Premier League

14 Oct နေ့လယ်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-တီမို ဗာနာဟာ နယူးကာဆယ်အသင်းနဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာ ၎င်းရဲ့ချဲလ်ဆီးနဲ့ အနာဂတ်အပေါ် ဆုံးဖြတ်ချက်မချမီ ရှုထောင့်တစ်ခုလုံးကို ကြည့်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပြီး ပွဲကစားချိန်ပိုလိုချင်ပေမယ့် ခရစ်စမတ်မတိုင်မီ ၁၀ ပွဲ၊ ၁၅ ပွဲလောက် မကစားရတာနဲ့ အသင်းက ထွက်ချင်တယ်လို့ပြောနေတာမဟုတ်ဘဲ ဘောလုံးမှာ အရာအားလုံးက လျင်လျင်မြန်မြန် ပြောင်းလဲသွားနိုင်တာကြောင့် ဆုံးဖြတ်ချက်ချဖို့ ရှုထောင့်အမျိုးမျိုးကနေ သုံးသပ်ဖို့လိုတယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီး နောက်ခံကစားသမား အန်တိုနီယို ရူဒီဂါက အားလုံးက ၎င်းကို မုန်းတီးနေကြတဲ့အတွက် ချဲလ်ဆီးအသင်းမှာ ဆက်နေမှဖြစ်မယ်လို့ ပြောကြားခဲ့ပြီး ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂျာမန်နောက်ခံကစားသမားကို ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပေမယ့် ကောလာဟလတွေကြောင့် အာရုံနောက်မခံဘူးလို့ ချဲလ်ဆီးနောက်ခံကစားသမားက ပြောကြားခဲ့။

-ချဲလ်ဆီး ဝါရင့်နောက်ခံကစားသမား သီယာဂို ဆေးလ်ဗားက ကစားသမားဘဝနောက်တဆင့်အတွက် စဉ်းစားနေချိန်မှာ နည်းပြ သောမတ်စ် တူဟယ်ရဲ့ ပြိုင်ပွဲဗဟုသုတကြွယ်ဝမှုကို ချီးကျူးခဲ့ပြီး ၎င်းဆီက သင်ယူခဲ့တာတွေက ကစားသမားဘဝကနေ အနားယူတဲ့အချိန်ကျရင် နည်းပြအလုပ်အတွက် အများကြီး အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့။

-တန်မီ အေဘရာဟမ်အနေနဲ့ ရိုးမားအသင်းမှာ ဆက်လက်ပြီး တောက်ပနေမယ်ဆိုရင် ချဲလ်ဆီးအသင်းအနေနဲ့ ၎င်းတို့ ရောင်းချခဲ့တဲ့ ကစားသမားကို ငွေအများကြီး ပိုပေးပြီး ပြန်ဝယ်ရတာကို ရှက်ရွံ့တတ်တဲ့အသင်းမဟုတ်ဘူးဆိုတာကို မကြာသေးမီကမှ ပြသခဲ့ပြီးဖြစ်တာကြောင့် အင်္ဂလန်တိုက်စစ်မှူးကို ပြန်လည်ခေါ်ယူသွားဖွယ်ရှိတယ်လို့ ဂလန်း ဂျွန်ဆန်က ပြောကြားခဲ့။

-ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ်စ် ဖရန့်ခ်က ချဲလ်ဆီးအသင်းရဲဲ့ အကောင်းဆုံး နောက်ခံကစားသမားဟာ အန်ဒရီးယက်စ် ခရစ္စတင်ဆန်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ခံစစ်ပိုင်းရော တိုက်စစ်ပိုင်းမှာပါ လျင်လျင်မြန်မြန် ပါဝင်နိုင်စွမ်းရှိသလို ဘောလုံးကို ရှေ့တန်းပို့တာ၊ ကောင်းမွန်တဲ့ရွေးချယ်မှုတွေ ပြုလုပ်နိုင်တာက ၎င်းကို ပြီးပြည့်စုံတဲ့ ခံစစ်မှူးတစ်ယောက် ဖြစ်လုနီးပါးအထိ ဖြစ်စေခဲ့တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ကွန်တေနဲ့ ရီးစ် ဂျိမ်းစ်တို့ဟာ စနေနေ့မှာ ဘရန့်ဖို့ဒ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်မီ လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်လာနိုင်ခဲ့တယ်လို့ Sky Sports က ဖော်ပြခဲ့ပြီး ပူလီရှစ်၊ သီယာဂို ဆေးလ်ဗား၊ လူကာကူတို့ ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေဆဲဖြစ်တယ်လို့ သိရ။

-ချဲလ်ဆီးအသင်းနောက်ခံကစားသမားဟောင်း ဖရန့်ခ် လူးဘတ်ဖ်က ချဲလ်ဆီးအသင်းအနေနဲ့ ယခုရာသီမှာ နောက်ထပ်တစ်ကြိမ် ချန်ပီယံလိဂ်ဖလားကို ရရှိဖို့ဆိုတာ မဖြစ်နိုင်လုနီးပါးဖြစ်နေပြီလို့ သတိပေးခဲ့ပြီး မနှစ်က ချန်ပီယံဖြစ်တာက တကယ် ထူးခြားဆန်းကြယ်တဲ့ကိစ္စမျိုးဖြစ်ခဲ့တာသာဖြစ်လို့ လက်ရှိမှာတော့ အက်ဖ်အေဖလားလောက်ရရင် တော်တော်ကောင်းနေပြီလို့ ပြောကြားခဲ့။

-ဒေါ့မွန်နောက်ခံကစားသမား ဟန်းမဲလ်စ်က အသင်းကနေ ထွက်ခွာပြီး ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ကောလာလဟတွေ ထွက်ပေါ်နေတဲ့ အသင်းဖော် တိုက်စစ်မှူး ဟာလန်းကို မြက်ခင်းတွေက အမြဲတမ်း စိမ်းနေတာမျိုးမဟုတ်ဘူးလို့ သတိပေးခဲ့ပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင်၊ အသင်းဖော်တွေနဲ့ သက်တောင့်သက်သာ ခံစားရမှသာ အောင်မြင်မှုရရှိနိုင်တာကြောင့် ဒေါ့မွန်လိုမျိုး ဘယ်အသင်းကမှ အဲဒီလိုမျိုး မပေးနိုင်ဘူးလို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းက လာမယ့်နွေရာသီမှာ ခေါ်ယူဖို့အတွက် အနီးကပ် စောင့်ကြည့်နေတဲ့ မိုနာကိုအသင်းရဲ့ ကွင်းလယ်ကစားသမား အူရီလီယန် ချူးမေးညီဟာ ဇီဒန်း၊ အွန်နရီ၊ အီဒင် ဟာဇက်တို့ ရရှိခဲ့ဖူးတဲ့ လီဂူးဝမ်းရဲ့ တစ်ရာသီတာအကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပြီးနောက် ဥရောပထိပ်သီးအသင်းတွေဆီကနေ အာရုံစိုက်ခြင်းခံနေရတာဖြစ်ပြီး ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်း ဖာဂရီဘတ်စ်ကတောင် ပြီးပြည့်စုံတဲ့ကွင်းလယ်ကစားသမားဖြစ်လာနိုင်တဲ့ အလားအလာရှိသူလို့ အထင်တကြီး ချီးကျူးခြင်းခံခဲ့ရသူဖြစ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-တီမို ဗာနာဟာ နယူးကာဆယ္အသင္းနဲ႔ သတင္းေတြထြက္ေပၚေနခ်ိန္မွာ ၎ရဲ့ခ်ဲလ္ဆီးနဲ႔ အနာဂတ္အေပၚ ဆုံးျဖတ္ခ်က္မခ်မီ ရႈေထာင့္တစ္ခုလုံးကို ၾကည့္ဖို႔ လိုအပ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ပြဲကစားခ်ိန္ပိုလိုခ်င္ေပမယ့္ ခရစ္စမတ္မတိုင္မီ ၁၀ ပြဲ၊ ၁၅ ပြဲေလာက္ မကစားရတာနဲ႔ အသင္းက ထြက္ခ်င္တယ္လို႔ေျပာေနတာမဟုတ္ဘဲ ေဘာလုံးမွာ အရာအားလုံးက လ်င္လ်င္ျမန္ျမန္ ေျပာင္းလဲသြားနိုင္တာေၾကာင့္ ဆုံးျဖတ္ခ်က္ခ်ဖို႔ ရႈေထာင့္အမ်ိဳးမ်ိဳးကေန သုံးသပ္ဖို႔လိုတယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီး ေနာက္ခံကစားသမား အန္တိုနီယို ရူဒီဂါက အားလံုးက ၎ကို မုန္းတီးေနၾကတဲ့အတြက္ ခ်ဲလ္ဆီးအသင္းမွာ ဆက္ေနမွျဖစ္မယ္လုိ႔ ေျပာၾကားခဲ့ၿပီး ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မယ့္ ဂ်ာမန္ေနာက္ခံကစားသမားကို ဘုိင္ယန္ျမဴးနစ္အသင္းက ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနေပမယ့္ ေကာလာဟလေတြေၾကာင့္ အာရံုေနာက္မခံဘူးလို႔ ခ်ဲလ္ဆီးေနာက္ခံကစားသမားက ေျပာၾကားခဲ့။

-ခ်ဲလ္ဆီး ဝါရင့္ေနာက္ခံကစားသမား သီယာဂို ေဆးလ္ဗားက ကစားသမားဘဝေနာက္တဆင့္အတြက္ စဥ္းစားေနခ်ိန္မွာ နည္းျပ ေသာမတ္စ္ တူဟယ္ရဲ႕ ၿပိဳင္ပြဲဗဟုသုတၾကြယ္ဝမႈကို ခ်ီးက်ဴးခဲ့ၿပီး ၎ဆီက သင္ယူခဲ့တာေတြက ကစားသမားဘဝကေန အနားယူတဲ့အခ်ိန္က်ရင္ နည္းျပအလုပ္အတြက္ အမ်ားႀကီး အေထာက္အကူျဖစ္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားခဲ့။

-တန္မီ ေအဘရာဟမ္အေနနဲ႔ ရိုးမားအသင္းမွာ ဆက္လက္ၿပီး ေတာက္ပေနမယ္ဆုိရင္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၎တို႔ ေရာင္းခ်ခဲ့တဲ့ ကစားသမားကို ေငြအမ်ားႀကီး ပိုေပးၿပီး ျပန္ဝယ္ရတာကို ရွက္ရြံ႕တတ္တဲ့အသင္းမဟုတ္ဘူးဆုိတာကို မၾကာေသးမီကမွ ျပသခဲ့ၿပီးျဖစ္တာေၾကာင့္ အဂၤလန္တုိက္စစ္မွဴးကုိ ျပန္လည္ေခၚယူသြားဖြယ္ရွိတယ္လုိ႔ ဂလန္း ဂၽြန္ဆန္က ေျပာၾကားခဲ့။

-ဘရန႔္ဖို႔ဒ္အသင္းနည္းၿပ ေသာမတ္စ္ ဖရန႔္ခ္က ခ်ဲလ္ဆီးအသင္းရဲဲ့ အေကာင္းဆုံး ေနာက္ခံကစားသမားဟာ အန္ဒရီးယက္စ္ ခရစၥတင္ဆန္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ခံစစ္ပိုင္းေရာ တိုက္စစ္ပိုင္းမွာပါ လ်င္လ်င္ျမန္ျမန္ ပါဝင္နိုင္စြမ္းရွိသလို ေဘာလုံးကို ေရွ႕တန္းပို႔တာ၊ ေကာင္းမြန္တဲ့ေရြးခ်ယ္မႈေတြ ျပဳလုပ္နိုင္တာက ၎ကို ၿပီးျပည့္စုံတဲ့ ခံစစ္မႉးတစ္ေယာက္ ျဖစ္လုနီးပါးအထိ ျဖစ္ေစခဲ့တယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးကြင္းလယ္ကစားသမားေတြျဖစ္တဲ့ ကြန္ေတနဲ႔ ရီးစ္ ဂ်ိမ္းစ္တို႔ဟာ စေနေန႔မွာ ဘရန႔္ဖို႔ဒ္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မတိုင္မီ ေလ့က်င့္ေရးမွာ ျပန္လည္ ပါဝင္လာနိုင္ခဲ့တယ္လို႔ Sky Sports က ေဖာ္ျပခဲ့ၿပီး ပူလီရွစ္၊ သီယာဂို ေဆးလ္ဗား၊ လူကာကူတို႔ ပါဝင္ကစားေပးဖို႔ မေရမရာျဖစ္ေနဆဲျဖစ္တယ္လို႔ သိရ။

-ခ်ဲလ္ဆီးအသင္းေနာက္ခံကစားသမားေဟာင္း ဖရန႔္ခ္ လူးဘတ္ဖ္က ခ်ဲလ္ဆီးအသင္းအေနနဲ႔ ယခုရာသီမွာ ေနာက္ထပ္တစ္ႀကိမ္ ခ်န္ပီယံလိဂ္ဖလားကို ရရွိဖို႔ဆိုတာ မျဖစ္နိုင္လုနီးပါးျဖစ္ေနၿပီလို႔ သတိေပးခဲ့ၿပီး မႏွစ္က ခ်န္ပီယံျဖစ္တာက တကယ္ ထူးျခားဆန္းၾကယ္တဲ့ကိစၥမ်ိဳးျဖစ္ခဲ့တာသာျဖစ္လို႔ လက္ရွိမွာေတာ့ အက္ဖ္ေအဖလားေလာက္ရရင္ ေတာ္ေတာ္ေကာင္းေနၿပီလို႔ ေျပာၾကားခဲ့။

-ေဒါ့မြန္ေနာက္ခံကစားသမား ဟန္းမဲလ္စ္က အသင္းကေန ထြက္ခြာၿပီး ခ်ဲလ္ဆီးအသင္းကို ေျပာင္းေရႊ႕ဖို႔ ေကာလာလဟေတြ ထြက္ေပၚေနတဲ့ အသင္းေဖာ္ တိုက္စစ္မႉး ဟာလန္းကို ျမက္ခင္းေတြက အျမဲတမ္း စိမ္းေနတာမ်ိဳးမဟုတ္ဘူးလို႔ သတိေပးခဲ့ၿပီး ေကာင္းမြန္တဲ့ ပတ္ဝန္းက်င္၊ အသင္းေဖာ္ေတြနဲ႔ သက္ေတာင့္သက္သာ ခံစားရမွသာ ေအာင္ျမင္မႈရရွိနိုင္တာေၾကာင့္ ေဒါ့မြန္လိုမ်ိဳး ဘယ္အသင္းကမွ အဲဒီလိုမ်ိဳး မေပးနိုင္ဘူးလို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးအသင္းက လာမယ့္ေႏြရာသီမွာ ေခၚယူဖို႔အတြက္ အနီးကပ္ ေစာင့္ၾကည့္ေနတဲ့ မိုနာကိုအသင္းရဲ့ ကြင္းလယ္ကစားသမား အူရီလီယန္ ခ်ဴးေမးညီဟာ ဇီဒန္း၊ အြန္နရီ၊ အီဒင္ ဟာဇက္တို႔ ရရွိခဲ့ဖူးတဲ့ လီဂူးဝမ္းရဲ့ တစ္ရာသီတာအေကာင္းဆုံး လူငယ္ကစားသမားဆုကို ရရွိခဲ့ၿပီးေနာက္ ဥေရာပထိပ္သီးအသင္းေတြဆီကေန အာ႐ုံစိုက္ျခင္းခံေနရတာျဖစ္ၿပီး ခ်ဲလ္ဆီးကြင္းလယ္ကစားသမားေဟာင္း ဖာဂရီဘတ္စ္ကေတာင္ ၿပီးျပည့္စုံတဲ့ကြင္းလယ္ကစားသမားျဖစ္လာနိုင္တဲ့ အလားအလာရွိသူလို႔ အထင္တႀကီး ခ်ီးက်ဴးျခင္းခံခဲ့ရသူျဖစ္။