Premier League Transfer News

အန်ဒီဒီကို အာဆင်နယ်ဆီ စည်းရုံးခဲ့ကြရာမှာ ပါတေးကို လေးစားကြောင်း တုံ့ပြန်သွား

နိုင်ဂျီးရီးယားက အာဆင်နယ်ပရိသတ်နှစ်ဦးအနေနဲ့ သူတို့နဲ့ ရင်းနှီး ဆက်ဆံရေးမျိုး ရှိပုံရတဲ့ ကွင်းလယ်လူ ဝီလ်ဖရီးဒ် အန်ဒီဒီကို လက်စတာစီးတီးအသင်းကနေ ထွက်ခွာပြီး သူတို့အသင်းဆီကို ပြောင်းရွှေ့ဖို့ စည်းရုံးခဲ့တဲ့ ဗီဒီယိုဖိုင် ပေါ်ထွက်လာပြီး သူတို့ကြား ပြောစကားတွေနဲ့ သောမတ်စ် ပါတေးကို လေးစားမှု ပြသခဲ့တဲ့ စကားတွေက လူပြောများနေခဲ့ကြပါတယ်။

ဒေါက်တာ ကီလီချီ အန်ယီကူဒီလို့ အမည်ရတဲ့ ပရိသတ်နဲ့ သူ့ညီတို့ဟာ အန်ဒီဒီနဲ့ အပြင်မှာ တွေ့တုန်းမှာ စည်းရုံးခဲ့ပုံကို ဗီဒီယို ရိုက်ကူးထားခဲ့တာလည်းဖြစ်ပြီး သူတို့နှစ်ဦးအနေနဲ့ လက်စတာရဲ့ နိုင်ဂျီးရီးယားသားကို မန်ချက်စတာယူနိုက်တက်ဆီကို ရောက်သွားမှာ စိုးရိမ်နေကြလို့ ဒီလိုလုပ်ခဲ့ကြတာလို့လည်း သိရပါတယ်။

“အန်ဒီဒီရေ… အာဆင်နယ်ကို ပြောင်းလာခဲ့ပါလားကွာ”လို့ ပရိသတ်တွေက ပြောရာမှာ ကစားသမားက “ခင်ဗျားတို့မှာ သောမတ်စ် ပါတေး ရှိနေသားပဲ။ သူက တကယ့်ကစားသမားကောင်းကြီးတစ်ယောက်လေ”လို့ တုံ့ပြန်ခဲ့ရာမှာ ပရိသတ်တွေက “အန်ဒီဒီနဲ့ ပါတေးတို့ အတွဲကို ငါတို့က လိုချင်တာ”လို့ ထပ်ပြီး စည်းရုံးခဲ့တာပါ။

အန်ဒီဒီက “အက်ဆီယန်နဲ့ မီခေးလ်တို့(ချဲလ်ဆီးကလို)အတွဲမျိုးလား”လို့ တုံ့ပြန်ခဲ့ရာမှာ ပရိသတ်တွေက “ဟုတ်တာပေါ့… ငါတို့ကွင်းလယ်လို စိတ်ချရအောင် သော့ခတ်သလိုလုပ်ထားချင်တာ”လို့ ဆိုခဲ့ပြီး ဘုရားသခင်အနေနဲ့ ဒါကို ဖြစ်လာခွင့် ပြုပေးပါလို့ ဆုတောင်းစကားကိုပါ ရေးသားသွားခဲ့တာ ဖြစ်ပြီး တွစ်တာမှာ ဒီဗီဒီယိုကို တင်သွားခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးကွင်းလယ်လူ အန်ဒီဒီအနေနဲ့ ကင်းပါဝါကွင်းကြီးမှာ သူ့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၄ နွေရာသီအထိ ရှိနေသေးပြီး ဒါကတော့ ဝယ်ယူလိုတဲ့ အသင်းတွေအတွက် သိပ်ပြီး အလေးသာဖို့ မရှိဘဲဖြစ်နေသလို မြေခွေးတွေအနေနဲ့ သူ့ကို ကြိုက်ဈေးခေါ်ပြီး ရောင်းချနိုင်မယ့် အနေအထားမှာ ရှိနေသေးတာပါ။

ဒဏ်ရာကြောင့် လက်စတာတို့အတွက် ပြန်ကစားနိုင်သေးဘဲ အနားယူနေခဲ့ရတဲ့ နိုင်ဂျီးရီးယားသားအနေနဲ့ ပါတေးအပေါ် လေးစားမှုပြခဲ့တာကို အာဆင်နယ်ပရိသတ်တွေက သဘောကျနေကြပြီး လာမယ့် ဒီဇင်ဘာလမှ အသက် ၂၅ နှစ်ပြည့်မယ့် ကွင်းလယ်လူကို ရေရှည်အတွက် အလိုရှိနေကြတာလည်းဖြစ်ပါတယ်။

အာဆင်နယ်ဘက်ကလည်း ဒီကစားသမားကို သဘောကျကြောင်း ပြသထားခဲ့ဖူးပြီး လက်ရှိဈေးကွက်မှာ ပေါင်သန်း ၅၀ အထက် ကျသင့်နိုင်တဲ့ အချက်ကြောင့်သာ လက်ရှောင်နေခဲ့တာဖြစ်သလို အသင်းရဲ့ စီးပွားရေးတွေ ပိုမိုပြေလည်လာရင် ခေါ်ယူနိုင်ပေမယ့် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အန်ဒီဒီရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႏိုင္ဂ်ီးရီးယားက အာဆင္နယ္ပရိသတ္ႏွစ္ဦးအေနနဲ႔ သူတို႔နဲ႔ ရင္းႏွီး ဆက္ဆံေရးမ်ိဳး ရွိပုံရတဲ့ ကြင္းလယ္လူ ဝီလ္ဖရီးဒ္ အန္ဒီဒီကို လက္စတာစီးတီးအသင္းကေန ထြက္ခြာၿပီး သူတို႔အသင္းဆီကို ေျပာင္းေ႐ႊ႕ဖို႔ စည္း႐ုံးခဲ့တဲ့ ဗီဒီယိုဖိုင္ ေပၚထြက္လာၿပီး သူတို႔ၾကား ေျပာစကားေတြနဲ႔ ေသာမတ္စ္ ပါေတးကို ေလးစားမႈ ျပသခဲ့တဲ့ စကားေတြက လူေျပာမ်ားေနခဲ့ၾကပါတယ္။

ေဒါက္တာ ကီလီခ်ီ အန္ယီကူဒီလို႔ အမည္ရတဲ့ ပရိသတ္နဲ႔ သူ႔ညီတို႔ဟာ အန္ဒီဒီနဲ႔ အျပင္မွာ ေတြ႕တုန္းမွာ စည္း႐ုံးခဲ့ပုံကို ဗီဒီယို ႐ိုက္ကူးထားခဲ့တာလည္းျဖစ္ၿပီး သူတို႔ႏွစ္ဦးအေနနဲ႔ လက္စတာရဲ႕ ႏိုင္ဂ်ီးရီးယားသားကို မန္ခ်က္စတာယူႏိုက္တက္ဆီကို ေရာက္သြားမွာ စိုးရိမ္ေနၾကလို႔ ဒီလိုလုပ္ခဲ့ၾကတာလို႔လည္း သိရပါတယ္။

“အန္ဒီဒီေရ… အာဆင္နယ္ကို ေျပာင္းလာခဲ့ပါလားကြာ”လို႔ ပရိသတ္ေတြက ေျပာရာမွာ ကစားသမားက “ခင္ဗ်ားတို႔မွာ ေသာမတ္စ္ ပါေတး ရွိေနသားပဲ။ သူက တကယ့္ကစားသမားေကာင္းႀကီးတစ္ေယာက္ေလ”လို႔ တုံ႔ျပန္ခဲ့ရာမွာ ပရိသတ္ေတြက “အန္ဒီဒီနဲ႔ ပါေတးတို႔ အတြဲကို ငါတို႔က လိုခ်င္တာ”လို႔ ထပ္ၿပီး စည္း႐ုံးခဲ့တာပါ။

အန္ဒီဒီက “အက္ဆီယန္နဲ႔ မီေခးလ္တို႔(ခ်ဲလ္ဆီးကလို)အတြဲမ်ိဳးလား”လို႔ တုံ႔ျပန္ခဲ့ရာမွာ ပရိသတ္ေတြက “ဟုတ္တာေပါ့… ငါတို႔ကြင္းလယ္လို စိတ္ခ်ရေအာင္ ေသာ့ခတ္သလိုလုပ္ထားခ်င္တာ”လို႔ ဆိုခဲ့ၿပီး ဘုရားသခင္အေနနဲ႔ ဒါကို ျဖစ္လာခြင့္ ျပဳေပးပါလို႔ ဆုေတာင္းစကားကိုပါ ေရးသားသြားခဲ့တာ ျဖစ္ၿပီး တြစ္တာမွာ ဒီဗီဒီယိုကို တင္သြားခဲ့တာျဖစ္ပါတယ္။

လက္စတာစီးတီးကြင္းလယ္လူ အန္ဒီဒီအေနနဲ႔ ကင္းပါဝါကြင္းႀကီးမွာ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းက ၂၀၂၄ ေႏြရာသီအထိ ရွိေနေသးၿပီး ဒါကေတာ့ ဝယ္ယူလိုတဲ့ အသင္းေတြအတြက္ သိပ္ၿပီး အေလးသာဖို႔ မရွိဘဲျဖစ္ေနသလို ေျမေခြးေတြအေနနဲ႔ သူ႔ကို ႀကိဳက္ေဈးေခၚၿပီး ေရာင္းခ်ႏိုင္မယ့္ အေနအထားမွာ ရွိေနေသးတာပါ။

ဒဏ္ရာေၾကာင့္ လက္စတာတို႔အတြက္ ျပန္ကစားႏိုင္ေသးဘဲ အနားယူေနခဲ့ရတဲ့ ႏိုင္ဂ်ီးရီးယားသားအေနနဲ႔ ပါေတးအေပၚ ေလးစားမႈျပခဲ့တာကို အာဆင္နယ္ပရိသတ္ေတြက သေဘာက်ေနၾကၿပီး လာမယ့္ ဒီဇင္ဘာလမွ အသက္ ၂၅ ႏွစ္ျပည့္မယ့္ ကြင္းလယ္လူကို ေရရွည္အတြက္ အလိုရွိေနၾကတာလည္းျဖစ္ပါတယ္။

အာဆင္နယ္ဘက္ကလည္း ဒီကစားသမားကို သေဘာက်ေၾကာင္း ျပသထားခဲ့ဖူးၿပီး လက္ရွိေဈးကြက္မွာ ေပါင္သန္း ၅၀ အထက္ က်သင့္ႏိုင္တဲ့ အခ်က္ေၾကာင့္သာ လက္ေရွာင္ေနခဲ့တာျဖစ္သလို အသင္းရဲ႕ စီးပြားေရးေတြ ပိုမိုေျပလည္လာရင္ ေခၚယူႏိုင္ေပမယ့္ ပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ အန္ဒီဒီရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.