Bundesliga Premier League Transfer News

ကမာၻ႕ဖလားခ်န္ပီယံ ဘယ္ေနာက္ခံလူကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ မန္စီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ၂၀၁၈ ကမာၻ႕ဖလားခ်န္ပီယံ ျပင္သစ္အသင္းရဲ႕ ဘယ္ေနာက္ခံလူျဖစ္တဲ့ လူးကပ္စ္ ဟာနန္ဒက္ဇ္ကို ဘုိင္ယန္ျမဴးနစ္အသင္းကေန လာမယ့္ရာသီကုန္မွာ ေခၚယူဖို႔ ပစ္မွတ္ထားေနၿပီး အသင္းနဲ႔ အဆင္မေျပတဲ့ အေျခအေနမွာ ၾကားဝင္ကမ္းလွမ္းသြားဖို႔ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီက ဘုိင္ယန္ျမဴးနစ္အသင္းရဲ႕ ယူ႐ိုသန္း ၈၀ (ေပါင္ ၇၂ သန္း)တန္ ေခၚယူမွဳျဖစ္ခဲ့တဲ့ ဟာနန္ဒက္ဇ္ဟာ ဘြန္ဒက္စ္လီဂါမွာ ၇ ပြဲ ပါဝင္ကစားခဲ့ၿပီးေနာက္မွာ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ၃ လ ေက်ာ္ အနားယူခဲ့ရၿပီး ျပန္လည္ေကာင္းမြန္ခ်ိန္မွာေတာ့ အသင္းရဲ႕ ဦးစားေပး အဆင့္အတန္းတစ္ခုမွာ မရွိေတာ့တာလည္းျဖစ္ပါတယ္။

ေနာက္ခံဘယ္အတြင္းလူနဲ႔ ဘယ္အစြန္လူေနရာေတြမွာ ကစားႏုိင္တဲ့ အသက္ ၂၄ ႏွစ္အရြယ္ ျပင္သစ္ေနာက္ခံလူဟာ အရန္ခုံမွာသာ အခ်ိန္ကုန္ဆုံးရတာ မ်ားေနတဲ့အတြက္ သူ႕ရဲ႕ေအးဂ်င့္ျဖစ္သူ မန္ညဴယယ္ ဂါစီယာ ကီလြန္နဲ႔ ဘာေဗးရီးယားကလပ္တုိ႔ၾကားမွာ ကစားသမားအတြက္ ဆက္ဆံေရး အဆင္မေျပဘူးလို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ခံစစ္ပုိင္းမွာ ေဒးဗစ္ အလာဘာနဲ႔ အယ္လ္ဖြန္ဆို ေဒးဗီးစ္တုိ႔က အခိုင္အမာ ေနရာရယူထားခဲ့တဲ့ နည္းျပသစ္ ဟန္ဆီ ဖလစ္ခ္ရဲ႕ လက္ထက္မွာ လူးကပ္စ္ ဟာနန္ဒက္ဇ္အေနနဲ႔ ကိုဗစ္အလြန္ ေဘာလုံးပြဲေတြရဲ႕ လူစား ၅ ဦး လဲလွယ္ခြင့္ေၾကာင့္သာ အရန္ခုံကေန ထခြင့္ရေနတာလည္းျဖစ္ၿပီး သူ႕ရဲ႕ အနာဂတ္ကေတာ့ ဂ်ာမန္ေျမမွာ ဆက္ရွိဖို႔လည္း နည္းပါးေနၿပီျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းက အလိုရွိေနတဲ့ ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးကို မန္စီးတီးအေနနဲ႔ လက္လႊတ္ခဲ့ရရင္ Allianz Arena မွာ တစ္ဂိုးမွ ပါဝင္ပတ္သက္ရျခင္း(ဂိုးႏွင့္ ဖန္တီးမွဳ)မရွိေသးတဲ့ ျပင္သစ္ေနာက္ခံလူကို ျပန္လည္ရယူသြားဖို႔ စိတ္ဝင္စားေနၿပီး သူတုိ႔နဲ႔အၿပဳိင္ အင္တာမီလန္ အသင္းကလည္း စိတ္ဝင္စားေနေၾကာင္း သိရွိရပါတယ္။

REF: TZ SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းရဲ့ ဘယ်နောက်ခံလူဖြစ်တဲ့ လူးကပ်စ် ဟာနန်ဒက်ဇ်ကို ဘိုင်ယန်မြူးနစ်အသင်းကနေ လာမယ့်ရာသီကုန်မှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး အသင်းနဲ့ အဆင်မပြေတဲ့ အခြေအနေမှာ ကြားဝင်ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ယူရိုသန်း ၈၀ (ပေါင် ၇၂ သန်း)တန် ခေါ်ယူမှုဖြစ်ခဲ့တဲ့ ဟာနန်ဒက်ဇ်ဟာ ဘွန်ဒက်စ်လီဂါမှာ ၇ ပွဲ ပါဝင်ကစားခဲ့ပြီးနောက်မှာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၃ လ ကျော် အနားယူခဲ့ရပြီး ပြန်လည်ကောင်းမွန်ချိန်မှာတော့ အသင်းရဲ့ ဦးစားပေး အဆင့်အတန်းတစ်ခုမှာ မရှိတော့တာလည်းဖြစ်ပါတယ်။

နောက်ခံဘယ်အတွင်းလူနဲ့ ဘယ်အစွန်လူနေရာတွေမှာ ကစားနိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ အရန်ခုံမှာသာ အချိန်ကုန်ဆုံးရတာ များနေတဲ့အတွက် သူ့ရဲ့အေးဂျင့်ဖြစ်သူ မန်ညူယယ် ဂါစီယာ ကီလွန်နဲ့ ဘာဗေးရီးယားကလပ်တို့ကြားမှာ ကစားသမားအတွက် ဆက်ဆံရေး အဆင်မပြေဘူးလို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ခံစစ်ပိုင်းမှာ ဒေးဗစ် အလာဘာနဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်တို့က အခိုင်အမာ နေရာရယူထားခဲ့တဲ့ နည်းပြသစ် ဟန်ဆီ ဖလစ်ခ်ရဲ့ လက်ထက်မှာ လူးကပ်စ် ဟာနန်ဒက်ဇ်အနေနဲ့ ကိုဗစ်အလွန် ဘောလုံးပွဲတွေရဲ့ လူစား ၅ ဦး လဲလှယ်ခွင့်ကြောင့်သာ အရန်ခုံကနေ ထခွင့်ရနေတာလည်းဖြစ်ပြီး သူ့ရဲ့ အနာဂတ်ကတော့ ဂျာမန်မြေမှာ ဆက်ရှိဖို့လည်း နည်းပါးနေပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက အလိုရှိနေတဲ့ တောင်ပံကစားသမား လီရွိုင်း ဆာနေးကို မန်စီးတီးအနေနဲ့ လက်လွှတ်ခဲ့ရရင် Allianz Arena မှာ တစ်ဂိုးမှ ပါဝင်ပတ်သက်ရခြင်း(ဂိုးနှင့် ဖန်တီးမှု)မရှိသေးတဲ့ ပြင်သစ်နောက်ခံလူကို ပြန်လည်ရယူသွားဖို့ စိတ်ဝင်စားနေပြီး သူတို့နဲ့အပြိုင် အင်တာမီလန် အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

REF: TZ SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.