Analysis Premier League

အသင်းကြီးတွေ ရလဒ်ကောင်းမယ့် ပေါလ်မာဆန်ရဲ့ EPL ပွဲစဉ် ၁၀ ခန့်မှန်းချက်များ

လက်စတာစီးတီး-အာဆင်နယ်
အာဆင်နယ်တို့အနေနဲ့ ဒီလပိုင်းတွေမှာ တော်တော်လေး တိုးတက်လာပေမယ့် တစ်ချိန်တည်းမှာပဲ ဒဏ်ရာစာရင်းကလည်း တိုးတက်လာတာကို သတိပြုရပါလိမ့်မယ်။ သူတို့က လက်ရှိမှာ အနိုင်ယူဖို့ ခက်ခဲတဲ့ အသင်းမျိုးဖြစ်နေပြီး ကစားပုံ မကောင်းရင်တောင် မရှုံးအောင် ဘယ်လိုကစားရမလဲဆိုတာ ကောင်းကောင်းသိထားကြတာဖြစ်ပါတယ်။ အက်စတန်ဗီလာနဲ့ပွဲမှာ ပုံစံကောင်းကို မြင်ခဲ့ရပြီး ဒါက သူတို့ရဲ့ ဒီရာသီမှာ အထက်မြက်ဆုံးပုံစံလို့လည်း ဆိုရပါလိမ့်မယ်။ လက်စတာကတော့ ဘရန့်ဖို့ဒ်ကို ကံကောင်းလို့ နိုင်ခဲ့တာဖြစ်ပေမယ့် ဘရန်ဒန် ရော့ဂျားစ်ကတော့ အသင်းကောင်းတစ်သင်းဆိုတာ မန်ယူနဲ့ပွဲမှာ ပြသနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲကတော့ နှစ်သင်းစလုံး ရုန်းကန်ရဦးမှာဖြစ်ပြီး တစ်ယောက်တစ်မှတ်စီ ခွဲယူဖို့ကပဲ အသင့်တော်ဆုံးဖြစ်မှာပါ။ (လက်စတာ 1-1 အာဆင်နယ်)

ဝတ်ဖို့ဒ်-ဆောက်သမ်တန်
ဝတ်ဖို့ဒ်လား… သူတို့တွေ အဲဗာတန်နဲ့ပွဲမှာ ဒီလိုလုပ်ပြနိုင်မယ်လို့ တကယ်ကို မျှော်လင့်မထားခဲ့တာပါ။ ဂွတ်ဒီဆန်ပါ့ခ်မှာ သူတို့ကတောင် ပွဲကို စိုးမိုးခဲ့ပြီး ကောင်တာတွေကလည်း တကယ့်ဒိန်းဂျားတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဆောက်သမ်တန်နဲ့ပွဲမှာတော့ ကွဲပြားတဲ့ ပွဲတစ်ပွဲကို ရင်ဆိုင်ရမှာဖြစ်ပြီး အဲဗာတန်လို မဟုတ်ဘဲ ပိတ်ကစားတဲ့ ပုံစံနဲ့ ကြုံရမှာပါ။ ပြီးခဲ့တဲ့ ဘန်လေနဲ့ပွဲမှာ နှစ်ဂိုးစီ သရေကျထားတဲ့ စိန့်တွေရဲ့ နောက်တန်းက ဝတ်ဖို့ဒ်ကို အခွင့်အရေး ပေးမှာဖြစ်ပြီး ဒီနေ့ပွဲက သူတို့အတွက် အိမ်ကွင်းမှာ တန်းဆင်းဇုန်နဲ့ ဝေးရာဆီ ပြေးဖို့ အခွင့်အရေးကောင်းဖြစ်ပါတယ်။ ကလော်ဒီယို ရာနီရေးရီတစ်ယောက် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ပါလိမ့်မယ်။ (ဝတ်ဖို့ဒ် 2-1 ဆောက်သမ်တန်)

လီဗာပူးလ်-ဘရိုက်တန်
ဘရိုက်တန်က အသင်းကောင်းတစ်သင်းဖြစ်ပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ ဆက်တိုက်ဆိုသလို ကျဆင်းနေပါတယ်။ ဒါပဲ သူတို့ကို တုံ့ပြန်ဖို့ လှုံ့ဆော်မှုကို ဖြစ်စေနိုင်ပြီး လီဗာပူးလ်အတွက်တော့ ဒီပွဲက မန်ချက်စတာယူနိုက်တက်ကို ကစားရတာထက် ခက်ခဲတော့မှာပါ။ ယာဂန် ကလော့ပ်ရဲ့ ရှေ့တန်းသုံးဦး ရွေးချယ်မှုကလည်း စိတ်ဝင်စားစရာကောင်းနေပြီး လူအင်အားက မနာလိုစရာဖြစ်နေသလို ဖာမီနိုနဲ့ ဂျိုတာကို ဘယ်သူပွဲထုတ်မလဲ ခန့်မှန်းရခက်စေပါတယ်။ ကျွန်တော့်အတွက်တော့ ဆာလားနဲ့ မာနေးတို့ကို ဖာမီနိုနဲ့ တွဲပေးတာ ပိုသဘောကျပြီး ဘရိုက်တန်ရဲ့ ခံစစ်မှာ နေရာလွတ်တွေ ပေးကစားတဲ့ ပုံစံကို ကောင်းကောင်း အသုံးချနိုင်ပါလိမ့်မယ်။ လီဗာပူးလ်တို့ မနိုင်ဖို့ ဘာအကြောင်းမှ မရှိဘူးလို့ ထင်ပါတယ်။ (လီဗာပူးလ် 3-1 ဘရိုက်တန်)

နယူးကာဆယ်လ်ယူနိုက်တက်-ချဲလ်ဆီး
နယူးကာဆယ်လ်အတွက်တော့ စိုးရိမ်စရာပါ။ သူတို့အတွက် ဘာမှ ပြောင်းလဲမသွားပါဘူး။ လက်ရှိအချိန်အထိ နည်းပြ မရှိသေးတဲ့ အသင်းဟာ တန်းဆင်းဇုန်မှာ ရုန်းကန်နေရတုန်းဖြစ်ပြီး ပြီးခဲ့တဲ့ပွဲကလည်း ပဲလေ့စ်ကို ရှုံးဖို့ နီးစပ်ခဲ့ပါသေးတယ်။ စတိဗ် ဘရုစ်ကို ထုတ်ချင်ရင်လည်း နည်းပြ ကြိုရှာဖို့ သင့်ပြီး ပရီးမီးယားလိဂ်မှာ နည်းပြမရှိဘဲ ကစားမယ်ဆိုတာက တော်တော်လေး မယုံနိုင်စရာပါ။ ချဲလ်ဆီးကတော့ ဒီတစ်ပတ်မှာ သူတို့ရဲ့ အနားပေးထားတဲ့ ကစားသမားတွေကို အင်အားပြည့် ထုတ်သုံးမှာပါ။ ကာရာဘောင်းပွဲမှာ အရန်တွေကို သုံးထားတယ်ဆိုတော့ ဒီနေ့ပွဲက လန်းလန်းဆန်းဆန်းနဲ့ အမှတ်ယူဖို့ ဖြစ်လာပါလိမ့်မယ်။ နယူးကာဆယ်လ်တို့ရဲ့ ပျက်စီးပြိုလဲမှုကို ချဲလ်ဆီးတို့ နိုင်ပွဲနဲ့ပဲ အားပေးပါလိမ့်မယ်။ (နယူးကာဆယ်လ် 0-3 ချဲလ်ဆီး)

မန်ချက်စတာစီးတီး-ခရစ္စတယ်လ်ပဲလေ့စ်
လေးကြိမ်ဆက်ဗိုလ်စွဲပြီးတဲ့နောက် ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကာရာဘောင်းဖလားက ထွက်ခဲ့ရအပြီးမှာ ဒီပွဲကိုတော့ ဂွါဒီယိုလာ ပေါက်ကွဲပြပါလိမ့်မယ်။ ဗီယာရာရဲ့ ပဲလေ့စ်အသင်းက အခက်အခဲတွေ ပေးနိုင်ပေမယ့် အနိုင်ရဖို့အတွက် မန်စီးတီးမှာ လုံလောက်တဲ့ အင်အားရှိနေပါတယ်။ ပဲလေ့စ်တို့ကို ကြည့်ရတာ ချီးကျူးချင်စရာဖြစ်ပေမယ့် ပြိုင်ဘက်တွေကို ရင်ဆိုင်ရာမှာ လိုက်ဖက်ညီတဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်တွေ မထွက်ပေါ်ခဲ့တာက သူတို့အတွက် ဆိုးရွားပါတယ်။ အစ်တီဟတ်မှာ ပဲလေ့စ်တို့ ပြဿနာရှာကောင်းရှာနိုင်ပေမယ့် မန်စီးတီးတို့အနေနဲ့ အောင်ပွဲခံဖို့အတွက်တော့ မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ (မန်စီးတီး 3-1 ပဲလေ့စ်)

ဘန်လေ-ဘရန့်ဖို့ဒ်
ဒါက ဘရန့်ဖို့ဒ်အတွက်တော့ ပွဲကြီးပွဲကောင်းတစ်ပွဲပါ။ သူတို့တွေကို ကြည့်လို့ကောင်းပေမယ့် လာမယ့်သုံးပွဲကတော့ ဒီရာသီမှာ တန်းဆင်းမလား မဆင်းဘူးလား ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဒီပွဲကနေစမယ့် ဘန်လေ၊ နော့ဝစ်ချ်၊ နယူးကာဆယ်လ်တို့ဟာ သူတို့တွေ တန်းမဆင်းဖို့ အမှတ်စုဆောင်းနိုင်သင့်တဲ့ ပွဲစဉ်တွေဖြစ်နေပြီး အာဆင်နယ်နဲ့ လီဗာပူးလ်တို့ဆီက အမှတ်ရှာခဲ့သလို ကြိုးစားရမှာဖြစ်ပြီး လွယ်လွယ်နဲ့ရှုံးတဲ့ နောက်ပိုင်းပွဲတွေိလို လုပ်လို့ မရနိုင်တာပါ။ ဘန်လေအတွက်လည်း ဒီပွဲက အရေးကြီးနေပြီး ပရီးမီးယားလိဂ်မှာ ဆက်နေချင်ရင် အစွမ်းပြရဖို့ အချိန်ရောက်နေသလို ဆောက်သမ်တန်နဲ့ပွဲကလိုမျိုး ကြိုးစားရတော့မှာပါ။ အိမ်ကွင်းမှာ ဘန်လေတို့ အနိုင်ရဖို့ ဖြစ်နိုင်ပါလိမ့်မယ်။ (ဘန်လေ 2-1 ဘရန့်ဖို့ဒ်)

တော့တင်ဟမ်ဟော့စပါး-မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ကတော့ ဒီလိုပွဲမျိုးကျရင် ရေထဲက ခေါင်းပြန်ဖော်နိုင်တဲ့ အစွမ်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ရှုံးပြီး ဆိုးလ်ရှားကို ဆက်ထားမယ်ဆိုရင် သူတို့တွေရဲ့ ဦးတည်ချက်က ဘာဖြစ်သွားမှာလဲ? နိုဝင်ဘာပဲ ရှိသေးချိန်မှာ သူတို့အနေနဲ့ အမှတ်ပေးဇယားထိပ်ဆီ သွားရာလမ်းမှာ ခုလိုမျိုး ဒရွတ်ဆွဲနေလို့မဖြစ်တာပါ။ ဒီကိစ္စက ရော်နယ်လ်ဒိုရဲ့ ပြဿနာတော့လည်း မဟုတ်ပါဘူး။ သူ့ကို စိတ်ကြိုက် ဘောလုံးပေးဖို့ ပျက်ကွက်နေကြပြီး တိုက်စစ်မှာ သူ့အစား ပြေးဝင်ထိုးဖောက်မယ့်သူကို မြားဦးမှာ ထားပြီး သူ့ကို လွတ်လွတ်လပ်လပ် ကစားခိုင်းရပါလိမ့်မယ်။

စပါးစ်တို့ကတော့ ရလဒ်တွေ ဆိုးရွားနေပြီး ပြောစရာဖြစ်ခဲ့တာကတော့ လန်ဒန်ဒါဘီတွေမှာ လေးပွဲစလုံး ရှုံးထားခဲ့တာတောင် သူ့အသင်းက သူများတွေထက် ပိုကောင်းတယ်ပြောနေတဲ့ နူနိုဆန်တိုရဲ့ ဟာသစွမ်းရည်ပါပဲ။ ဒါကြောင့် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ခက်ခဲတဲ့ အခြေအနေတွေမှာ ရလဒ်ကောင်းတတ်တဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ များနေပြီး ဒီပွဲက အတ္တလန်တာနဲ့ ကစားခဲ့တဲ့ပွဲနဲ့ တော်တော်လေး တူညီလိမ့်မယ်လို့ ထင်ပါတယ်။ (စပါးစ် 1-2 ယူနိုက်တက်)

နော့ဝစ်ချ်စီးတီး-လိဒ်စ်ယူနိုက်တက်
နော့ဝစ်ချ်အတွက်တော့ မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေတဲ့ပွဲပါ။ သူတို့က ချဲလ်ဆီးဆီမှာ မရှုမလှဖြစ်ခဲ့ရပေမယ့် ဘရိုက်တန်ကို အနိုင်ယူဖို့ နီးစပ်နိုင်ခဲ့တော့ အထင်ပစ်သေးလိုက်လို့က မဖြစ်နိုင်သေးပါဘူး။ လိဒ်စ်ကတော့ ထူးဆန်းတဲ့ အသင်းမျိုးဖြစ်ပြီး ဆောက်သမ်တန်နဲ့ပွဲမှာ ဂိုးပေါက် လုံးဝ မတည့်ခဲ့သလို ဝုလ်ဗ်စ်နဲ့ပွဲမှာတော့ နောက်ဆုံးမိနစ် ပင်နယ်တီနဲ့ တစ်မှတ်ရခဲ့ပါတယ်။ ရာဖင်ညာရဲ့ ဒဏ်ရာကတော့ သူတို့တွေအတွက် ထိုးနှက်ချက်ဖြစ်ပြီး ဒီလိုအချိန်မျိုးက သူတို့ကို အနိုင်ယူဖို့ အခွင့်ကောင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲက နော့ဝစ်ချ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် နိုင်ပွဲစရဖို့ အချိန်အခါလို့ ဆိုချင်ပါတယ်။ (နော့ဝစ်ချ် 1-0 လိဒ်စ်)

အက်စ်တန်ဗီလာ-ဝက်စ်ဟမ်းယူနိုက်တက်
ဗီလာအတွက်ကတော့ အာဆင်နယ်နဲ့ပွဲမှာ ပရမ်းပတာတွေ ဖြစ်ခဲ့တာပါ။ ဝယ်ထားတဲ့ ကစားသမားသစ်တွေကို ဒုတိယပိုင်းမှာ ဆွဲထုတ်ခဲ့ပြီး ရလဒ်ကလည်း ဆိုးရွားသွားခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဝက်စ်ဟမ်းက ဒီရာသီမှာ ထိပ်ဆုံးလေးသင်းဝင်နိုင်ဖို့ ကြိုးစားနေတာပါ။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ရလဒ် ဆိုးပြီးနောက်ပိုင်း နှစ်ပွဲဆက်တိုက် ၆ မှတ်ယူနိုင်ခဲ့သလို မန်စီးတီးနဲ့ ကာရာဘောင်းပွဲမှာလည်း ပုံစံကောင်းကို ပြသပြီး ဖြုတ်ချထားနိုင်ခဲ့တာဖြစ်ပါတယ်။ ၁၀ အပြီးမှာ သူတို့ရဲ့ အဆင့် ၄ နေရာက ပိုမိုခိုင်မာလာဖို့ ရှိနေပြီး ဒီနေ့ပွဲမှာလည်း ဗီလာပါ့ခ်မှာ ဝက်စ်ဟမ်းတို့ပဲ အနိုင်ရရှိဦးမှာပါ။ (ဗီလာ 1-2 ဝက်စ်ဟမ်း)

ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်-အဲဗာတန်
ပြီးခဲ့တဲ့ ဝတ်ဖို့ဒ်နဲ့ပွဲမှာ ၁၃ မိနစ်အတွင်း ၄ ဂိုးပေးလိုက်ရတဲ့ အဲဗာတန်ရဲ့ ပုံစံကတော့ ထင်ထားတာနဲ့ တခြားစီဖြစ်ပြီး တစ်စစီ ကျိုးပဲ့နေခဲ့တာပါ။ ဒီလိုပွဲမျိုးမှာ သူတို့အနေနဲ့ ကောင်းကောင်းကစားနိုင်ဖို့က လိုအပ်ချက်တွေ တစ်လှေကြီး ရှိနေသေးသလို အချိန်တိုအတွင်းမှာ နတ်ရေကန်ထဲချလိုက်သလို ပြန်ကောင်းလာနိုင်မယ်လို့တော့ မထင်ပါဘူး။ ဝုလ်ဗ်စ်ကတော့ ကောင်းရှုံးကြီးဖြစ်နေခဲ့တဲ့ ရာသီအစပုံစံကို ပြောင်းလဲနိုင်ခဲ့ပြီး အခွင့်အရေးတွေကိုလည်း ပြန်လည်အသုံးချတတ်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ အပတ်က နောက်ဆုံးမိနစ်မှာ ပင်နယ်တီပေးပြီး နိုင်ပွဲပျောက်ခဲ့ပေမယ့် ဒီနေ့ပွဲကတော့ အဲဗာတန်ကို အနိုင်ယူဖို့ အခွင့်အရေးကို ဆုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ (ဝုလ်ဗ်စ် 2-1 အဲဗာတန်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လက္စတာစီးတီး-အာဆင္နယ္
အာဆင္နယ္တို႔အေနနဲ႔ ဒီလပိုင္းေတြမွာ ေတာ္ေတာ္ေလး တိုးတက္လာေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ဒဏ္ရာစာရင္းကလည္း တိုးတက္လာတာကို သတိျပဳရပါလိမ့္မယ္။ သူတို႔က လက္ရွိမွာ အႏိုင္ယူဖို႔ ခက္ခဲတဲ့ အသင္းမ်ိဳးျဖစ္ေနၿပီး ကစားပုံ မေကာင္းရင္ေတာင္ မရႈံးေအာင္ ဘယ္လိုကစားရမလဲဆိုတာ ေကာင္းေကာင္းသိထားၾကတာျဖစ္ပါတယ္။ အက္စတန္ဗီလာနဲ႔ပြဲမွာ ပုံစံေကာင္းကို ျမင္ခဲ့ရၿပီး ဒါက သူတို႔ရဲ႕ ဒီရာသီမွာ အထက္ျမက္ဆုံးပုံစံလို႔လည္း ဆိုရပါလိမ့္မယ္။ လက္စတာကေတာ့ ဘရန႔္ဖို႔ဒ္ကို ကံေကာင္းလို႔ ႏိုင္ခဲ့တာျဖစ္ေပမယ့္ ဘရန္ဒန္ ေရာ့ဂ်ားစ္ကေတာ့ အသင္းေကာင္းတစ္သင္းဆိုတာ မန္ယူနဲ႔ပြဲမွာ ျပသႏိုင္ခဲ့ပါတယ္။ ဒီေန႔ပြဲကေတာ့ ႏွစ္သင္းစလုံး ႐ုန္းကန္ရဦးမွာျဖစ္ၿပီး တစ္ေယာက္တစ္မွတ္စီ ခြဲယူဖို႔ကပဲ အသင့္ေတာ္ဆုံးျဖစ္မွာပါ။ (လက္စတာ 1-1 အာဆင္နယ္)

ဝတ္ဖို႔ဒ္-ေဆာက္သမ္တန္
ဝတ္ဖို႔ဒ္လား… သူတို႔ေတြ အဲဗာတန္နဲ႔ပြဲမွာ ဒီလိုလုပ္ျပႏိုင္မယ္လို႔ တကယ္ကို ေမွ်ာ္လင့္မထားခဲ့တာပါ။ ဂြတ္ဒီဆန္ပါ့ခ္မွာ သူတို႔ကေတာင္ ပြဲကို စိုးမိုးခဲ့ၿပီး ေကာင္တာေတြကလည္း တကယ့္ဒိန္းဂ်ားေတြ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ေဆာက္သမ္တန္နဲ႔ပြဲမွာေတာ့ ကြဲျပားတဲ့ ပြဲတစ္ပြဲကို ရင္ဆိုင္ရမွာျဖစ္ၿပီး အဲဗာတန္လို မဟုတ္ဘဲ ပိတ္ကစားတဲ့ ပုံစံနဲ႔ ႀကဳံရမွာပါ။ ၿပီးခဲ့တဲ့ ဘန္ေလနဲ႔ပြဲမွာ ႏွစ္ဂိုးစီ သေရက်ထားတဲ့ စိန႔္ေတြရဲ႕ ေနာက္တန္းက ဝတ္ဖို႔ဒ္ကို အခြင့္အေရး ေပးမွာျဖစ္ၿပီး ဒီေန႔ပြဲက သူတို႔အတြက္ အိမ္ကြင္းမွာ တန္းဆင္းဇုန္နဲ႔ ေဝးရာဆီ ေျပးဖို႔ အခြင့္အေရးေကာင္းျဖစ္ပါတယ္။ ကေလာ္ဒီယို ရာနီေရးရီတစ္ေယာက္ အခြင့္အေရးကို အမိအရ ဆုပ္ကိုင္ႏိုင္ပါလိမ့္မယ္။ (ဝတ္ဖို႔ဒ္ 2-1 ေဆာက္သမ္တန္)

လီဗာပူးလ္-ဘ႐ိုက္တန္
ဘ႐ိုက္တန္က အသင္းေကာင္းတစ္သင္းျဖစ္ေပမယ့္ ေနာက္ပိုင္းပြဲေတြမွာေတာ့ ဆက္တိုက္ဆိုသလို က်ဆင္းေနပါတယ္။ ဒါပဲ သူတို႔ကို တုံ႔ျပန္ဖို႔ လႈံ႕ေဆာ္မႈကို ျဖစ္ေစႏိုင္ၿပီး လီဗာပူးလ္အတြက္ေတာ့ ဒီပြဲက မန္ခ်က္စတာယူႏိုက္တက္ကို ကစားရတာထက္ ခက္ခဲေတာ့မွာပါ။ ယာဂန္ ကေလာ့ပ္ရဲ႕ ေရွ႕တန္းသုံးဦး ေ႐ြးခ်ယ္မႈကလည္း စိတ္ဝင္စားစရာေကာင္းေနၿပီး လူအင္အားက မနာလိုစရာျဖစ္ေနသလို ဖာမီႏိုနဲ႔ ဂ်ိဳတာကို ဘယ္သူပြဲထုတ္မလဲ ခန႔္မွန္းရခက္ေစပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ ဆာလားနဲ႔ မာေနးတို႔ကို ဖာမီႏိုနဲ႔ တြဲေပးတာ ပိုသေဘာက်ၿပီး ဘ႐ိုက္တန္ရဲ႕ ခံစစ္မွာ ေနရာလြတ္ေတြ ေပးကစားတဲ့ ပုံစံကို ေကာင္းေကာင္း အသုံးခ်ႏိုင္ပါလိမ့္မယ္။ လီဗာပူးလ္တို႔ မႏိုင္ဖို႔ ဘာအေၾကာင္းမွ မရွိဘူးလို႔ ထင္ပါတယ္။ (လီဗာပူးလ္ 3-1 ဘ႐ိုက္တန္)

နယူးကာဆယ္လ္ယူႏိုက္တက္-ခ်ဲလ္ဆီး
နယူးကာဆယ္လ္အတြက္ေတာ့ စိုးရိမ္စရာပါ။ သူတို႔အတြက္ ဘာမွ ေျပာင္းလဲမသြားပါဘူး။ လက္ရွိအခ်ိန္အထိ နည္းျပ မရွိေသးတဲ့ အသင္းဟာ တန္းဆင္းဇုန္မွာ ႐ုန္းကန္ေနရတုန္းျဖစ္ၿပီး ၿပီးခဲ့တဲ့ပြဲကလည္း ပဲေလ့စ္ကို ရႈံးဖို႔ နီးစပ္ခဲ့ပါေသးတယ္။ စတိဗ္ ဘ႐ုစ္ကို ထုတ္ခ်င္ရင္လည္း နည္းျပ ႀကိဳရွာဖို႔ သင့္ၿပီး ပရီးမီးယားလိဂ္မွာ နည္းျပမရွိဘဲ ကစားမယ္ဆိုတာက ေတာ္ေတာ္ေလး မယုံႏိုင္စရာပါ။ ခ်ဲလ္ဆီးကေတာ့ ဒီတစ္ပတ္မွာ သူတို႔ရဲ႕ အနားေပးထားတဲ့ ကစားသမားေတြကို အင္အားျပည့္ ထုတ္သုံးမွာပါ။ ကာရာေဘာင္းပြဲမွာ အရန္ေတြကို သုံးထားတယ္ဆိုေတာ့ ဒီေန႔ပြဲက လန္းလန္းဆန္းဆန္းနဲ႔ အမွတ္ယူဖို႔ ျဖစ္လာပါလိမ့္မယ္။ နယူးကာဆယ္လ္တို႔ရဲ႕ ပ်က္စီးၿပိဳလဲမႈကို ခ်ဲလ္ဆီးတို႔ ႏိုင္ပြဲနဲ႔ပဲ အားေပးပါလိမ့္မယ္။ (နယူးကာဆယ္လ္ 0-3 ခ်ဲလ္ဆီး)

မန္ခ်က္စတာစီးတီး-ခရစၥတယ္လ္ပဲေလ့စ္
ေလးႀကိမ္ဆက္ဗိုလ္စြဲၿပီးတဲ့ေနာက္ ငါးႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ကာရာေဘာင္းဖလားက ထြက္ခဲ့ရအၿပီးမွာ ဒီပြဲကိုေတာ့ ဂြါဒီယိုလာ ေပါက္ကြဲျပပါလိမ့္မယ္။ ဗီယာရာရဲ႕ ပဲေလ့စ္အသင္းက အခက္အခဲေတြ ေပးႏိုင္ေပမယ့္ အႏိုင္ရဖို႔အတြက္ မန္စီးတီးမွာ လုံေလာက္တဲ့ အင္အားရွိေနပါတယ္။ ပဲေလ့စ္တို႔ကို ၾကည့္ရတာ ခ်ီးက်ဴးခ်င္စရာျဖစ္ေပမယ့္ ၿပိဳင္ဘက္ေတြကို ရင္ဆိုင္ရာမွာ လိုက္ဖက္ညီတဲ့ စြမ္းေဆာင္ရည္နဲ႔ ရလဒ္ေတြ မထြက္ေပၚခဲ့တာက သူတို႔အတြက္ ဆိုး႐ြားပါတယ္။ အစ္တီဟတ္မွာ ပဲေလ့စ္တို႔ ျပႆနာရွာေကာင္းရွာႏိုင္ေပမယ့္ မန္စီးတီးတို႔အေနနဲ႔ ေအာင္ပြဲခံဖို႔အတြက္ေတာ့ မျဖစ္ႏိုင္စရာ အေၾကာင္းမရွိပါဘူး။ (မန္စီးတီး 3-1 ပဲေလ့စ္)

ဘန္ေလ-ဘရန႔္ဖို႔ဒ္
ဒါက ဘရန႔္ဖို႔ဒ္အတြက္ေတာ့ ပြဲႀကီးပြဲေကာင္းတစ္ပြဲပါ။ သူတို႔ေတြကို ၾကည့္လို႔ေကာင္းေပမယ့္ လာမယ့္သုံးပြဲကေတာ့ ဒီရာသီမွာ တန္းဆင္းမလား မဆင္းဘူးလား ဆုံးျဖတ္ေပးပါလိမ့္မယ္။ ဒီပြဲကေနစမယ့္ ဘန္ေလ၊ ေနာ့ဝစ္ခ်္၊ နယူးကာဆယ္လ္တို႔ဟာ သူတို႔ေတြ တန္းမဆင္းဖို႔ အမွတ္စုေဆာင္းႏိုင္သင့္တဲ့ ပြဲစဥ္ေတြျဖစ္ေနၿပီး အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ဆီက အမွတ္ရွာခဲ့သလို ႀကိဳးစားရမွာျဖစ္ၿပီး လြယ္လြယ္နဲ႔ရႈံးတဲ့ ေနာက္ပိုင္းပြဲေတြိလို လုပ္လို႔ မရႏိုင္တာပါ။ ဘန္ေလအတြက္လည္း ဒီပြဲက အေရးႀကီးေနၿပီး ပရီးမီးယားလိဂ္မွာ ဆက္ေနခ်င္ရင္ အစြမ္းျပရဖို႔ အခ်ိန္ေရာက္ေနသလို ေဆာက္သမ္တန္နဲ႔ပြဲကလိုမ်ိဳး ႀကိဳးစားရေတာ့မွာပါ။ အိမ္ကြင္းမွာ ဘန္ေလတို႔ အႏိုင္ရဖို႔ ျဖစ္ႏိုင္ပါလိမ့္မယ္။ (ဘန္ေလ 2-1 ဘရန႔္ဖို႔ဒ္)

ေတာ့တင္ဟမ္ေဟာ့စပါး-မန္ခ်က္စတာယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ဒီလိုပြဲမ်ိဳးက်ရင္ ေရထဲက ေခါင္းျပန္ေဖာ္ႏိုင္တဲ့ အစြမ္းကို ပိုင္ဆိုင္ထားပါတယ္။ ဒါေပမယ့္ ဒီပြဲမွာ ရႈံးၿပီး ဆိုးလ္ရွားကို ဆက္ထားမယ္ဆိုရင္ သူတို႔ေတြရဲ႕ ဦးတည္ခ်က္က ဘာျဖစ္သြားမွာလဲ? ႏိုဝင္ဘာပဲ ရွိေသးခ်ိန္မွာ သူတို႔အေနနဲ႔ အမွတ္ေပးဇယားထိပ္ဆီ သြားရာလမ္းမွာ ခုလိုမ်ိဳး ဒ႐ြတ္ဆြဲေနလို႔မျဖစ္တာပါ။ ဒီကိစၥက ေရာ္နယ္လ္ဒိုရဲ႕ ျပႆနာေတာ့လည္း မဟုတ္ပါဘူး။ သူ႔ကို စိတ္ႀကိဳက္ ေဘာလုံးေပးဖို႔ ပ်က္ကြက္ေနၾကၿပီး တိုက္စစ္မွာ သူ႔အစား ေျပးဝင္ထိုးေဖာက္မယ့္သူကို ျမားဦးမွာ ထားၿပီး သူ႔ကို လြတ္လြတ္လပ္လပ္ ကစားခိုင္းရပါလိမ့္မယ္။

စပါးစ္တို႔ကေတာ့ ရလဒ္ေတြ ဆိုး႐ြားေနၿပီး ေျပာစရာျဖစ္ခဲ့တာကေတာ့ လန္ဒန္ဒါဘီေတြမွာ ေလးပြဲစလုံး ရႈံးထားခဲ့တာေတာင္ သူ႔အသင္းက သူမ်ားေတြထက္ ပိုေကာင္းတယ္ေျပာေနတဲ့ ႏူႏိုဆန္တိုရဲ႕ ဟာသစြမ္းရည္ပါပဲ။ ဒါေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ခက္ခဲတဲ့ အေျခအေနေတြမွာ ရလဒ္ေကာင္းတတ္တဲ့ အစဥ္အလာကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔ မ်ားေနၿပီး ဒီပြဲက အတၱလန္တာနဲ႔ ကစားခဲ့တဲ့ပြဲနဲ႔ ေတာ္ေတာ္ေလး တူညီလိမ့္မယ္လို႔ ထင္ပါတယ္။ (စပါးစ္ 1-2 ယူႏိုက္တက္)

ေနာ့ဝစ္ခ်္စီးတီး-လိဒ္စ္ယူႏိုက္တက္
ေနာ့ဝစ္ခ်္အတြက္ေတာ့ မျဖစ္မေန အႏိုင္ကစားဖို႔ လိုအပ္ေနတဲ့ပြဲပါ။ သူတို႔က ခ်ဲလ္ဆီးဆီမွာ မရႈမလွျဖစ္ခဲ့ရေပမယ့္ ဘ႐ိုက္တန္ကို အႏိုင္ယူဖို႔ နီးစပ္ႏိုင္ခဲ့ေတာ့ အထင္ပစ္ေသးလိုက္လို႔က မျဖစ္ႏိုင္ေသးပါဘူး။ လိဒ္စ္ကေတာ့ ထူးဆန္းတဲ့ အသင္းမ်ိဳးျဖစ္ၿပီး ေဆာက္သမ္တန္နဲ႔ပြဲမွာ ဂိုးေပါက္ လုံးဝ မတည့္ခဲ့သလို ဝုလ္ဗ္စ္နဲ႔ပြဲမွာေတာ့ ေနာက္ဆုံးမိနစ္ ပင္နယ္တီနဲ႔ တစ္မွတ္ရခဲ့ပါတယ္။ ရာဖင္ညာရဲ႕ ဒဏ္ရာကေတာ့ သူတို႔ေတြအတြက္ ထိုးႏွက္ခ်က္ျဖစ္ၿပီး ဒီလိုအခ်ိန္မ်ိဳးက သူတို႔ကို အႏိုင္ယူဖို႔ အခြင့္ေကာင္းလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီေန႔ပြဲက ေနာ့ဝစ္ခ်္ရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ ႏိုင္ပြဲစရဖို႔ အခ်ိန္အခါလို႔ ဆိုခ်င္ပါတယ္။ (ေနာ့ဝစ္ခ်္ 1-0 လိဒ္စ္)

အက္စ္တန္ဗီလာ-ဝက္စ္ဟမ္းယူႏိုက္တက္
ဗီလာအတြက္ကေတာ့ အာဆင္နယ္နဲ႔ပြဲမွာ ပရမ္းပတာေတြ ျဖစ္ခဲ့တာပါ။ ဝယ္ထားတဲ့ ကစားသမားသစ္ေတြကို ဒုတိယပိုင္းမွာ ဆြဲထုတ္ခဲ့ၿပီး ရလဒ္ကလည္း ဆိုး႐ြားသြားခဲ့ပါတယ္။ တစ္ဖက္မွာေတာ့ ဝက္စ္ဟမ္းက ဒီရာသီမွာ ထိပ္ဆုံးေလးသင္းဝင္ႏိုင္ဖို႔ ႀကိဳးစားေနတာပါ။ ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ ရလဒ္ ဆိုးၿပီးေနာက္ပိုင္း ႏွစ္ပြဲဆက္တိုက္ ၆ မွတ္ယူႏိုင္ခဲ့သလို မန္စီးတီးနဲ႔ ကာရာေဘာင္းပြဲမွာလည္း ပုံစံေကာင္းကို ျပသၿပီး ျဖဳတ္ခ်ထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ၁၀ အၿပီးမွာ သူတို႔ရဲ႕ အဆင့္ ၄ ေနရာက ပိုမိုခိုင္မာလာဖို႔ ရွိေနၿပီး ဒီေန႔ပြဲမွာလည္း ဗီလာပါ့ခ္မွာ ဝက္စ္ဟမ္းတို႔ပဲ အႏိုင္ရရွိဦးမွာပါ။ (ဗီလာ 1-2 ဝက္စ္ဟမ္း)

ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္-အဲဗာတန္
ၿပီးခဲ့တဲ့ ဝတ္ဖို႔ဒ္နဲ႔ပြဲမွာ ၁၃ မိနစ္အတြင္း ၄ ဂိုးေပးလိုက္ရတဲ့ အဲဗာတန္ရဲ႕ ပုံစံကေတာ့ ထင္ထားတာနဲ႔ တျခားစီျဖစ္ၿပီး တစ္စစီ က်ိဳးပဲ့ေနခဲ့တာပါ။ ဒီလိုပြဲမ်ိဳးမွာ သူတို႔အေနနဲ႔ ေကာင္းေကာင္းကစားႏိုင္ဖို႔က လိုအပ္ခ်က္ေတြ တစ္ေလွႀကီး ရွိေနေသးသလို အခ်ိန္တိုအတြင္းမွာ နတ္ေရကန္ထဲခ်လိုက္သလို ျပန္ေကာင္းလာႏိုင္မယ္လို႔ေတာ့ မထင္ပါဘူး။ ဝုလ္ဗ္စ္ကေတာ့ ေကာင္းရႈံးႀကီးျဖစ္ေနခဲ့တဲ့ ရာသီအစပုံစံကို ေျပာင္းလဲႏိုင္ခဲ့ၿပီး အခြင့္အေရးေတြကိုလည္း ျပန္လည္အသုံးခ်တတ္ခဲ့ပါၿပီ။ ၿပီးခဲ့တဲ့ အပတ္က ေနာက္ဆုံးမိနစ္မွာ ပင္နယ္တီေပးၿပီး ႏိုင္ပြဲေပ်ာက္ခဲ့ေပမယ့္ ဒီေန႔ပြဲကေတာ့ အဲဗာတန္ကို အႏိုင္ယူဖို႔ အခြင့္အေရးကို ဆုပ္ကိုင္ႏိုင္မွာျဖစ္ပါတယ္။ (ဝုလ္ဗ္စ္ 2-1 အဲဗာတန္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.