Premier League

ဘယ်လွန်ဒေါဆန်ခါတင်စာရင်းကို နောင်တရစေမယ့် လက်စွမ်းပြသခဲ့တဲ့ မန်ဒီ

ချဲလ်ဆီးအသင်းဂိုးသမား အေဒူယာ မန်ဒီဟာ ဘရန့်ဖို့ဒ်အသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နောက်ထပ်ကမ္ဘာ့အဆင့် လက်စွမ်းပြသပြီး ဘယ်လွန်ဒေါ ဆန်ခါတင်စာရင်းမှာ ၎င်းကို အံ့အားသင့်ဖွယ် ထည့်သွင်းခဲ့ခြင်းမရှိဘဲ ချန်လှပ်ခဲ့သူတွေကို နောင်တရအောင် စွမ်းဆောင်ပြခဲ့ပါတယ်။

ဆီနီဂေါလက်ရွေးစင်ဂိုးသမားဟာ စနေနေ့ညက ဘရန့်ဖို့ဒ် ကွန်မြူနတီကွင်းမှာ ဘရန့်ဖို့ဒ်အသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ပြီး အသင်းရဲ့နိုင်ပွဲကို သေချာစေမယ့် လက်စွမ်းမျိုး ပြသခဲ့တာဖြစ်ပါတယ်။ မန်ဒီဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိခဲ့တဲ့အချိန်ကတည်းက လက်စွမ်းပြသနေခဲ့တဲ့ ကစားသမားဖြစ်ပြီး စနေနေ့ညက ဘရန့်ဖို့ဒ်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာလည်း နောက်ထပ်တစ်ကြိမ် ကြောက်မက်ဖွယ်လက်စွမ်းပြသခဲ့တာဖြစ်ပါတယ်။

မန်ဒီရဲ့ အလွန်ကောင်းမွန်တဲ့ ဆက်တိုက် ကာကွယ်မှုတွေ ပြုလုပ်ပြီးနောက် ပွဲကစားချိန်ပြည့်ခါနီး စက္ကန့်ပိုင်းအလိုမှာ ခရစ်ရှန် နောဂါ့ဒ်ရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုကို နောက်ဆုံးအချိန်အထိ အကောင်းဆုံး ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။ မန်ဒီဟာ နောဂါ့ဒ်ရဲ့ နောက်ပြန်ကန်ချက်ကို ဂိုးဘားတန်းပေါ် ကျော်သွားအောင် အံ့အားသင့်ဖွယ် လက်ဖျားလေးနဲ့ ပုတ်ထုတ်ကာကွယ်ခဲ့တာဖြစ်ပြီး ချေပဂိုး ရရှိတော့မယ်ထင်နေကြတဲ့ ဘရန့်ဖို့ဒ် ပရိသတ်တွေဟာ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ကြတာဖြစ်ပါတယ်။

မန်ဒီဟာ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တဲ့ ဘယ်လွန်ဒေါဆုအတွက် ဆန်ခါတင်စာရင်းမှာ အံ့အားသင့်ဖွယ် ရွေးချယ်ခြင်းမခံခဲ့ရသူ ဖြစ်ပြီး ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်က မယုံနိုင်ဖွယ် ကာကွယ်မှုတွေ ပြုလုပ်ခဲ့တဲ့ မယုံနိုင်ဖွယ်ကစားသမားဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတာကြောင့် ပိုလို့တောင် အံ့အားသင့်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

မန်ဒီဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဂိုးသမားလို့ ထင်မြင်နေတဲ့သူ တစ်ယောက်ရှိပြီး အဲဒီသူကတော့ လီဗာပူးလ်ဂိုးသမားဟောင်း ဘရက်ဒ် ဖရီဒယ်ဖြစ်ပြီး မန်ဒီဟာ တန်ဖိုးထားသင့်သလောက် တန်ဖိုးထားမခံရတဲ့သူလို့ ပြောကြားခဲ့ပါတယ်။

“မန်ဒီက အကောင်းဆုံး ဂိုးသမားပါ။ သူက လက်ရှိအချိန်မှာ တန်ဖိုးထားသင့်သလောက် အထားမခံရဆုံးလည်း ဖြစ်ပြီး နောက်ထပ်တစ်ကြိမ် အင်္ဂလန်က သူ့ရဲ့ ဒုတိယရာသီအစက လူမသိသူမသိအဖြစ်ဆုံး ဖြစ်နေဆဲဖြစ်ပါတယ်။ သူ ရင်းနေးကနေ ပြောင်းလာတုန်းက သူနဲ့ပတ်သက်ပြီး အများစုက မသိကြချိန်မှာ မန်ဒီက ပြီးခဲ့တဲ့ရာသီ လိဂ်ပွဲ ၃၁ ပွဲမှာ ၁၆ ပွဲ ပေးဂိုးမရှိအောင် စွမ်းဆောင်ပြခဲ့တယ်”

“သူက ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ်အောင်ပွဲမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ပြီး ချန်ပီယံလိဂ်မှာ ၉ ပွဲ ပေးဂိုးမရှိ စံချိန်ကို လိုက်မီခဲ့တယ်။ ကီပါအတွက် ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် အထူးသဖြင့်အရာအားလုံးက ကောင်းကောင်း အလုပ်မဖြစ်ခဲ့ဘူး။ မန်ဒီကတော့ အခွင့်အရေးကို ရအောင် ယူနိုင်ခဲ့ပါတယ်။ သူ ပါဝင်ကစားပေးပြီး နည်းပြ တူဟယ်လက်အောက် ခံစစ်တည်ဆောက်ပုံက တကယ် ကျစ်လစ်သွားတယ်”

“ချဲလ်ဆီးက ဂိုးသွင်းဖို့ ပိုလို့တောင် ခက်သွားပုံပေါ်ခဲ့ပြီး သူတို့တွေအနေနဲ့ မန်စီးတီးကို ရှုံးကောင်းရှုံးနိုင်ပေမယ့် အဲဒါက ဆိုးတယ်ပြောလို့မရပါဘူး။ မန်ဒီကလည်း လုံးဝ တည်ငြိမ်လုနီးပါး ပုံစံပေါက်နေပါတယ် သူ့ရဲ့ ကစားပုံမှာ အရမ်းလှုပ်လှုပ်ရှားရှားဖြစ်နေတာမျိုးလည်း မရှိဘူး။ ဒါပေမယ့် အမြဲတမ်း အရမ်းလျင်မြန်ပြီး ပြင်းထန်ပါတယ်”

“သူက သူ့ရဲ့လက်စွမ်းအပေါ် ယုံကြည်မှု ရှိပြီး သူ့ရဲ့ ပင်နယ်တီဧရိယာထဲမှာ ညွှန်ကြားနိုင်တယ်။ တူဟယ်လိုချင်တဲ့ ပုံစံနဲ့ တကယ်ကို အံဝင်ခွင်ကျဖြစ်ပါတယ်။ အသင်းတွေက မန်ဒီကို ဂိုးကန်သွင်းတဲ့အခါ ဒါမှမဟုတ် အလွတ်တည်ကန်ဘော ကန်သွင်းဖို့ လုပ်နေတဲ့အခါမှာ သူ အမှား ပြုလုပ်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး”

“လူတွေက ကီပါနဲ့ပတ်သက်ပြီး ပြောနေကြတဲ့ဟာတွေက သူ့အတွက် အကူအညီဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူက လူတွေ သတိမပြုမိအောင် လုပ်နိုင်ပြီး အဲဒီလိုမျိုး ဖြစ်ချင်ပုံ ရပါတယ်။ သူ နှစ်သက်တာက ဘာပဲဖြစ်နေဖြစ်နေ သူ အဲဒါကို ဆက်လုပ်နေသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက လုံးဝကို အလုပ်ဖြစ်နေလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဂိုးသမား ေအဒူယာ မန္ဒီဟာ ဘရန႔္ဖို႔ဒ္အသင္းကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ေနာက္ထပ္ကမၻာ့အဆင့္ လက္စြမ္းျပသၿပီး ဘယ္လြန္ေဒါ ဆန္ခါတင္စာရင္းမွာ ၎ကို အံ့အားသင့္ဖြယ္ ထည့္သြင္းခဲ့ျခင္းမရွိဘဲ ခ်န္လွပ္ခဲ့သူေတြကို ေနာင္တရေအာင္ စြမ္းေဆာင္ျပခဲ့ပါတယ္။

ဆီနီေဂါလက္ေရြးစင္ဂိုးသမားဟာ စေနေန႔ညက ဘရန႔္ဖို႔ဒ္ ကြန္ျမဴနတီကြင္းမွာ ဘရန႔္ဖို႔ဒ္အသင္းကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း အဓိကက်တဲ့ အခန္းက႑ကေန ပါဝင္ကစားေပးခဲ့ၿပီး အသင္းရဲ့နိုင္ပြဲကို ေသခ်ာေစမယ့္ လက္စြမ္းမ်ိဳး ျပသခဲ့တာျဖစ္ပါတယ္။ မန္ဒီဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေရာက္ရွိခဲ့တဲ့အခ်ိန္ကတည္းက လက္စြမ္းျပသေနခဲ့တဲ့ ကစားသမားျဖစ္ၿပီး စေနေန႔ညက ဘရန႔္ဖို႔ဒ္နဲ႔ကစားခဲ့တဲ့ပြဲစဥ္မွာလည္း ေနာက္ထပ္တစ္ႀကိမ္ ေၾကာက္မက္ဖြယ္လက္စြမ္းျပသခဲ့တာျဖစ္ပါတယ္။

မန္ဒီရဲ့ အလြန္ေကာင္းမြန္တဲ့ ဆက္တိုက္ ကာကြယ္မႈေတြ ျပဳလုပ္ၿပီးေနာက္ ပြဲကစားခ်ိန္ျပည့္ခါနီး စကၠန႔္ပိုင္းအလိုမွာ ခရစ္ရွန္ ေနာဂါ့ဒ္ရဲ့ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈကို ေနာက္ဆုံးအခ်ိန္အထိ အေကာင္းဆုံး ကာကြယ္သြားခဲ့တာျဖစ္ပါတယ္။ မန္ဒီဟာ ေနာဂါ့ဒ္ရဲ့ ေနာက္ျပန္ကန္ခ်က္ကို ဂိုးဘားတန္းေပၚ ေက်ာ္သြားေအာင္ အံ့အားသင့္ဖြယ္ လက္ဖ်ားေလးနဲ႔ ပုတ္ထုတ္ကာကြယ္ခဲ့တာျဖစ္ၿပီး ေခ်ပဂိုး ရရွိေတာ့မယ္ထင္ေနၾကတဲ့ ဘရန႔္ဖို႔ဒ္ ပရိသတ္ေတြဟာ စိတ္ပ်က္လက္ပ်က္ ျဖစ္သြားခဲ့ၾကတာျဖစ္ပါတယ္။

မန္ဒီဟာ ၿပီးခဲ့တဲ့အပတ္က ထုတ္ျပန္ခဲ့တဲ့ ဘယ္လြန္ေဒါဆုအတြက္ ဆန္ခါတင္စာရင္းမွာ အံ့အားသင့္ဖြယ္ ေရြးခ်ယ္ျခင္းမခံခဲ့ရသူ ျဖစ္ၿပီး ဘရန႔္ဖို႔ဒ္နဲ႔ ပြဲစဥ္က မယုံနိုင္ဖြယ္ ကာကြယ္မႈေတြ ျပဳလုပ္ခဲ့တဲ့ မယုံနိုင္ဖြယ္ကစားသမားဆိုတာ မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ရတာေၾကာင့္ ပိုလို႔ေတာင္ အံ့အားသင့္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။

မန္ဒီဟာ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးဂိုးသမားလို႔ ထင္ျမင္ေနတဲ့သူ တစ္ေယာက္ရွိၿပီး အဲဒီသူကေတာ့ လီဗာပူးလ္ဂိုးသမားေဟာင္း ဘရက္ဒ္ ဖရီဒယ္ျဖစ္ၿပီး မန္ဒီဟာ တန္ဖိုးထားသင့္သေလာက္ တန္ဖိုးထားမခံရတဲ့သူလို႔ ေျပာၾကားခဲ့ပါတယ္။

“မန္ဒီက အေကာင္းဆုံး ဂိုးသမားပါ။ သူက လက္ရွိအခ်ိန္မွာ တန္ဖိုးထားသင့္သေလာက္ အထားမခံရဆုံးလည္း ျဖစ္ၿပီး ေနာက္ထပ္တစ္ႀကိမ္ အဂၤလန္က သူ႔ရဲ့ ဒုတိယရာသီအစက လူမသိသူမသိအျဖစ္ဆုံး ျဖစ္ေနဆဲျဖစ္ပါတယ္။ သူ ရင္းေနးကေန ေျပာင္းလာတုန္းက သူနဲ႔ပတ္သက္ၿပီး အမ်ားစုက မသိၾကခ်ိန္မွာ မန္ဒီက ၿပီးခဲ့တဲ့ရာသီ လိဂ္ပြဲ ၃၁ ပြဲမွာ ၁၆ ပြဲ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ျပခဲ့တယ္”

“သူက ခ်ဲလ္ဆီးရဲ့ ခ်န္ပီယံလိဂ္ေအာင္ပြဲမွာ ႀကီးမားတဲ့အခန္းက႑ကေန ပါဝင္ကစားေပးခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ ၉ ပြဲ ေပးဂိုးမရွိ စံခ်ိန္ကို လိုက္မီခဲ့တယ္။ ကီပါအတြက္ ႀကီးမားတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ အထူးသျဖင့္အရာအားလုံးက ေကာင္းေကာင္း အလုပ္မျဖစ္ခဲ့ဘူး။ မန္ဒီကေတာ့ အခြင့္အေရးကို ရေအာင္ ယူနိုင္ခဲ့ပါတယ္။ သူ ပါဝင္ကစားေပးၿပီး နည္းၿပ တူဟယ္လက္ေအာက္ ခံစစ္တည္ေဆာက္ပုံက တကယ္ က်စ္လစ္သြားတယ္”

“ခ်ဲလ္ဆီးက ဂိုးသြင္းဖို႔ ပိုလို႔ေတာင္ ခက္သြားပုံေပၚခဲ့ၿပီး သူတို႔ေတြအေနနဲ႔ မန္စီးတီးကို ရႈံးေကာင္းရႈံးနိုင္ေပမယ့္ အဲဒါက ဆိုးတယ္ေျပာလို႔မရပါဘူး။ မန္ဒီကလည္း လုံးဝ တည္ၿငိမ္လုနီးပါး ပုံစံေပါက္ေနပါတယ္ သူ႔ရဲ့ ကစားပုံမွာ အရမ္းလႈပ္လႈပ္ရွားရွားျဖစ္ေနတာမ်ိဳးလည္း မရွိဘူး။ ဒါေပမယ့္ အျမဲတမ္း အရမ္းလ်င္ျမန္ၿပီး ျပင္းထန္ပါတယ္”

“သူက သူ႔ရဲ့လက္စြမ္းအေပၚ ယုံၾကည္မႈ ရွိၿပီး သူ႔ရဲ့ ပင္နယ္တီဧရိယာထဲမွာ ညႊန္ၾကားနိုင္တယ္။ တူဟယ္လိုခ်င္တဲ့ ပုံစံနဲ႔ တကယ္ကို အံဝင္ခြင္က်ျဖစ္ပါတယ္။ အသင္းေတြက မန္ဒီကို ဂိုးကန္သြင္းတဲ့အခါ ဒါမွမဟုတ္ အလြတ္တည္ကန္ေဘာ ကန္သြင္းဖို႔ လုပ္ေနတဲ့အခါမွာ သူ အမွား ျပဳလုပ္မယ္လို႔ ကၽြန္ေတာ္ ဘယ္တုန္းကမွ မထင္ခဲ့ပါဘူး”

“လူေတြက ကီပါနဲ႔ပတ္သက္ၿပီး ေျပာေနၾကတဲ့ဟာေတြက သူ႔အတြက္ အကူအညီျဖစ္ေကာင္း ျဖစ္နိုင္ပါတယ္။ သူက လူေတြ သတိမျပဳမိေအာင္ လုပ္နိုင္ၿပီး အဲဒီလိုမ်ိဳး ျဖစ္ခ်င္ပုံ ရပါတယ္။ သူ ႏွစ္သက္တာက ဘာပဲျဖစ္ေနျဖစ္ေန သူ အဲဒါကို ဆက္လုပ္ေနသင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက လုံးဝကို အလုပ္ျဖစ္ေနလို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.