Other Leagues Premier League Transfer News

လိဂ္ခ်န္ပီယံရွစ္ ေတာင္ပံကစားသမားကို ကမ္းလွမ္းသြားဖို႔ ရွိေနတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ အသင္းကေန ထြက္ခြာသြားမယ့္ ေတာင္ပံကစားသမားေတြေနရာမွာ ျပန္လည္အားျဖည့္ဖို႔အတြက္ လိဂ္ခ်န္ပီယံရွစ္ ဘရန္႔ဖို႔ဒ္အသင္းရဲ႕ ေတာင္ပံကစားသမား ဆာအိဒ္ ဘင္ရာမာကို စိတ္ဝင္စားေနၿပီး ၿပဳိင္ဘက္ေတြထက္ လက္ဦးမွဳ ရယူသြားဖို႔ ရွိေနတယ္လို႔ ဆုိပါတယ္။

အသက္ ၂၄ ႏွစ္ အရြယ္ အယ္လ္ဂ်ီးရီးယားေတာင္ပံကစားသမားကို ရရွိႏုိင္ေျခအတြက္ ဘရန္႔ဖို႔ဒ္အသင္းဆီ ခ်ဲလ္ဆီးအေနနဲ႔ တရားဝင္ စုံစမ္းထားၿပီး ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာကတည္းက ေစာင့္ၾကည့္ေနခဲ့တဲ့သူ႕အတြက္ ဒီေႏြရာသီမွာေတာ့ အေကာင္အထည္ေဖာ္သြားဖို႔ ရွိေနတာပါ။

ၿမဳိ႕ခံၿပဳိင္ဘက္ အာဆင္နယ္အသင္းကလည္း စိတ္ဝင္စားမွဳျပသခဲ့ဖူးတဲ့ ဘင္ရာမာအတြက္ ဘရန္႔ဖို႔ဒ္အသင္းအေနနဲ႔ ယူ႐ိုသန္း ၄၀ (ေပါင္ ၃၆ သန္း) ေတာင္းဆုိထားခဲ့ဖူးေပမယ့္ လက္ရွိမွာေတာ့ ေဈးႏွဳန္းေလ်ာ့ခ်ေပးဖို႔ ရွိေနၿပီး ယူ႐ို သန္း ၃၀ ကေန ၃၅ သန္း (ေပါင္ ၂၇ သန္းကေန ၃၁ သန္း) ေတာင္းဆုိဖြယ္ရွိေနပါတယ္။

ထိပ္တန္းအဆင့္မွာ ေျခစြမ္းျပသရျခင္း မရွိေသးတဲ့ ေတာင္ပံကစားသမားအတြက္ လက္ရွိေဈးႏွဳန္းကေတာ့ မ်ားျပားေသးတယ္လို႔ သုံးသပ္ရမွာျဖစ္ၿပီး ခ်န္ပီယံရွစ္မွာ ကစားထားတဲ့ ၃၄ ပြဲမွာ ၁၀ ဂိုးသြင္းၿပီး ၈ ဂိုး ဖန္တီးေပးထားတဲ့ ေျခစြမ္းကေတာ့ အျပည့္အဝ ယုံၾကည္လို႔ မရေသးတာလည္းျဖစ္ပါတယ္။

အယ္လ္ဂ်ီးရီးယားလက္ေရြးစင္အသင္းနဲ႔ ၃ ပြဲသာ ကစားရေသးတဲ့ ဘင္ရာမာအတြက္ ခန္႔မွန္းေျခ တန္ေၾကးအေနနဲ႔ ယူ႐ို ၁၅ သန္းသာ ရွိေနၿပီး ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဘရန္႔ဖို႔ဒ္ဘက္က ေတာင္းဆုိထားတဲ့ တန္ေၾကးထက္ ေလွ်ာ့ခ်ေပးဖို႔ေတာ့ ေဆြးေႏြးညႇိႏွဳိင္းသြားဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ အသင်းကနေ ထွက်ခွာသွားမယ့် တောင်ပံကစားသမားတွေနေရာမှာ ပြန်လည်အားဖြည့်ဖို့အတွက် လိဂ်ချန်ပီယံရှစ် ဘရန့်ဖို့ဒ်အသင်းရဲ့ တောင်ပံကစားသမား ဆာအိဒ် ဘင်ရာမာကို စိတ်ဝင်စားနေပြီး ပြိုင်ဘက်တွေထက် လက်ဦးမှု ရယူသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

အသက် ၂၄ နှစ် အရွယ် အယ်လ်ဂျီးရီးယားတောင်ပံကစားသမားကို ရရှိနိုင်ခြေအတွက် ဘရန့်ဖို့ဒ်အသင်းဆီ ချဲလ်ဆီးအနေနဲ့ တရားဝင် စုံစမ်းထားပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာကတည်းက စောင့်ကြည့်နေခဲ့တဲ့သူ့အတွက် ဒီနွေရာသီမှာတော့ အကောင်အထည်ဖော်သွားဖို့ ရှိနေတာပါ။

မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားမှုပြသခဲ့ဖူးတဲ့ ဘင်ရာမာအတွက် ဘရန့်ဖို့ဒ်အသင်းအနေနဲ့ ယူရိုသန်း ၄၀ (ပေါင် ၃၆ သန်း) တောင်းဆိုထားခဲ့ဖူးပေမယ့် လက်ရှိမှာတော့ ဈေးနှုန်းလျော့ချပေးဖို့ ရှိနေပြီး ယူရို သန်း ၃၀ ကနေ ၃၅ သန်း (ပေါင် ၂၇ သန်းကနေ ၃၁ သန်း) တောင်းဆိုဖွယ်ရှိနေပါတယ်။

ထိပ်တန်းအဆင့်မှာ ခြေစွမ်းပြသရခြင်း မရှိသေးတဲ့ တောင်ပံကစားသမားအတွက် လက်ရှိဈေးနှုန်းကတော့ များပြားသေးတယ်လို့ သုံးသပ်ရမှာဖြစ်ပြီး ချန်ပီယံရှစ်မှာ ကစားထားတဲ့ ၃၄ ပွဲမှာ ၁၀ ဂိုးသွင်းပြီး ၈ ဂိုး ဖန်တီးပေးထားတဲ့ ခြေစွမ်းကတော့ အပြည့်အဝ ယုံကြည်လို့ မရသေးတာလည်းဖြစ်ပါတယ်။

အယ်လ်ဂျီးရီးယားလက်ရွေးစင်အသင်းနဲ့ ၃ ပွဲသာ ကစားရသေးတဲ့ ဘင်ရာမာအတွက် ခန့်မှန်းခြေ တန်ကြေးအနေနဲ့ ယူရို ၁၅ သန်းသာ ရှိနေပြီး ချဲလ်ဆီးအသင်းအနေနဲ့ ဘရန့်ဖို့ဒ်ဘက်က တောင်းဆိုထားတဲ့ တန်ကြေးထက် လျှော့ချပေးဖို့တော့ ဆွေးနွေးညှိနှိုင်းသွားဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.