Premier League

ပရီးမီးယားလိဂ်ရဲ့အချမ်းသာဆုံးဖြစ်လာတဲ့ နယူးကာဆယ်လ် ငွေဘယ်လောက်သုံးသွားနိုင်လဲ

နယူးကာဆယ်လ်ယူနိုက်တက်အသင်းဟာ ဆော်ဒီအာရေဗျ အများပြည်သူ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့အနေနဲ့ အသင်းကို ပိုင်ရှင်သစ်အဖြစ် ပြောင်းလဲဝယ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး ပေါင်သန်း ၃၀၀ နဲ့ လွှဲပြောင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီလုပ်ငန်းစုကို တော်ဝင်မင်သား မိုဟာမက် ဘင် ဆယ်လ်မန်က ဦးဆောင်နေတာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်တွေကတည်းက မိုက်ခ် အက်ရှ်လေဆီကနေ အသင်းကို ဝယ်ယူဖို့အတွက် ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ ၁၈ လကျော် လုပ်ဆောင်နေခဲ့တဲ့ ပေါင်သန်း ၃၀၀ တန် သဘောတူညီမှုဟာ ၁၄ နှစ်ကြာ အသင်းကို ပိုင်ဆိုင်ခဲ့တဲ့ ပိုင်ရှင်ဟောင်း မိုက်ခ် အက်ရှ်လေရဲ့ လူမသိသူမသိ အခြေအနေကို အဆုံးသတ်စေခဲ့တာဖြစ်ပြီး ဆော်ဒီအာရေဗျ အများပြည်သူ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ဟာ ကြီးမားတဲ့ ပေါင် ၃၂၀ ဘီလီယံအထိ ကြွယ်ဝချမ်းသာတာကြောင့် ဘောလုံးလောကမှာ နယူးကာဆယ်လ်ဟာ အချမ်းသာဆုံးအသင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ဆော်ဒီအာရေဗျ အများပြည်သူ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ရဲ့ အကြီးပိုင်းအရာရှိ ယက်ဆာ အယ်လ်ရူမေယန်က “အင်္ဂလိပ်ဘောလုံးလောကရဲ့ အကျော်ကြားဆုံးကလပ်အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ နယူးကာဆယ်လ်ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်သစ်တွေဖြစ်လာရတဲ့အတွက် ကျွန်တော်တို့ အလွန်အမင်း ဂုဏ်ယူမိပါတယ်”

“အသင်းအပေါ်ကို ကြီးကြီးမားမား သစ္စာစောင့်သိ အားပေးထောက်ခံခဲ့ကြတဲ့ နယူးကာဆယ်လ်ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပြီး အသင်းနဲ့အတူ အလုပ်လုပ်ဖို့အတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။ The Daily Mail က ထုတ်ပြန်ခဲ့တဲ့ လက်ရှိ ကမ္ဘာပေါ်က အချမ်းသာဆုံးကလပ်အသင်းပိုင်ရှင် ၁၀ ဦးစာရင်းထဲမှာ ငှက်ကျားပိုင်ရှင်အသစ်တွေဟာ နံပါတ် ၁ နေရာမှာ ရပ်တည်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

၁၀. ကောကွမ်းချန့် – ဝုလ်ဗ်စ်(ပေါင် ၅.၂ ဘီလီယံ | ၉. ကျန်းချင်တုန်- အင်တာမီလန်(ပေါင် ၆.၂ ဘီလီယံ) | ၈. စတန် ခရွန်ကီ – အာဆင်နယ်(ပေါင် ၆.၈ ဘီလီယံ) | ၇. ဖိလစ်ပ် အန်ရှုဇ်- LA ဂလက်ဆီ(၈.၁ ဘီလီယံ) | ၆. ရိုမန် အေဘရာမိုဗစ်ချ် – ချဲလ်ဆီး(ပေါင် ၁၀.၅ ဘီလီယံ) | ၅. အန်ဒရေ အန်ညယ်လီ – ဂျူဗင်တပ်(ပေါင် ၁၄ ဘီလီယံ) | ၄. ဒီထရစ် မာတီရှစ်ဇ် – လိုက်ပ်ဇစ်၊ ဆဲလ်ဘာ့ဂ်(ပေါင် ၁၅.၇ ဘီလီယံ) | ၃. ရှိတ် မန်ဆော် – မန်ချက်စတာစီးတီး(ပေါင် ၂၁ ဘီလီယံ) | ၂. ကာတာ ရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့ – ပီအက်စ်ဂျီ(ပေါင် ၂၂၀ ဘီလီယံ) | ၁. ဆော်ဒီ အာရေဗျ အများပြည်သူ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ – နယူးကာဆယ်လ်(ပေါင် ၃၂၀ ဘီလီယံ)

လေ့လာသုံးသပ်သူတွေကတော့ နယူးကာဆယ်လ်အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီမှာ ၎င်းတို့ လူစာရင်းကို အင်အားဖြည့်တင်းဖို့အတွက် ငွေကြေးအများအပြား သုံးစွဲသွားတော့မယ်လို့ ခန့်မှန်းခဲ့ကြပြီး အခန်းထဲက ဆင်ကြီးလို ဘေးကျပ်နံကျပ်ဖြစ်စေနိုင်တဲ့ FFP စည်းမျဉ်းတွေနဲ့ မငြိဘဲ ပိုင်ရှင်သစ်တွေအနေနဲ့ မဝေးလှတဲ့ကာလမှာ ဘယ်လောက်အထိ ငွေကြေးသုံးစွဲနိုင်မှာလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

FFP စည်းမျဉ်းတွေထိသွားရင် ဘောလုံးအသင်းတစ်သင်းအနေနဲ့ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား အခြေအနေတွေ ကပြောင်းကပြန်ဖြစ်နိုင်လဲဆိုတာကို လွန်ခဲ့တဲ့လအနည်းငယ်က ဘာစီလိုနာအသင်းမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေက သတိပေးနေပြီး စည်းမျဉ်းတွေနဲ့ ငြိစွန်းမှာဖြစ်တာကြောင့် နူးကမ့်ရဲ့ အမြုတေရတနာတစ်ပါးဖြစ်တဲ့ လီယွန်နယ် မက်ဆီကို စာချုပ် မချုပ်ဆိုနိုင်ခဲ့ဘဲ ရင်နာနာနဲ့ လမ်းခွဲလိုက်ရတာဖြစ်ပါတယ်။

ကန့်သတ်မှုတွေထဲမှာ အသင်းတွေအနေနဲ့ ၃ နှစ်တာအတွင်း အရှုံးပေါ်ခြင်းကို ကန့်သတ်နိုင်ရင် ပေါင် ၁၀၅ သန်းအထိ သုံးစွဲခွင့်ရမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၃ နှစ်တာကာလအတွင်း နယူးကာဆယ်လ်အသင်းက စံချိန်တင် အမြတ်ရခဲ့တဲ့ ပေါင် ၃၈ သန်းကြောင့် သုံးစွဲနိုင်ခွင့် ပိုမိုတိုးမြင့်လာမှာဖြစ်သလို အက်ရှ်လေရဲ့ ဘဏ္ဍာရေးဆိုင်ရာ မျှတစွာ ယှဉ်ပြိုင်ရေးစည်းမျဉ်းကနေ ကင်းလွတ်ခွင့်ရထားတဲ့ အကယ်ဒမီအခြေခံအဆောက်အအုံနဲ့ လူမှုအစီအစဉ်များအတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ နောက်ထပ် ပေါင်သန်း ၅၀ ကလည်း ရှိနေသေးတာဖြစ်ပါတယ်။

အဲဒါကြောင့် နယူးကာဆယ်လ်အသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ မျှတစွာ ယှဉ်ပြိုင်ရေးရဲ့ ဆုံးရှုံးမှုအတွက် ခွင့်ပြုငွေ ပေါင် ၁၀၅ သန်းအပြင် အမြတ်ငွေ ပေါင် ၃၈ သန်းနဲ့ အကယ်ဒမီအတွက် ရင်းနှီးမြှုပ်နှံမှု ပေါင်သန်း ၅၀ ကို ပေါင်းလိုက်မယ်ဆိုရင် စုစုပေါင်း ပေါင်သန်း ၁၉၀ အထိ သုံးစွဲခွင့် ရရှိမှာဖြစ်ပါတယ်။

ပိုင်ရှင်သစ်တွေလက်ထဲမှာ နောက်ဆုံး တိုးတက်မှု ပြသထားတဲ့ အသင်းတွေဖြစ်ကြတဲ့ အဲဗာတန်နဲ့ လီဗာပူးလ်အသင်းတို့အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲထဲမှာ ဘဏ္ဍာရေးဟဲဗီးဝိတ် စူပါပါဝါအသင်းသစ်ဖြစ်လာတဲ့ နယူးကာဆယ်လ်အသင်းကို စိတ်ဝင်တစား စောင့်ကြည့်နေရတော့မှာဖြစ်ပြီး တချိန်က အင်္ဂလိပ်ဘောလုံးလောကမှာ တန်ခိုးထွားခဲ့တဲ့ ငှက်ကျားတွေရဲ့ အတုံ့အလှည့်တွေကို ပြန်လည်မြင်တွေ့ရတော့မလားဆိုတာကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္ယူႏိုက္တက္အသင္းဟာ ေဆာ္ဒီအာေရဗ် အမ်ားျပည္သူ ရင္းႏွီးျမႇဳပ္ႏွံမႈ ရန္ပုံေငြအဖြဲ႕အေနနဲ႔ အသင္းကို ပိုင္ရွင္သစ္အျဖစ္ ေျပာင္းလဲဝယ္ယူဖို႔အတြက္ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ၿပီး ေပါင္သန္း ၃၀၀ နဲ႔ လႊဲေျပာင္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဒီလုပ္ငန္းစုကို ေတာ္ဝင္မင္သား မိုဟာမက္ ဘင္ ဆယ္လ္မန္က ဦးေဆာင္ေနတာျဖစ္ၿပီး လြန္ခဲ့တဲ့ႏွစ္ေတြကတည္းက မိုက္ခ္ အက္ရွ္ေလဆီကေန အသင္းကို ဝယ္ယူဖို႔အတြက္ ႀကိဳးပမ္းေနခဲ့တာျဖစ္ပါတယ္။ ၁၈ လေက်ာ္ လုပ္ေဆာင္ေနခဲ့တဲ့ ေပါင္သန္း ၃၀၀ တန္ သေဘာတူညီမႈဟာ ၁၄ ႏွစ္ၾကာ အသင္းကို ပိုင္ဆိုင္ခဲ့တဲ့ ပိုင္ရွင္ေဟာင္း မိုက္ခ္ အက္ရွ္ေလရဲ႕ လူမသိသူမသိ အေျခအေနကို အဆုံးသတ္ေစခဲ့တာျဖစ္ၿပီး ေဆာ္ဒီအာေရဗ် အမ်ားျပည္သူ ရင္းႏွီးျမႇဳပ္ႏွံမႈ ရန္ပုံေငြအဖြဲ႕ဟာ ႀကီးမားတဲ့ ေပါင္ ၃၂၀ ဘီလီယံအထိ ႂကြယ္ဝခ်မ္းသာတာေၾကာင့္ ေဘာလုံးေလာကမွာ နယူးကာဆယ္လ္ဟာ အခ်မ္းသာဆုံးအသင္းျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ေဆာ္ဒီအာေရဗ် အမ်ားျပည္သူ ရင္းႏွီးျမႇဳပ္ႏွံမႈ ရန္ပုံေငြအဖြဲ႕ရဲ႕ အႀကီးပိုင္းအရာရွိ ယက္ဆာ အယ္လ္႐ူေမယန္က “အဂၤလိပ္ေဘာလုံးေလာကရဲ႕ အေက်ာ္ၾကားဆုံးကလပ္အသင္းေတြထဲက တစ္သင္းျဖစ္တဲ့ နယူးကာဆယ္လ္ယူႏိုက္တက္အသင္းရဲ႕ ပိုင္ရွင္သစ္ေတြျဖစ္လာရတဲ့အတြက္ ကြၽန္ေတာ္တို႔ အလြန္အမင္း ဂုဏ္ယူမိပါတယ္”

“အသင္းအေပၚကို ႀကီးႀကီးမားမား သစၥာေစာင့္သိ အားေပးေထာက္ခံခဲ့ၾကတဲ့ နယူးကာဆယ္လ္ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ၿပီး အသင္းနဲ႔အတူ အလုပ္လုပ္ဖို႔အတြက္ ကြၽန္ေတာ္တို႔ စိတ္လႈပ္ရွားေနပါၿပီ”လို႔ ေျပာၾကားခဲ့ပါတယ္။ The Daily Mail က ထုတ္ျပန္ခဲ့တဲ့ လက္ရွိ ကမာၻေပၚက အခ်မ္းသာဆုံးကလပ္အသင္းပိုင္ရွင္ ၁၀ ဦးစာရင္းထဲမွာ ငွက္က်ားပိုင္ရွင္အသစ္ေတြဟာ နံပါတ္ ၁ ေနရာမွာ ရပ္တည္ေနတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

၁၀. ေကာကြမ္းခ်န႔္ – ဝုလ္ဗ္စ္(ေပါင္ ၅.၂ ဘီလီယံ | ၉. က်န္းခ်င္တုန္- အင္တာမီလန္(ေပါင္ ၆.၂ ဘီလီယံ) | ၈. စတန္ ခ႐ြန္ကီ – အာဆင္နယ္(ေပါင္ ၆.၈ ဘီလီယံ) | ၇. ဖိလစ္ပ္ အန္ရႈဇ္- LA ဂလက္ဆီ(၈.၁ ဘီလီယံ) | ၆. ႐ိုမန္ ေအဘရာမိုဗစ္ခ်္ – ခ်ဲလ္ဆီး(ေပါင္ ၁၀.၅ ဘီလီယံ) | ၅. အန္ဒေရ အန္ညယ္လီ – ဂ်ဴဗင္တပ္(ေပါင္ ၁၄ ဘီလီယံ) | ၄. ဒီထရစ္ မာတီရွစ္ဇ္ – လိုက္ပ္ဇစ္၊ ဆဲလ္ဘာ့ဂ္(ေပါင္ ၁၅.၇ ဘီလီယံ) | ၃. ရွိတ္ မန္ေဆာ္ – မန္ခ်က္စတာစီးတီး(ေပါင္ ၂၁ ဘီလီယံ) | ၂. ကာတာ ရင္းႏွီးျမႇဳပ္ႏွံမႈ အာဏာပိုင္အဖြဲ႕ – ပီအက္စ္ဂ်ီ(ေပါင္ ၂၂၀ ဘီလီယံ) | ၁. ေဆာ္ဒီ အာေရဗ် အမ်ားျပည္သူ ရင္းႏွီးျမႇဳပ္ႏွံမႈ ရန္ပုံေငြအဖြဲ႕ – နယူးကာဆယ္လ္(ေပါင္ ၃၂၀ ဘီလီယံ)

ေလ့လာသုံးသပ္သူေတြကေတာ့ နယူးကာဆယ္လ္အသင္းအေနနဲ႔ လာမယ့္ ဇန္နဝါရီမွာ ၎တို႔ လူစာရင္းကို အင္အားျဖည့္တင္းဖို႔အတြက္ ေငြေၾကးအမ်ားအျပား သုံးစြဲသြားေတာ့မယ္လို႔ ခန႔္မွန္းခဲ့ၾကၿပီး အခန္းထဲက ဆင္ႀကီးလို ေဘးက်ပ္နံက်ပ္ျဖစ္ေစႏိုင္တဲ့ FFP စည္းမ်ဥ္းေတြနဲ႔ မၿငိဘဲ ပိုင္ရွင္သစ္ေတြအေနနဲ႔ မေဝးလွတဲ့ကာလမွာ ဘယ္ေလာက္အထိ ေငြေၾကးသုံးစြဲႏိုင္မွာလဲဆိုတာ စိတ္ဝင္စားစရာေကာင္းေနပါတယ္။

FFP စည္းမ်ဥ္းေတြထိသြားရင္ ေဘာလုံးအသင္းတစ္သင္းအေနနဲ႔ ဘယ္ေလာက္အထိ ဆိုးဆိုး႐ြား႐ြား အေျခအေနေတြ ကေျပာင္းကျပန္ျဖစ္ႏိုင္လဲဆိုတာကို လြန္ခဲ့တဲ့လအနည္းငယ္က ဘာစီလိုနာအသင္းမွာ ျဖစ္ပ်က္ခဲ့တဲ့အရာေတြက သတိေပးေနၿပီး စည္းမ်ဥ္းေတြနဲ႔ ၿငိစြန္းမွာျဖစ္တာေၾကာင့္ ႏူးကမ့္ရဲ႕ အျမဳေတရတနာတစ္ပါးျဖစ္တဲ့ လီယြန္နယ္ မက္ဆီကို စာခ်ဳပ္ မခ်ဳပ္ဆိုႏိုင္ခဲ့ဘဲ ရင္နာနာနဲ႔ လမ္းခြဲလိုက္ရတာျဖစ္ပါတယ္။

ကန႔္သတ္မႈေတြထဲမွာ အသင္းေတြအေနနဲ႔ ၃ ႏွစ္တာအတြင္း အရႈံးေပၚျခင္းကို ကန႔္သတ္ႏိုင္ရင္ ေပါင္ ၁၀၅ သန္းအထိ သုံးစြဲခြင့္ရမယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ၃ ႏွစ္တာကာလအတြင္း နယူးကာဆယ္လ္အသင္းက စံခ်ိန္တင္ အျမတ္ရခဲ့တဲ့ ေပါင္ ၃၈ သန္းေၾကာင့္ သုံးစြဲႏိုင္ခြင့္ ပိုမိုတိုးျမင့္လာမွာျဖစ္သလို အက္ရွ္ေလရဲ႕ ဘ႑ာေရးဆိုင္ရာ မွ်တစြာ ယွဥ္ၿပိဳင္ေရးစည္းမ်ဥ္းကေန ကင္းလြတ္ခြင့္ရထားတဲ့ အကယ္ဒမီအေျခခံအေဆာက္အအုံနဲ႔ လူမႈအစီအစဥ္မ်ားအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈျဖစ္တဲ့ ေနာက္ထပ္ ေပါင္သန္း ၅၀ ကလည္း ရွိေနေသးတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ နယူးကာဆယ္လ္အသင္းဟာ ဘ႑ာေရးဆိုင္ရာ မွ်တစြာ ယွဥ္ၿပိဳင္ေရးရဲ႕ ဆုံးရႈံးမႈအတြက္ ခြင့္ျပဳေငြ ေပါင္ ၁၀၅ သန္းအျပင္ အျမတ္ေငြ ေပါင္ ၃၈ သန္းနဲ႔ အကယ္ဒမီအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈ ေပါင္သန္း ၅၀ ကို ေပါင္းလိုက္မယ္ဆိုရင္ စုစုေပါင္း ေပါင္သန္း ၁၉၀ အထိ သုံးစြဲခြင့္ ရရွိမွာျဖစ္ပါတယ္။

ပိုင္ရွင္သစ္ေတြလက္ထဲမွာ ေနာက္ဆုံး တိုးတက္မႈ ျပသထားတဲ့ အသင္းေတြျဖစ္ၾကတဲ့ အဲဗာတန္နဲ႔ လီဗာပူးလ္အသင္းတို႔အေနနဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ပြဲထဲမွာ ဘ႑ာေရးဟဲဗီးဝိတ္ စူပါပါဝါအသင္းသစ္ျဖစ္လာတဲ့ နယူးကာဆယ္လ္အသင္းကို စိတ္ဝင္တစား ေစာင့္ၾကည့္ေနရေတာ့မွာျဖစ္ၿပီး တခ်ိန္က အဂၤလိပ္ေဘာလုံးေလာကမွာ တန္ခိုးထြားခဲ့တဲ့ ငွက္က်ားေတြရဲ႕ အတုံ႔အလွည့္ေတြကို ျပန္လည္ျမင္ေတြ႕ရေတာ့မလားဆိုတာကို ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.