္ရွိသူေတြကေတာ့ သူတုိ႔ေတြအေနနဲ႔ ဘာအမွားမွ မက်ဴးလြန္ခဲ့ဘူးလို႔ တရားဝင္ ျငင္းခ်က္ထုတ္ၿပီး ယူအီးအက္ဖ္ေအရဲ႕ ျပစ္ဒဏ္ကို ကန္႔ကြက္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္ထိပ္တန္းအသင္းေတြကေတာ့ သူတုိ႔ေတြကို နမူနာအေနနဲ႔ အေရးယူၿပီး ျပစ္ဒဏ္ကို က်ခံေစဖို႔ အလိုရွိေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ချမှတ်ခံခဲ့ရတဲ့ ယူအီးအက်ဖ်အေရဲ့ ဥရောပပြိုင်ပွဲတွေကနေ နှစ်နှစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ပေါင် ၂၅ သန်းတို့အတွက် အယူခံဝင်ထားခဲ့ရာမှာ အားကစားခုံရုံး (Court of Arbitration for Sports – CAS) ကနေ လာမယ့် ဇွန်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကြားနာမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ အားကစားခုံရုံး ၃ ခု ရှိနေပြီး ဆွစ်ဇာလန်နိုင်ငံ လိုဇန်မြို့၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့နဲ့ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့တို့မှာ တည်ရှိကြပြီး မန်စီးတီးအသင်းရဲ့ အမှုနဲ့ အယူခံကိုတော့ ဆွစ်ဇာလန်နိုင်ငံက ခုံရုံးမှာ သုံးရက်တာ ကာလအတွင်း ကြားနာမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

ခုံရုံးအနေနဲ့ အာရပ်စော်ဘွားပိုင်အသင်းရဲ့ Financial Fair Play စည်းမျဉ်းချိုးဖောက်မှုအတွက် တင်သွင်းထားတဲ့ အယူခံကို ချက်ချင်းတော့ ဆုံးဖြတ်ချက်ပေးနိုင်မှာ မဟုတ်ဘဲ အပြီးသတ် ကြေငြာချက်ကို ထုတ်ပြန်ဖို့အတွက်တော့ နောက်ထပ်နှစ်လလောက် အချိန်ယူရဖွယ်ရှိနေသလို သြဂုတ်လလောက်အထိ စောင့်ဆိုင်းရဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာတော့ မန်ချက်စတာစီးတီးအသင်းရဲ့ ဒုတိယတစ်နေရာကို ပယ်ဖျက်ခဲ့မယ်ဆိုရင် ပဉ္စမနေရာက အသင်းက အစားထိုး ဝင်ရောက်ယူဖို့ စောင့်ဆိုင်းနေတာဖြစ်ပြီး သူတို့အနေနဲ့တော့ ပွဲစဉ်တွေ ပြီးဆုံးမယ့်အချိန်မှာ CAS ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းကောင်း စောင့်ဆိုင်းရနိုင်တာမို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အောင်ပွဲခံဖို့တော့ ချက်ချင်းမဖြစ်နိုင်တာမျိုးလည်း ကြုံရနိုင်ပါတယ်။

မန်ချက်စတာစီးတီးအသင်းတာဝန်ရှိသူတွေကတော့ သူတို့တွေအနေနဲ့ ဘာအမှားမှ မကျူးလွန်ခဲ့ဘူးလို့ တရားဝင် ငြင်းချက်ထုတ်ပြီး ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ်ကို ကန့်ကွက်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေကတော့ သူတို့တွေကို နမူနာအနေနဲ့ အရေးယူပြီး ပြစ်ဒဏ်ကို ကျခံစေဖို့ အလိုရှိနေကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.