Premier League

ဘယ္ထိပ္တန္းအသင္းမွ မလိုခ်င္တဲ့ဘဝကေန ကမာၻ႔အေကာင္းဆုံးျဖစ္လာတဲ့ ဗန္ဒိုက္ကို စတမ္းခ်ီးက်ဴး

နယ္သာလန္ဂႏၴဝင္ေနာက္ခံလူ ယာ့ပ္ စတမ္းက လီဗာပူးလ္အသင္းရဲ႕ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ရဲ႕ တုိးတက္လာမွဳကို အလြန္တရာ သေဘာက်ေနၿပီး သူ႕ရဲ႕ ႀကဳိးစားအားထုတ္မွဳေတြနဲ႔ မွန္ကန္တဲ့ လမ္းကို ေရြးခ်ယ္ခဲ့မွဳက ဘယ္သူမွ မလိုခ်င္တဲ့ဘဝကေန ဒီေန႔လို အဆင့္အတန္းမ်ဳိးကို ေရာက္ရွိေစခဲ့တာျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္၊ လာဇီယို၊ ေအစီမီလန္တုိ႔လို ဥေရာပအသင္းႀကီးေတြမွာ ေအာင္ျမင္ခဲ့ဖူးတဲ့ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ စတမ္းက သူတုိ႔လိုမ်ဳိး နယ္သာလန္ႏုိင္ငံအတြင္းမွာ ေအာင္ျမင္ခဲ့သူမ်ဳိး မဟုတ္တဲ့ ဗန္ဒိုက္အေနနဲ႔ ဆဲလ္တစ္နဲ႔ ေဆာက္သမ္တန္လို အသင္းေတြမွာ ႀကဳိးစားၿပီး ဒီလိုမ်ဳိးအဆင့္ကို တက္လွမ္းလာႏုိင္ခဲ့တာကို အံ့ၾသေနပုံလည္းေပၚပါတယ္။

“ေနာက္ထပ္ ဒတ္ခ်္ေနာက္ခံလူတစ္ဦးက ကမာၻ႕အဆင့္မွာ ကစားေနရတာကို ၾကည့္ရတာ အရမ္းေပ်ာ္ရႊင္မိတာေပါ့ဗ်ာ။ ဗာဂ်ီးလ္အေနနဲ႔ သူ႕ကိုယ္သူ ဘယ္ေလာက္တုိးတက္ေအာင္ ႀကဳိးစားခဲ့ရတယ္ဆုိတာကိုလည္း ျမင္သာပါတယ္။ ျပည္တြင္းမွာ ဂ႐ိုနင္ဂ်င္လို အသင္းမ်ဳိးေလာက္မွာ ကစားခဲ့ဖူးတဲ့သူတစ္ေယာက္ကို ဘယ္သူကမွ ဒီအဆင့္ေရာက္လာမယ္လို႔ ထင္ၾကမွာလည္း မဟုတ္ပါဘူး”လို႔ အားလုံးရဲ႕ အျမင္ေတြ မွားခဲ့ရပုံကို စတမ္းက ေျပာျပပါတယ္။

“ေဟာ္လန္ျပည္တြင္းကလပ္အသင္းႀကီးေတြက သူ႕ကို မလိုခ်င္လို႔ ေနာက္ဆုံးမွာ စေကာ့တလန္က ဆဲလ္တစ္နဲ႔ သြားကစားခဲ့ရတာပါ။ မတူညီတဲ့ ေဘာလုံးကစားဟန္က သူ႕ရဲ႕ တုိးတက္မွဳရဲ႕ အစလို႔ ထင္ပါတယ္။ ခက္ခဲၿပီး ၿပဳိင္ဆုိင္မွဳ ျပင္းထန္တဲ့ ၿပဳိင္ပြဲတစ္ခုမွာ သူ႕ရဲ႕ သင္ယူေလ့လာမွဳ အားေကာင္းခဲ့တာက ဒီအဆင့္ကို ေရာက္လာတဲ့ အေျခခံအုတ္ျမစ္ပါပဲ”လို႔လည္း စတမ္းက ဆုိပါတယ္။

ဂ႐ိုနင္ဂ်င္အသင္းကေန ဆဲလ္တစ္ကို ေပါင္ ၂.၆ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ဗန္ဒိုက္ဟာ ပရီးမီးယားလိဂ္ကိုေတာ့ ေဆာက္သမ္တန္အသင္းဆီ ေပါင္ ၁၀ သန္းနဲ႔ စတင္ေျခခ်ခဲ့တာျဖစ္သလို ေနာက္ဆုံးမွာေတာ့ ေပါင္ ၇၅ သန္းနဲ႔ လီဗာပူးလ္ဆီ ေရာက္ခဲ့တာျဖစ္ၿပီး ျမင့္မားတဲ့ ဆုဖလားေတြအျပင္ တစ္ဦးခ်င္း ဆုတံဆိပ္ေတြကိုလည္း ရယူႏုိင္ခဲ့ၿပီးတဲ့ေနာက္ ပရီးမီးယားလိဂ္ဖလားကို ရယူဖို႔လည္း လက္တစ္ကမ္းအလိုကို ေရာက္ရွိလာခဲ့တာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: နယ်သာလန်ဂန္ထဝင်နောက်ခံလူ ယာ့ပ် စတမ်းက လီဗာပူးလ်အသင်းရဲ့ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ရဲ့ တိုးတက်လာမှုကို အလွန်တရာ သဘောကျနေပြီး သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ မှန်ကန်တဲ့ လမ်းကို ရွေးချယ်ခဲ့မှုက ဘယ်သူမှ မလိုချင်တဲ့ဘဝကနေ ဒီနေ့လို အဆင့်အတန်းမျိုးကို ရောက်ရှိစေခဲ့တာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်၊ လာဇီယို၊ အေစီမီလန်တို့လို ဥရောပအသင်းကြီးတွေမှာ အောင်မြင်ခဲ့ဖူးတဲ့ နောက်ခံလူတစ်ဦးဖြစ်တဲ့ စတမ်းက သူတို့လိုမျိုး နယ်သာလန်နိုင်ငံအတွင်းမှာ အောင်မြင်ခဲ့သူမျိုး မဟုတ်တဲ့ ဗန်ဒိုက်အနေနဲ့ ဆဲလ်တစ်နဲ့ ဆောက်သမ်တန်လို အသင်းတွေမှာ ကြိုးစားပြီး ဒီလိုမျိုးအဆင့်ကို တက်လှမ်းလာနိုင်ခဲ့တာကို အံ့သြနေပုံလည်းပေါ်ပါတယ်။

“နောက်ထပ် ဒတ်ချ်နောက်ခံလူတစ်ဦးက ကမ္ဘာ့အဆင့်မှာ ကစားနေရတာကို ကြည့်ရတာ အရမ်းပျော်ရွှင်မိတာပေါ့ဗျာ။ ဗာဂျီးလ်အနေနဲ့ သူ့ကိုယ်သူ ဘယ်လောက်တိုးတက်အောင် ကြိုးစားခဲ့ရတယ်ဆိုတာကိုလည်း မြင်သာပါတယ်။ ပြည်တွင်းမှာ ဂရိုနင်ဂျင်လို အသင်းမျိုးလောက်မှာ ကစားခဲ့ဖူးတဲ့သူတစ်ယောက်ကို ဘယ်သူကမှ ဒီအဆင့်ရောက်လာမယ်လို့ ထင်ကြမှာလည်း မဟုတ်ပါဘူး”လို့ အားလုံးရဲ့ အမြင်တွေ မှားခဲ့ရပုံကို စတမ်းက ပြောပြပါတယ်။

“ဟော်လန်ပြည်တွင်းကလပ်အသင်းကြီးတွေက သူ့ကို မလိုချင်လို့ နောက်ဆုံးမှာ စကော့တလန်က ဆဲလ်တစ်နဲ့ သွားကစားခဲ့ရတာပါ။ မတူညီတဲ့ ဘောလုံးကစားဟန်က သူ့ရဲ့ တိုးတက်မှုရဲ့ အစလို့ ထင်ပါတယ်။ ခက်ခဲပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲတစ်ခုမှာ သူ့ရဲ့ သင်ယူလေ့လာမှု အားကောင်းခဲ့တာက ဒီအဆင့်ကို ရောက်လာတဲ့ အခြေခံအုတ်မြစ်ပါပဲ”လို့လည်း စတမ်းက ဆိုပါတယ်။

ဂရိုနင်ဂျင်အသင်းကနေ ဆဲလ်တစ်ကို ပေါင် ၂.၆ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ်ကိုတော့ ဆောက်သမ်တန်အသင်းဆီ ပေါင် ၁၀ သန်းနဲ့ စတင်ခြေချခဲ့တာဖြစ်သလို နောက်ဆုံးမှာတော့ ပေါင် ၇၅ သန်းနဲ့ လီဗာပူးလ်ဆီ ရောက်ခဲ့တာဖြစ်ပြီး မြင့်မားတဲ့ ဆုဖလားတွေအပြင် တစ်ဦးချင်း ဆုတံဆိပ်တွေကိုလည်း ရယူနိုင်ခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ်ဖလားကို ရယူဖို့လည်း လက်တစ်ကမ်းအလိုကို ရောက်ရှိလာခဲ့တာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.