International

မက်ဆီရဲ့ ထူးခြားတဲ့သွင်းဂိုးနဲ့အတူ ၂၀၁၂ နောက်ပိုင်း ဥရုဂွေးကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ အာဂျင်တီးနား

တနင်္ဂနွေနေ့ညနေက ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ ဥရုဂွေးအသင်းတို့ရဲ့ပွဲစဉ်မှာ အာဂျင်တီးနားအသင်းက ၃-၀ နဲ့ သက်တောင့်သက်သာအနိုင်ရရှိခဲ့ပါတယ်။

အာဂျင်တီးနားအသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်းမပြီးဆုံးမီ ၂ မိနစ်အလိုမှာ မက်ဆီက သွင်းယူပေးခဲ့တာဖြစ်ပြီး ၃၅ မီတာအကွာ ပင်နယ်တီဧရိယာထိပ်ကနေ ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို ပိတ်သွင်းဖို့ ကြိုးပမ်းခဲ့တဲ့ နီကိုလတ်စ် ဂွန်ဇာလက်ဇ်ရော ကာကွယ်ဖို့ ကြိုးပမ်းခဲ့တဲ့ ဥရုဂွေးဂိုးသမား ဖာနန်ဒို မူစ်လယ်ရာပါ အံ့အားသင့်ဖွယ် လွဲချော်ခဲ့ကြပြီးနောက် ဘောလုံးက ဂိုးပိုက်ထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၆ မိနစ်အကြာမှာတော့ လော်တာရို မာတီနက်ဇ်က ပင်နယ်တီဧရိယာထိပ်မှာ ခြေထောက်ကို လွှဲပြီး ကန်သွင်းယူဖို့ ကြိုးပမ်းခဲ့ရာမှာ ဘောလုံးနဲ့ လွဲချော်သွားခဲ့ပြီးနောက် ရိုဒရီဂို ဒီ ပေါလ်က ၎င်းရဲ့ လမ်းကြောင်းထဲ ရောက်လာတဲ့ဘောလုံးကို အမှားအယွင်းမရှိ ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်က ဒုတိယပိုင်းပြန်လည်စတင်ပြီး ၁၇ မိနစ်မှာ ဒီပေါလ် ဖြတ်တင်ပေးလိုက်တဲ့ မြေလိမ့်ဘောကို အသာအယာ ပိတ်သွင်းယူပြီး လွဲချော်မှုအတွက် ပြန်လည် ပြင်ဆင်နိုင်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ အရမ်းကောင်းတဲ့ ပွဲတစ်ပွဲ ကစားနိုင်ခဲ့တယ်။ အရာအားလုံးက ပြည့်ပြည့်စုံစုံ အလုပ်ဖြစ်ခဲ့ပါတယ်”

“ဥရုဂွေးက ခင်ဗျားကို စောင့်ဆိုင်းနေပြီး အန္တရာယ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ နေရာလွတ်ကို စတွေ့တာနဲ့ ပထမဂိုးရခဲ့ပြီး ဂိုးတွေ ရလာခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ အာဂျင်တီးနားအသင်းက နိုင်ပွဲရရှိနေချိန်မှာ ဘရာဇီးလ်အသင်းကတော့ ကိုလံဘီယာအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တာကြောင့် အုပ်စုအမှတ်ဇယားမှာ ဦးဆောင်နေတဲ့ ဘရာဇီးလ်နဲ့ ဒုတိယနေရာက အာဂျင်တီးနားတို့ကြား ရမှတ် ၆ မှတ်သာ ကွာဟတော့တာဖြစ်ပြီး ထိပ်ဆုံးလေးနေရာကအသင်းတွေဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရရှိမှာဖြစ်ပေမယ့် အဆင့် ၅ နေရာက အသင်းကတော့ ဒေသတွင်း playoff ကစားသွားရမှာဖြစ်ပါတယ်။

ဥရုဂွေးအသင်းဟာ တနင်္ဂနွေနေ့မှာ အာဂျင်တီးနားအသင်းနဲ့ မတွေ့ဆုံမီအထိ ၈ ပွဲအထိ ရှုံးပွဲမရှိခဲ့တာဖြစ်ပေမယ့် တိုက်စစ်မှူး လူးဝစ္စ ဆွာရက်ဇ်ရဲ့ အပိုင်ကန်သွင်းချက်တွေဟာ တိုင်ထိခဲ့သလို အာဂျင်တီးနားဂိုးသမားက ကာကွယ်နိုင်ခဲ့တာကြောင့် ကံမကောင်းစွာနဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဥရုဂွေးအသင်းအတွက် ကာဗာနီ လူစားဝင်ကစားခဲ့ပေမယ့် အာဂျင်တီးနားအသင်းက ပြစ်ဒဏ်ကျူးလွန်မှု ၁၅ ကြိမ်၊ သတိပေးခံရခြင်းမရှိဘဲ ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေကိုလည်း ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ဒုတိယမြောက်သွင်းဂိုးကို ထပ်မံသွင်းယူပေးနိုင်ဖို့ နီးစပ်ခဲ့ပြီး လူစားဝင်လာတဲ့ အိန်ဂျယ် ဒီ မာရီယာကလည်း ၄-၀ နဲ့ အနိုင်ရစေမယ့် ဂိုးကန်သွင်းမှု ၂ ကြိမ် ပြုလုပ်ခဲ့ပေမယ့် မူစ်လယ်ရာက ၂ ကြိမ်စလုံးမှာ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ၂၀၂၁ ခုနှစ် ဇွန်လကတည်းက အာဂျင်တီးနားအတွက် သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ပြီး ၁၃ ပွဲမှာ ၁၄ ဂိုးအထိ ပါဝင်ပတ်သက်ထားတာလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:တနဂၤေႏြေန႔ညေနက ကမၻာ့ဖလား ေျခစစ္ပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အာဂ်င္တီးနားနဲ႔ ဥ႐ုေဂြးအသင္းတို႔ရဲ့ပြဲစဥ္မွာ အာဂ်င္တီးနားအသင္းက ၃-၀ နဲ႔ သက္ေတာင့္သက္သာအနိုင္ရရွိခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းအတြက္ အဖြင့္ဂိုးကို ပထမပိုင္းမၿပီးဆုံးမီ ၂ မိနစ္အလိုမွာ မက္ဆီက သြင္းယူေပးခဲ့တာျဖစ္ၿပီး ၃၅ မီတာအကြာ ပင္နယ္တီဧရိယာထိပ္ကေန ျဖတ္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို ပိတ္သြင္းဖို႔ ႀကိဳးပမ္းခဲ့တဲ့ နီကိုလတ္စ္ ဂြန္ဇာလက္ဇ္ေရာ ကာကြယ္ဖို႔ ႀကိဳးပမ္းခဲ့တဲ့ ဥ႐ုေဂြးဂိုးသမား ဖာနန္ဒို မူစ္လယ္ရာပါ အံ့အားသင့္ဖြယ္ လြဲေခ်ာ္ခဲ့ၾကၿပီးေနာက္ ေဘာလုံးက ဂိုးပိုက္ထဲကို ဝင္သြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၆ မိနစ္အၾကာမွာေတာ့ ေလာ္တာရို မာတီနက္ဇ္က ပင္နယ္တီဧရိယာထိပ္မွာ ေျခေထာက္ကို လႊဲၿပီး ကန္သြင္းယူဖို႔ ႀကိဳးပမ္းခဲ့ရာမွာ ေဘာလုံးနဲ႔ လြဲေခ်ာ္သြားခဲ့ၿပီးေနာက္ ရိုဒရီဂို ဒီ ေပါလ္က ၎ရဲ့ လမ္းေၾကာင္းထဲ ေရာက္လာတဲ့ေဘာလုံးကို အမွားအယြင္းမရွိ ေျပးဝင္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

မာတီနက္ဇ္က ဒုတိယပိုင္းျပန္လည္စတင္ၿပီး ၁၇ မိနစ္မွာ ဒီေပါလ္ ျဖတ္တင္ေပးလိုက္တဲ့ ေျမလိမ့္ေဘာကို အသာအယာ ပိတ္သြင္းယူၿပီး လြဲေခ်ာ္မႈအတြက္ ျပန္လည္ ျပင္ဆင္နိုင္ခဲ့တာျဖစ္ပါတယ္။ “ကၽြန္ေတာ္တို႔ အရမ္းေကာင္းတဲ့ ပြဲတစ္ပြဲ ကစားနိုင္ခဲ့တယ္။ အရာအားလုံးက ျပည့္ျပည့္စုံစုံ အလုပ္ျဖစ္ခဲ့ပါတယ္”

“ဥ႐ုေဂြးက ခင္ဗ်ားကို ေစာင့္ဆိုင္းေနၿပီး အႏၲရာယ္ေပးနိုင္ပါတယ္။ ကၽြန္ေတာ္တို႔ ေနရာလြတ္ကို စေတြ႕တာနဲ႔ ပထမဂိုးရခဲ့ၿပီး ဂိုးေတြ ရလာခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ အာဂ်င္တီးနားအသင္းက နိုင္ပြဲရရွိေနခ်ိန္မွာ ဘရာဇီးလ္အသင္းကေတာ့ ကိုလံဘီယာအသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့တာေၾကာင့္ အုပ္စုအမွတ္ဇယားမွာ ဦးေဆာင္ေနတဲ့ ဘရာဇီးလ္နဲ႔ ဒုတိယေနရာက အာဂ်င္တီးနားတို႔ၾကား ရမွတ္ ၆ မွတ္သာ ကြာဟေတာ့တာျဖစ္ၿပီး ထိပ္ဆုံးေလးေနရာကအသင္းေတြဟာ ၂၀၂၂ ကာတာ ကမၻာ့ဖလားၿပိဳင္ပြဲကို တိုက္ရိုက္ဝင္ခြင့္ရရွိမွာျဖစ္ေပမယ့္ အဆင့္ ၅ ေနရာက အသင္းကေတာ့ ေဒသတြင္း playoff ကစားသြားရမွာျဖစ္ပါတယ္။

ဥ႐ုေဂြးအသင္းဟာ တနဂၤေႏြေန႔မွာ အာဂ်င္တီးနားအသင္းနဲ႔ မေတြ႕ဆုံမီအထိ ၈ ပြဲအထိ ရႈံးပြဲမရွိခဲ့တာျဖစ္ေပမယ့္ တိုက္စစ္မႉး လူးဝစၥ ဆြာရက္ဇ္ရဲ့ အပိုင္ကန္သြင္းခ်က္ေတြဟာ တိုင္ထိခဲ့သလို အာဂ်င္တီးနားဂိုးသမားက ကာကြယ္နိုင္ခဲ့တာေၾကာင့္ ကံမေကာင္းစြာနဲ႔ ရႈံးနိမ့္ခဲ့ရတာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ ဥ႐ုေဂြးအသင္းအတြက္ ကာဗာနီ လူစားဝင္ကစားခဲ့ေပမယ့္ အာဂ်င္တီးနားအသင္းက ျပစ္ဒဏ္က်ဴးလြန္မႈ ၁၅ ႀကိမ္၊ သတိေပးခံရျခင္းမရွိဘဲ ပိုမိုေကာင္းမြန္တဲ့ အခြင့္အေရးေတြကိုလည္း ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ ဒုတိယေျမာက္သြင္းဂိုးကို ထပ္မံသြင္းယူေပးနိုင္ဖို႔ နီးစပ္ခဲ့ၿပီး လူစားဝင္လာတဲ့ အိန္ဂ်ယ္ ဒီ မာရီယာကလည္း ၄-၀ နဲ႔ အနိုင္ရေစမယ့္ ဂိုးကန္သြင္းမႈ ၂ ႀကိမ္ ျပဳလုပ္ခဲ့ေပမယ့္ မူစ္လယ္ရာက ၂ ႀကိမ္စလုံးမွာ ပုတ္ထုတ္ကာကြယ္နိုင္ခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ ၂၀၂၁ ခုႏွစ္ ဇြန္လကတည္းက အာဂ်င္တီးနားအတြက္ သြင္းဂိုး ၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္အထိ ျပဳလုပ္ထားနိုင္ခဲ့ၿပီျဖစ္ၿပီး ၁၃ ပြဲမွာ ၁၄ ဂိုးအထိ ပါဝင္ပတ္သက္ထားတာလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.