Bundesliga La Liga Premier League Transfer News

ေကာ္တင္ညဳိအတြက္ ေဂ်ာ္ရက္ဘ္ခ်ီယန္နဲ႔ စကားေျပာဖို႔ လုပ္ေနတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ နည္းျပ မီခယ္လ္ အာတီတာရဲ႕ ေတာင္းဆုိမွဳေၾကာင့္ ဘာစီလိုနာကြင္းလယ္ကစားသမား ဖလိပီ ေကာ္တင္ညဳိကို ေခၚယူသြားဖို႔ စုံစမ္းေနၿပီး သူ႕ရဲ႕ ေအးဂ်င့္အျဖစ္ ေဆာင္ရြက္ေနတဲ့ အီရန္သူေဌး ကီရာ ေဂ်ာ္ရက္ဘ္ခ်ီယန္ဆီမွာ ေခၚယူႏုိင္ေျခနဲ႔ ပတ္သက္ၿပီး စုံစမ္းဖို႔ ရွိေနပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ ဒီကြင္းလယ္လူကို ဘုိင္ယန္ျမဴးနစ္ဆီကို တစ္ႏွစ္အငွားခ်ထားခဲ့ၿပီး ရာသီကုန္မွာ ေပါင္ ၁၀၅ သန္း (ယူ႐ိုသန္း ၁၂၀)နဲ႔ ေခၚယူဖို႔ စာခ်ဳပ္ခ်ဳပ္ဆုိထားေပမယ့္ ဘြန္ဒက္စ္လီဂါခ်န္ပီယံဘက္ကေတာ့ သူ႕ရဲ႕ ေျခစြမ္းနဲ႔ ေဈးႏွဳန္းကို သေဘာမက်ျဖစ္ေနတာေၾကာင့္ ေခၚယူဖို႔ ပ်က္ျပယ္မွာလည္း ျဖစ္ပါတယ္။

ကာတာလန္အသင္းဘက္ကေတာ့ သူတုိ႔ရဲ႕ ကစားသမားအမ်ားအျပားကို ဒီရာသီမွာ ရွင္းထုတ္ဖို႔ စီစဥ္ေနၿပီး ေရာင္းခ်လုိ႔ရတဲ့ ေငြေၾကးနဲ႔ ကစားသမားသစ္ေတြကို ေခၚယူဖို႔ စီစဥ္ေနတာျဖစ္ၿပီး ေကာ္တင္ညဳိကိုေတာ့ အာဆင္နယ္အသင္းအျပင္ ခ်ဲလ္ဆီးအသင္းကလည္း စိတ္ဝင္စားမွဳ ျပသထားတာပါ။

အသက္ ၂၇ ႏွစ္အရြယ္ ဘရာဇီးလ္လက္ေရြးစင္ကြင္းလယ္လူဟာ လီဗာပူးလ္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္မွာ ထင္ေပၚခဲ့လို႔ ဘာစီလိုနာက စင္ေတာ္ေကာက္ခဲ့တာျဖစ္ေပမယ့္ သူ႕ရဲ႕ ေျပာင္းေရႊ႕ေၾကးနဲ႔ ေမွ်ာ္လင့္ထားတဲ့ ေမွ်ာ္လင့္ခ်က္ေတြဟာ ဒမ္ဘီလီရဲ႕ ၿပဳိင္ဆုိင္မွဳနဲ႔ မက္ဆီနဲ႔ ကြင္းလယ္မွာ ကစားပုံခ်င္း လာထပ္ေနမွဳေတြေၾကာင့္ တျဖည္းျဖည္းနဲ႔ အံမဝင္တဲ့အသြင္ကို ကူးေျပာင္းသြားခဲ့တာလည္းျဖစ္ပါတယ္။

ဘာစီလိုနာအသင္းကေတာ့ သူ႕ကို ေရာင္းခ်ဖို႔ ေသခ်ာေနၿပီး မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ အာတီတာရဲ႕ အိပ္မက္ထဲက ကစားသမားလို႔ ဆုိထားတဲ့ ေကာ္တင္ညဳိကို အာဆင္နယ္တုိ႔ အငွားနဲ႔ စတင္ေခၚယူဖို႔ ပရီးမီးယားလိဂ္အသင္းေတြနဲ႔ ဆက္ဆံေရးေကာင္းေတြကို ပုိင္ဆုိင္ထားတဲ့ ေဂ်ာ္ရက္ဘ္ခ်ီယန္ရဲ႕ အကူအညီနဲ႔ လုပ္ေဆာင္သြားႏုိင္မလား ေစာင့္ၾကည့္ရဖို႔ရွိေနေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ နည်းပြ မီခယ်လ် အာတီတာရဲ့ တောင်းဆိုမှုကြောင့် ဘာစီလိုနာကွင်းလယ်ကစားသမား ဖလိပီ ကော်တင်ညိုကို ခေါ်ယူသွားဖို့ စုံစမ်းနေပြီး သူ့ရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ အီရန်သူဌေး ကီရာ ဂျော်ရက်ဘ်ချီယန်ဆီမှာ ခေါ်ယူနိုင်ခြေနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ ရှိနေပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဒီကွင်းလယ်လူကို ဘိုင်ယန်မြူးနစ်ဆီကို တစ်နှစ်အငှားချထားခဲ့ပြီး ရာသီကုန်မှာ ပေါင် ၁၀၅ သန်း (ယူရိုသန်း ၁၂၀)နဲ့ ခေါ်ယူဖို့ စာချုပ်ချုပ်ဆိုထားပေမယ့် ဘွန်ဒက်စ်လီဂါချန်ပီယံဘက်ကတော့ သူ့ရဲ့ ခြေစွမ်းနဲ့ ဈေးနှုန်းကို သဘောမကျဖြစ်နေတာကြောင့် ခေါ်ယူဖို့ ပျက်ပြယ်မှာလည်း ဖြစ်ပါတယ်။

ကာတာလန်အသင်းဘက်ကတော့ သူတို့ရဲ့ ကစားသမားအများအပြားကို ဒီရာသီမှာ ရှင်းထုတ်ဖို့ စီစဉ်နေပြီး ရောင်းချလို့ရတဲ့ ငွေကြေးနဲ့ ကစားသမားသစ်တွေကို ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပြီး ကော်တင်ညိုကိုတော့ အာဆင်နယ်အသင်းအပြင် ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားမှု ပြသထားတာပါ။

အသက် ၂၇ နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ထင်ပေါ်ခဲ့လို့ ဘာစီလိုနာက စင်တော်ကောက်ခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ ပြောင်းရွှေ့ကြေးနဲ့ မျှော်လင့်ထားတဲ့ မျှော်လင့်ချက်တွေဟာ ဒမ်ဘီလီရဲ့ ပြိုင်ဆိုင်မှုနဲ့ မက်ဆီနဲ့ ကွင်းလယ်မှာ ကစားပုံချင်း လာထပ်နေမှုတွေကြောင့် တဖြည်းဖြည်းနဲ့ အံမဝင်တဲ့အသွင်ကို ကူးပြောင်းသွားခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ သူ့ကို ရောင်းချဖို့ သေချာနေပြီး မီဒီယာတွေရဲ့ ဖော်ပြချက်အရ အာတီတာရဲ့ အိပ်မက်ထဲက ကစားသမားလို့ ဆိုထားတဲ့ ကော်တင်ညိုကို အာဆင်နယ်တို့ အငှားနဲ့ စတင်ခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်းတွေနဲ့ ဆက်ဆံရေးကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ဂျော်ရက်ဘ်ချီယန်ရဲ့ အကူအညီနဲ့ လုပ်ဆောင်သွားနိုင်မလား စောင့်ကြည့်ရဖို့ရှိနေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.