Premier League

သူပြုတ်ကိုယ်ပြုတ် တိုက်ရတော့မယ့် ဆိုးလ်ရှားနဲ့ နူနို ဆန်းတို့စ်တို့အတွက် အာတီတာ၏ ဂရုဏာစကား

အာဆင်နယ်အသင်းနည်းပြ အာတီတာက ယနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ အိုးထရက်ဖို့ဒ်မှာ ဖိအားတွေ မြင့်တက်လာနေတဲ့ နော်ဝေလူမျိုးနည်းပြနဲ့ စပါးအသင်းနည်းပြ နူနို ဆန်းတို့စ်တို့နဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်က လီဗာပူးလ်အသင်းရဲ့ ၅-၀ နဲ့ ဂိုးပြတ်အနိုင်ယူခြင်းကို ခံခဲ့ရတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာပဲ ၄-၀ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်မှာ နောက်ထပ်ထုတ်ပယ်ခံရမယ့်နည်းပြအဖြစ် ရှင်းလင်းနေပြီဖြစ်ပြီး သတင်းအချို့က အသင်းအနေနဲ့ နော်ဝေလူမျိုးနည်းပြနေရာမှာ ကွန်တီကို အစားထိုးဖို့ မျက်စိကျနေတယ်လို့တောင် ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အာတီတာက ယနေ့ညနေ တော့တင်ဟမ်ဟော့စပါးအိမ်ကွင်းကို မန်ချက်စတာယူနိုက်တက်အသင်း သွားရောက်မယှဉ်ပြိုင်မီ ဆိုးလ်ရှားအတွက် အားပေးထောက်ခံတဲ့ သတင်းစကားပေးပို့ခဲ့ပြီး ယူနိုက်တက်နည်းပြအတွက် ကိုယ်ချင်းစာမိကြောင်း ဝန်ခံခဲ့တာဖြစ်ပါတယ်။

“အဲဒါက ရလဒ်တွေကြောင့်ပါပဲ။ ကျွန်တော်တို့ အားလုံး သိကြပြီး ကျန်တာတွေက တကယ်အရေးပါတာမဟုတ်ပါဘူး။ အဲဒီတော့ ခင်ဗျား ရလဒ်ကောင်းတွေရဖို့ အခက်အခဲရှိနေတဲ့အချိန်မှာ ခင်ဗျား အဲဒီလို အနေအထားမှာ ရှိနေမှာပါ”

“ဘယ်သူ့အတွက်မှ အသစ်အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် ဟုတ်ပါတယ်။ ခင်ဗျား သူတို့အတွက် ခံစားရမှာ သိသာပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား ဘာကို ကျော်ဖြတ်ခဲ့လဲဆိုတာ ခင်ဗျား သိနေလို့ပါ။ အဲဒီတော့ ခင်ဗျား အဲဒါကို ခံစားရတာက သိသာပါတယ်။ အဲဒါက အဲဒီအခြေအနေကို ဖြတ်သန်းနေရတဲ့ လူတွေအဖို့တော့ ကောင်းတဲ့အခိုက်အတန့်မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြ နူနို ဆန်းတို့စ်ကလည်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဝက်စ်ဟမ်းအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ဖိအားတွေ မြင့်တက်လာခဲ့ပြီး နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက မြောက်လန်ဒန်ပြိုင်ဘက် အာဆင်နယ်အသင်းကို အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ ရလဒ်နောက်ပိုင်း စပါးအတွက် နောက်ထပ်စိတ်ပျက်စရာ ရလဒ်ဖြစ်ခဲ့တာကြောင့် နူနို ဆန်းတို့စ်ဟာ ၎င်းရဲ့အသင်း ကစားဟန်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းနည္းၿပ အာတီတာက ယေန႔ည ပရီးမီးယားလိဂ္ပြဲစဥ္မတိုင္မီ အိုးထရက္ဖို႔ဒ္မွာ ဖိအားေတြ ျမင့္တက္လာေနတဲ့ ေနာ္ေဝလူမ်ိဳးနည္းျပနဲ႔ စပါးအသင္းနည္းၿပ ႏူနို ဆန္းတို႔စ္တို႔နဲ႔ပတ္သက္ၿပီး စိတ္မေကာင္းျဖစ္မိတယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

ဆိုးလ္ရွားရဲ့ ယူနိုက္တက္ဟာ ၿပီးခဲ့တဲ့အပတ္က လီဗာပူးလ္အသင္းရဲ့ ၅-၀ နဲ႔ ဂိုးျပတ္အနိုင္ယူျခင္းကို ခံခဲ့ရတာျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ပထမပိုင္းမွာပဲ ၄-၀ နဲ႔ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးေဟာင္းဟာ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္မွာ ေနာက္ထပ္ထုတ္ပယ္ခံရမယ့္နည္းျပအျဖစ္ ရွင္းလင္းေနၿပီျဖစ္ၿပီး သတင္းအခ်ိဳ႕က အသင္းအေနနဲ႔ ေနာ္ေဝလူမ်ိဳးနည္းျပေနရာမွာ ကြန္တီကို အစားထိုးဖို႔ မ်က္စိက်ေနတယ္လို႔ေတာင္ ေဖာ္ျပခဲ့ၾကတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အာတီတာက ယေန႔ညေန ေတာ့တင္ဟမ္ေဟာ့စပါးအိမ္ကြင္းကို မန္ခ်က္စတာယူနိုက္တက္အသင္း သြားေရာက္မယွဥ္ၿပိဳင္မီ ဆိုးလ္ရွားအတြက္ အားေပးေထာက္ခံတဲ့ သတင္းစကားေပးပို႔ခဲ့ၿပီး ယူနိုက္တက္နည္းျပအတြက္ ကိုယ္ခ်င္းစာမိေၾကာင္း ဝန္ခံခဲ့တာျဖစ္ပါတယ္။

“အဲဒါက ရလဒ္ေတြေၾကာင့္ပါပဲ။ ကၽြန္ေတာ္တို႔ အားလုံး သိၾကၿပီး က်န္တာေတြက တကယ္အေရးပါတာမဟုတ္ပါဘူး။ အဲဒီေတာ့ ခင္ဗ်ား ရလဒ္ေကာင္းေတြရဖို႔ အခက္အခဲရွိေနတဲ့အခ်ိန္မွာ ခင္ဗ်ား အဲဒီလို အေနအထားမွာ ရွိေနမွာပါ”

“ဘယ္သူ႔အတြက္မွ အသစ္အဆန္းမဟုတ္ပါဘူး။ ဒါေပမယ့္ ဟုတ္ပါတယ္။ ခင္ဗ်ား သူတို႔အတြက္ ခံစားရမွာ သိသာပါတယ္။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား ဘာကို ေက်ာ္ျဖတ္ခဲ့လဲဆိုတာ ခင္ဗ်ား သိေနလို႔ပါ။ အဲဒီေတာ့ ခင္ဗ်ား အဲဒါကို ခံစားရတာက သိသာပါတယ္။ အဲဒါက အဲဒီအေျခအေနကို ျဖတ္သန္းေနရတဲ့ လူေတြအဖို႔ေတာ့ ေကာင္းတဲ့အခိုက္အတန႔္မဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနည္းၿပ ႏူနို ဆန္းတို႔စ္ကလည္း ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ဝက္စ္ဟမ္းအသင္းကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ဖိအားေတြ ျမင့္တက္လာခဲ့ၿပီး နည္းျပရာထူးကေန ထုတ္ပယ္ခံရဖို႔ သတင္းေတြ ထြက္ေပၚေနသူျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လက ေျမာက္လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္အသင္းကို အရွက္တကြဲရႈံးနိမ့္ခဲ့တဲ့ ရလဒ္ေနာက္ပိုင္း စပါးအတြက္ ေနာက္ထပ္စိတ္ပ်က္စရာ ရလဒ္ျဖစ္ခဲ့တာေၾကာင့္ ႏူနို ဆန္းတို႔စ္ဟာ ၎ရဲ့အသင္း ကစားဟန္နဲ႔ပတ္သက္ၿပီး ေဝဖန္မႈေတြ ခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.