Premier League

စမစ်ရိုးက ရော်နယ်လ်ဒိုထက် ဂိုးသွင်းပိုသေချာတယ်လို့ ပြောလိုက်တဲ့ ဂယ်ရီ နဗီးလ်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးလ်ဟာ အာဆင်နယ်ကွင်းလယ်ကစားသမား စမစ်ရိုးဟာ ရော်နယ်လ်ဒို သူ့အရွယ်တုန်းက ခြေစွမ်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အာဆင်နယ်ကြယ်ပွင့်က ဂိုးသွင်းပိုမိုသေချာတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

အသက် ၁၀ နှစ်အရွယ်မှာ အာဆင်နယ်အကယ်ဒမီကို ရောက်ရှိလာခဲ့တဲ့ စမစ်ရိုးဟာ နည်းပြ အာတီတာလက်အောက်မှာ အဓိကကစားသမားအဖြစ် သက်သေပြသနိုင်ခဲ့သူဖြစ်ပြီး အိုဇေးလ် ထွက်ခွာပြီးနောက်ပိုင်း ယခုနှစ်အစောပိုင်းမှာ ကျောနံပါတ် ၁၀ ကို ဆက်ခံခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်ဟာ ရာသီသစ် အဖွင့်ပွဲစဉ် ၃ ပွဲစလုံးမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဆိုးရွားတဲ့စတင်မှုနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် စမစ်ရိုးရဲ့ စွမ်းဆောင်ရည်ဟာ အာတီတာရဲ့အသင်းအတွက် အကြီးမားဆုံးအပေါင်းလက္ခဏာတွေထဲက တစ်ခုဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၂ ဂိုး သွင်းယူထားပြီးဖြစ်ပြီး ဂယ်ရီ နဗီးလ်က အာဆင်နယ်ကွင်းလယ်ကစားသမားအရွယ်တုန်းက ရော်နယ်လ်ဒိုက ဒီလောက် ဂိုးသွင်းမသေချာဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ခရစ္စတီယာနိုက သူဟာ ကမ္ဘာပေါ်က အကောင်းဆုံးဖြစ်လာမယ်ဆိုတာ သံသယမရှိဘူးလို့ ပြောခဲ့ပြီး အဲဒီလို ကျွန်တော် ကြားခဲ့ဖူးတဲ့ ပထမဆုံးသူပါ။ ကစားသမားတစ်ယောက်က အဲဒီလိုပြောတာကို ကြားရတာက တော်တော်လေး ထူးဆန်းပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးက အသင်းအကြောင်းနဲ့ အသင်းလိုက်စုဖွဲ့မှုအကြောင်းပဲ ပြောကြတာမို့လို့ပါ။ မိုဆာလားက အဲဒါကို ပြောတာ ကြားလိုက်ရတော့ အသစ်ပြန်ဖြစ်သွားပါတယ်”

“ခင်ဗျား အသင်းကို ပို့ဆောင်ပေးနေတဲ့အချိန်မှာ ဒီလိုအရာတွေကို ပြောနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ ဒီ ၂ ယောက်က အခု ခြေစွမ်းတည်ငြိမ်စွာနဲ့ အသင်းကို ပို့ဆောင်ပေးနေပါတယ်။ ရော်နယ်လ်ဒိုက အခုဆိုရင် ၁၀ နှစ်၊ ၁၅ နှစ်လောက်ရှိပြီဖြစ်ပြီး မို ဆာလားက ၅ နှစ်၊ ၆ နှစ်လောက်ရှိပါပြီ။ အဲဒီထက်လည်း ကျော်လွန်ဦးမှာပါ။ သူတို့တွေက လုံးဝကို သေစေနိုင်တဲ့ကစားသမားတွေပါ။ သူတို့တွေက အညှာအတာကင်းမဲ့ပြီး ဂိုးသွင်းသေချာတယ်”

“စမစ်ရိုး ဖြစ်ချင်တဲ့ အရာအားလုံးက သူက လှပတဲ့ဘောလုံးသမား စမစ်ရိုးဖြစ်ပြီး သူက သူ့ရဲ့ကစားသမားဘဝမှာ ဆက်သွားစရာအရှည်ကြီး ကျန်ပါသေးတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူ့အရွယ်လောက်တုန်းက ဒီလောက် အညှာအတာမကင်းမဲ့သလို ဂိုးသွင်းမသေချာခဲ့ပါဘူး”

“ဒါပေမယ့် အဲဒီကနေ သူ ရအောင် လုပ်ခဲ့တာပါ။ တစ်ပွဲချင်းစီကနေ ပြောမယ်ဆိုရင် သူတို့တွေက အကောင်းဆုံးဖြစ်လာချင်ကြတယ်။ သူတို့တွေက အနိုင်ဂိုးကို သွင်းချင်ကြတယ်။ သူတို့တွေက အနိုင်ဂိုးကို သွင်းယူနိုင်လိမ့်မယ်ဆိုတာကို ယုံကြည်ကြတယ်။ ယုံကြည်ချက်ကတော့ မယုံနိုင်စရာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးလ္ဟာ အာဆင္နယ္ကြင္းလယ္ကစားသမား စမစ္႐ိုးဟာ ေရာ္နယ္လ္ဒို သူ႔အ႐ြယ္တုန္းက ေျခစြမ္းနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ အာဆင္နယ္ၾကယ္ပြင့္က ဂိုးသြင္းပိုမိုေသခ်ာတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

အသက္ ၁၀ ႏွစ္အ႐ြယ္မွာ အာဆင္နယ္အကယ္ဒမီကို ေရာက္ရွိလာခဲ့တဲ့ စမစ္႐ိုးဟာ နည္းျပ အာတီတာလက္ေအာက္မွာ အဓိကကစားသမားအျဖစ္ သက္ေသျပသႏိုင္ခဲ့သူျဖစ္ၿပီး အိုေဇးလ္ ထြက္ခြာၿပီးေနာက္ပိုင္း ယခုႏွစ္အေစာပိုင္းမွာ ေက်ာနံပါတ္ ၁၀ ကို ဆက္ခံခဲ့သူျဖစ္ပါတယ္။

အာဆင္နယ္ဟာ ရာသီသစ္ အဖြင့္ပြဲစဥ္ ၃ ပြဲစလုံးမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဆိုး႐ြားတဲ့စတင္မႈနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္ စမစ္႐ိုးရဲ႕ စြမ္းေဆာင္ရည္ဟာ အာတီတာရဲ႕အသင္းအတြက္ အႀကီးမားဆုံးအေပါင္းလကၡဏာေတြထဲက တစ္ခုျဖစ္ခဲ့တာ ျဖစ္ပါတယ္။ အသက္ ၂၁ ႏွစ္အ႐ြယ္ကစားသမားဟာ ယခုရာသီမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၂ ဂိုး သြင္းယူထားၿပီးျဖစ္ၿပီး ဂယ္ရီ နဗီးလ္က အာဆင္နယ္ကြင္းလယ္ကစားသမားအ႐ြယ္တုန္းက ေရာ္နယ္လ္ဒိုက ဒီေလာက္ ဂိုးသြင္းမေသခ်ာဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ခရစၥတီယာႏိုက သူဟာ ကမာၻေပၚက အေကာင္းဆုံးျဖစ္လာမယ္ဆိုတာ သံသယမရွိဘူးလို႔ ေျပာခဲ့ၿပီး အဲဒီလို ကြၽန္ေတာ္ ၾကားခဲ့ဖူးတဲ့ ပထမဆုံးသူပါ။ ကစားသမားတစ္ေယာက္က အဲဒီလိုေျပာတာကို ၾကားရတာက ေတာ္ေတာ္ေလး ထူးဆန္းပါတယ္။ ဘာလို႔လဲဆိုေတာ့ အားလုံးက အသင္းအေၾကာင္းနဲ႔ အသင္းလိုက္စုဖြဲ႕မႈအေၾကာင္းပဲ ေျပာၾကတာမို႔လို႔ပါ။ မိုဆာလားက အဲဒါကို ေျပာတာ ၾကားလိုက္ရေတာ့ အသစ္ျပန္ျဖစ္သြားပါတယ္”

“ခင္ဗ်ား အသင္းကို ပို႔ေဆာင္ေပးေနတဲ့အခ်ိန္မွာ ဒီလိုအရာေတြကို ေျပာႏိုင္တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ၿပီးေတာ့ ဒီ ၂ ေယာက္က အခု ေျခစြမ္းတည္ၿငိမ္စြာနဲ႔ အသင္းကို ပို႔ေဆာင္ေပးေနပါတယ္။ ေရာ္နယ္လ္ဒိုက အခုဆိုရင္ ၁၀ ႏွစ္၊ ၁၅ ႏွစ္ေလာက္ရွိၿပီျဖစ္ၿပီး မို ဆာလားက ၅ ႏွစ္၊ ၆ ႏွစ္ေလာက္ရွိပါၿပီ။ အဲဒီထက္လည္း ေက်ာ္လြန္ဦးမွာပါ။ သူတို႔ေတြက လုံးဝကို ေသေစႏိုင္တဲ့ကစားသမားေတြပါ။ သူတို႔ေတြက အညႇာအတာကင္းမဲ့ၿပီး ဂိုးသြင္းေသခ်ာတယ္”

“စမစ္႐ိုး ျဖစ္ခ်င္တဲ့ အရာအားလုံးက သူက လွပတဲ့ေဘာလုံးသမား စမစ္႐ိုးျဖစ္ၿပီး သူက သူ႔ရဲ႕ကစားသမားဘဝမွာ ဆက္သြားစရာအရွည္ႀကီး က်န္ပါေသးတယ္။ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက သူ႔အ႐ြယ္ေလာက္တုန္းက ဒီေလာက္ အညႇာအတာမကင္းမဲ့သလို ဂိုးသြင္းမေသခ်ာခဲ့ပါဘူး”

“ဒါေပမယ့္ အဲဒီကေန သူ ရေအာင္ လုပ္ခဲ့တာပါ။ တစ္ပြဲခ်င္းစီကေန ေျပာမယ္ဆိုရင္ သူတို႔ေတြက အေကာင္းဆုံးျဖစ္လာခ်င္ၾကတယ္။ သူတို႔ေတြက အႏိုင္ဂိုးကို သြင္းခ်င္ၾကတယ္။ သူတို႔ေတြက အႏိုင္ဂိုးကို သြင္းယူႏိုင္လိမ့္မယ္ဆိုတာကို ယုံၾကည္ၾကတယ္။ ယုံၾကည္ခ်က္ကေတာ့ မယုံႏိုင္စရာပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.