Analysis Premier League

လာမယ့် ဆောင်းရာသီဈေးကွက်မှာ ပရီးမီးယားလိဂ်ကနေ ထွက်ခွာသွားသင့်သူ ၅ ဦး

ပရီးမီးယားလိဂ်ကို ကစားသမားကောင်းတွေဆိုပြီး ခေါ်ယူထားတဲ့သူတွေအနေနဲ့ ရောက်လာစဉ်ကတည်း မတူညီတဲ့ ဘောလုံးအယူအဆနဲ့ ရာသီဥတုစတဲ့ အခက်အခဲတွေကြောင့် ရုန်းကန်နေခဲ့ရသလို တချို့ကစားသမားတွေကလည်း အသင်းမှာ ကစားတာကြာလာတဲ့အချိန်မှာ လူသစ်တွေရဲ့ ဖိအားနဲ့ ရင်ဆိုင်လာရပြီး နေရာပျောက်ဖို့ နီးစပ်လာခဲ့တာကြောင့် အသင်းသစ် ရှာဖွေရဖို့ ရှိနေပြီး ဒီထဲကမှ နာမည်ကြီးကစားသမား ၅ ဦးကို ရွေးထုတ်ဖော်ပြလိုက်ပါတယ်။

၅။ ဟာကင်းမ် ဇီးယက်ရှ် (ချဲလ်ဆီး)
မော်ရိုကိုသားကို အိုင်းယက်စ်အသင်းဆီက ၂၀၂၀ နွေရာသီမှာ ယူရိုသန်း ၄၀ ဝန်းကျင်နဲ့ မာရီနာ ဂရာနော့ဗ်စကားယာတစ်ယောက် လက်သွက်သွက်နဲ့ ခေါ်ယူလိုက်နိုင်တာကို လူတိုင်းက ဝိုင်းဝန်းချီးကျူးခဲ့ကြတာဖြစ်ပါတယ်။ ဖန်တီးမှုမြင့်မားသလို ဂိုးတွေလည်း သွင်းယူလေ့ရှိတဲ့ ဇီးယက်ရှ်ဟာ အမ်စတာဒမ်သားတွေနဲ့ ချန်ပီယံလိဂ်မှာပါ အစွမ်းပြခဲ့လို့ ချဲလ်ဆီးပရိသတ်တွေအတွက်တော့ တော်တော်လေး မျှော်လင့်ချင်စရာလည်း ဖြစ်ခဲ့တာပါ။

တောင်ပံတွေကနေ ထိုးဖောက်မှုနဲ့ တိကျတဲ့ အဝေးဘောတွေက ရောက်စမှာ အဓိက လက်နက်တစ်ရပ်ဖြစ်ခဲ့ပေမယ့် ပြိုင်ဘက်တွေက သူ့ကို အင်အားသုံးပိတ်ဆို့လာချိန်မှာတော့ ဒဏ်ရာတွေပါ ရလာပြီး ကြံ့ခိုင်မှုအရ တဖြည်းဖြည်း ရုန်းကန်လာခဲ့ရသလို နည်းပြ အပြောင်းအလဲမှာပါ ခြေစွမ်းက ကျဆင်းနေလို့ အသင်းရဲ့ အရေးမပါတဲ့ အစိတ်အပိုင်းမျိုးဖြစ်လာခဲ့တာပါ။ ဒီရာသီမှာလည်း အရန်ခုံနဲ့ပဲ ညားတာများနေတဲ့ မော်ရိုကိုသားဟာ လာမယ့် ဆောင်းရာသီမှာတော့ အနည်းဆုံး အသင်းကနေ အငှားနဲ့ ထွက်ခွာသင့်နေပြီလို့ သုံးသပ်ခံထားရပါတယ်။

၄။ တာကူမီ မီနာမီနို (လီဗာပူးလ်)
ပြီးခဲ့တဲ့ ရာသီဝက်က ဆောက်သမ်တန်အသင်းကို အငှားနဲ့ သွားရောက်ကစားခဲ့ရတဲ့ ဂျပန်ကွင်းလယ်လူဟာ တောင်ပိုင်းကမ်းခြေမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် မြောက်ပိုင်းက မာဆေးဆိုက်သားတွေအတွက်တော့ မျှော်လင့်ထားတဲ့ ပုံစံတွေနဲ့ တန်းမဝင်နိုင်သေးဘဲဖြစ်နေခဲ့ပါတယ်။ ကွင်းလယ်မှာ လူကောင်းပေါတဲ့ လီဗာပူးလ်အသင်းမှာ ချိမ်ဘာလိန်၊ ကီးတား၊ မီလ်နာ၊ ကားတစ်ဂျုံးစ်တို့နဲ့ လက်ရှိအချိန်အထိ နေရာလုနေရပြီး နောက်ချန်တိုက်စစ်မှူး အဖြစ် ကစားမယ်ကြံတော့လည်း ဖာမီနိုနဲ့ ဂျိုတာတို့က သူ့ရှေ့မှာ ရှိနေတာပါ။

ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ဆီကနေ ပြောင်းရွှေ့လာခဲ့တုန်းက အားလုံးရဲ့ ဝိုင်းဝန်းမျှော်လင့်ခြင်းကို ခံခဲ့ရပြီး ခြေစွမ်းခြေစလည်း ထုတ်ပြနိုင်ခဲ့တဲ့ မီနာမီနိုအနေနဲ့ ဒီရာသီမှာ ဖလားပွဲတစ်ပွဲသာ ကစားခွင့်ရရှိထားခဲ့ပြီး နှစ်ဂိုးသွင်းယူထားနိုင်ခဲ့ပေမယ့် နည်းပြ ယာဂန် ကလော့ပ်ရဲ့ ယုံကြည်မှုကိုတော့ မရရှိနိုင်သေးသလို ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ အပိုင်စားနှစ်နေရာယူထားပြီး လက်ကျန်တစ်နေရာအတွက် သီယာဂို အယ်လ်ကန်တာရာတောင်မှာ ရုန်းကန်နေရချိန်မှာ အသင်းမှာ ဆက်နေလည်း ဘာမှ ဖြစ်မလာနိုင်တဲ့အတွက် ပရီးမီးယားလိဂ်ကနေ ပြန်လည်ထွက်ခွာဖို့ပဲ ခန့်မှန်းနေကြပါတယ်။

၃။ ရာဟင်းမ် စတာလင် (မန်ချက်စတာစီးတီး)
စတာလင်ကတော့ သူ့ရဲ့ အတောက်ပဆုံးနဲ့ အတိုးတက်ဆုံး နေ့ရက်တွေကို လီဗာပူးလ်ကတေ မန်စီးတီးကို ပြောင်းရွှေ့အပြီး နည်းပြ ဂွါဒီယိုလာ လက်အောက်မှာ ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းကျဆင်းခဲ့သလို အခွင့်အရေးဖြုန်းတီးမှုတွေလည်း တော်တော်လေးများခဲ့ချိန်မှာ သူ့ရဲ့ နေရာအတွက် ရုန်းကန်လာခဲ့ရသလို ဂျက်ခ် ဂရီးလစ်ရှ်ကို ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူလိုက်ချိန်မှာတော့ သူ့ရဲ့ ပွဲထွက်ခွင့်က အကန့်အသတ်ရှိသွားခဲ့တာပါ။

အသင်းဘက်ကတော့ စတာလင်ကို ရောင်းချဖို့ အလောတကြီးလုပ်ပြီး တွန်းထုတ်နေတာမျိုး မရှိပေမယ့် ကစားသမားရဲ့ လက်ရွေးစင်ပွဲထွက်ကို ခြိမ်းခြောက်နိုင်တဲ့ ပြိုင်ဘက်အသင်းတွေက ကစားသမားတွေ ရှိနေတာရယ်၊ မန်စီးတီးတို့အနေနဲ့ တိုက်စစ်မှူးသစ်တစ်ဦး ဝယ်ယူချင်နေတာတွေရယ်က သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ရှိလာရင် လက်ခံစဉ်းစားနိုင်ဖို့ ရှိနေပါတယ်။ အာဆင်နယ်အသင်းက စိတ်ဝင်စားနေပေမယ့် အငှားနဲ့ဆိုရင်တောင် ကစားသမားဘက်က စိတ်ဝင်စားဖို့ မရှိဘဲ ဘာစီလိုနာအသင်းရဲ့ အငှား+ရာသီကုန်မှာ ခေါ်ယူခွင့်နဲ့ဆိုရင်တော့ တစ်ခုခု ထူးခြားလာနိုင်ပါတယ်။

၄။ တီမို ဗာနာ (ချဲလ်ဆီး)
ဒီစာရင်းထဲက ဒုတိယမြောက် ချဲလ်ဆီးကစားသမားဖြစ်ပြီး အသင်းရဲ့ တိုက်စစ်ကို ဝန်ပေါ့စေဖို့နဲ့ လစာငွေ ထိန်းညှိပြီး ကစားသမားသစ်အတွက် ပြောင်းရွှေ့ကြေးရရှိဖို့ စဉ်းစားမယ်ဆိုရင် တီမို ဗာနာဟာ Expandable လို့ ခေါ်တဲ့ ဆုံးမယ်ဆိုလည်း အဆုံးခံနိုင်သူမျိုးဖြစ်နေခဲ့ပါတယ်။ တစ်ရာသီကျော် အချိန်ပေးထားပေမယ့် ၆၂ ပွဲမှာ ၁၄ ဂိုးဆိုတဲ့ ပမာဏဟာ အသင်းဘက်က မျှော်လင့်တဲ့ ပမာဏမျိုး မဟုတ်တာကြောင့် ရောင်းချသွားဖို့လည်း စဉ်းစားနေတာဖြစ်ပါတယ်။

တောင်ပံမှာ သာမန်အဆင့်သာရှိသလို တိုက်စစ်မှာလည်း လွဲချော်နေတာကြောင့် ချဲလ်ဆီးတို့အနေနဲ့ ဂျာမန်သားကို စိတ်ဝင်စားနိုင်တဲ့ သူ့ရဲ့ နည်းပြဟောင်း ဂျူလီယန် နာဂဲလ်စ်မန်း ကိုင်တွယ်နေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ အလုပ်ဖြစ်နိုင်မလားလို့ မျှော်လင့်နေကြပြီး ဒေါ့မွန်ဆီကိုလည်း အာလင်း ဟားလန်း ထွက်ခွာသွားခဲ့ရင် ခေါ်မလားလို့ လေလံပစ်ကြည့်ထားသလို လူကာကူးကို တောင်ပံနှစ်ဖက်နဲ့ ရံပြီး တည်ဆောက်မယ့် တူဟယ်လ်ရဲ့ အနာဂတ်တိုက်စစ်မှာ လမ်းခွဲဖြစ်ဖို့ များနေချိန်မှာ စောစောစီးစီးပဲ ဆောင်းရာသီမှာဖြစ်လာမလားတော့ စောင့်ကြည့်ရမှာပါ။

၁။ ဒွန်နီ ဗန်ဒဘိခ် (မန်ချက်စတာယူနိုက်တက်)
ဗန်ဒဘိခ်ကလည်း သေချင်တဲ့ကျား တောပြောင်းဖြစ်ထားတဲ့ ကစားသမားဖြစ်ပြီး သူ့စိတ်ထဲမှာတော့ ယောက္ခမလောင်း ဒင်းနစ္စ ဘားကမ့်ရဲ့ အာဆင်နယ်ကို အိုင်းယက်စ်က ထွက်တုန်းက ပြောင်းလိုက်ရကောင်းသားလို့ တွေးရင်လည်း တွေးနေမှာပါ။ ဘရူနို ဖာနန်ဒက်စ် ရှိနေရဲ့သားနဲ့ သူ့ကို ခေါ်ခဲ့တာက အက်ဒ် ဝုဒ်ဝဒ်ရဲ့ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ခဲ့သလို ဒီကြားထဲမှာ ဆိုးလ်ရှားရဲ့ ကြိုက်မိပြီဆို မလဲဘဲ သုံးချင်တဲ့ စိတ်က ပေါ်တူဂီသားနဲ့ပဲဖြစ်နေလို့ ပေါ့ဘာတောင် ဒုတိယဦးစားပေးဖြစ်နေချိန်မှာ သူ့အတွက်တော့ ပွဲငယ်တွေမှာတောင် အခွင့်အရေးမရခဲ့တာပါ။

ပြီးခဲ့တဲ့ နွေရာသီက အဲဗာတန်ကို အငှားနဲ့ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ဒတ်ချ်လက်ရွေးစင်နေနဲ့ ဗီလာရီးရဲလ်နဲ့ပွဲမှာလည်း အသင်းနဲ့ မျက်နှာပျက်စေမယ့် အပြုအမူမျိုးကို အမှတ်မထင် လုပ်ထားခဲ့မိတာကြောင့် ရှေ့ဆက်ဖို့က ခက်ခဲနေပြီး ၂၀၁၉ ဘယ်လွန်ဒေါဆုအတွက်တောင် စာရင်းတင်သွင်းခံရဖူးတဲ့ ကွင်းလယ်လူအနေနဲ့ ဥရောပတစ်ခွင်က သင့်တော်မယ့် အသင်းတွေဆီကို ပြောင်းရွှေ့ဖို့ ခန့်မှန်းမှုတွေ မြင့်တက်နေကြောင်းလည် သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ကို ကစားသမားေကာင္းေတြဆိုၿပီး ေခၚယူထားတဲ့သူေတြအေနနဲ႔ ေရာက္လာစဥ္ကတည္း မတူညီတဲ့ ေဘာလုံးအယူအဆနဲ႔ ရာသီဥတုစတဲ့ အခက္အခဲေတြေၾကာင့္ ႐ုန္းကန္ေနခဲ့ရသလို တခ်ိဳ႕ကစားသမားေတြကလည္း အသင္းမွာ ကစားတာၾကာလာတဲ့အခ်ိန္မွာ လူသစ္ေတြရဲ႕ ဖိအားနဲ႔ ရင္ဆိုင္လာရၿပီး ေနရာေပ်ာက္ဖို႔ နီးစပ္လာခဲ့တာေၾကာင့္ အသင္းသစ္ ရွာေဖြရဖို႔ ရွိေနၿပီး ဒီထဲကမွ နာမည္ႀကီးကစားသမား ၅ ဦးကို ေ႐ြးထုတ္ေဖာ္ျပလိုက္ပါတယ္။

၅။ ဟာကင္းမ္ ဇီးယက္ရွ္ (ခ်ဲလ္ဆီး)
ေမာ္႐ိုကိုသားကို အိုင္းယက္စ္အသင္းဆီက ၂၀၂၀ ေႏြရာသီမွာ ယူ႐ိုသန္း ၄၀ ဝန္းက်င္နဲ႔ မာရီနာ ဂရာေနာ့ဗ္စကားယာတစ္ေယာက္ လက္သြက္သြက္နဲ႔ ေခၚယူလိုက္ႏိုင္တာကို လူတိုင္းက ဝိုင္းဝန္းခ်ီးက်ဴးခဲ့ၾကတာျဖစ္ပါတယ္။ ဖန္တီးမႈျမင့္မားသလို ဂိုးေတြလည္း သြင္းယူေလ့ရွိတဲ့ ဇီးယက္ရွ္ဟာ အမ္စတာဒမ္သားေတြနဲ႔ ခ်န္ပီယံလိဂ္မွာပါ အစြမ္းျပခဲ့လို႔ ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ေတာ့ ေတာ္ေတာ္ေလး ေမွ်ာ္လင့္ခ်င္စရာလည္း ျဖစ္ခဲ့တာပါ။

ေတာင္ပံေတြကေန ထိုးေဖာက္မႈနဲ႔ တိက်တဲ့ အေဝးေဘာေတြက ေရာက္စမွာ အဓိက လက္နက္တစ္ရပ္ျဖစ္ခဲ့ေပမယ့္ ၿပိဳင္ဘက္ေတြက သူ႔ကို အင္အားသုံးပိတ္ဆို႔လာခ်ိန္မွာေတာ့ ဒဏ္ရာေတြပါ ရလာၿပီး ႀကံ့ခိုင္မႈအရ တျဖည္းျဖည္း ႐ုန္းကန္လာခဲ့ရသလို နည္းျပ အေျပာင္းအလဲမွာပါ ေျခစြမ္းက က်ဆင္းေနလို႔ အသင္းရဲ႕ အေရးမပါတဲ့ အစိတ္အပိုင္းမ်ိဳးျဖစ္လာခဲ့တာပါ။ ဒီရာသီမွာလည္း အရန္ခုံနဲ႔ပဲ ညားတာမ်ားေနတဲ့ ေမာ္႐ိုကိုသားဟာ လာမယ့္ ေဆာင္းရာသီမွာေတာ့ အနည္းဆုံး အသင္းကေန အငွားနဲ႔ ထြက္ခြာသင့္ေနၿပီလို႔ သုံးသပ္ခံထားရပါတယ္။

၄။ တာကူမီ မီနာမီႏို (လီဗာပူးလ္)
ၿပီးခဲ့တဲ့ ရာသီဝက္က ေဆာက္သမ္တန္အသင္းကို အငွားနဲ႔ သြားေရာက္ကစားခဲ့ရတဲ့ ဂ်ပန္ကြင္းလယ္လူဟာ ေတာင္ပိုင္းကမ္းေျခမွာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ေျမာက္ပိုင္းက မာေဆးဆိုက္သားေတြအတြက္ေတာ့ ေမွ်ာ္လင့္ထားတဲ့ ပုံစံေတြနဲ႔ တန္းမဝင္ႏိုင္ေသးဘဲျဖစ္ေနခဲ့ပါတယ္။ ကြင္းလယ္မွာ လူေကာင္းေပါတဲ့ လီဗာပူးလ္အသင္းမွာ ခ်ိမ္ဘာလိန္၊ ကီးတား၊ မီလ္နာ၊ ကားတစ္ဂ်ဳံးစ္တို႔နဲ႔ လက္ရွိအခ်ိန္အထိ ေနရာလုေနရၿပီး ေနာက္ခ်န္တိုက္စစ္မႉး အျဖစ္ ကစားမယ္ႀကံေတာ့လည္း ဖာမီႏိုနဲ႔ ဂ်ိဳတာတို႔က သူ႔ေရွ႕မွာ ရွိေနတာပါ။

ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ဆီကေန ေျပာင္းေ႐ႊ႕လာခဲ့တုန္းက အားလုံးရဲ႕ ဝိုင္းဝန္းေမွ်ာ္လင့္ျခင္းကို ခံခဲ့ရၿပီး ေျခစြမ္းေျခစလည္း ထုတ္ျပႏိုင္ခဲ့တဲ့ မီနာမီႏိုအေနနဲ႔ ဒီရာသီမွာ ဖလားပြဲတစ္ပြဲသာ ကစားခြင့္ရရွိထားခဲ့ၿပီး ႏွစ္ဂိုးသြင္းယူထားႏိုင္ခဲ့ေပမယ့္ နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ယုံၾကည္မႈကိုေတာ့ မရရွိႏိုင္ေသးသလို ဖာဘင္ညိဳနဲ႔ ဟန္ဒါဆန္တို႔ အပိုင္စားႏွစ္ေနရာယူထားၿပီး လက္က်န္တစ္ေနရာအတြက္ သီယာဂို အယ္လ္ကန္တာရာေတာင္မွာ ႐ုန္းကန္ေနရခ်ိန္မွာ အသင္းမွာ ဆက္ေနလည္း ဘာမွ ျဖစ္မလာႏိုင္တဲ့အတြက္ ပရီးမီးယားလိဂ္ကေန ျပန္လည္ထြက္ခြာဖို႔ပဲ ခန႔္မွန္းေနၾကပါတယ္။

၃။ ရာဟင္းမ္ စတာလင္ (မန္ခ်က္စတာစီးတီး)
စတာလင္ကေတာ့ သူ႔ရဲ႕ အေတာက္ပဆုံးနဲ႔ အတိုးတက္ဆုံး ေန႔ရက္ေတြကို လီဗာပူးလ္ကေတ မန္စီးတီးကို ေျပာင္းေ႐ႊ႕အၿပီး နည္းျပ ဂြါဒီယိုလာ လက္ေအာက္မွာ ပိုင္ဆိုင္ႏိုင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ရာသီက ေျခစြမ္းက်ဆင္းခဲ့သလို အခြင့္အေရးျဖဳန္းတီးမႈေတြလည္း ေတာ္ေတာ္ေလးမ်ားခဲ့ခ်ိန္မွာ သူ႔ရဲ႕ ေနရာအတြက္ ႐ုန္းကန္လာခဲ့ရသလို ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေပါင္သန္း ၁၀၀ နဲ႔ ေခၚယူလိုက္ခ်ိန္မွာေတာ့ သူ႔ရဲ႕ ပြဲထြက္ခြင့္က အကန႔္အသတ္ရွိသြားခဲ့တာပါ။

အသင္းဘက္ကေတာ့ စတာလင္ကို ေရာင္းခ်ဖို႔ အေလာတႀကီးလုပ္ၿပီး တြန္းထုတ္ေနတာမ်ိဳး မရွိေပမယ့္ ကစားသမားရဲ႕ လက္ေ႐ြးစင္ပြဲထြက္ကို ၿခိမ္းေျခာက္ႏိုင္တဲ့ ၿပိဳင္ဘက္အသင္းေတြက ကစားသမားေတြ ရွိေနတာရယ္၊ မန္စီးတီးတို႔အေနနဲ႔ တိုက္စစ္မႉးသစ္တစ္ဦး ဝယ္ယူခ်င္ေနတာေတြရယ္က သူ႔အတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈမ်ိဳး ရွိလာရင္ လက္ခံစဥ္းစားႏိုင္ဖို႔ ရွိေနပါတယ္။ အာဆင္နယ္အသင္းက စိတ္ဝင္စားေနေပမယ့္ အငွားနဲ႔ဆိုရင္ေတာင္ ကစားသမားဘက္က စိတ္ဝင္စားဖို႔ မရွိဘဲ ဘာစီလိုနာအသင္းရဲ႕ အငွား+ရာသီကုန္မွာ ေခၚယူခြင့္နဲ႔ဆိုရင္ေတာ့ တစ္ခုခု ထူးျခားလာႏိုင္ပါတယ္။

၄။ တီမို ဗာနာ (ခ်ဲလ္ဆီး)
ဒီစာရင္းထဲက ဒုတိယေျမာက္ ခ်ဲလ္ဆီးကစားသမားျဖစ္ၿပီး အသင္းရဲ႕ တိုက္စစ္ကို ဝန္ေပါ့ေစဖို႔နဲ႔ လစာေငြ ထိန္းညႇိၿပီး ကစားသမားသစ္အတြက္ ေျပာင္းေ႐ႊ႕ေၾကးရရွိဖို႔ စဥ္းစားမယ္ဆိုရင္ တီမို ဗာနာဟာ Expandable လို႔ ေခၚတဲ့ ဆုံးမယ္ဆိုလည္း အဆုံးခံႏိုင္သူမ်ိဳးျဖစ္ေနခဲ့ပါတယ္။ တစ္ရာသီေက်ာ္ အခ်ိန္ေပးထားေပမယ့္ ၆၂ ပြဲမွာ ၁၄ ဂိုးဆိုတဲ့ ပမာဏဟာ အသင္းဘက္က ေမွ်ာ္လင့္တဲ့ ပမာဏမ်ိဳး မဟုတ္တာေၾကာင့္ ေရာင္းခ်သြားဖို႔လည္း စဥ္းစားေနတာျဖစ္ပါတယ္။

ေတာင္ပံမွာ သာမန္အဆင့္သာရွိသလို တိုက္စစ္မွာလည္း လြဲေခ်ာ္ေနတာေၾကာင့္ ခ်ဲလ္ဆီးတို႔အေနနဲ႔ ဂ်ာမန္သားကို စိတ္ဝင္စားႏိုင္တဲ့ သူ႔ရဲ႕ နည္းျပေဟာင္း ဂ်ဴလီယန္ နာဂဲလ္စ္မန္း ကိုင္တြယ္ေနတဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ အလုပ္ျဖစ္ႏိုင္မလားလို႔ ေမွ်ာ္လင့္ေနၾကၿပီး ေဒါ့မြန္ဆီကိုလည္း အာလင္း ဟားလန္း ထြက္ခြာသြားခဲ့ရင္ ေခၚမလားလို႔ ေလလံပစ္ၾကည့္ထားသလို လူကာကူးကို ေတာင္ပံႏွစ္ဖက္နဲ႔ ရံၿပီး တည္ေဆာက္မယ့္ တူဟယ္လ္ရဲ႕ အနာဂတ္တိုက္စစ္မွာ လမ္းခြဲျဖစ္ဖို႔ မ်ားေနခ်ိန္မွာ ေစာေစာစီးစီးပဲ ေဆာင္းရာသီမွာျဖစ္လာမလားေတာ့ ေစာင့္ၾကည့္ရမွာပါ။

၁။ ဒြန္နီ ဗန္ဒဘိခ္ (မန္ခ်က္စတာယူႏိုက္တက္)
ဗန္ဒဘိခ္ကလည္း ေသခ်င္တဲ့က်ား ေတာေျပာင္းျဖစ္ထားတဲ့ ကစားသမားျဖစ္ၿပီး သူ႔စိတ္ထဲမွာေတာ့ ေယာကၡမေလာင္း ဒင္းနစၥ ဘားကမ့္ရဲ႕ အာဆင္နယ္ကို အိုင္းယက္စ္က ထြက္တုန္းက ေျပာင္းလိုက္ရေကာင္းသားလို႔ ေတြးရင္လည္း ေတြးေနမွာပါ။ ဘ႐ူႏို ဖာနန္ဒက္စ္ ရွိေနရဲ႕သားနဲ႔ သူ႔ကို ေခၚခဲ့တာက အက္ဒ္ ဝုဒ္ဝဒ္ရဲ႕ မွားယြင္းတဲ့ လုပ္ရပ္ျဖစ္ခဲ့သလို ဒီၾကားထဲမွာ ဆိုးလ္ရွားရဲ႕ ႀကိဳက္မိၿပီဆို မလဲဘဲ သုံးခ်င္တဲ့ စိတ္က ေပၚတူဂီသားနဲ႔ပဲျဖစ္ေနလို႔ ေပါ့ဘာေတာင္ ဒုတိယဦးစားေပးျဖစ္ေနခ်ိန္မွာ သူ႔အတြက္ေတာ့ ပြဲငယ္ေတြမွာေတာင္ အခြင့္အေရးမရခဲ့တာပါ။

ၿပီးခဲ့တဲ့ ေႏြရာသီက အဲဗာတန္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္ ဒတ္ခ်္လက္ေ႐ြးစင္ေနနဲ႔ ဗီလာရီးရဲလ္နဲ႔ပြဲမွာလည္း အသင္းနဲ႔ မ်က္ႏွာပ်က္ေစမယ့္ အျပဳအမူမ်ိဳးကို အမွတ္မထင္ လုပ္ထားခဲ့မိတာေၾကာင့္ ေရွ႕ဆက္ဖို႔က ခက္ခဲေနၿပီး ၂၀၁၉ ဘယ္လြန္ေဒါဆုအတြက္ေတာင္ စာရင္းတင္သြင္းခံရဖူးတဲ့ ကြင္းလယ္လူအေနနဲ႔ ဥေရာပတစ္ခြင္က သင့္ေတာ္မယ့္ အသင္းေတြဆီကို ေျပာင္းေ႐ႊ႕ဖို႔ ခန႔္မွန္းမႈေတြ ျမင့္တက္ေနေၾကာင္းလည္ သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.