Ligue1 Premier League Transfer News

ဆာလီဘာဟာ အာဆင္နယ္အတြက္ အဆင္သင့္လို႔ ေျပာလိုက္တဲ့ စိန္႔အက္တီယန္နည္းျပ

အာဆင္နယ္အသင္းကေန ျပင္သစ္လီဂူးဝမ္းကလပ္ စိန္႔အက္တီယန္အသင္းကို အငွားနဲ႔ သြားေရာက္ကစားေနတဲ့ လူငယ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာဟာ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ သူနဲ႔ အနီးကပ္ လက္တြဲအလုပ္လုပ္ေနခဲ့တဲ့ လီဂူးဝမ္းကလပ္နည္းျပ ကလို႔ဒ္ ပူယယ္လ္က ေျပာၾကားလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီက အာဆင္နယ္အသင္းဆီ ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၇ သန္းနဲ႔ လက္မွတ္ထိုးခဲ့သူျဖစ္ၿပီး အသင္းေဟာင္း စိန္႔အက္တီယန္ဆီ တစ္ရာသီ အငွားျပန္ခ်ေပးထားခဲ့တဲ့ အသက္ ၁၉ ႏွစ္အရြယ္ ေနာက္ခံလူရဲ႕ ပြဲထြက္ကစားခြင့္ကေတာ့ ႏွစ္ဦးႏွစ္ဖက္ အက်ဳိးရွိစြာနဲ႔ Win-Win Situation အျဖစ္ ျမင္ေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။

ျပင္သစ္အာဏာပုိင္ေတြရဲ႕ ကိုဗစ္-၁၉ ကူးစက္ပ်ံ႕ႏွံ႔ေနမွဳေတြကို စိုးရိမ္မွဳေတြအရ ေစာေစာစီးစီး ရပ္နားလိုက္တဲ့ ျပင္သစ္ေဘာလုံးပြဲစဥ္ေတြေၾကာင့္ အာဆင္နယ္အသင္းနဲ႔ ရာသီမကုန္ခင္မွာပဲ ျပန္လည္ပူးေပါင္းခြင့္ရွိေနတဲ့ ဆာလီဘာဟာ လက္ရွိအခ်ိန္ထိ ေကာ္လ္နီေလ့က်င့္ေရးကြင္းမွာ မေတြ႕ျမင္ရေသးေပမယ့္လည္း ပရိသတ္ေတြက ႀကဳိဆုိမွဳေတြ ျပဳလုပ္ေနၾကပါတယ္။

“သူက အဆင္သင့္ျဖစ္ေနပါၿပီ။ ဝီလီယမ္ဟာ ကစားသမားေကာင္းတစ္ေယာက္ျဖစ္ၿပီး အသက္နဲ႔ မလုိက္တဲ့ ရင့္က်က္မွဳကို ပုိင္ဆုိင္ထားသလို သူ႕ရဲ႕ ကစားသမားဘဝမွာလည္း ႐ိုး႐ိုးသားသားနဲ႔ ေကာင္းေကာင္းမြန္မြန္ ကစားတတ္သူျဖစ္ပါတယ္။ သူမရွိရင္ ကၽြန္ေတာ္တုိ႔ ခက္ခဲမွာျဖစ္ေပမယ့္ အာဆင္နယ္အသင္းမွာ သူရရွိမယ့္ အခြင့္အေရးအတြက္ေတာ့ ဝမ္းသာမိပါတယ္”လို႔ ပရီးမီးယားလိဂ္မွာ လက္စတာအသင္းကို ကိုင္တြယ္ခဲ့ဖူးတဲ့ ပူယဲလ္က ဆုိပါတယ္။

ပူယဲလ္က အာဆင္နယ္အသင္းရဲ႕ လက္ရွိခံစစ္ပုိင္းကို ၾကည့္ရတာလည္း ဗဟိုေနာက္ခံလူေကာင္းေကာင္းတစ္ဦး လိုအပ္ေနတယ္လို႔ ျမင္မိၿပီး ဒီအခ်ိန္မွာ ဆာလီဘာဟာ သူတို႔လိုအပ္ေနတဲ့ ကစားသမားေကာင္းတစ္ဦးအျဖစ္ ပထမပြဲထြက္လူစာရင္းမွာ တုိက္႐ိုက္ပါဝင္အက်ဳိးျပဳႏုိင္မယ့္သူမ်ဳိးျဖစ္ေၾကာင္း ေထာက္ခံေျပာၾကားသြားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းကနေ ပြင်သစ်လီဂူးဝမ်းကလပ် စိန့်အက်တီယန်အသင်းကို အငှားနဲ့ သွားရောက်ကစားနေတဲ့ လူငယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ သူနဲ့ အနီးကပ် လက်တွဲအလုပ်လုပ်နေခဲ့တဲ့ လီဂူးဝမ်းကလပ်နည်းပြ ကလို့ဒ် ပူယယ်လ်က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနဲ့ လက်မှတ်ထိုးခဲ့သူဖြစ်ပြီး အသင်းဟောင်း စိန့်အက်တီယန်ဆီ တစ်ရာသီ အငှားပြန်ချပေးထားခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် နောက်ခံလူရဲ့ ပွဲထွက်ကစားခွင့်ကတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိစွာနဲ့ Win-Win Situation အဖြစ် မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

ပြင်သစ်အာဏာပိုင်တွေရဲ့ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့နေမှုတွေကို စိုးရိမ်မှုတွေအရ စောစောစီးစီး ရပ်နားလိုက်တဲ့ ပြင်သစ်ဘောလုံးပွဲစဉ်တွေကြောင့် အာဆင်နယ်အသင်းနဲ့ ရာသီမကုန်ခင်မှာပဲ ပြန်လည်ပူးပေါင်းခွင့်ရှိနေတဲ့ ဆာလီဘာဟာ လက်ရှိအချိန်ထိ ကော်လ်နီလေ့ကျင့်ရေးကွင်းမှာ မတွေ့မြင်ရသေးပေမယ့်လည်း ပရိသတ်တွေက ကြိုဆိုမှုတွေ ပြုလုပ်နေကြပါတယ်။

“သူက အဆင်သင့်ဖြစ်နေပါပြီ။ ဝီလီယမ်ဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး အသက်နဲ့ မလိုက်တဲ့ ရင့်ကျက်မှုကို ပိုင်ဆိုင်ထားသလို သူ့ရဲ့ ကစားသမားဘဝမှာလည်း ရိုးရိုးသားသားနဲ့ ကောင်းကောင်းမွန်မွန် ကစားတတ်သူဖြစ်ပါတယ်။ သူမရှိရင် ကျွန်တော်တို့ ခက်ခဲမှာဖြစ်ပေမယ့် အာဆင်နယ်အသင်းမှာ သူရရှိမယ့် အခွင့်အရေးအတွက်တော့ ဝမ်းသာမိပါတယ်”လို့ ပရီးမီးယားလိဂ်မှာ လက်စတာအသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ ပူယဲလ်က ဆိုပါတယ်။

ပူယဲလ်က အာဆင်နယ်အသင်းရဲ့ လက်ရှိခံစစ်ပိုင်းကို ကြည့်ရတာလည်း ဗဟိုနောက်ခံလူကောင်းကောင်းတစ်ဦး လိုအပ်နေတယ်လို့ မြင်မိပြီး ဒီအချိန်မှာ ဆာလီဘာဟာ သူတို့လိုအပ်နေတဲ့ ကစားသမားကောင်းတစ်ဦးအဖြစ် ပထမပွဲထွက်လူစာရင်းမှာ တိုက်ရိုက်ပါဝင်အကျိုးပြုနိုင်မယ့်သူမျိုးဖြစ်ကြောင်း ထောက်ခံပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.