UCL&UEL

ကလော့ပ်နဲ့လက်ဆွဲမနှုတ်ဆက်တာ ထုံးစံမရှိလို့ဆိုပြီး ခပ်ရင့်ရင့်ပဲ ဖြေရှင်းလိုက်တဲ့ ဆီမြွန်နီ

အက်သလက်တီကို မက်ဒရစ်အသင်းနည်းပြ ဒီယေဂို ဆီမြွန်နီဟာ အင်္ဂါနေ့ညက လီဗာပူးလ်အသင်းကို ၃-၂ နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲအပြီးမှာ ပြိုင်ဘက်အသင်းနည်းပြ ယာဂန် ကလော့ပ်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ခြင်းမရှိဘဲ ဥမင်လျှောက်လမ်းထဲ ဒေါသတကြီး ဝင်သွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နှစ်က ရှုံးကြွေးကို စပိန်မြေမှာ ၃-၂ နဲ့ အက်သလက်တီကို မက်ဒရစ်အသင်းကို အနိုင်ယူပြီး လက်စားချေနိုင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ၅၂ မှာ ဂရစ်ဇ်မန်း အနီကတ်ပြသခြင်း ခံခဲ့ရတာကြောင့် မာဆေးဆိုဒ်အသင်းဟာ အခွင့်အရေးကောင်း ရရှိခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းဟာ ပင်နယ်တီ ရရှိမယ့် အခွင့်အရေး ငြင်းပယ်ခံခဲ့ရတာကြောင့် ပွဲအပြီးမှာ ဆီမြွန်နီဟာ အဝတ်လဲခန်းထဲကို တန်းသွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ကတော့ ဒေါသတကြီးနဲ့ ဥမင်ထဲကို အော်ဟစ်ပြီး ကျန်နေခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒါကို မနှစ်သက်ပါဘူး။ ဒါပေမယ့် ဟုတ်ပါတယ်။ အခြေအနေက ရှင်းပါတယ်။ ကျွန်တော် သူနဲ့ လက်ဆွဲနှုတ်ဆက်ချင်ခဲ့တယ်။ သူ့ရဲ့ တုံ့ပြန်မှုက သိပ်တော့ မဟုတ်ဘူးဆိုတာ အသေအချာပဲ။ နောက်တခါ ကျွန်တော်တို့ ဆုံတဲ့အချိန်ကျရင် ကျိန်းသေပေါက် လက်ဆွဲနှုတ်ဆက်သွားမှာပါ။ အဲဒါက ဘာမှမဟုတ်ပါဘူး။ သူက ဒေါသထွက်နေတာ သိသာနေပြီး ကျွန်တော့်ကို မဟုတ်ဘဲ ပွဲနဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့တာပါ။ ကျန်တာ ဘာမှမရှိပါဘူး”လို့ ကလော့ပ်က BT Sport ကို ပြောကြားခဲ့ပါတယ်။

ဆီမြွန်နီကလည်း အများအားဖြင့် ပွဲအပြီး လက်ဆွဲမနှုတ်ဆက်သူဖြစ်တဲ့အတွက် အချိတ်အဆက်လွဲသွားတာသာဖြစ်တယ်လို့ ပွဲအပြီးဖြစ်စဉ်ကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဘယ်တုန်းကမှ ပွဲအပြီးမှာ လက်ဆွဲမနှုတ်ဆက်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီလို လုပ်ရတာကို မကြိုက်လို့ပါ။ အဲဒါက အနိုင်ရတဲ့သူအတွက်ရော ရှုံးတဲ့သူအတွက်ပါ အဆင်မပြေပါဘူး။ အဲဒီလိုပဲ ကျွန်တော်ကတော့ မြင်တယ်။ ဒါပေမယ့် အခုတော့ ကျွန်တော် သူ့ကို မြင်တဲ့အခါကျရင် ဘာပြဿနာမှမရှိဘဲ သူ့လက်ကို ဆွဲပြီး နှုတ်ဆက်သွားမှာပါ”လို့ ဆီမြွန်နီက ပြောကြားခဲ့ပါတယ််။

အင်္ဂါနေ့ညပွဲစဉ်ဟာ အငြင်းပွားဖွယ်တွေ ဖြစ်ခဲ့တယ်လို့ ဆိုရင် မှန်မှာဖြစ်ပြီး ၂ သင်းစလုံးဟာ ကွဲပြားတဲ့ ဖြစ်စဉ် ၂ ခုမှာ ပင်နယ်တီ ဆုံးဖြတ်တဲ့လုပ်ငန်းစဉ်ရဲ့ ကွာခြားမှုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်ကတော့ ဟာမိုဆိုက ဂျိုတာကို ပင်နယ်တီဧရိယာထဲမှာ လဲကျအောင် ပြုလုပ်ခြင်းကို ခံခဲ့ရပြီးနောက် ပင်နယ်တီ ကန်ခွင့်ပေးခံခဲ့ရပြီး ဆာလားရဲ့ အနိုင်ဂိုးအတွက် အခွင့်အလမ်းကောင်း ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းကတော့ ၈၂ မိနစ်မှာ ဟိုဆေး မာရီယာ ဟီးမဲနက်ဇ်ကို ဂျိုတာက ပင်နယ်တီဧရိယာထဲမှာ ကစားပုံကြမ်းတမ်းခဲ့ပေမယ့်လည်း ဒိုင်လူကြီးက VAR နဲ့ ပြန်လည်စစ်ဆေးပြီးနောက်မှာ ဘာပြစ်ဒဏ်မှ မပေးဖို့ ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းဟာ ပထမပိုင်းအဖွင့် ၁၃ မိနစ်အတွင်းမှာ ဆာလားနဲ့ နာဘီ ကီးတားတို့ရဲ့ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဲဒီသွင်းဂိုး ၂ ဂိုးဟာ ချန်ပီယံလိဂ်မှာ ဘယ်တုန်းကမှ ဒီလောက်မြန်မြန် ဂိုးမပေးခဲ့ရဖူးတဲ့ အက်သလက်တီကိုအတွက်တော့ ကံဆိုးတဲ့မှတ်တမ်းဖြစ်ခဲ့တာဖြစ်ပါတယ်။

အမှန်တော့ အင်္ဂါနေ့ကပွဲစဉ်ဟာ နည်းပြ ဆီမြွန်နီလက်အောက် ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်အသင်းက သွင်းဂိုး ၂ ဂိုးထက်ပိုပြီး ခွင့်ပြုခဲ့ရတာ ပထမဆုံးအကြိမ်ဖြစ်ခဲ့ပြီး နောက်ဆုံး ခွင့်ပြုခဲ့ရတာကတော့ နည်းပြ ကီကေး ဆန်းချက်ဇ် ဖလိုရက်စ်လက်ထက် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ပေါ်တိုအသင်းနဲ့ပွဲစဉ်မှာ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အက္သလက္တီကို မက္ဒရစ္အသင္းနည္းၿပ ဒီေယဂို ဆီႁမြန္နီဟာ အဂၤါေန႔ညက လီဗာပူးလ္အသင္းကို ၃-၂ နဲ႔ အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပြဲအၿပီးမွာ ၿပိဳင္ဘက္အသင္းနည္းၿပ ယာဂန္ ကေလာ့ပ္နဲ႔ လက္ဆြဲႏႈတ္ဆက္ခဲ့ျခင္းမရွိဘဲ ဥမင္ေလၽွာက္လမ္းထဲ ေဒါသတႀကီး ဝင္သြားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္က ရႈံးေႂကြးကို စပိန္ေျမမွာ ၃-၂ နဲ႔ အက္သလက္တီကို မက္ဒရစ္အသင္းကို အနိုင္ယူၿပီး လက္စားေခ်နိုင္ခဲ့တာျဖစ္ၿပီး ဒုတိယပိုင္း ၅၂ မွာ ဂရစ္ဇ္မန္း အနီကတ္ျပသျခင္း ခံခဲ့ရတာေၾကာင့္ မာေဆးဆိုဒ္အသင္းဟာ အခြင့္အေရးေကာင္း ရရွိခဲ့တာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္းဟာ ပင္နယ္တီ ရရွိမယ့္ အခြင့္အေရး ျငင္းပယ္ခံခဲ့ရတာေၾကာင့္ ပြဲအၿပီးမွာ ဆီႁမြန္နီဟာ အဝတ္လဲခန္းထဲကို တန္းသြားဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး လီဗာပူးလ္နည္းၿပ ယာဂန္ ကေလာ့ပ္ကေတာ့ ေဒါသတႀကီးနဲ႔ ဥမင္ထဲကို ေအာ္ဟစ္ၿပီး က်န္ေနခဲ့ရတာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ ဒါကို မႏွစ္သက္ပါဘူး။ ဒါေပမယ့္ ဟုတ္ပါတယ္။ အေျခအေနက ရွင္းပါတယ္။ ကၽြန္ေတာ္ သူနဲ႔ လက္ဆြဲႏႈတ္ဆက္ခ်င္ခဲ့တယ္။ သူ႔ရဲ့ တုံ႔ျပန္မႈက သိပ္ေတာ့ မဟုတ္ဘူးဆိုတာ အေသအခ်ာပဲ။ ေနာက္တခါ ကၽြန္ေတာ္တို႔ ဆုံတဲ့အခ်ိန္က်ရင္ က်ိန္းေသေပါက္ လက္ဆြဲႏႈတ္ဆက္သြားမွာပါ။ အဲဒါက ဘာမွမဟုတ္ပါဘူး။ သူက ေဒါသထြက္ေနတာ သိသာေနၿပီး ကၽြန္ေတာ့္ကို မဟုတ္ဘဲ ပြဲနဲ႔ပတ္သက္ၿပီး ေဒါသထြက္ခဲ့တာပါ။ က်န္တာ ဘာမွမရွိပါဘူး”လို႔ ကေလာ့ပ္က BT Sport ကို ေျပာၾကားခဲ့ပါတယ္။

ဆီႁမြန္နီကလည္း အမ်ားအားျဖင့္ ပြဲအၿပီး လက္ဆြဲမႏႈတ္ဆက္သူျဖစ္တဲ့အတြက္ အခ်ိတ္အဆက္လြဲသြားတာသာျဖစ္တယ္လို႔ ပြဲအၿပီးျဖစ္စဥ္ကို ရွင္းလင္း ေျပာၾကားခဲ့ပါတယ္။ “ကၽြန္ေတာ္ ဘယ္တုန္းကမွ ပြဲအၿပီးမွာ လက္ဆြဲမႏႈတ္ဆက္ပါဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒီလို လုပ္ရတာကို မႀကိဳက္လို႔ပါ။ အဲဒါက အနိုင္ရတဲ့သူအတြက္ေရာ ရႈံးတဲ့သူအတြက္ပါ အဆင္မေျပပါဘူး။ အဲဒီလိုပဲ ကၽြန္ေတာ္ကေတာ့ ျမင္တယ္။ ဒါေပမယ့္ အခုေတာ့ ကၽြန္ေတာ္ သူ႔ကို ျမင္တဲ့အခါက်ရင္ ဘာျပႆနာမွမရွိဘဲ သူ႔လက္ကို ဆြဲၿပီး ႏႈတ္ဆက္သြားမွာပါ”လို႔ ဆီႁမြန္နီက ေျပာၾကားခဲ့ပါတယ္္။

အဂၤါေန႔ညပြဲစဥ္ဟာ အျငင္းပြားဖြယ္ေတြ ျဖစ္ခဲ့တယ္လို႔ ဆိုရင္ မွန္မွာျဖစ္ၿပီး ၂ သင္းစလုံးဟာ ကြဲျပားတဲ့ ျဖစ္စဥ္ ၂ ခုမွာ ပင္နယ္တီ ဆုံးျဖတ္တဲ့လုပ္ငန္းစဥ္ရဲ့ ကြာျခားမႈနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ လီဗာပူးလ္ကေတာ့ ဟာမိုဆိုက ဂ်ိဳတာကို ပင္နယ္တီဧရိယာထဲမွာ လဲက်ေအာင္ ျပဳလုပ္ျခင္းကို ခံခဲ့ရၿပီးေနာက္ ပင္နယ္တီ ကန္ခြင့္ေပးခံခဲ့ရၿပီး ဆာလားရဲ့ အနိုင္ဂိုးအတြက္ အခြင့္အလမ္းေကာင္း ရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ အက္သလက္တီကိုမက္ဒရစ္အသင္းကေတာ့ ၈၂ မိနစ္မွာ ဟိုေဆး မာရီယာ ဟီးမဲနက္ဇ္ကို ဂ်ိဳတာက ပင္နယ္တီဧရိယာထဲမွာ ကစားပုံၾကမ္းတမ္းခဲ့ေပမယ့္လည္း ဒိုင္လူႀကီးက VAR နဲ႔ ျပန္လည္စစ္ေဆးၿပီးေနာက္မွာ ဘာျပစ္ဒဏ္မွ မေပးဖို႔ ဆုံးျဖတ္ခ်က္ကို ေျပာင္းလဲခဲ့တာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္းဟာ ပထမပိုင္းအဖြင့္ ၁၃ မိနစ္အတြင္းမွာ ဆာလားနဲ႔ နာဘီ ကီးတားတို႔ရဲ့ဂိုးေတြကို ခြင့္ျပဳခဲ့ရၿပီး အဲဒီသြင္းဂိုး ၂ ဂိုးဟာ ခ်န္ပီယံလိဂ္မွာ ဘယ္တုန္းကမွ ဒီေလာက္ျမန္ျမန္ ဂိုးမေပးခဲ့ရဖူးတဲ့ အက္သလက္တီကိုအတြက္ေတာ့ ကံဆိုးတဲ့မွတ္တမ္းျဖစ္ခဲ့တာျဖစ္ပါတယ္။

အမွန္ေတာ့ အဂၤါေန႔ကပြဲစဥ္ဟာ နည္းၿပ ဆီႁမြန္နီလက္ေအာက္ ခ်န္ပီယံလိဂ္အိမ္ကြင္းပြဲစဥ္မွာ အက္သလက္တီကို မက္ဒရစ္အသင္းက သြင္းဂိုး ၂ ဂိုးထက္ပိုၿပီး ခြင့္ျပဳခဲ့ရတာ ပထမဆုံးအႀကိမ္ျဖစ္ခဲ့ၿပီး ေနာက္ဆုံး ခြင့္ျပဳခဲ့ရတာကေတာ့ နည္းၿပ ကီေကး ဆန္းခ်က္ဇ္ ဖလိုရက္စ္လက္ထက္ ၂၀၀၉ ခုႏွစ္ ဒီဇင္ဘာလက ေပၚတိုအသင္းနဲ႔ပြဲစဥ္မွာ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.