Premier League

တကမ္ဘာလုံးမှာ ၁၀ စီးပဲရှိတဲ့ ရှာမှရှား ဘူဂါတီကားကြီးကို ဝယ်လိုက်တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၂.၄ စက္ကန့်အတွင်း ကီလိုမီတာ ၁၀၀ အထိ အရှိန်မြှင့်တင်နိုင်တဲ့ ယူရို ၉.၅ သန်းတန် စူပါကား ဘူဂါတီ ဆန်တိုဒီအယ်ချီကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟာ ကားစုဆောင်းရတာကို ဝါသနာထုံသူဖြစ်ပြီး ဘူဂါတီက ထုတ်တဲ့ကားတွေကို ပုံမှန်ဝယ်ယူအားပေးနေတဲ့ ဖောက်သည်တစ်ဦးလည်း ဖြစ်ပါတယ်။ ဘယ်လွန်ဒေါ ၅ ဆုရှင်ဟာ ခိုင်ရင်၊ ဗေရွန်၊ အာ လာ ဗွိုက်ချွန် နွာတို့လို ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကားတွေကို ဝယ်ယူခဲ့သူဖြစ်ပြီး ဖယ်ရာရီ F430၊ ဖန်တမ် ရိုးရွိုက်စ်၊ လန်ဘိုဂီးနီ အဗန်တာဒေါ်နဲ့ မက်ဆရာတီ ဂရင်းကာဘရီယိုတို့ကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ဘန်တလေ Continental GTC ကလည်း ရော်နယ်လ်ဒိုရဲ့ စုဆောင်းမှုထဲက နောက်ထပ်အလှတရားတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ပေါင် ၇၅၀၀၀၀ တန်ကြေးရှိတဲ့ မက္ကလယ်ရင် ဆန်နာကို ဝယ်ယူခဲ့တာကိုတော့ ထည့်မပြောတော့ပါဘူး။ ရော်နယ်လ်ဒိုရဲ့ အသည်းတခြမ်းဖြစ်တဲ့ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်ကလည်း ပေါ်တူဂီကြယ်ပွင့်ကို ပေါင် ၆ သိန်းတန် မာစီးဒီးစ် G Wagon ကို မွေးနေ့လက်ဆောင်အနေနဲ့ စပရိုက်တိုက်ခဲ့သေးပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် အထူးသီးသန့်ထုတ် ဘူဂါတီ ဆန်တိုဒီအယ်ချီကတော့ အဲဒီကားတွေအားလုံးထက် သာလွန်ပါတယ်။

ဆန်တိုဒီအယ်ချီကို ၁၀ စီးသာ ဘူဂါတီက ထုတ်လုပ်ခဲ့ပြီး ရော်နယ်လ်ဒိုက အဲဒီ ၁၀ စီးထဲက တစ်စီးကို ဝယ်ယူခဲ့တာဖြစ်တယ်လို့ ဂျာမန်သတင်းဌာန BILD က ဖော်ပြခဲ့တာဖြစ်ပါတယ်။ အမှန်တော့ ၁၀ စီးစလုံးဟာ ရောင်းချခဲ့ရပြီးဖြစ်တယ်လို့ သတင်းတွေအရ သိရပေမယ့် အဲဒီကားကို လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့အတွက်တော့ ၂၀၂၂ ခုနှစ်အထိ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

ဘူဂါတီ ဆန်တိုဒီအယ်ချီဟာ ၁၉၉၀ ပြည့်နှစ်ကာလတွေက ထုတ်လုပ်ခဲ့တဲ့ ဘူဂါတီ EB110 SS ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖန်တီးခဲ့တဲ့ ကားဖြစ်ပြီး အခွန်မပါ အမေရိကန်ဒေါ်လာ ၈ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ ဆန်တိုဒီအယ်ချီရဲ့ W16.4 အင်ဂျင်ဟာ မြင်းကောင်ရေ ၁၆၀၀ အထိ ထွက်ပြီး ၂.၄ စက္ကန့်အတွင်း ကီလိုမီတာ ၁၀၀ အထိ အရှိန်မြင့်တင်နိုင်တယ်လို့ သိရပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ နိုင်ငံတကာပွဲစဉ် အားလပ်ရက်အတွင်း ပေါ်တူဂီအသင်းအတွက် ကမ္ဘာ့ထိပ်တန်းခြေစွမ်းပြသပေးခဲ့ပြီး နိုင်ငံတကာစံချိန်တွေ တစ်ခုပြီးတစ်ခု ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ် အားလပ်ရက်မတိုင်မီ အဲဗာတန်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ရော်နယ်လ်ဒိုဟာ နည်းပြ ဆိုးလ်ရှားရဲ့ ပွဲထွက်ကစားသမားစာရင်းကနေ ချန်လှပ်ခံရမှုကို ဒေါသထွက်ခဲ့ပြီး ယခုအပတ် လက်စတာစီးတီးအိမ်ကွင်းကို သွားရောက်ကစားရမယ့်ပွဲစဉ်မှာလည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာမလားဆိုတာ မရေရာမသေချာသေးတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ အဲဗာတန်နဲ့ပွဲစဉ်မှာ အန်သိုနီ မာစီယယ်လ်ကို တောင်ပံနေရာမှာ ပွဲထွက်ကစားစေခဲ့တာဖြစ်ပြီး လက်စတာစီးတီးနဲ့ပွဲစဉ်မှာတော့ ပွဲအပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှု ပြုလုပ်နိုင်တဲ့ ရော်နယ်လ်ဒိုလို ကစားသမားမျိုးကို ပွဲထွက်ပါဝင်ကစားခွင့်မပေးဘူးဆိုရင်တော့ ရလဒ်ကောင်းတစ်ခု မျှော်မှန်းနိုင်ဖွယ်မရှိဘူးလို့ ယုံကြည်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၂.၄ စက္ကန့်အတွင်း ကီလိုမီတာ ၁၀၀ အထိ အရှိန်မြှင့်တင်နိုင်တဲ့ ယူရို ၉.၅ သန်းတန် စူပါကား ဘူဂါတီ ဆန်တိုဒီအယ်ချီကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။