UCL&UEL

အေတီကိုနဲ့ပွဲမတိုင်မီ ဆီမြွန်နီကို မခံချင်စိတ်နဲ့ တိုက်စစ်ဖွင့်ကစားအောင် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခဲ့တဲ့ ကလော့ပ်

လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်ဟာ ယနေ့ည အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမတိုင်မီ ဒီယေဂို ဆီမြွန်နီရဲ့ ကစားဟန်ကို ဘယ်လောက်တောင် မနှစ်သက်လဲဆိုတာ အသိပေးခဲ့ပြီး စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခဲ့ပါတယ်။

လီဗာပူးလ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ နောက်ဆုံးတွေ့ဆုံခဲ့တာဟာ ၂၀၂၀ ခုနှစ် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာဖြစ်ပြီး လီဗာပူးလ်က ၂ ကျော့စလုံးမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ မက်ဒရစ်မှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ မှတ်မှတ်ရရ ဖြစ်ခဲ့တာကတော့ ကလော့ပ်က အက်သလက်တီကို မက်ဒရစ်ကစားသးမားတွေဟာ မာနေးကို ထုတ်ပယ်ခံရအောင် ဟန်ဆောင်ကစားပြီး ကြိုးပမ်းခဲ့ကြတယ်လို့ စွပ်စွဲခဲ့တာဖြစ်ပြီး ဆီနီဂေါတိုက်စစ်မှူးဟာ ပွဲပယ်ခံရမယ့်အရေးကို ရှောင်လွှဲနိုင်ဖို့ စောစောစီးစီး လူစားလဲလှယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

“မာနေးက ပစ်မှတ်ထားခံခဲ့ရပါတယ်။ အဲဒါက ရှင်းနေတာပဲ။ သူတို့တွေက သူ့ကို အဝါကတ်ထိစေချင်ခဲ့ကြတယ်။ အဲဒါက ပွဲရဲဲ့တစ်စိတ်တပိုင်းဆိုပေမယ့် အဲဒီလိုလုပ်တာ ကျွန်တော် မနှစ်သက်ပါဘူး။ ပထမဆုံး မိနစ် ၃၀ အတွင်းမှာပဲ သူတို့ထဲက ကစားသမား ၃ ဦးက မြေကြီးပေါ် လှဲချခဲ့ကြတယ်။ ဘာအတွက်လဲ ကျွန်တော် မသိခဲ့ပါဘူး”

ကလော့ပ်ဟာ ဝမ်ဒါ မက်ထရိုပိုလီတာနိုကွင်းကို နောက်ထပ်တစ်ကြိမ် ပြန်လည်ခြေမချမီ စပိန် မီဒီယာတွေရဲ့ ၎င်းရဲ့ ဝေဖန်ပြစ်တင်ခဲ့တဲ့စကားတွေကို သတိပေးခြင်းခံခဲ့ရပါတယ်။ ကျွန်တော် ပြောခဲ့တာက ကျိန်းသေပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်ခွဲက နေ့တစ်ရက်မှာ ရှိနေခဲ့တဲ့ စိတ်ခံစားချက်ရဲ့ လွှမ်းမိုးမှုကြောင့် ပြောခဲ့တာပါ”

“ကျွန်တော် အရာအားလုံးနဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့ပြီး စိတ်ပျက်ခဲ့ပါတယ်အရာအားလုံးကလည်း လွဲမှားနေခဲ့ပြီး ကျွန်တော်တို့က တကယ်ကို ထူးခြားတဲ့အခြေအနေအချိန်အခါမှာ ဘောလုံးအပေါ်ကို အာရုံစိုက်နေခဲ့ရတာပါ။ ပြီးတော့ ဟုတ်တာပေါ့။ ကျွန်တော်တို့ ရှိသမျှလူအားလုံး ခံစစ်ကစားနိုင်တဲ့ ပထမတန်းစားကစားသမားတွေ အပြည့်နဲ့ အသင်းကို ရင်ဆိုင်ခဲ့ရတယ်။ အဲဒါက ကျွန်တော် ပြောခဲ့တဲ့အရာတွေအတွက် အကြောင်းပြချက်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”

“ဒီယေဂို ဆီမြွန်နီက လုံးဝမှန်ကန်တဲ့အရာအားလုံးကို လုပ်ဆောင်နေပါတယ်။ သူက စပိန်ချန်ပီယံဖြစ်ပြီး အဲဒီမှာ အရမ်းအောင်မြင်နေပါတယ်။ သူ့မှာ ကမ္ဘာ့အဆင့်ကစားသမားတွေ အစုလိုက် အပြုံလိုက်ရှိနေပြီး သူတို့ရဲ့ဘဝအတွက် သူတို့ တိုက်ခိုက်ကြမှာပါ။ ဒါက ဒီယေဂိုရဲ့အရည်အသွေးနဲ့ပတ်သက်ပြီး အများကြီး စကားပြောပါတယ်။ အဲဒီတော့ သူတို့တွေလုပ်နေတာအတွက် ပိုပြီး လေးစားမှုပေးနိုင်တာ မရှိတော့ပါဘူး”

“ကျွန်တော် အဲဒီလို ကစားတာကို နှစ်သက်လားဆိုတော့ အရမ်းတော့ မနှစ်သက်ပါဘူး။ ကျွန်တော်က တခြား မတူညီတဲ့ဘောလုံးကစားပုံမျိုးကို ပိုနှစ်သက်တာတစ်ခုတည်းကြောင့်ပါ။ တခြားနည်းပြတွေက တခြားပုံစံတွေကို ပိုနှစ်သက်မှာပါ။ အဲဒီတော့ ဘယ်သူကမှ အဲဒါကို ကြိုက်မှာမဟုတ်ပါဘူး။ အဲဒီကစားပုံက အောင်မြင်မှု ရဖို့အတွက်နဲ့ အက်သလက်တီကို ကစားနေတဲ့ ကစားဟန်ပါ”

“စပိန်က ဘောလုံးလောကအတွက် အရမ်းခက်ခဲတဲ့အချိန်တွေမှာ သူတို့တွေ အရမ်းအထင်ကြီးစရာအလုပ်တွေကို ကစားသမားခေါ်ယူမှုတွေနဲ့အတူ လုပ်နိုင်ခဲ့ပြီး မှန်ကန်တဲ့အသင်းရှိနေပါတယ်။ ဒီနှစ်မှာလည်း နောက်ထပ်တစ်ကြိမ် လာလီဂါချန်ပီယံဖြစ်နိုင်ခြေရှိတဲ့ပုံပေါ်ပါတယ်”

ဘောလုံးအပေါ်မှာ ၎င်းရဲ့ မတူညီတဲ့အမြင်နဲ့ပတ်သက်ပြီး အတိအကျပြောဖို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ “အက်သလက်တီကိုရဲ့ ကစားဟန်က ကျွန်တော် ကစားချင်တဲ့ကစားဟန်လားဆိုရင်တော့ မဟုတ်ပါဘူး။ ကျွန်တော် မကစားချင်ပါဘူး။ ကျွန်တော်က အဲဒီကစားဟန်မျိုး ကစားတတ်တဲ့သူမဟုတ်ပါဘူး”

“ဒါပေမယ့် ကျွန်တော်တို့အားလုံးဟာ ကွဲပြားခြားနားပြီး အဲဒါကြောင့်ပဲ အဆင်ပြေနေတာပါ။ ဘောလုံးပွဲစဉ်တွေကို အနိုင်ရချင်တာကြောင့်ပါပဲ။ ခင်ဗျား ထိပ်တန်းအဆင့် ပွဲစဉ်တွေကို ကစားရမှာဖြစ်ပြီး မယုံနိုင်စရာရဲရင့်နေရပါမယ်။ ခင်ဗျား အဲဒီလိုသာ မလုပ်နိုင်ဘူးဆိုရင် သူတို့တွေက ခင်ဗျားကို ဝါးစားသွားမယ်။ အက်သလက်တီကိုက အဲဒီလိုလုပ်တဲ့နေရာမှာ အကောင်းဆုံးအသင်းပါ။ ဘာလို့လဲဆိုတော့ သူတို့မှာ အကောင်းဆုံးကစားသမားတွေရှိနေလို့ပါ။ အဲဒါကို လက်ခံရမှာပါ။ သင့်လျော်တဲ့ တိုက်ပွဲပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းနည္းၿပ ယာဂန္ ကေလာ့ပ္ဟာ ယေန႔ည အက္သလက္တီကို မက္ဒရစ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲမတိုင္မီ ဒီေယဂို ဆီႁမြန္နီရဲ့ ကစားဟန္ကို ဘယ္ေလာက္ေတာင္ မႏွစ္သက္လဲဆိုတာ အသိေပးခဲ့ၿပီး စိတ္ဓာတ္စစ္ဆင္ေရး ျပဳလုပ္ခဲ့ပါတယ္။

လီဗာပူးလ္နဲ႔ အက္သလက္တီကို မက္ဒရစ္တို႔ ေနာက္ဆုံးေတြ႕ဆုံခဲ့တာဟာ ၂၀၂၀ ခုႏွစ္ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာျဖစ္ၿပီး လီဗာပူးလ္က ၂ ေက်ာ့စလုံးမွာ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ မက္ဒရစ္မွာ ကစားခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္မွာ မွတ္မွတ္ရရ ျဖစ္ခဲ့တာကေတာ့ ကေလာ့ပ္က အက္သလက္တီကို မက္ဒရစ္ကစားသးမားေတြဟာ မာေနးကို ထုတ္ပယ္ခံရေအာင္ ဟန္ေဆာင္ကစားၿပီး ႀကိဳးပမ္းခဲ့ၾကတယ္လို႔ စြပ္စြဲခဲ့တာျဖစ္ၿပီး ဆီနီေဂါတိုက္စစ္မႉးဟာ ပြဲပယ္ခံရမယ့္အေရးကို ေရွာင္လႊဲနိုင္ဖို႔ ေစာေစာစီးစီး လူစားလဲလွယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

“မာေနးက ပစ္မွတ္ထားခံခဲ့ရပါတယ္။ အဲဒါက ရွင္းေနတာပဲ။ သူတို႔ေတြက သူ႔ကို အဝါကတ္ထိေစခ်င္ခဲ့ၾကတယ္။ အဲဒါက ပြဲရဲဲ့တစ္စိတ္တပိုင္းဆိုေပမယ့္ အဲဒီလိုလုပ္တာ ကၽြန္ေတာ္ မႏွစ္သက္ပါဘူး။ ပထမဆုံး မိနစ္ ၃၀ အတြင္းမွာပဲ သူတို႔ထဲက ကစားသမား ၃ ဦးက ေျမႀကီးေပၚ လွဲခ်ခဲ့ၾကတယ္။ ဘာအတြက္လဲ ကၽြန္ေတာ္ မသိခဲ့ပါဘူး”

ကေလာ့ပ္ဟာ ဝမ္ဒါ မက္ထရိုပိုလီတာနိုကြင္းကို ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ေျခမခ်မီ စပိန္ မီဒီယာေတြရဲ့ ၎ရဲ့ ေဝဖန္ျပစ္တင္ခဲ့တဲ့စကားေတြကို သတိေပးျခင္းခံခဲ့ရပါတယ္။ ကၽြန္ေတာ္ ေျပာခဲ့တာက က်ိန္းေသပါတယ္။ လြန္ခဲ့တဲ့ ၁ ႏွစ္ခြဲက ေန႔တစ္ရက္မွာ ရွိေနခဲ့တဲ့ စိတ္ခံစားခ်က္ရဲ့ လႊမ္းမိုးမႈေၾကာင့္ ေျပာခဲ့တာပါ”

“ကၽြန္ေတာ္ အရာအားလုံးနဲ႔ပတ္သက္ၿပီး ေဒါသထြက္ခဲ့ၿပီး စိတ္ပ်က္ခဲ့ပါတယ္အရာအားလုံးကလည္း လြဲမွားေနခဲ့ၿပီး ကၽြန္ေတာ္တို႔က တကယ္ကို ထူးျခားတဲ့အေျခအေနအခ်ိန္အခါမွာ ေဘာလုံးအေပၚကို အာ႐ုံစိုက္ေနခဲ့ရတာပါ။ ၿပီးေတာ့ ဟုတ္တာေပါ့။ ကၽြန္ေတာ္တို႔ ရွိသမၽွလူအားလုံး ခံစစ္ကစားနိုင္တဲ့ ပထမတန္းစားကစားသမားေတြ အျပည့္နဲ႔ အသင္းကို ရင္ဆိုင္ခဲ့ရတယ္။ အဲဒါက ကၽြန္ေတာ္ ေျပာခဲ့တဲ့အရာေတြအတြက္ အေၾကာင္းျပခ်က္ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္”

“ဒီေယဂို ဆီႁမြန္နီက လုံးဝမွန္ကန္တဲ့အရာအားလုံးကို လုပ္ေဆာင္ေနပါတယ္။ သူက စပိန္ခ်န္ပီယံျဖစ္ၿပီး အဲဒီမွာ အရမ္းေအာင္ျမင္ေနပါတယ္။ သူ႔မွာ ကမၻာ့အဆင့္ကစားသမားေတြ အစုလိုက္ အျပဳံလိုက္ရွိေနၿပီး သူတို႔ရဲ့ဘဝအတြက္ သူတို႔ တိုက္ခိုက္ၾကမွာပါ။ ဒါက ဒီေယဂိုရဲ့အရည္အေသြးနဲ႔ပတ္သက္ၿပီး အမ်ားႀကီး စကားေျပာပါတယ္။ အဲဒီေတာ့ သူတို႔ေတြလုပ္ေနတာအတြက္ ပိုၿပီး ေလးစားမႈေပးနိုင္တာ မရွိေတာ့ပါဘူး”

“ကၽြန္ေတာ္ အဲဒီလို ကစားတာကို ႏွစ္သက္လားဆိုေတာ့ အရမ္းေတာ့ မႏွစ္သက္ပါဘူး။ ကၽြန္ေတာ္က တျခား မတူညီတဲ့ေဘာလုံးကစားပုံမ်ိဳးကို ပိုႏွစ္သက္တာတစ္ခုတည္းေၾကာင့္ပါ။ တျခားနည္းျပေတြက တျခားပုံစံေတြကို ပိုႏွစ္သက္မွာပါ။ အဲဒီေတာ့ ဘယ္သူကမွ အဲဒါကို ႀကိဳက္မွာမဟုတ္ပါဘူး။ အဲဒီကစားပုံက ေအာင္ျမင္မႈ ရဖို႔အတြက္နဲ႔ အက္သလက္တီကို ကစားေနတဲ့ ကစားဟန္ပါ”

“စပိန္က ေဘာလုံးေလာကအတြက္ အရမ္းခက္ခဲတဲ့အခ်ိန္ေတြမွာ သူတို႔ေတြ အရမ္းအထင္ႀကီးစရာအလုပ္ေတြကို ကစားသမားေခၚယူမႈေတြနဲ႔အတူ လုပ္နိုင္ခဲ့ၿပီး မွန္ကန္တဲ့အသင္းရွိေနပါတယ္။ ဒီႏွစ္မွာလည္း ေနာက္ထပ္တစ္ႀကိမ္ လာလီဂါခ်န္ပီယံျဖစ္နိုင္ေျခရွိတဲ့ပုံေပၚပါတယ္”

ေဘာလုံးအေပၚမွာ ၎ရဲ့ မတူညီတဲ့အျမင္နဲ႔ပတ္သက္ၿပီး အတိအက်ေျပာဖို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ “အက္သလက္တီကိုရဲ့ ကစားဟန္က ကၽြန္ေတာ္ ကစားခ်င္တဲ့ကစားဟန္လားဆိုရင္ေတာ့ မဟုတ္ပါဘူး။ ကၽြန္ေတာ္ မကစားခ်င္ပါဘူး။ ကၽြန္ေတာ္က အဲဒီကစားဟန္မ်ိဳး ကစားတတ္တဲ့သူမဟုတ္ပါဘူး”

“ဒါေပမယ့္ ကၽြန္ေတာ္တို႔အားလုံးဟာ ကြဲျပားျခားနားၿပီး အဲဒါေၾကာင့္ပဲ အဆင္ေျပေနတာပါ။ ေဘာလုံးပြဲစဥ္ေတြကို အနိုင္ရခ်င္တာေၾကာင့္ပါပဲ။ ခင္ဗ်ား ထိပ္တန္းအဆင့္ ပြဲစဥ္ေတြကို ကစားရမွာျဖစ္ၿပီး မယုံနိုင္စရာရဲရင့္ေနရပါမယ္။ ခင္ဗ်ား အဲဒီလိုသာ မလုပ္နိုင္ဘူးဆိုရင္ သူတို႔ေတြက ခင္ဗ်ားကို ဝါးစားသြားမယ္။ အက္သလက္တီကိုက အဲဒီလိုလုပ္တဲ့ေနရာမွာ အေကာင္းဆုံးအသင္းပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔မွာ အေကာင္းဆုံးကစားသမားေတြရွိေနလို႔ပါ။ အဲဒါကို လက္ခံရမွာပါ။ သင့္ေလ်ာ္တဲ့ တိုက္ပြဲပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.