Bundesliga
မန်ချက်စတာယူနိုက်တက်ကို အားကျမခံ ၅-၀ နဲ့ လိုက်ရှုံးပြခဲ့တဲ့ ဘိုင်ယန်မြူးနစ်
ဘိုရူစီးယား မိုချန်ဂလာဘတ်ချ်ဟာ ဗုဒ္ဓဟူးနေ့က ဘိုင်ယန်မြူးနစ်ကို ၅-၀ နဲ့ ချေမှုန်းနိုင်ခဲ့တဲ့ပွဲစဉ် ပထမပိုင်း ၂၁ မိနစ်အတွင်း ၃ ဂိုးအထိ သွင်းယူခဲ့ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံကို ပြိုင်ပွဲအတွင်း အကြီးမားဆုံးရှုံးပွဲနဲ့ ဂျာမန်ဖလားပြိုင်ပွဲကနေ ဖြုတ်ပစ်နိုင်ခဲ့တာဖြစ်ပါတယ်။
မိုချန်ဂလာဘတ်ချ်အတွက် ပထမပိုင်း ၂ မိနစ်မှာ ကိုနေးက အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ပွဲကစားချိန် ၁၅ မိနစ်ကနေ ၂၁ မိနစ်အတွင်း ရာမီ ဘန်ဆီဘိုင်နီက ၂ ဂိုးသွင်းယူပေးခဲ့ပြီး ဒုတိယပိုင်း ၅၁ မိနစ်ကနေ ၅၇ မိနစ်အတွင်း အမ်ဘိုလိုက ၂ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
မိုချန်ဂလာဘတ်ချ်ဟာ ၂၀၁၂ ခုနှစ် ဂျာမန်ဖလားဗိုလ်လုပွဲမှာ ဒေါ့မွန်က ဘိုင်ယန်မြူးနစ်ကို ၅-၂ နဲ့ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ဘွန်ဒက်စ်လီဂါချန်ပီယံကို ၅ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပြီး ဂျာမန်ဖလားပွဲစဉ်အတွင်း ဘိုင်ယန်ကို ပထမဆုံး ၂၁ မိနစ်အတွင်း ၃ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးအသင်းလည်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ မိုချန်ဂလာဘတ်ချ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန်ဖလားပွဲစဉ်မှာ ၎င်းတို့ရဲ့ အကောင်းဆုံးပွဲထွက်လူစာရင်းနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညရှုံးပွဲကြောင့် ဘိုင်ယန်မြူးနစ်ဟာ DFB-Pokal ဖလားပြိုင်ပွဲကနေ ၂ ရာသီဆက်တိုက် ၃၂ သင်းအဆင့်ကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ၁၉၉၄-၁၉၉၅၊ ၁၉၉၅-၁၉၉၆ နောက်ပိုင်း ပထမဆုံးအကြိမ် ၂ ရာသီဆက်တိုက် DFB-Pokal ဖလား ၁၆ သင်းရှုံးထွက်အဆင့်ကို မတက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပြီး ဒါ့အပြင် ၁၉၇၈ ခုနှစ်မှာ ဖော်တူးနား ဒက်ဆဲလ်ဒေါ့ဖ်ကို ၇-၁ နဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်း အနည်းဆုံး ၅ ဂိုးအထိ ခွင့်ပြုခဲ့ရပြီး ရှုံးနိမ့်ခဲ့တဲ့ ပထမဆုံးပွဲစဉ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း နောက်ဆုံးပွဲစဉ်တစ်ပွဲထဲမှာ ၅ ဂိုး၊ ၅ ဂိုးနဲ့အထက် ပေးခဲ့ရတဲ့ ပွဲစဉ်က ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ဖရန့်ဖွတ်ကို ၅-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့ပြီး အဲဒီရလဒ်ကြောင့် နည်းပြ နီကို ကိုဗတ်ဟာ ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်စ်မန်းဟာ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် မွန်ချန်ဂလာဘတ်ချ်နဲ့ပွဲစဉ်ကို အိမ်ကနေသာ ကြည့်ရှုခဲ့ရပြီး လက်ထောက်နည်းပြ ဒီနို တော့ပ်မိုလာက ဒုတိယပိုင်းအထိ အသင်းရဲ့ ဆိုးရွားတဲ့စွမ်းဆောင်ရည်ကို အပြောင်းအလဲမလုပ်ဘဲ ထိုင်ကြည့်နေခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် လုံးဝကို အံ့သြတုန်လှုပ်မိခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီမှာ ရှိမနေခဲ့ကြပါဘူး။ ကျွန်တော်တို့ ပထမပိုင်းတစ်ပိုင်းလုံးမှာ ဖျက်ထုတ်မှု ဒါမှမဟုတ် ဘောလုံးလုယူမှု တစ်ကြိမ်လေးတောင် အနိုင်မရခဲ့ပါဘူး။ အရာအားလုံးက မှားယွင်းနေခဲ့ပါတယ်။ ဂလာဘတ်ချ်က တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်”
“ကျွန်တော်တို့ အဲဒီပွဲစဉ်ထဲမှာ လုံးဝ မရှိခဲ့ပါဘူး။ အမှောင်ကျနေခဲ့ပါတယ်။ ဒီလိုပုံစံမျိုးနဲ့တော့ ကျွန်တော်တို့အပေါ်ကို မဖြစ်ပျက်သင့်ပါဘူး”လို့ ဘိုင်ယန်မြူးနစ် အားကစားဒါရိုက်တာ ဟာဆန်း ဆာလီဟာမစ်ဒ်ဇစ်က ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:ဘိုရူစီးယား မိုချန်ဂလာဘတ်ခ်ျဟာ ဗုဒ္ဓဟူးနေ့က ဘိုင်ယန်မြူးနစ်ကို ၅-၀ နဲ့ ချေမှုန်းနိုင်ခဲ့တဲ့ပွဲစဉ် ပထမပိုင်း ၂၁ မိနစ်အတွင်း ၃ ဂိုးအထိ သွင်းယူခဲ့ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံကို ပြိုင်ပွဲအတွင်း အကြီးမားဆုံးရှုံးပွဲနဲ့ ဂျာမန်ဖလားပြိုင်ပွဲကနေ ဖြုတ်ပစ်နိုင်ခဲ့တာဖြစ်ပါတယ်။
မိုချန်ဂလာဘတ်ခ်ျအတွက် ပထမပိုင်း ၂ မိနစ်မှာ ကိုနေးက အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ပွဲကစားချိန် ၁၅ မိနစ်ကနေ ၂၁ မိနစ်အတွင်း ရာမီ ဘန်ဆီဘိုင်နီက ၂ ဂိုးသွင်းယူပေးခဲ့ပြီး ဒုတိယပိုင်း ၅၁ မိနစ်ကနေ ၅၇ မိနစ်အတွင်း အမ်ဘိုလိုက ၂ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
မိုချန်ဂလာဘတ်ခ်ျဟာ ၂၀၁၂ ခုနှစ် ဂျာမန်ဖလားဗိုလ်လုပွဲမှာ ဒေါ့မွန်က ဘိုင်ယန်မြူးနစ်ကို ၅-၂ နဲ့ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ဘွန်ဒက်စ်လီဂါချန်ပီယံကို ၅ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပြီး ဂျာမန်ဖလားပွဲစဉ်အတွင်း ဘိုင်ယန်ကို ပထမဆုံး ၂၁ မိနစ်အတွင်း ၃ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးအသင်းလည်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ မိုချန်ဂလာဘတ်ခ်ျနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန်ဖလားပွဲစဉ်မှာ ၎င်းတို့ရဲ့ အကောင်းဆုံးပွဲထွက်လူစာရင်းနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညရှုံးပွဲကြောင့် ဘိုင်ယန်မြူးနစ်ဟာ DFB-Pokal ဖလားပြိုင်ပွဲကနေ ၂ ရာသီဆက်တိုက် ၃၂ သင်းအဆင့်ကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.