Premier League Serie A Transfer News

ေပါ့ဘာနဲ႔ ဂ်ဴဗင္တပ္စ္ လစာေလွ်ာ့ယူဖို႔ ေဆြးေႏြးေနၿပီး တုိလစ္ဆုိကို ေခၚဖို႔ ယူႏုိက္တက္ အရွိန္ျမႇင့္လာ

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ အသင္းကေန ထြက္ခြာဖို႔ စိုင္းျပင္းေနတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအတြက္ ေအးဂ်င့္ မီႏို ႐ိုင္ယုိလာရဲ႕ ေဆာင္ရြက္မွဳေတြကို ခြင့္ျပဳေပးထားၿပီး အေျပာင္းအေရႊ႕ေဈးကြက္မွာေတာ့ ကြင္းလယ္လူသစ္တစ္ေယာက္ ရရွိဖို႔ကိုပဲ အာ႐ုံစိုက္ေနတယ္လို႔ ဆုိပါတယ္။

အိုးလ္ထရက္ဖို႔ဒ္မွာ တစ္ႏွစ္လုပ္ခ ေပါင္ ၁၅ သန္းေလာက္ ရရွိေနတဲ့ ေပါ့ဘာအေနနဲ႔ ဂ်ဴဗင္တပ္စ္ကို ျပန္လာခ်င္တယ္ဆုိရင္ လစာေလွ်ာ့ယူ ရမွာျဖစ္ၿပီး တစ္ႏွစ္ကို ေပါင္ ၁၁ သန္းပဲ ေပးေခ်ႏိုင္မယ္လို႔ တူရင္အေျခစိုက္ကလပ္ဘက္က သတိေပးထားခဲ့သလို ကစားသမားအေနနဲ႔ လက္ခံဖို႔ မ်ားေနပါတယ္။

ေျပာင္းေရႊ႕ေၾကးနဲ႔ အေသးစိတ္ကိစၥေတြကို ေဆြးေႏြးရျခင္း မရွိေသးေပမယ့္ မန္ခ်က္စတာယူႏုိက္တက္ဘက္ကေတာ့ သူတုိ႔ေတြ ျပန္လည္အလုိက္ေပးႏုိင္တဲ့ ကစားသမားေတြထဲက ကြင္းလယ္လူေတြကို စိတ္ဝင္စားျခင္းမရွိတာေၾကာင့္ ဘုိင္ယန္ျမဴးနစ္ရဲ႕ ကိုရြန္တင္ တုိလစ္ဆုိကုိပဲ ေခၚယူဖို႔ ပစ္မွတ္ထားေနၿပီး အရွိန္ျမႇင့္ႀကဳိးစားေနတယ္လုိ႔လည္း ဆုိပါတယ္။

ၿပီးခဲ့တဲ့ ေနာက္ဆုံးႏွစ္ရာသီဆက္တုိက္ ဘာေဗးရီးယားအသင္းအတြက္ တစ္ရာသီမွာ ဘြန္ဒက္စ္လီဂါ ၁၅ ပြဲထက္ ပုိကစားခြင့္ရမထားတဲ့ တုိလစ္ဆုိအေနနဲ႔လည္း သူ႕ရဲ႕ ကစားသမားဘဝကို အခ်ိန္ေတြ ျဖဳန္းေနသလိုျဖစ္ေနတာကို စိတ္ကုန္ေနၿပီျဖစ္ၿပီး ရာသီကုန္မွာ ထြက္ခြာဖို႔ ဆႏၵရွိေနသလို အသင္းဘက္ကလည္း ေရာင္းခ်သြားဖို႔ ရွိေနတာပါ။

မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ တိုလစ္ဆုိကို ကြင္းလယ္မွာ တုိက္စစ္အားသန္တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေနာက္ကေန ကြင္းလယ္ရဲ႕ ခ်ိန္ခြင္လွ်ာနဲ႔ လုပ္အားႏွဳန္းကို ထိန္းညႇိေပးဖို႔ အလိုရွိေနတာျဖစ္ၿပီး အသက္ ၂၅ ႏွစ္အရြယ္ ျပင္သစ္လက္ေရြးစင္အတြက္ လီယြန္က ေခၚယူစဥ္က ေဈးျဖစ္ခဲ့တဲ့ ေပါင္သန္း ၄၀ ေလာက္မွာပဲ အေရာင္းအဝယ္ျဖစ္ဖြယ္ရွိေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာအတွက် အေးဂျင့် မီနို ရိုင်ယိုလာရဲ့ ဆောင်ရွက်မှုတွေကို ခွင့်ပြုပေးထားပြီး အပြောင်းအရွှေ့ဈေးကွက်မှာတော့ ကွင်းလယ်လူသစ်တစ်ယောက် ရရှိဖို့ကိုပဲ အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ တစ်နှစ်လုပ်ခ ပေါင် ၁၅ သန်းလောက် ရရှိနေတဲ့ ပေါ့ဘာအနေနဲ့ ဂျူဗင်တပ်စ်ကို ပြန်လာချင်တယ်ဆိုရင် လစာလျှော့ယူ ရမှာဖြစ်ပြီး တစ်နှစ်ကို ပေါင် ၁၁ သန်းပဲ ပေးချေနိုင်မယ်လို့ တူရင်အခြေစိုက်ကလပ်ဘက်က သတိပေးထားခဲ့သလို ကစားသမားအနေနဲ့ လက်ခံဖို့ များနေပါတယ်။

ပြောင်းရွှေ့ကြေးနဲ့ အသေးစိတ်ကိစ္စတွေကို ဆွေးနွေးရခြင်း မရှိသေးပေမယ့် မန်ချက်စတာယူနိုက်တက်ဘက်ကတော့ သူတို့တွေ ပြန်လည်အလိုက်ပေးနိုင်တဲ့ ကစားသမားတွေထဲက ကွင်းလယ်လူတွေကို စိတ်ဝင်စားခြင်းမရှိတာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ကိုရွန်တင် တိုလစ်ဆိုကိုပဲ ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး အရှိန်မြှင့်ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ နောက်ဆုံးနှစ်ရာသီဆက်တိုက် ဘာဗေးရီးယားအသင်းအတွက် တစ်ရာသီမှာ ဘွန်ဒက်စ်လီဂါ ၁၅ ပွဲထက် ပိုကစားခွင့်ရမထားတဲ့ တိုလစ်ဆိုအနေနဲ့လည်း သူ့ရဲ့ ကစားသမားဘဝကို အချိန်တွေ ဖြုန်းနေသလိုဖြစ်နေတာကို စိတ်ကုန်နေပြီဖြစ်ပြီး ရာသီကုန်မှာ ထွက်ခွာဖို့ ဆန္ဒရှိနေသလို အသင်းဘက်ကလည်း ရောင်းချသွားဖို့ ရှိနေတာပါ။

မန်ချက်စတာယူနိုက်တက်အနေနဲ့ တိုလစ်ဆိုကို ကွင်းလယ်မှာ တိုက်စစ်အားသန်တဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ နောက်ကနေ ကွင်းလယ်ရဲ့ ချိန်ခွင်လျှာနဲ့ လုပ်အားနှုန်းကို ထိန်းညှိပေးဖို့ အလိုရှိနေတာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်အတွက် လီယွန်က ခေါ်ယူစဉ်က ဈေးဖြစ်ခဲ့တဲ့ ပေါင်သန်း ၄၀ လောက်မှာပဲ အရောင်းအဝယ်ဖြစ်ဖွယ်ရှိကြောင်း သိရှိရပါတယ်။

REF: DAILY MAIL & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.