Bundesliga La Liga Ligue1 Match Report Premier League Serie A UCL&UEL

ရီးရဲလ်၊ အိုင်းယက်စ်တို့ ဂိုးပြတ်သွင်းပြီး အင်တာ၊ ပေါ်တိုတို့ နိုင်ပွဲရခဲ့ကြတဲ့ UCL Matchday-3

ဒီတစ်ပတ်ရဲ့ ချန်ပီယံလိဂ် Matchday-3 ဗုဒ္ဓဟူးနေ့ပွဲစဉ်တွေမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ အိုင်းယက်စ်တို့လို အသင်းကြီးတွေ ဂိုးပြတ်နိုင်ပွဲတွေနဲ့ အောင်ပွဲခံခဲ့ကြပြီး အုပ်စု(D)မှာ ခြေစွာနေတဲ့ ရှရစ်ဖ်ကတော့ အင်တာမီလန်ဆီမှာ ရှုံးပွဲစတွေ့ခဲ့သလို မရဏအုပ်စု(B)က ပေါ်တိုကတော့ ဘောင်မဝင်တော့တဲ့ အေစီမီလန်ကို အနိုင်ယူသွားခဲ့ပါတယ်။

အုပ်စု(A)မှာ မန်ချက်စတာစီးတီးအသင်းက အဝေးကွင်းမှာ ကလပ်ဘရုဂျ်ကို ကန်ဆယ်လို၊ မာရက်ဇ်၊ ဝေါ်လ်ကာ၊ ပါးလ်မားတို့ရဲ့ သွင်းဂိုးတွေနဲ့ ငါးဂိုး-တစ်ဂိုးရလဒ်ကို ပိုင်ဆိုင်အနိုင်ယူခဲ့ချိန်မှာ ပီအက်စ်ဂျီကတော့ ဂိုးသွင်းဖို့ ကွင်းမရွေးတဲ့ RB လိုက်ပ်ဇစ်ကို အိမ်ကွင်းမှာ မက်ဆီ၊ အမ်ဘာပေတို့ရဲ့ ဂိုးတွေနဲ့ သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အုပ်စု(B)ရဲ့ အပြင်းထန်ဆုံးပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းက တစ်ယောက်လျော့အိမ်ရှင် အက်သလက်တီကို မက်ဒရစ်ကို သုံးဂိုး-နှစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့သလို ဆာလား၊ ကီတာတို့ရဲ့ သွင်းဂိုးတွေနဲ့ ကျော်ဖြတ်ခဲ့ပြီး ပေါ်တိုကတော့ အိမ်ကွင်းမှာ လူးဝစ် ဒီယက်ဇ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ နာမည်ကြီး ထမင်းငတ် အေစီမီလန်ကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပါတယ်။

အုပ်စု(C)ပွဲစဉ်တွေမှာတော့ အိုင်းယက်စ်နဲ့ ဒေါ့မွန်တို့ရဲ့ပွဲမှာ မထင်မှတ်တဲ့ ရလဒ် ထွက်ပေါ်ခဲ့ပြီး အိမ်ရှင် အမ်စတာဒမ်သားတွေအနေနဲ့ ဧည့်သည် ဂျာမန်သားတွေရဲ့ ကွင်းလယ်ကို ထိန်းချုပ်ပြီး လုပ်ချင်သလိုလုပ်သွားခဲ့သလို မာကို ရွိုက်စ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုအပြီးမှာ ဒါလေ ဘလင်း၊ အန်တိုနဲ့ အဲလားတို့က နောက်ထပ်သုံးဂိုးသွင်းယူနိုင်ခဲ့လို့ လေးဂိုး-ဂိုးမရှိနဲ့ ရလဒ်က ပြတ်သားသွားခဲ့တာပါ။

နောက်ထပ် အုပ်စုပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘက်ရှီးတပ်စ်နဲ့ စပို့တင်း လစ္စဘွန်းတို့ရဲ့ ပွဲစဉ်မှာတော့ လီဗာပူးလ်နောက်ခံလူဟောင်း ဆီဘက်စ်တီယန် ကိုအာတက်စ်ရဲ့ ပုံစံတူ ခေါင်းတိုက်သွင်းဂိုးနှစ်ဂိုးအပြင် ပါဘလို ဆာရားဘီးယား၊ ပေါ်လင်ညိုတို့ရဲ့ သွင်းဂိုးတွေနဲ့ တူရကီကလပ်ကို အနိုင်ယူခဲ့ပြီး ပယာနစ်ချ်၊ ဘက်ရွှာယီတို့လို ကစားသမားတွေ ပါဝင်တဲ့ အသင်းအနေနဲ့ အိမ်ကွင်းမှာ အင်အားမဲ့ခဲ့တာလည်းဖြစ်ပါတယ်။

အုပ်စု(D)မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းက ရှက်ခ်တာဒိုးနက်စ်ခ်ကို ယူကရိန်းမြေမှာ ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ဗီနီးရှပ်စ် ဂျူနီယာ၊ ရိုဒရီဂို၊ ဘန်ဇီးမားတို့ရဲ့ ဂိုးတွေအပြင် အိမ်ရှင်နောက်ခံလူ ခရစ္စတော့ဗ်ရဲ့ လက်ဆောင်ဂိုးတွေနဲ့ အောင်ပွဲခံနိုင်ခဲ့သလို နောက်ပွဲစဉ်တစ်ပွဲမှာတော့ ခြေစွာနေတဲ့ မော်လ်ဒိုဗာကလပ် ရှရစ်ဖ်ကို အင်တာမီလန်က ဆန်စီရိုမှာ ဂျက်ကို၊ ဗီဒယ်လ်နဲ့ ဒီဗရိုင်းတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။

လက်ရှိပွဲစဉ် သုံးပွဲအပြီးမှာတော့ အိုင်းယက်စ်တိုက်စစ်မှူး အဲလားက ၆ ဂိုးသွင်းပြီး ဦးဆောင်နေခဲ့သလို လီဗာပူးလ်တိုက်စစ်မှူး ဆာလားက ၅ ဂိုး သွင်းယူထားခဲ့ပြီး လီဗန်ဒေါ့ဗ်စကီးနဲ့ အန်ကွန်ကူးတို့ကတော့ ၄ ဂိုးစီနဲ့ ရပ်တည်နေခဲ့ကြချိန်မှာ မန်ချက်စတာစီးတီးရဲ့ မာရက်ဇ်ကတော့ ၃ ဂိုးနဲ့ အသီးသီး ချန်ပီယံလိဂ် ဂိုးသွင်းဘုရင်ဆုအတွက် အပြိုင်အဆိုင်ဖြစ်နေကြကြောင်းလည်း အင်္ဂါနေ့ပွဲစဉ်တွေအပြီးမှာ စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီတစ္ပတ္ရဲ႕ ခ်န္ပီယံလိဂ္ Matchday-3 ဗုဒၶဟူးေန႔ပြဲစဥ္ေတြမွာေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔ အိုင္းယက္စ္တို႔လို အသင္းႀကီးေတြ ဂိုးျပတ္ႏိုင္ပြဲေတြနဲ႔ ေအာင္ပြဲခံခဲ့ၾကၿပီး အုပ္စု(D)မွာ ေျခစြာေနတဲ့ ရွရစ္ဖ္ကေတာ့ အင္တာမီလန္ဆီမွာ ရႈံးပြဲစေတြ႕ခဲ့သလို မရဏအုပ္စု(B)က ေပၚတိုကေတာ့ ေဘာင္မဝင္ေတာ့တဲ့ ေအစီမီလန္ကို အႏိုင္ယူသြားခဲ့ပါတယ္။

အုပ္စု(A)မွာ မန္ခ်က္စတာစီးတီးအသင္းက အေဝးကြင္းမွာ ကလပ္ဘ႐ုဂ်္ကို ကန္ဆယ္လို၊ မာရက္ဇ္၊ ေဝၚလ္ကာ၊ ပါးလ္မားတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ငါးဂိုး-တစ္ဂိုးရလဒ္ကို ပိုင္ဆိုင္အႏိုင္ယူခဲ့ခ်ိန္မွာ ပီအက္စ္ဂ်ီကေတာ့ ဂိုးသြင္းဖို႔ ကြင္းမေ႐ြးတဲ့ RB လိုက္ပ္ဇစ္ကို အိမ္ကြင္းမွာ မက္ဆီ၊ အမ္ဘာေပတို႔ရဲ႕ ဂိုးေတြနဲ႔ သုံးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

အုပ္စု(B)ရဲ႕ အျပင္းထန္ဆုံးပြဲစဥ္မွာေတာ့ လီဗာပူးလ္အသင္းက တစ္ေယာက္ေလ်ာ့အိမ္ရွင္ အက္သလက္တီကို မက္ဒရစ္ကို သုံးဂိုး-ႏွစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့သလို ဆာလား၊ ကီတာတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ေက်ာ္ျဖတ္ခဲ့ၿပီး ေပၚတိုကေတာ့ အိမ္ကြင္းမွာ လူးဝစ္ ဒီယက္ဇ္ရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ နာမည္ႀကီး ထမင္းငတ္ ေအစီမီလန္ကို တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူခဲ့ပါတယ္။

အုပ္စု(C)ပြဲစဥ္ေတြမွာေတာ့ အိုင္းယက္စ္နဲ႔ ေဒါ့မြန္တို႔ရဲ႕ပြဲမွာ မထင္မွတ္တဲ့ ရလဒ္ ထြက္ေပၚခဲ့ၿပီး အိမ္ရွင္ အမ္စတာဒမ္သားေတြအေနနဲ႔ ဧည့္သည္ ဂ်ာမန္သားေတြရဲ႕ ကြင္းလယ္ကို ထိန္းခ်ဳပ္ၿပီး လုပ္ခ်င္သလိုလုပ္သြားခဲ့သလို မာကို ႐ြိဳက္စ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမႈအၿပီးမွာ ဒါေလ ဘလင္း၊ အန္တိုနဲ႔ အဲလားတို႔က ေနာက္ထပ္သုံးဂိုးသြင္းယူႏိုင္ခဲ့လို႔ ေလးဂိုး-ဂိုးမရွိနဲ႔ ရလဒ္က ျပတ္သားသြားခဲ့တာပါ။

ေနာက္ထပ္ အုပ္စုပြဲစဥ္တစ္ပြဲျဖစ္တဲ့ ဘက္ရွီးတပ္စ္နဲ႔ စပို႔တင္း လစၥဘြန္းတို႔ရဲ႕ ပြဲစဥ္မွာေတာ့ လီဗာပူးလ္ေနာက္ခံလူေဟာင္း ဆီဘက္စ္တီယန္ ကိုအာတက္စ္ရဲ႕ ပုံစံတူ ေခါင္းတိုက္သြင္းဂိုးႏွစ္ဂိုးအျပင္ ပါဘလို ဆာရားဘီးယား၊ ေပၚလင္ညိဳတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ တူရကီကလပ္ကို အႏိုင္ယူခဲ့ၿပီး ပယာနစ္ခ်္၊ ဘက္႐ႊာယီတို႔လို ကစားသမားေတြ ပါဝင္တဲ့ အသင္းအေနနဲ႔ အိမ္ကြင္းမွာ အင္အားမဲ့ခဲ့တာလည္းျဖစ္ပါတယ္။

အုပ္စု(D)မွာေတာ့ ရီးရဲလ္မက္ဒရစ္အသင္းက ရွက္ခ္တာဒိုးနက္စ္ခ္ကို ယူကရိန္းေျမမွာ ငါးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ၿပီး ဗီနီးရွပ္စ္ ဂ်ဴနီယာ၊ ႐ိုဒရီဂို၊ ဘန္ဇီးမားတို႔ရဲ႕ ဂိုးေတြအျပင္ အိမ္ရွင္ေနာက္ခံလူ ခရစၥေတာ့ဗ္ရဲ႕ လက္ေဆာင္ဂိုးေတြနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့သလို ေနာက္ပြဲစဥ္တစ္ပြဲမွာေတာ့ ေျခစြာေနတဲ့ ေမာ္လ္ဒိုဗာကလပ္ ရွရစ္ဖ္ကို အင္တာမီလန္က ဆန္စီ႐ိုမွာ ဂ်က္ကို၊ ဗီဒယ္လ္နဲ႔ ဒီဗ႐ိုင္းတို႔ရဲ႕ ဂိုးေတြနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

လက္ရွိပြဲစဥ္ သုံးပြဲအၿပီးမွာေတာ့ အိုင္းယက္စ္တိုက္စစ္မႉး အဲလားက ၆ ဂိုးသြင္းၿပီး ဦးေဆာင္ေနခဲ့သလို လီဗာပူးလ္တိုက္စစ္မႉး ဆာလားက ၅ ဂိုး သြင္းယူထားခဲ့ၿပီး လီဗန္ေဒါ့ဗ္စကီးနဲ႔ အန္ကြန္ကူးတို႔ကေတာ့ ၄ ဂိုးစီနဲ႔ ရပ္တည္ေနခဲ့ၾကခ်ိန္မွာ မန္ခ်က္စတာစီးတီးရဲ႕ မာရက္ဇ္ကေတာ့ ၃ ဂိုးနဲ႔ အသီးသီး ခ်န္ပီယံလိဂ္ ဂိုးသြင္းဘုရင္ဆုအတြက္ အၿပိဳင္အဆိုင္ျဖစ္ေနၾကေၾကာင္းလည္း အဂၤါေန႔ပြဲစဥ္ေတြအၿပီးမွာ စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.