Premier League

အသင်းရဲ့စိတ်ဓာတ်တက်ကြွမှုကို ထိန်းသိမ်းထားဖို့ ခက်တယ်လို့ ဝန်ခံခဲ့တဲ့ ချဲလ်ဆီးလက်ထောက်နည်းပြ

သောမတ်စ် တူဟယ်ရဲ့လက်ထောက်နည်းပြဖြစ်တဲ့ ဇော့တ်လိုးက ချန်ပီယံလိဂ်အောင်ပွဲရရှိပြီးနောက် အသင်းလူစာရင်းရဲ့ စိတ်ဓာတ်တက်ကြွမှုကို ထိန်းသိမ်းထားဖို့က စိန်ခေါ်မှုဖြစ်ခဲ့ပြီး အဲဒီအဆင့်ကနေ တိုးတက်အောင် လုပ်ဖို့ အရမ်း ခက်ခဲတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ မေလက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးအသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပေမယ့် ၂၀၁၆-၂၀၁၇ ရာသီကတည်းက ပရီးမီးယားလိဂ်ဖလားကို မရရှိတော့တာဖြစ်ပြီး လက်ရှိမှာတော့ စောင့်ဆိုင်းနေရမှုကို အဆုံးသတ်ချင်နေတာဖြစ်ပါတယ်။

ဇော့တ်လိုးက Digi Sport ကို “ချဲလ်ဆီးကို အဲဒီအဆင့်အတန်းမှာ ထိန်းသိမ်းထားပြီး တိုးတက်အောင်လုပ်နိုင်ဖို့က အရေးကြီးပါတယ်။နွေရာသီအပြောင်းအရွှေ့စျေးကွက်က အရမ်းကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်တို့ တကယ်လိုအပ်နေတဲ့ကစားသမားတွေကို ရရှိခဲ့ကြပြီး သူတို့နဲ့အတူ ရှေ့ဆက်နိုင်မှာပါ”

“ချန်ပီယံလိဂ်ဖလား ရရှိခဲ့အပြီးမှာ ကျွန်တော်တို့ ကစားသမားတွေအတွက် စိတ်ဓာတ်တက်ကြွနေဖို့အတွက် အရမ်းခက်ခဲပြီးစိန်ခေါ်မှုဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ အဲဒီအပေါ်မှာ အဆက်မပြတ် လုပ်ဆောင်နေပါတယ်”။ ဇော့တ်လိုးနဲ့ နည်းပြ သောမတ်စ် တူဟယ်တို့ဟာ အခုအချိန်မှာ အသင်းကို ကောင်းကောင်း ကိုင်တွယ်ထားနိုင်ကြသူတွေဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ် ၈ ပွဲမှာ ၆ ပွဲနိုင်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ယခုရာသီ တစ်ပွဲတည်းသော ရှုံးပွဲဟာ ပြီးခဲ့တဲ့စက်တင်ဘာလက ဂွါဒီယိုလာရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်နေတဲ့ မန်ချက်စတာစီးတီးကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဇော့တ်လိုးဟာ ၂၀၁၈ ခုနှစ် နွေရာသီမှာ ပီအက်စ်ဂျီအသင်းနည်းပြအဖြစ် သောမတ်စ် တူဟယ် ခန့်အပ်ခြင်းခံခဲ့ရကတည်းက တူဟယ်နဲ့ အတူတူ အလုပ်လုပ်ခဲ့သူဖြစ်ပြီး ဟန်ဂေရီလက်ရွေးစင်ကစားသမားဟောင်းဟာ အရင်တုန်းက လိုက်ပ်ဇစ်အသင်းမှာ ဟာဆန်ဟူတယ်နဲ့ လက်ထောက်နည်းပြအဖြစ် လုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

တူဟယ်ရဲ့ အော်ပရေးရှင်းက ၎င်းရဲ့ အခန်းကဏ္ဍနဲ့့တ်သက်ပြီး ဆွေးနွေးရာမှာ ဇော့တ်လိုးက “လူတော်တော်များများက ကျွန်တော့်ကို အသင်းမှာ ဘာလုပ်ရတာလဲဆိုပြီး မေးကြပါတယ်။ ကျွန်တော်တို့ လေ့ကျင့်ရေး၊ မူဘောင်ရေးဆွဲတာ၊ ပြိုင်ဘက်တွေကို စောင့်ကြည့်ခြေရာခံတာ၊ ကျွန်တော်တို့ရဲ့ပွဲစဉ်တွေကို လေ့လာဆန်းစစ်တာ အကုန်လုံးကို အတူတူလုပ်ဆောင်ကြပါတယ်။”

“ကျွန်တော်တို့ သေးငယ်တဲ့အစုအဖွဲ့အနေနဲ့ အတူတူ ရှိနေကြပြီး လေ့ကျင့်ရေးကွင်းမှာ ရှိတဲ့အချိန်ဆို တချိန်လုံးအတူတူနေ၊ အတူတူအလုပ်လုပ်ကြပါတယ်။ ကျွန်တော်တို့ ပွဲစဉ်တွေအတွင်းမှာ အတူတူ ဘာတွေ မြင်ခဲ့ကြလဲဆိုတာကိုလည်း ဆွေးနွေးကြပါတယ်”

“ကျွန်တော်တို့ အတွေ့အကြုံတွေကို ပထမပိုင်းမှာ မျှဝေတယ်။ ကျွန်တော်တို့ အရာအားလုံးကို ပြောင်းလဲဖို့ ကြိုးပမ်းကောင်း ကြိုးပမ်းနိုင်အောင်ပေါ့။ နည်းပြက အမြဲတမ်း နောက်ဆုံး ဆုံးဖြတ်ချက်ချရတဲ့သူပါ။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ငန်းစဉ်တွေကို အတူတူ အမြဲတမ်း ဆွေးနွေးတယ်။ အဲဒီတော့ ကျွန်တော် အကုန်လုံးမှာ ပါတယ်လို့ ပြောနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေသာမတ္စ္ တူဟယ္ရဲ့လက္ေထာက္နည္းျပျဖစ္တဲ့ ေဇာ့တ္လိုးက ခ်န္ပီယံလိဂ္ေအာင္ပြဲရရွိၿပီးေနာက္ အသင္းလူစာရင္းရဲ့ စိတ္ဓာတ္တက္ႂကြမႈကို ထိန္းသိမ္းထားဖို႔က စိန္ေခၚမႈျဖစ္ခဲ့ၿပီး အဲဒီအဆင့္ကေန တိုးတက္ေအာင္ လုပ္ဖို႔ အရမ္း ခက္ခဲတယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ ေမလက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ မန္ခ်က္စတာစီးတီးအသင္းကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့တာျဖစ္ေပမယ့္ ၂၀၁၆-၂၀၁၇ ရာသီကတည္းက ပရီးမီးယားလိဂ္ဖလားကို မရရွိေတာ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ေစာင့္ဆိုင္းေနရမႈကို အဆုံးသတ္ခ်င္ေနတာျဖစ္ပါတယ္။

ေဇာ့တ္လိုးက Digi Sport ကို “ခ်ဲလ္ဆီးကို အဲဒီအဆင့္အတန္းမွာ ထိန္းသိမ္းထားၿပီး တိုးတက္ေအာင္လုပ္နိုင္ဖို႔က အေရးႀကီးပါတယ္။ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္က အရမ္းေကာင္းမြန္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ တကယ္လိုအပ္ေနတဲ့ကစားသမားေတြကို ရရွိခဲ့ၾကၿပီး သူတို႔နဲ႔အတူ ေရွ႕ဆက္နိုင္မွာပါ”

“ခ်န္ပီယံလိဂ္ဖလား ရရွိခဲ့အၿပီးမွာ ကၽြန္ေတာ္တို႔ ကစားသမားေတြအတြက္ စိတ္ဓာတ္တက္ႂကြေနဖို႔အတြက္ အရမ္းခက္ခဲၿပီးစိန္ေခၚမႈျဖစ္ခဲ့ေပမယ့္ ကၽြန္ေတာ္တို႔ အဲဒီအေပၚမွာ အဆက္မျပတ္ လုပ္ေဆာင္ေနပါတယ္”။ ေဇာ့တ္လိုးနဲ႔ နည္းၿပ ေသာမတ္စ္ တူဟယ္တို႔ဟာ အခုအခ်ိန္မွာ အသင္းကို ေကာင္းေကာင္း ကိုင္တြယ္ထားနိုင္ၾကသူေတြျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဟာ ယခုရာသီ ပရီးမီးယားလိဂ္ ၈ ပြဲမွာ ၆ ပြဲနိုင္နဲ႔ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ့ ယခုရာသီ တစ္ပြဲတည္းေသာ ရႈံးပြဲဟာ ၿပီးခဲ့တဲ့စက္တင္ဘာလက ဂြါဒီယိုလာရဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကို ကာကြယ္ေနတဲ့ မန္ခ်က္စတာစီးတီးကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ေဇာ့တ္လိုးဟာ ၂၀၁၈ ခုႏွစ္ ေႏြရာသီမွာ ပီအက္စ္ဂ်ီအသင္းနည္းျပအျဖစ္ ေသာမတ္စ္ တူဟယ္ ခန႔္အပ္ျခင္းခံခဲ့ရကတည္းက တူဟယ္နဲ႔ အတူတူ အလုပ္လုပ္ခဲ့သူျဖစ္ၿပီး ဟန္ေဂရီလက္ေရြးစင္ကစားသမားေဟာင္းဟာ အရင္တုန္းက လိုက္ပ္ဇစ္အသင္းမွာ ဟာဆန္ဟူတယ္နဲ႔ လက္ေထာက္နည္းျပအျဖစ္ လုပ္ေဆာင္ခဲ့ဖူးသူျဖစ္ပါတယ္။

တူဟယ္ရဲ့ ေအာ္ပေရးရွင္းက ၎ရဲ့ အခန္းက႑နဲ႔့တ္သက္ၿပီး ေဆြးေႏြးရာမွာ ေဇာ့တ္လိုးက “လူေတာ္ေတာ္မ်ားမ်ားက ကၽြန္ေတာ့္ကို အသင္းမွာ ဘာလုပ္ရတာလဲဆိုၿပီး ေမးၾကပါတယ္။ ကၽြန္ေတာ္တို႔ ေလ့က်င့္ေရး၊ မူေဘာင္ေရးဆြဲတာ၊ ၿပိဳင္ဘက္ေတြကို ေစာင့္ၾကည့္ေျခရာခံတာ၊ ကၽြန္ေတာ္တို႔ရဲ့ပြဲစဥ္ေတြကို ေလ့လာဆန္းစစ္တာ အကုန္လုံးကို အတူတူလုပ္ေဆာင္ၾကပါတယ္။”

“ကၽြန္ေတာ္တို႔ ေသးငယ္တဲ့အစုအဖြဲ႕အေနနဲ႔ အတူတူ ရွိေနၾကၿပီး ေလ့က်င့္ေရးကြင္းမွာ ရွိတဲ့အခ်ိန္ဆို တခ်ိန္လုံးအတူတူေန၊ အတူတူအလုပ္လုပ္ၾကပါတယ္။ ကၽြန္ေတာ္တို႔ ပြဲစဥ္ေတြအတြင္းမွာ အတူတူ ဘာေတြ ျမင္ခဲ့ၾကလဲဆိုတာကိုလည္း ေဆြးေႏြးၾကပါတယ္”

“ကၽြန္ေတာ္တို႔ အေတြ႕အၾကဳံေတြကို ပထမပိုင္းမွာ မၽွေဝတယ္။ ကၽြန္ေတာ္တို႔ အရာအားလုံးကို ေျပာင္းလဲဖို႔ ႀကိဳးပမ္းေကာင္း ႀကိဳးပမ္းနိုင္ေအာင္ေပါ့။ နည္းျပက အျမဲတမ္း ေနာက္ဆုံး ဆုံးျဖတ္ခ်က္ခ်ရတဲ့သူပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ လုပ္ငန္းစဥ္ေတြကို အတူတူ အျမဲတမ္း ေဆြးေႏြးတယ္။ အဲဒီေတာ့ ကၽြန္ေတာ္ အကုန္လုံးမွာ ပါတယ္လို႔ ေျပာနိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.