Bundesliga Premier League Transfer News

တီမို ဗာနာဟာ လီဗာပူးလ္ထက္ ခ်ဲလ္ဆီးနဲ႔ မန္ယူကိုပဲ ေရြးခ်ယ္သင့္တယ္လို႔ ဟားဂရိဗ္စ္ အႀကံေပး

ပရီးမီးယားလိဂ္အသင္းႀကီးတုိင္းလိုလိုရဲ႕ စိတ္ဝင္စားမွဳကို ရရွိထားတဲ့ RB လိုက္ပ္ဇစ္တုိက္စစ္မွဴး တီမို ဗာနာအေနနဲ႔ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕မယ္ႀကံရင္ လီဗာပူးလ္အသင္းထက္ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းေတြကိုပဲ ဦးစားေပးအျဖစ္ ေရြးခ်ယ္သင့္တယ္လို႔ အိုဝင္ ဟားဂရိဗ္စ္က သုံးသပ္ေျပာၾကားလုိက္ပါတယ္။

ဘြန္ဒက္စ္လီဂါနဲ႔ ပရီးမီးယားလိဂ္မွာ ဘိုင္ယန္ျမဴးနစ္နဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းေတြအတြက္ အဓိက ကစားခဲ့ဖူးတဲ့ အဂၤလန္ လက္ေရြးစင္ေဟာင္း ဟားဂရိဗ္စ္ဟာ လက္ရွိမွာ ေဘာလုံးကၽြမ္းက်င္သူတစ္ဦးအျဖစ္ ေဆာင္ရြက္ေနၿပီး သူက ဗာနာအေနနဲ႔ လီဗာပူးလ္ကို ေရာက္လာရင္ဆုိတဲ့ အေနအထားကို တြက္ခ်က္ျပလုိက္ပါတယ္။

“ဟုတ္ပါၿပီ… ေျပာရရင္ေတာ့ သူဟာ လီဗာပူးလ္မွာ ကၽြန္ေတာ့္ရဲ႕ အႀကဳိက္ဆုံးကစားသမားျဖစ္တဲ့ ေဘာ္ဘီ(ေရာဘတ္တုိ) ဖာမီႏုိကို ေက်ာ္ၿပီး ပြဲထြက္ရဖို႔ေတာ့ ျဖစ္ႏုိင္ေျခ အလြန္နည္းပါတယ္။ သူဟာ ယာဂန္ ကေလာ့ပ္အတြက္ေတာ့ တုိက္စစ္သုံးဦးကို အလဲအလွယ္အသုံးျပဳဖို႔ အခြင့္အေရးေကာင္းျဖစ္လာႏုိင္ေပမယ့္ ပြဲထြက္အတြက္ေတာ့ အာမခံခ်က္ မရွိပါဘူး”လို႔ ဟားဂရိဗ္စ္က BT Sport ကို ေျပာပါတယ္။

ဒါေပမယ့္ ဟားဂရိဗ္စ္က အသက္ ၂၄ ႏွစ္အရြယ္ ဂ်ာမနီလက္ေရြးစင္တိုက္စစ္မွဴးအေနနဲ႔ အေထာင္တုိက္စစ္မွဴး နံပါတ္ ၉ ေကာင္းေကာင္းေတြ လိုအပ္ေနတဲ့ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းေတြကို သြားမယ္ဆုိရင္ေတာ့ အဓိက ကစားသမားျဖစ္လာလိမ့္မယ္လို႔ အႀကံေပးလုိက္ၿပီး ဗာနာဟာ လီဗာပူးလ္မွာ ဖာမီႏိုရဲ႕ လုပ္အားႏွဳန္းနဲ႔ အခန္းက႑ကိုေတာ့ ယွဥ္ႏိုင္မွာ မဟုတ္ဘူးလို႔လည္း ဆိုခဲ့တာပါ။

တီမို ဗာနာအတြက္ RB လုိက္ပ္ဇစ္နဲ႔ သေဘာတူညီထားခဲ့တဲ့ ယူ႐ိုသန္း ၆၀ နဲ႔ ေႏြရာသီမွာ ထြက္ခြာခြင့္ကေတာ့ ကုန္ဆုံးသြားခဲ့ၿပီျဖစ္ၿပီး ဒါကလည္း ကိုဗစ္-၁၉ ေၾကာင့္ အခ်ိန္မီ မကမ္းလွမ္းႏုိင္မွဳေတြေၾကာင့္ျဖစ္လို႔ ကစားသမားရဲ႕ အေျခအေနကို ေစာင့္ၾကည့္ၿပီး ထပ္မံခြင့္ျပဳသြားမလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ ဗာနာဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က မိုင့္ဇ္နဲ႔ ဘြန္ဒက္စ္လီဂါအေဝးကြင္းပြဲစဥ္မွာ အသင္းအတြက္ ဟက္ထရစ္သြင္းယူခဲ့ၿပီး ဒီရာသီ ႏွစ္ေက်ာ့စလုံးမွာ ဟက္ထရစ္ရယူႏုိင္ခဲ့တာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL & BT SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်အသင်းကြီးတိုင်းလိုလိုရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ RB လိုက်ပ်ဇစ်တိုက်စစ်မှူး တီမို ဗာနာအနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့မယ်ကြံရင် လီဗာပူးလ်အသင်းထက် ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေကိုပဲ ဦးစားပေးအဖြစ် ရွေးချယ်သင့်တယ်လို့ အိုဝင် ဟားဂရိဗ်စ်က သုံးသပ်ပြောကြားလိုက်ပါတယ်။

ဘွန်ဒက်စ်လီဂါနဲ့ ပရီးမီးယားလိဂ်မှာ ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေအတွက် အဓိက ကစားခဲ့ဖူးတဲ့ အင်္ဂလန် လက်ရွေးစင်ဟောင်း ဟားဂရိဗ်စ်ဟာ လက်ရှိမှာ ဘောလုံးကျွမ်းကျင်သူတစ်ဦးအဖြစ် ဆောင်ရွက်နေပြီး သူက ဗာနာအနေနဲ့ လီဗာပူးလ်ကို ရောက်လာရင်ဆိုတဲ့ အနေအထားကို တွက်ချက်ပြလိုက်ပါတယ်။

“ဟုတ်ပါပြီ… ပြောရရင်တော့ သူဟာ လီဗာပူးလ်မှာ ကျွန်တော့်ရဲ့ အကြိုက်ဆုံးကစားသမားဖြစ်တဲ့ ဘော်ဘီ(ရောဘတ်တို) ဖာမီနိုကို ကျော်ပြီး ပွဲထွက်ရဖို့တော့ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ သူဟာ ယာဂန် ကလော့ပ်အတွက်တော့ တိုက်စစ်သုံးဦးကို အလဲအလှယ်အသုံးပြုဖို့ အခွင့်အရေးကောင်းဖြစ်လာနိုင်ပေမယ့် ပွဲထွက်အတွက်တော့ အာမခံချက် မရှိပါဘူး”လို့ ဟားဂရိဗ်စ်က BT Sport ကို ပြောပါတယ်။

ဒါပေမယ့် ဟားဂရိဗ်စ်က အသက် ၂၄ နှစ်အရွယ် ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးအနေနဲ့ အထောင်တိုက်စစ်မှူး နံပါတ် ၉ ကောင်းကောင်းတွေ လိုအပ်နေတဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေကို သွားမယ်ဆိုရင်တော့ အဓိက ကစားသမားဖြစ်လာလိမ့်မယ်လို့ အကြံပေးလိုက်ပြီး ဗာနာဟာ လီဗာပူးလ်မှာ ဖာမီနိုရဲ့ လုပ်အားနှုန်းနဲ့ အခန်းကဏ္ဍကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုခဲ့တာပါ။

တီမို ဗာနာအတွက် RB လိုက်ပ်ဇစ်နဲ့ သဘောတူညီထားခဲ့တဲ့ ယူရိုသန်း ၆၀ နဲ့ နွေရာသီမှာ ထွက်ခွာခွင့်ကတော့ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ဒါကလည်း ကိုဗစ်-၁၉ ကြောင့် အချိန်မီ မကမ်းလှမ်းနိုင်မှုတွေကြောင့်ဖြစ်လို့ ကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်ပြီး ထပ်မံခွင့်ပြုသွားမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဗာနာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မိုင့်ဇ်နဲ့ ဘွန်ဒက်စ်လီဂါအဝေးကွင်းပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်သွင်းယူခဲ့ပြီး ဒီရာသီ နှစ်ကျော့စလုံးမှာ ဟက်ထရစ်ရယူနိုင်ခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL & BT SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.