Match Report Premier League Serie A UCL&UEL

ဆာဖာဂီရဲ့ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ကို ပြသပြီး နောက်ကလိုက် နိုင်ပွဲရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဝန်ဘစ်ဆာကာ၊ လုခ်ရှော၊ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့ရှေ့က မက်တော်မီနေးနဲ့ ဖရက်ဒ်တို့ကို အထိုင်ပြန်ချလာခဲ့သလို ဘယ်တောင်ပံမှာလည်း အလုပ်မဖြစ်တဲ့ ဆန်ချိုအစား Dr. Rashford MBE ကို ထည့်သွင်းခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ ရော်နယ်လ်ဒိုတို့နဲ့ ၄-၂-၃-၁ ပုံစံ ပွဲထွက်လာခဲ့ပါတယ်။

အတ္တလန်တာကတော့ သူတို့တွေ ကစားနေကျပုံစံအတိုင်းပဲ ၃-၄-၁-၂ ပုံစံနဲ့ ပွဲထွက်လာခဲ့ကြပြီး အီလီချစ်ချ်၊ မြူရီယယ်လ်၊ ပါဆာလစ်ချ်၊ မေလီ၊ ဖရွိုင်လာ၊ ကူးပ်မိန်းနားစ် စတဲ့ ခြေစွမ်းပြနေတဲ့ ပထမကစားသမားအများစုနဲ့ ကစားခဲ့ကြသလို နည်းပြ ဂျန်ပျယ်ရို ဂက်စ်ပါရီနီရဲ့ နည်းဗျူဟာတွေက ယူနိုက်တက်တို့ကို တော်တော်လေး ဖိအားပေးထိုးနှက်နိုင်ခဲ့တာပါ။

ပွဲချိန် ၈ မိနစ်မှာ ရော်နယ်လ်ဒို ကန်ခွင့်မရအောင် တက်ရှင်းထုတ်တဲ့ အတ္တလန်တာဂိုးသမား မူဆိုကြောင့် ရက်ရှ်ဖို့ဒ် ဘောလုံးရခဲ့ပေမယ့် အလော သုံးဆယ်ကန်ရာမှာ ဘာမှဖြစ်မလာခဲ့သလို အီတလီသားတွေကတောင်မှ တန်ပြန်တိုက်စစ်တွေကနေ တိကျတဲ့ ပုံစံတွေနဲ့ ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ ဧည့်သည် အတ္တလန်တာတို့ အဖွင့်ဂိုးသွင်းယူသွားနိုင်ခဲ့ကြပြီး ညာခြမ်းကနေ ထိုးဖောက်လာခဲ့တဲ့ တန်ပြန်တိုက်စစ်ကနေ ချဲလ်ဆီးအငှားကစားသမား ဇက်ပါကော့စတာက အနိမ့်ဘောဖြတ်ချိုးပေးတာကို ချဲလ်ဆီးဟောင်းပဲဖြစ်တဲ့ ကွင်းလယ်လူ ပါဆာလစ်ချ်က အနီးကပ် ပိတ်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ နောက်က လိုက်ကစားခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာ ညာခြမ်းကနေ ရော်နယ်လ်ဒို တင်ပေးတဲ့ ဘောလုံး ပြန်ကျလာတာကို ဖရက်ဒ်က တစ်ချက်ထိန်းပြီး ကန်သွင်းခဲ့ပေမယ့် ဂိုးသမား မူဆို ကာကွယ်သွားနိုင်ခဲ့သလို ဘရူနို ဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကတော့ အတ္တလန်တာခံစစ်ကို မကျော်နိုင်ဘဲဖြစ်နေခဲ့ပြီး နည်းပြ ဆိုးလ်ရှားအတွက် ခေါင်းခဲစရာဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ အတ္တလန်တာတို့ ဒုတိယဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ထောင့်ကန်ဘောကနေ ဖရီးကစ် စပယ်ရှယ်လစ် ကူးပ်မိန်နာစ်ရဲ့ စက်ဝိုင်းခြမ်းပုံ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို မန်ချက်စတာယူနိုက်တက်နောက်ခံလူတွေဖြစ်ကြတဲ့ မက်ဂွိုင်းယားနဲ့ လုခ်ရှောတို့ရဲ့ ကြားကနေ ဂျူဗင်တပ်စ်ကနေ အငှားနဲ့ ရောက်နေတဲ့ နောက်ခံလူ ဒီမီရယ်လ်က ခေါင်းတိုက်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာ ဧရိယာထဲ ဘော်ဒီခုခံရတယ်ဆိုပြီး ရော်နယ်လ်ဒို ပင်နယ်တီတောင်းခဲ့တာကို ဒိုင်လူကြီးက စိတ်ဝင်စားဟန် မပြသခဲ့သလို ရက်ရှ်ဖို့ဒ်ရဲ့ အငြင်းပွားစရာဂိုးဖြစ်လာနိုင်တဲ့ လူကျွံဘော ဖောက်ထွက်မှုကိုလည်း ဒီမီရယ်လ်က ဆရာကျကျ ဖျက်ထုတ်သွားနိုင်ခဲ့ပြီး ဖရက်ဒ်နဲ့ MBE တို့ ကလည်း နှစ်ကြိမ်တိတိ ဘေးချော်ကန်ခဲ့လို့ ပထမပိုင်းမှာ အတ္တလန်တာတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ယူနိုက်တက်တို့ ပိုပြီး တိုက်စစ်ကစားလာခဲ့သလို ပွဲချိန် ၄၈ မိနစ်မှာ ရော်နယ်လ်ဒိုရဲ့ ကန်ချက်ကို ဂိုးသမား မူဆို ပုတ်ထုတ်ခဲ့ရာမှာ ရက်ရှ်ဖို့ဒ်က အလျင်အမြန် ပိတ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် အလျင်အမြန်နဲ့ အလောတကြီးဆိုတာကို သိပ်သဲကွဲပုံ မရတဲ့ အင်္ဂလန်တိုက်စစ်မှူးအနေနဲ့ ကြော်ငြာဘုတ်ကိုပဲ ထိဖို့ တတ်နိုင်ခဲ့တာပါ။

ပွဲချိန် ၆၃ မိနစ်မှာတော့ ယူနိုက်တက်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး အတ္တလန်တာရဲ့ အီလီချစ်ချ် လူပေးမှားတာကို ဘရူနို ဖာနန်ဒက်စ်က ထိန်းတောင်မနေဘဲ ဘယ်ခြမ်းကို အလျင်အမြန် ချပေးခဲ့ရာမှာ ဒီတစ်ကြိမ်မှာတော့ ရက်ရှ်ဖို့ဒ်က ဂိုးသမားနဲ့ တစ်ဦးချင်းအနေအထားကနေ အဝေးတိုင်ဘက်ကို သပ်သပ်ရပ်ရပ် မြေလှိမ့်ဘော Slotting ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ ပိုမိုကြွတက်လာခဲ့ပြီး ဂရင်းဝုဒ် ချိုးပေးတာကို မက်တော်မီနေးရဲ့ ပိတ်သွင်းမှုက တိုင်ထိထွက်ခဲ့သလို အတ္တလန်တာတို့ကတော့ အယောင်ယောင်အမှားမှားဖြစ်လာခဲ့ပြီး ခံစစ်က စုဖွဲ့မှု ပျက်လာခဲ့သလို ပွဲချိန် ၆၄ မိနစ်မှာလည်း ရော်နယ်လ်ဒိုရဲ့ ကန်ချက်ကို မူဆို လက်ဖျားနဲ့ ဒိုက်ပစ်ကာကွယ်ခဲ့ရပြန်ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ လူစားဝင်တိုက်စစ်မှူး ဒူဗန် ဇက်ပါတာရဲ့ ကန်ချက်ကို ဒဟေးယား ပုတ်လို့ ပြန်ထွက်လာတာကို နောက်က လိုက်လာတဲ့ မာလီနော့ဗ်စကီးက ထပ်ပြီး အပြင်းကန်သွင်းရာမှာ ဒဟေးယားကပဲ ထပ်မံပုတ်ထုတ်သွားခဲ့ရပြီး ဒီကန်ချက်နှစ်ကြိမ်ကနေသာ ဂိုးပေးလိုက်ရရင်တော့ ယူနိုက်တက်တို့ ဘဝခါးသွားနိုင်ခဲ့တာကို ကာကွယ်ပေးခဲ့ရတာပါ။

ပွဲချိန် ၇၅ မိနစ်မှာတော့ ယူနိုက်တက်တို့ သရေဂိုးရခဲ့ပြီး ဒီမတိုင်ခင် တစ်မိနစ်မှာ ထောင့်ကန်ဘောကနေ ဂိုးသမားတည့်တည့်ကို ခေါင်းတိုက်ခဲ့တဲ့ နောက်ခံလူ မက်ဂွိုင်းယားက ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖြတ်တင်ဘောကနေ ကာဗာနီ နောက်ပြန် ခေါင်းရှပ်တိုက်ပြီး ချပေးတာကို ညာခြေနဲ့ အပိုင်ကန်သွင်းပြီး “နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်တာဟာ အဆိုးဆုံး ဦးဆောင်မှုပဲ”ဆိုတဲ့ ဘောလုံးလောကရဲ့ ဆိုရိုးမှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေကတော့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲစစ်စစ်ကြီးဖြစ်သွားခဲ့ပြီး ပွဲချိန် ၈၁ မိနစ်မှာတော့ ဘယ်ခြမ်းကနေ လုခ်ရှောရဲ့ ဖြတ်တင်ဘောကို မာကင်လွတ်သွားခဲ့တဲ့ ရော်နယ်လ်ဒိုက အတ္တလန်တာခံစစ်ကြားကနေ အမြင့်ဆုံးခုန်လွှားပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာကြောင့် လှပတဲ့ Come Back နဲ့ ၁၈ မိနစ်အတွင်းမှာ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ နေ့ရက်တွေကလိုမျိုး မလျှော့သော ဇွဲလုံ့လနဲ့ အရှုံးကနေ အနိုင်ကို ကူးပြောင်းရယူနိုင်ခဲ့ကြတာပါ။

ပွဲချိန်အပြည့်မှာတော့ ယူနိုက်တက်ကစားသမားတွေအနေနဲ့ ကွင်းထဲမှာ မခံချင်စိတ်နဲ့ သရဲနီအင်္ကျီအတွက် နိုင်ပွဲရဖို့ ရုန်းကန်ပြနိုင်ခဲ့ပြီး ဘာမှ မယ်မယ်ရရ နည်းဗျူဟာမရှိတဲ့ နည်းပြ ဆိုးလ်ရှားကို သက်ဆိုးရှည်စေဖို့ ကယ်တင်ပေးနိုင်ခဲ့ကြပြီး ချန်ပီယံလိဂ် အုပ်စု(F)မှာ ရမှတ် ၆ မှတ်နဲ့ ပြန်လည် ဦးဆောင်နိုင်စေခဲ့သလို အသင်းရဲ့ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးမှုကိုလည်း ရပ်တန့်ပေးနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဝန္ဘစ္ဆာကာ၊ လုခ္ေရွာ၊ လင္ဒီေလာ့ဖ္နဲ႔ မက္ဂြိဳင္းယားတို႔ေရွ႕က မက္ေတာ္မီေနးနဲ႔ ဖရက္ဒ္တို႔ကို အထိုင္ျပန္ခ်လာခဲ့သလို ဘယ္ေတာင္ပံမွာလည္း အလုပ္မျဖစ္တဲ့ ဆန္ခ်ိဳအစား Dr. Rashford MBE ကို ထည့္သြင္းခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္၊ ဂရင္းဝုဒ္၊ ေရာ္နယ္လ္ဒိုတို႔နဲ႔ ၄-၂-၃-၁ ပုံစံ ပြဲထြက္လာခဲ့ပါတယ္။

အတၱလန္တာကေတာ့ သူတို႔ေတြ ကစားေနက်ပုံစံအတိုင္းပဲ ၃-၄-၁-၂ ပုံစံနဲ႔ ပြဲထြက္လာခဲ့ၾကၿပီး အီလီခ်စ္ခ်္၊ ျမဴရီယယ္လ္၊ ပါဆာလစ္ခ်္၊ ေမလီ၊ ဖ႐ြိဳင္လာ၊ ကူးပ္မိန္းနားစ္ စတဲ့ ေျခစြမ္းျပေနတဲ့ ပထမကစားသမားအမ်ားစုနဲ႔ ကစားခဲ့ၾကသလို နည္းျပ ဂ်န္ပ်ယ္႐ို ဂက္စ္ပါရီနီရဲ႕ နည္းဗ်ဴဟာေတြက ယူႏိုက္တက္တို႔ကို ေတာ္ေတာ္ေလး ဖိအားေပးထိုးႏွက္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈ မိနစ္မွာ ေရာ္နယ္လ္ဒို ကန္ခြင့္မရေအာင္ တက္ရွင္းထုတ္တဲ့ အတၱလန္တာဂိုးသမား မူဆိုေၾကာင့္ ရက္ရွ္ဖို႔ဒ္ ေဘာလုံးရခဲ့ေပမယ့္ အေလာ သုံးဆယ္ကန္ရာမွာ ဘာမွျဖစ္မလာခဲ့သလို အီတလီသားေတြကေတာင္မွ တန္ျပန္တိုက္စစ္ေတြကေန တိက်တဲ့ ပုံစံေတြနဲ႔ ျပန္လည္ၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ဧည့္သည္ အတၱလန္တာတို႔ အဖြင့္ဂိုးသြင္းယူသြားႏိုင္ခဲ့ၾကၿပီး ညာျခမ္းကေန ထိုးေဖာက္လာခဲ့တဲ့ တန္ျပန္တိုက္စစ္ကေန ခ်ဲလ္ဆီးအငွားကစားသမား ဇက္ပါေကာ့စတာက အနိမ့္ေဘာျဖတ္ခ်ိဳးေပးတာကို ခ်ဲလ္ဆီးေဟာင္းပဲျဖစ္တဲ့ ကြင္းလယ္လူ ပါဆာလစ္ခ်္က အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ေနာက္က လိုက္ကစားခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာ ညာျခမ္းကေန ေရာ္နယ္လ္ဒို တင္ေပးတဲ့ ေဘာလုံး ျပန္က်လာတာကို ဖရက္ဒ္က တစ္ခ်က္ထိန္းၿပီး ကန္သြင္းခဲ့ေပမယ့္ ဂိုးသမား မူဆို ကာကြယ္သြားႏိုင္ခဲ့သလို ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကေတာ့ အတၱလန္တာခံစစ္ကို မေက်ာ္ႏိုင္ဘဲျဖစ္ေနခဲ့ၿပီး နည္းျပ ဆိုးလ္ရွားအတြက္ ေခါင္းခဲစရာျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ အတၱလန္တာတို႔ ဒုတိယဦးေဆာင္ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ေထာင့္ကန္ေဘာကေန ဖရီးကစ္ စပယ္ရွယ္လစ္ ကူးပ္မိန္နာစ္ရဲ႕ စက္ဝိုင္းျခမ္းပုံ ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူေတြျဖစ္ၾကတဲ့ မက္ဂြိဳင္းယားနဲ႔ လုခ္ေရွာတို႔ရဲ႕ ၾကားကေန ဂ်ဴဗင္တပ္စ္ကေန အငွားနဲ႔ ေရာက္ေနတဲ့ ေနာက္ခံလူ ဒီမီရယ္လ္က ေခါင္းတိုက္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာ ဧရိယာထဲ ေဘာ္ဒီခုခံရတယ္ဆိုၿပီး ေရာ္နယ္လ္ဒို ပင္နယ္တီေတာင္းခဲ့တာကို ဒိုင္လူႀကီးက စိတ္ဝင္စားဟန္ မျပသခဲ့သလို ရက္ရွ္ဖို႔ဒ္ရဲ႕ အျငင္းပြားစရာဂိုးျဖစ္လာႏိုင္တဲ့ လူကြၽံေဘာ ေဖာက္ထြက္မႈကိုလည္း ဒီမီရယ္လ္က ဆရာက်က် ဖ်က္ထုတ္သြားႏိုင္ခဲ့ၿပီး ဖရက္ဒ္နဲ႔ MBE တို႔ ကလည္း ႏွစ္ႀကိမ္တိတိ ေဘးေခ်ာ္ကန္ခဲ့လို႔ ပထမပိုင္းမွာ အတၱလန္တာတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ယူႏိုက္တက္တို႔ ပိုၿပီး တိုက္စစ္ကစားလာခဲ့သလို ပြဲခ်ိန္ ၄၈ မိနစ္မွာ ေရာ္နယ္လ္ဒိုရဲ႕ ကန္ခ်က္ကို ဂိုးသမား မူဆို ပုတ္ထုတ္ခဲ့ရာမွာ ရက္ရွ္ဖို႔ဒ္က အလ်င္အျမန္ ပိတ္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ အလ်င္အျမန္နဲ႔ အေလာတႀကီးဆိုတာကို သိပ္သဲကြဲပုံ မရတဲ့ အဂၤလန္တိုက္စစ္မႉးအေနနဲ႔ ေၾကာ္ျငာဘုတ္ကိုပဲ ထိဖို႔ တတ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၿပီး အတၱလန္တာရဲ႕ အီလီခ်စ္ခ်္ လူေပးမွားတာကို ဘ႐ူႏို ဖာနန္ဒက္စ္က ထိန္းေတာင္မေနဘဲ ဘယ္ျခမ္းကို အလ်င္အျမန္ ခ်ေပးခဲ့ရာမွာ ဒီတစ္ႀကိမ္မွာေတာ့ ရက္ရွ္ဖို႔ဒ္က ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေနအထားကေန အေဝးတိုင္ဘက္ကို သပ္သပ္ရပ္ရပ္ ေျမလွိမ့္ေဘာ Slotting ကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲသြားႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ ပိုမိုႂကြတက္လာခဲ့ၿပီး ဂရင္းဝုဒ္ ခ်ိဳးေပးတာကို မက္ေတာ္မီေနးရဲ႕ ပိတ္သြင္းမႈက တိုင္ထိထြက္ခဲ့သလို အတၱလန္တာတို႔ကေတာ့ အေယာင္ေယာင္အမွားမွားျဖစ္လာခဲ့ၿပီး ခံစစ္က စုဖြဲ႕မႈ ပ်က္လာခဲ့သလို ပြဲခ်ိန္ ၆၄ မိနစ္မွာလည္း ေရာ္နယ္လ္ဒိုရဲ႕ ကန္ခ်က္ကို မူဆို လက္ဖ်ားနဲ႔ ဒိုက္ပစ္ကာကြယ္ခဲ့ရျပန္ပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ လူစားဝင္တိုက္စစ္မႉး ဒူဗန္ ဇက္ပါတာရဲ႕ ကန္ခ်က္ကို ဒေဟးယား ပုတ္လို႔ ျပန္ထြက္လာတာကို ေနာက္က လိုက္လာတဲ့ မာလီေနာ့ဗ္စကီးက ထပ္ၿပီး အျပင္းကန္သြင္းရာမွာ ဒေဟးယားကပဲ ထပ္မံပုတ္ထုတ္သြားခဲ့ရၿပီး ဒီကန္ခ်က္ႏွစ္ႀကိမ္ကေနသာ ဂိုးေပးလိုက္ရရင္ေတာ့ ယူႏိုက္တက္တို႔ ဘဝခါးသြားႏိုင္ခဲ့တာကို ကာကြယ္ေပးခဲ့ရတာပါ။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ သေရဂိုးရခဲ့ၿပီး ဒီမတိုင္ခင္ တစ္မိနစ္မွာ ေထာင့္ကန္ေဘာကေန ဂိုးသမားတည့္တည့္ကို ေခါင္းတိုက္ခဲ့တဲ့ ေနာက္ခံလူ မက္ဂြိဳင္းယားက ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ျဖတ္တင္ေဘာကေန ကာဗာနီ ေနာက္ျပန္ ေခါင္းရွပ္တိုက္ၿပီး ခ်ေပးတာကို ညာေျခနဲ႔ အပိုင္ကန္သြင္းၿပီး “ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္တာဟာ အဆိုးဆုံး ဦးေဆာင္မႈပဲ”ဆိုတဲ့ ေဘာလုံးေလာကရဲ႕ ဆို႐ိုးမွန္ကန္ေၾကာင္း သက္ေသျပႏိုင္ခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြကေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ ပြဲစစ္စစ္ႀကီးျဖစ္သြားခဲ့ၿပီး ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန လုခ္ေရွာရဲ႕ ျဖတ္တင္ေဘာကို မာကင္လြတ္သြားခဲ့တဲ့ ေရာ္နယ္လ္ဒိုက အတၱလန္တာခံစစ္ၾကားကေန အျမင့္ဆုံးခုန္လႊားၿပီး ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာေၾကာင့္ လွပတဲ့ Come Back နဲ႔ ၁၈ မိနစ္အတြင္းမွာ ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ ေန႔ရက္ေတြကလိုမ်ိဳး မေလွ်ာ့ေသာ ဇြဲလုံ႔လနဲ႔ အရႈံးကေန အႏိုင္ကို ကူးေျပာင္းရယူႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ယူႏိုက္တက္ကစားသမားေတြအေနနဲ႔ ကြင္းထဲမွာ မခံခ်င္စိတ္နဲ႔ သရဲနီအက်ႌအတြက္ ႏိုင္ပြဲရဖို႔ ႐ုန္းကန္ျပႏိုင္ခဲ့ၿပီး ဘာမွ မယ္မယ္ရရ နည္းဗ်ဴဟာမရွိတဲ့ နည္းျပ ဆိုးလ္ရွားကို သက္ဆိုးရွည္ေစဖို႔ ကယ္တင္ေပးႏိုင္ခဲ့ၾကၿပီး ခ်န္ပီယံလိဂ္ အုပ္စု(F)မွာ ရမွတ္ ၆ မွတ္နဲ႔ ျပန္လည္ ဦးေဆာင္ႏိုင္ေစခဲ့သလို အသင္းရဲ႕ ႏွစ္ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ဆုံးမႈကိုလည္း ရပ္တန႔္ေပးႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.