Premier League

ယူႏုိက္တက္နဲ႔အတူ ရက္ရွ္ဖို႔ဒ္ ပုံမွန္ေလ့က်င့္ခန္းဆင္းႏုိင္ၿပီလို႔ အီဂါလိုထုတ္ေဖာ္

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္တစ္ေယာက္ ဒဏ္ရာကေန အလုံးစုံ သက္သာေပ်ာက္ကင္းခဲ့ၿပီျဖစ္ၿပီး အမ်ားနည္းတူ ေလ့က်င့္ေရးကြင္းမွာ အင္အားျပည့္ ျပန္လည္ပူးေပါင္းလုပ္ေဆာင္ႏုိင္ေနၿပီဆုိတဲ့ သတင္းကေတာ့ ပရိသတ္ေတြအတြက္ ဝမ္းသာစရာလည္းျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီကလ ဝုလ္ဗ္စ္နဲ႔ အက္ေအဖလားမွာ ေနာက္က်ာဒဏ္ရာရရွိသြားခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဟာ အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ျပန္လည္စတင္မယ့္ ဇြန္လ ၁၉ ရက္မွာ ပါဝင္ကစားႏုိင္ဖို႔ ႏွစ္ပတ္အလိုမွာ ႀကံ့ခုိင္မွဳ အျပည့္အဝရွိလာခဲ့တာျဖစ္ၿပီး တျခားတုိက္စစ္မွဴးေတြျဖစ္ၾကတဲ့ အုိဒီယြန္ အီဂါလိုနဲ႔ အန္တိုနီ မာစီယယ္လ္တုိ႔ရဲ႕ အင္အားကေတာ့ Project Restart အတြက္ လန္းဆန္းမွဳေတြအျပည့္နဲ႔လည္း ျဖစ္ေနခဲ့ပါတယ္။

အသင္းနဲ႔ ေလာေလာလတ္လတ္ အငွားစာခ်ဳပ္တုိးျမႇင့္ႏုိင္ခဲ့တဲ့ အီဂါလိုက အားလုံးကိုယ္စား အသင္းရဲ႕ အေျခအေနကို အသင္းဝက္ဘ္ဆုိက္ကေန ထုတ္ေဖာ္ေျပာၾကားသြားခဲ့ၿပီး ကစားသမားအားလုံးရဲ႕ အေျခအေန ေကာင္းမြန္သလို အကုန္လုံး ေျပးလႊားေလ့က်င့္ေနခဲ့ၾကၿပီး ပူးေပါင္းကစားမွဳေတြလည္း ရွိခဲ့ေၾကာင္းနဲ႔ တျဖည္းျဖည္း ပုိေကာင္းလာၾကတယ္လို႔လည္း ဆုိပါတယ္။

“ထရိန္နင္ကို အားလုံးျပန္ေရာက္လာၾကၿပီး ေပါ့ဘာလည္း ပါဝင္ေနပါၿပီ။ ရက္ရွီ(ရက္ရွ္ဖို႔ဒ္)ကလည္း ပုံမွန္အတုိင္း ေလ့က်င့္ခန္းဆင္းေနၿပီး အားလုံးပဲ လုပ္ငန္းစဥ္ေတြကို အျပည့္အဝ လုပ္ေဆာင္ေနႏုိင္ပါတယ္။ ပရီးမီးယားလိဂ္ကို ျပန္လည္စတင္ၿပီး ကစားဖို႔ မေစာင့္ႏုိင္ေတာ့ပါဘူး”လို႔ အီဂါလိုက ေျပာၾကားသြားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ သူတုိ႔ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ျပန္လည္စတင္ခ်ိန္မွာ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကို ေျမာက္လန္ဒန္အေဝးကြင္းမွာ ျမန္မာစံေတာ္ခ်ိန္ စေနေန႔ည ဆယ္နာရီမွာ သြားေရာက္ကစားရမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ပုိမိုခိုင္မာေအာင္ လုပ္ႏုိင္ဖို႔ ႀကဳိးစားသြားရမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်တစ်ယောက် ဒဏ်ရာကနေ အလုံးစုံ သက်သာပျောက်ကင်းခဲ့ပြီဖြစ်ပြီး အများနည်းတူ လေ့ကျင့်ရေးကွင်းမှာ အင်အားပြည့် ပြန်လည်ပူးပေါင်းလုပ်ဆောင်နိုင်နေပြီဆိုတဲ့ သတင်းကတော့ ပရိသတ်တွေအတွက် ဝမ်းသာစရာလည်းဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီကလ ဝုလ်ဗ်စ်နဲ့ အက်အေဖလားမှာ နောက်ကျာဒဏ်ရာရရှိသွားခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်မယ့် ဇွန်လ ၁၉ ရက်မှာ ပါဝင်ကစားနိုင်ဖို့ နှစ်ပတ်အလိုမှာ ကြံ့ခိုင်မှု အပြည့်အဝရှိလာခဲ့တာဖြစ်ပြီး တခြားတိုက်စစ်မှူးတွေဖြစ်ကြတဲ့ အိုဒီယွန် အီဂါလိုနဲ့ အန်တိုနီ မာစီယယ်လ်တို့ရဲ့ အင်အားကတော့ Project Restart အတွက် လန်းဆန်းမှုတွေအပြည့်နဲ့လည်း ဖြစ်နေခဲ့ပါတယ်။

အသင်းနဲ့ လောလောလတ်လတ် အငှားစာချုပ်တိုးမြှင့်နိုင်ခဲ့တဲ့ အီဂါလိုက အားလုံးကိုယ်စား အသင်းရဲ့ အခြေအနေကို အသင်းဝက်ဘ်ဆိုက်ကနေ ထုတ်ဖော်ပြောကြားသွားခဲ့ပြီး ကစားသမားအားလုံးရဲ့ အခြေအနေ ကောင်းမွန်သလို အကုန်လုံး ပြေးလွှားလေ့ကျင့်နေခဲ့ကြပြီး ပူးပေါင်းကစားမှုတွေလည်း ရှိခဲ့ကြောင်းနဲ့ တဖြည်းဖြည်း ပိုကောင်းလာကြတယ်လို့လည်း ဆိုပါတယ်။

“ထရိန်နင်ကို အားလုံးပြန်ရောက်လာကြပြီး ပေါ့ဘာလည်း ပါဝင်နေပါပြီ။ ရက်ရှီ(ရက်ရှ်ဖို့ဒ်)ကလည်း ပုံမှန်အတိုင်း လေ့ကျင့်ခန်းဆင်းနေပြီး အားလုံးပဲ လုပ်ငန်းစဉ်တွေကို အပြည့်အဝ လုပ်ဆောင်နေနိုင်ပါတယ်။ ပရီးမီးယားလိဂ်ကို ပြန်လည်စတင်ပြီး ကစားဖို့ မစောင့်နိုင်တော့ပါဘူး”လို့ အီဂါလိုက ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှာ တော့တင်ဟမ်ဟော့စပါးစ်အသင်းကို မြောက်လန်ဒန်အဝေးကွင်းမှာ မြန်မာစံတော်ချိန် စနေနေ့ည ဆယ်နာရီမှာ သွားရောက်ကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုမိုခိုင်မာအောင် လုပ်နိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.