Premier League Transfer News

26 Oct နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ သူ့ရဲ့ ခံစစ်ပိုင်းအတွက် ဇန်နဝါရီမှာ ပြောင်းလဲတည်ဆောက်သွားဖွယ်ရှိနေပြီး ဂျူဗင်တပ်စ်နောက်ခံလူ မက်သစ် ဒီလစ်ချ်ကို ခေါ်ယူနိုင်ခြေအတွက် ဆွေးနွေးနေသလို ဆီဗီလာအသင်းရဲ့ ဈေးကြီးလွန်းနေတဲ့ ဂျူးလ် ကွန်ဒီကို စွန့်လွှတ်သွားဖို့ ရှိနေ။

– ပရီးမီးယားလိဂ် ၉ ပွဲမှာ ၃ ဂိုးသာ ပေးထားရတဲ့ ခံစစ်ပိုင်းအတွက် စိုးရိမ်စရာအနေအထားကို ချဲလ်ဆီးတို့ အလျင်အမြန် ဖြေရှင်းရဖို့ ရှိနေပြီး လာမယ့်နွေရာသီမှာ စာချုပ်ကုန်ဆုံးမှာဖြစ်သလို လက်ရှိအချိန်အထိ သက်တမ်းတိုးဖို့ သဘောတူညီမှု မရသေးတဲ့ အန်တိုနီယို ရူဒီဂါ၊ အန်ဒရီးယက်စ် ခရစ္စတင်ဆန်နဲ့ အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွေတာတို့ကို အလေးပေးညှိနှိုင်းရဖို့ရှိနေ။

– ချဲလ်ဆီးအသင်းအနေနဲ့ တိုက်စစ်သမားတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေတယ်လို့ နည်းပြ တူဟယ်လ်က ပြောလိုက်ပြီး နှစ်ပွဲဆက် ဂိုးသွင်းယူထားနိုင်ခဲ့တဲ့ တောင်ပံကစားသမား ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းအနေနဲ့ ဂိုးနဲ့ ဖန်တီးမှုတွေကို ပုံမှန်ပြုလုပ်ပေးနိုင်ဖို့ အလိုရှိကြောင်း ပြောကြားထား။

– ၂၀၂၃ နွေရာသီအထိ စာချုပ်ကျန်ရှိနေပေမယ့် ချဲလ်ဆီးလူငယ်ခံစစ်မှူး ထရီဗိုရ် ချာလိုဘာကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကိစ္စက နီးစပ်နေပြီဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် ဗဟိုနောက်ခံလူကို နှစ်ရှည်စာချုပ်တစ်ရပ်နဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ သတင်းထွက်ပေါ်လာ။

– ချဲလ်ဆီးအသင်းရဲ့ ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းကို နော့ဝစ်ချ်နဲ့ပွဲမှာ လွဲချော်ထားခဲ့တဲ့ ကွင်းလယ်လူ အန်ဂိုလို ကွန်တေအနေနဲ့ ပြန်လည် ပါဝင်လေ့ကျင့်နိုင်ခဲ့ပြီဖြစ်ပြီး ဆောက်သမ်တန်နဲ့ပွဲမှာ ပြန်လည်ပါဝင်နိုင်ဖို့ ရှိနေသလို တစ်ဦးတည်း သီးခြားလေ့ကျင့်နေတဲ့ အမေရိကန် တောင်ပံတိုက်စစ်မှူး ခရစ္စတီယန် ပူလီရှစ်ချ်ရဲ့ အခြေအနေလည်း တိုးတက်ကောင်းမွန်နေကြောင်းသိရ။

– အသင်းအပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာရဲ့ အငှားနဲ့ ကနဦးခေါ်ယူခဲ့တဲ့ ဆုံးဖြတ်ချက်က မှန်ကန်နေပြီလို့ ဆိုရမှာဖြစ်ပြီး အသင်းရဲ့ ကစားပုံမှာ ခြေစွမ်းသာမန်အောက်ကိုသာ ပြသနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို နည်းပြ တူဟယ်လ်ကပါ ပွဲထွက်ခွင့် အာမခံချက် ပေးမထားဘူးလို့ သိရပြီး လော့ဖ်တပ်စ်ချိခ်နဲ့ ဘာကလီတို့ရဲ့ အကျိုးပြုနိုင်မှုအရ လမ်းခွဲဖွယ်ရှိနေ။

– ပြီးခဲ့တဲ့ နွေရာသီက ချဲလ်ဆီးအသင်းအနေနဲ့ သူ့ကို ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ စကားပြောခဲ့တယ်လို့ နောက်ခံလူ မားကင်ညို့စ်က ထုတ်ဖော်လိုက်ပြီး ပါရီကလပ်ရဲ့ တာဝန်ရှိသူတွေအနေနဲ့ ပယ်ချခဲ့လို့သာ မင်းသားကွင်းမှာ ဆက်နေဖြစ်ခဲ့တာဖြစ်ပြီး ဒီအသင်းဘက်က စိတ်ဝင်စားမှုဟာ ဂုဏ်ယူစရာလို့ ဘရာဇီးလ်သားက ဝန်ခံသွားခဲ့။

– အိမ်ကွင်းမှာ ဆောက်သမ်တန်အသင်းနဲ့ ကစားရမယ့် ကာရာဘောင်းဖလားပွဲစဉ်အတွက် ချဲလ်ဆီးနည်းပြ တူဟယ်လ်အနေနဲ့ ပြီးခဲ့တဲ့ နော့ဝစ်ချ်နဲ့ပွဲက လူစာရင်းကို ၉ နေရာအထိ ပြောင်းလဲသွားဖွယ်ရှိနေပြီး ဂိုးသမား ကီပါ၊ နောက်ခံလူ ချာလိုဘာ၊ ခရစ္စတင်ဆန်နဲ့ မာလန်းဆားရ်၊ ကွင်းလယ်မှာ အက်ဇ်ပီလီကွေတာ၊ မားကို့စ် အလွန်ဆို၊ လော့ဖ်တပ်စ်ချိခ်၊ ဘာကလီနဲ့ ဆာအူးလ်၊ တိုက်စစ်မှာ ဇီးယက်ရှ်နဲ့ ဟာဗတ်ဇ်တို့ကို ပွဲထုတ်လာမယ်လို့ ခန့်မှန်းနေကြ။

– ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်အတွက် ပေါင်သန်း ၁၀၀ နဲ့ ရရှိမှာကို ဘာဖြစ်လို့ မခေါ်ယူကြတာလဲလို့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မွိုက်စ် ရယ်သွမ်းသွေးလိုက်ပြီး ဒါဟာ အင်မတန် ပေါပေါလောလော ရရှိမယ့် ဈေးလို့လည်း ဝယ်လက်တွေကို သွယ်ဝိုက်ပြီး သတိပေးသွားခဲ့။

– မာရီနာ ဂရာနော့ဗ်စကားယာအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပြန်လည်ခေါ်ယူမှုမှာ ရုန်းကန်နေခဲ့ရတာကို သင်ခန်းစာယူသင့်ပြီး ဒီလိုအခြေအနေမျိုး ကြုံလာရနိုင်တဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်သမား အီဒင် ဟာဇတ်ကို ခေါ်ယူဖို့ မကြိုးစားသင့်ကြောင်း သတိပေးခံခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ သူ႔ရဲ႕ ခံစစ္ပိုင္းအတြက္ ဇန္နဝါရီမွာ ေျပာင္းလဲတည္ေဆာက္သြားဖြယ္ရွိေနၿပီး ဂ်ဴဗင္တပ္စ္ေနာက္ခံလူ မက္သစ္ ဒီလစ္ခ်္ကို ေခၚယူႏိုင္ေျခအတြက္ ေဆြးေႏြးေနသလို ဆီဗီလာအသင္းရဲ႕ ေဈးႀကီးလြန္းေနတဲ့ ဂ်ဴးလ္ ကြန္ဒီကို စြန႔္လႊတ္သြားဖို႔ ရွိေန။

– ပရီးမီးယားလိဂ္ ၉ ပြဲမွာ ၃ ဂိုးသာ ေပးထားရတဲ့ ခံစစ္ပိုင္းအတြက္ စိုးရိမ္စရာအေနအထားကို ခ်ဲလ္ဆီးတို႔ အလ်င္အျမန္ ေျဖရွင္းရဖို႔ ရွိေနၿပီး လာမယ့္ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးမွာျဖစ္သလို လက္ရွိအခ်ိန္အထိ သက္တမ္းတိုးဖို႔ သေဘာတူညီမႈ မရေသးတဲ့ အန္တိုနီယို ႐ူဒီဂါ၊ အန္ဒရီးယက္စ္ ခရစၥတင္ဆန္နဲ႔ အသင္းေခါင္းေဆာင္ ဆီဇာ အက္ဇ္ပီလီေကြတာတို႔ကို အေလးေပးညႇိႏႈိင္းရဖို႔ရွိေန။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ တိုက္စစ္သမားေတြကို တင္းတင္းက်ပ္က်ပ္ ကိုင္တြယ္ေနတယ္လို႔ နည္းျပ တူဟယ္လ္က ေျပာလိုက္ၿပီး ႏွစ္ပြဲဆက္ ဂိုးသြင္းယူထားႏိုင္ခဲ့တဲ့ ေတာင္ပံကစားသမား ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းအေနနဲ႔ ဂိုးနဲ႔ ဖန္တီးမႈေတြကို ပုံမွန္ျပဳလုပ္ေပးႏိုင္ဖို႔ အလိုရွိေၾကာင္း ေျပာၾကားထား။

– ၂၀၂၃ ေႏြရာသီအထိ စာခ်ဳပ္က်န္ရွိေနေပမယ့္ ခ်ဲလ္ဆီးလူငယ္ခံစစ္မႉး ထရီဗိုရ္ ခ်ာလိုဘာကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔ ကိစၥက နီးစပ္ေနၿပီျဖစ္ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ ဗဟိုေနာက္ခံလူကို ႏွစ္ရွည္စာခ်ဳပ္တစ္ရပ္နဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဆက္လက္ထိန္းသိမ္းသြားမယ္လို႔ သတင္းထြက္ေပၚလာ။

– ခ်ဲလ္ဆီးအသင္းရဲ႕ ေကာ့ဘ္ဟမ္းေလ့က်င့္ေရးကြင္းကို ေနာ့ဝစ္ခ်္နဲ႔ပြဲမွာ လြဲေခ်ာ္ထားခဲ့တဲ့ ကြင္းလယ္လူ အန္ဂိုလို ကြန္ေတအေနနဲ႔ ျပန္လည္ ပါဝင္ေလ့က်င့္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ေဆာက္သမ္တန္နဲ႔ပြဲမွာ ျပန္လည္ပါဝင္ႏိုင္ဖို႔ ရွိေနသလို တစ္ဦးတည္း သီးျခားေလ့က်င့္ေနတဲ့ အေမရိကန္ ေတာင္ပံတိုက္စစ္မႉး ခရစၥတီယန္ ပူလီရွစ္ခ်္ရဲ႕ အေျခအေနလည္း တိုးတက္ေကာင္းမြန္ေနေၾကာင္းသိရ။

– အသင္းအေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာရဲ႕ အငွားနဲ႔ ကနဦးေခၚယူခဲ့တဲ့ ဆုံးျဖတ္ခ်က္က မွန္ကန္ေနၿပီလို႔ ဆိုရမွာျဖစ္ၿပီး အသင္းရဲ႕ ကစားပုံမွာ ေျခစြမ္းသာမန္ေအာက္ကိုသာ ျပသႏိုင္ခဲ့တဲ့ ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို နည္းျပ တူဟယ္လ္ကပါ ပြဲထြက္ခြင့္ အာမခံခ်က္ ေပးမထားဘူးလို႔ သိရၿပီး ေလာ့ဖ္တပ္စ္ခ်ိခ္နဲ႔ ဘာကလီတို႔ရဲ႕ အက်ိဳးျပဳႏိုင္မႈအရ လမ္းခြဲဖြယ္ရွိေန။

– ၿပီးခဲ့တဲ့ ေႏြရာသီက ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူ႔ကို ေခၚယူဖို႔ ပီအက္စ္ဂ်ီနဲ႔ စကားေျပာခဲ့တယ္လို႔ ေနာက္ခံလူ မားကင္ညိဳ႕စ္က ထုတ္ေဖာ္လိုက္ၿပီး ပါရီကလပ္ရဲ႕ တာဝန္ရွိသူေတြအေနနဲ႔ ပယ္ခ်ခဲ့လို႔သာ မင္းသားကြင္းမွာ ဆက္ေနျဖစ္ခဲ့တာျဖစ္ၿပီး ဒီအသင္းဘက္က စိတ္ဝင္စားမႈဟာ ဂုဏ္ယူစရာလို႔ ဘရာဇီးလ္သားက ဝန္ခံသြားခဲ့။

– အိမ္ကြင္းမွာ ေဆာက္သမ္တန္အသင္းနဲ႔ ကစားရမယ့္ ကာရာေဘာင္းဖလားပြဲစဥ္အတြက္ ခ်ဲလ္ဆီးနည္းျပ တူဟယ္လ္အေနနဲ႔ ၿပီးခဲ့တဲ့ ေနာ့ဝစ္ခ်္နဲ႔ပြဲက လူစာရင္းကို ၉ ေနရာအထိ ေျပာင္းလဲသြားဖြယ္ရွိေနၿပီး ဂိုးသမား ကီပါ၊ ေနာက္ခံလူ ခ်ာလိုဘာ၊ ခရစၥတင္ဆန္နဲ႔ မာလန္းဆားရ္၊ ကြင္းလယ္မွာ အက္ဇ္ပီလီေကြတာ၊ မားကို႔စ္ အလြန္ဆို၊ ေလာ့ဖ္တပ္စ္ခ်ိခ္၊ ဘာကလီနဲ႔ ဆာအူးလ္၊ တိုက္စစ္မွာ ဇီးယက္ရွ္နဲ႔ ဟာဗတ္ဇ္တို႔ကို ပြဲထုတ္လာမယ္လို႔ ခန႔္မွန္းေနၾက။

– ခ်ဲလ္ဆီးအသင္းနဲ႔ ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ ပစ္မွတ္ျဖစ္ေနတဲ့ ကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္အတြက္ ေပါင္သန္း ၁၀၀ နဲ႔ ရရွိမွာကို ဘာျဖစ္လို႔ မေခၚယူၾကတာလဲလို႔ ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္ မြိဳက္စ္ ရယ္သြမ္းေသြးလိုက္ၿပီး ဒါဟာ အင္မတန္ ေပါေပါေလာေလာ ရရွိမယ့္ ေဈးလို႔လည္း ဝယ္လက္ေတြကို သြယ္ဝိုက္ၿပီး သတိေပးသြားခဲ့။

– မာရီနာ ဂရာေနာ့ဗ္စကားယာအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ျပန္လည္ေခၚယူမႈမွာ ႐ုန္းကန္ေနခဲ့ရတာကို သင္ခန္းစာယူသင့္ၿပီး ဒီလိုအေျခအေနမ်ိဳး ႀကဳံလာရႏိုင္တဲ့ ရီးရဲလ္မက္ဒရစ္တိုက္စစ္သမား အီဒင္ ဟာဇတ္ကို ေခၚယူဖို႔ မႀကိဳးစားသင့္ေၾကာင္း သတိေပးခံခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.