Premier League Transfer News

ေနာက္ခံလူ ဟိုးလ္ဒင္းကို ေရာင္းခ်သြားမယ့္ အာဆင္နယ္နည္းျပ အာတီတာ

အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ပရိသတ္အခ်စ္ေတာ္တစ္ဦးျဖစ္တဲ့ ဗဟိုေနာက္ခံလူ ေရာ့ဘ္ ဟိုးလ္ဒင္းကုိ လာမယ့္ ရာသီကုန္မွာ အသင္းကေန ေရာင္းထုတ္သြားဖို႔ မီးစိမ္းျပလုိက္ၿပီး သူနဲ႔အတူ တျခားဝါရင့္ေနာက္ခံလူႏွစ္ဦးလည္း ပါဝင္ေနတယ္လို႔ ဆိုပါတယ္။

ေဘာ္လ္တန္အသင္းကေန ၂၀၁၅ ေႏြရာသီမွာ အသင္းကို ေပါင္ ၂.၅ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ဟိုးလ္ဒင္းဟာ အာဆင္နယ္ေနာက္တန္းမွာ တျဖည္းျဖည္း ေနရာရလာခဲ့ၿပီး အာဆင္ဝင္းဂါးရဲ႕ ေနာက္ပုိင္းႏွစ္ေတြမွာ အားကိုးရသူတစ္ဦးျဖစ္ခဲ့ေပမယ့္ ဒဏ္ရာေတြနဲ႔ နပမ္းလုံးေနခဲ့ရသလို ၿပီးခဲ့ရာသီကေတာ့ အဆုိးရြားဆုံး ဒဏ္ရာကိုလည္း ရင္ဆုိင္ခဲ့ရသူျဖစ္ပါတယ္။

အူႏုိင္း အမ္မရီလက္ထက္ သုံးေယာက္တန္းခံစစ္ ဘယ္ျခမ္းမွာ ေျခစြမ္းျပသႏုိင္ခဲ့ၿပီး အသင္းရဲ႕ အနာဂတ္ကို စိတ္ေအးရေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ မန္ခ်က္စတာယူႏုိက္တက္နဲ႔ပြဲမွာ ရရွိခဲ့တဲ့ ဒဏ္ရာက တစ္ႏွစ္ခြဲေလာက္ၾကာၿပီျဖစ္တဲ့ လက္ရွိအခ်ိန္အထိ ႀကံ့ခိုင္မွဳကို ဆုတ္ယုတ္ေနေစဆဲျဖစ္တဲ့အတြက္ နည္းျပ အာတီတာအေနနဲ႔ သူ႕ရဲ႕ အနာဂတ္အသင္းမွာ မပါဝင္ဘူးလို႔ ဆုံးျဖတ္ခ်က္ခ်လုိက္တာလည္းျဖစ္ႏုိင္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ခံစစ္ပုိင္းမွာ စိန္႔အက္တီယန္ကို အငွားခ်ထားတဲ့ ဝီလီယမ္ ဆာလီဘာနဲ႔ အငွားေခၚယူထားတဲ့ ပါဘလို မာရီတို႔ အပါအဝင္ ဗဟိုေနာက္ခံလူ ၆ ဦးအထိ အသင္းႀကီးမွာ စာရင္းေပါက္ေနခဲ့ၿပီး ဒီထဲက ဟိုးလ္ဒင္းနဲ႔ ဂ်ာမန္သား မူစတာဖီ၊ ဂရိသား ဆုိကရာတစ္တုိ႔ကို ေရာင္းခ်သြားဖို႔ စီစဥ္ေနတာလည္းျဖစ္ပါတယ္။

အေျပာင္းအေရႊ႕ေဈးကြက္မွာ အငွားနဲ႔ အလဲအထပ္ေတြကို အဓိကျပဳလုပ္မယ့္ အာဆင္နယ္အသင္းအတြက္ ကစားသမားေရာင္းခ်ျခင္းကလည္း အသုံးစရိတ္ရရွိဖို႔ နည္းလမ္းတစ္ခုျဖစ္ၿပီး အသင္းတာဝန္ရွိသူေတြအေနနဲ႔ ဒီကစားသမားသုံးဦးကို ေရာင္းခ်ျခင္းကေန ေပါင္သန္း ၃၀ ေလာက္ ေမွ်ာ္လင့္ထားႏုိင္ေၾကာင္း သုံးသပ္ေဖာ္ျပလုိက္ရပါတယ္။

REF: METRO & DAVID ORNSTEIN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ပရိသတ်အချစ်တော်တစ်ဦးဖြစ်တဲ့ ဗဟိုနောက်ခံလူ ရော့ဘ် ဟိုးလ်ဒင်းကို လာမယ့် ရာသီကုန်မှာ အသင်းကနေ ရောင်းထုတ်သွားဖို့ မီးစိမ်းပြလိုက်ပြီး သူနဲ့အတူ တခြားဝါရင့်နောက်ခံလူနှစ်ဦးလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဘော်လ်တန်အသင်းကနေ ၂၀၁၅ နွေရာသီမှာ အသင်းကို ပေါင် ၂.၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဟိုးလ်ဒင်းဟာ အာဆင်နယ်နောက်တန်းမှာ တဖြည်းဖြည်း နေရာရလာခဲ့ပြီး အာဆင်ဝင်းဂါးရဲ့ နောက်ပိုင်းနှစ်တွေမှာ အားကိုးရသူတစ်ဦးဖြစ်ခဲ့ပေမယ့် ဒဏ်ရာတွေနဲ့ နပမ်းလုံးနေခဲ့ရသလို ပြီးခဲ့ရာသီကတော့ အဆိုးရွားဆုံး ဒဏ်ရာကိုလည်း ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။

အူနိုင်း အမ်မရီလက်ထက် သုံးယောက်တန်းခံစစ် ဘယ်ခြမ်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းရဲ့ အနာဂတ်ကို စိတ်အေးရတော့မယ်လို့ ထင်နေတုန်းမှာပဲ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာက တစ်နှစ်ခွဲလောက်ကြာပြီဖြစ်တဲ့ လက်ရှိအချိန်အထိ ကြံ့ခိုင်မှုကို ဆုတ်ယုတ်နေစေဆဲဖြစ်တဲ့အတွက် နည်းပြ အာတီတာအနေနဲ့ သူ့ရဲ့ အနာဂတ်အသင်းမှာ မပါဝင်ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တာလည်းဖြစ်နိုင်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်းမှာ စိန့်အက်တီယန်ကို အငှားချထားတဲ့ ဝီလီယမ် ဆာလီဘာနဲ့ အငှားခေါ်ယူထားတဲ့ ပါဘလို မာရီတို့ အပါအဝင် ဗဟိုနောက်ခံလူ ၆ ဦးအထိ အသင်းကြီးမှာ စာရင်းပေါက်နေခဲ့ပြီး ဒီထဲက ဟိုးလ်ဒင်းနဲ့ ဂျာမန်သား မူစတာဖီ၊ ဂရိသား ဆိုကရာတစ်တို့ကို ရောင်းချသွားဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

အပြောင်းအရွှေ့ဈေးကွက်မှာ အငှားနဲ့ အလဲအထပ်တွေကို အဓိကပြုလုပ်မယ့် အာဆင်နယ်အသင်းအတွက် ကစားသမားရောင်းချခြင်းကလည်း အသုံးစရိတ်ရရှိဖို့ နည်းလမ်းတစ်ခုဖြစ်ပြီး အသင်းတာဝန်ရှိသူတွေအနေနဲ့ ဒီကစားသမားသုံးဦးကို ရောင်းချခြင်းကနေ ပေါင်သန်း ၃၀ လောက် မျှော်လင့်ထားနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: METRO & DAVID ORNSTEIN
PHOTOS CREDIT TO OWNERS
SPORTS A2Z.