Premier League

ကောက်စားလို့ နာမည်ကြီးနေတာကို မုန်းတယ်လို့ ပြောလိုက်တဲ့ လူကာကူး

ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူးဟာ လက်ရှိ ဘောလုံးလောကမှာ အကောင်းဆုံး ကျောနံပါတ် ၉ တွေထဲက တစ်ဦးအဖြစ် အခိုင်အမာရပ်တည်နေပေမယ့် ကောက်စားလို့ နာမည်ကြီးနေတာကို မုန်းတီးနေပြီး ကျန်တာတွေကိုလည်း လုပ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

လူကာကူးဟာ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံး ကျောနံပါတ် ၉ ထဲက တစ်ဦးဖြစ်ပေမယ့် ချဲလ်ဆီးတိုက်စစ်မှူးဟာ ၎င်းရဲ့ ကောက်စားဆိုတဲ့ နာမည်ကို မုန်းတီးနေပြီး ၎င်းဟာ ပြိုင်ဘက်ကစားသမားတွေနဲ့ ရင်ဆိုင်တဲ့အခါမှာ အန္တရာယ်အရှိဆုံးဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ကလပ်အသင်းအဆင့်မှာ စုစုပေါင်း သွင်းဂိုး ၂၅၅ ဂိုးနဲ့ နိုင်ငံတကာအဆင့်မှာ ၆၇ ဂိုး သွင်းယူပေးထားပြီး ထူးခြားတဲ့ စံချိန်ကို ပိုင်ဆိုင်ထားတာစြဖ်ပါတယ်။

လူကာကူးဟာ ပရီးမီးယားလိဂ်တပ်မှူး၊ စီးရီးအေဖလားအနိုင်ရရှိသူနဲ့ လက်ရွေးစင်အသင်းအတွက် တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပေမယ့် ဘယ်လ်ဂျီယံတိုက်စစ်မှူးက ၎င်းဟာ ဂိုးသွင်းတာထက် အများကြီးပိုတဲ့အရာတွေကိုလည်း လုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသချင်နေတာဖြစ်ပါတယ်။

“ကျွန်တော့်ခန္ဓာကိုယ်တည်ဆောက်ပုံက တော်တော်လေးကြီးမားပါတယ်။ အားလုံးက ကျွန်တော့်ကို အထောင်တိုက်စစ်မှူး ပုံစံမျိုးလို့ တွေးကြမှာပါ။ ဘောလုံးကို ယူပြီး ဂိုးထဲ တန်းကန်တဲ့သူမျိုးပေါ့။ ဒါပေမယ့် ကျွန်တော် အဲဒီလိုပုံစံမျိုး ဘယ်တုန်းကမှ မကစားခဲ့ဘဲ အဲဒီလို ကစားတာကို မုန်းတီးပါတယ်”

“ကျွန်တော့်ရဲ့ အကြီးမားဆုံး အားသာချက်က ဂိုးဆီကို မျက်နှာချင်းဆိုင်တဲ့အခါမှာ အန္တရာယ်ကြီးတာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်က အဲဒီအချိန်တွေမှာဆို မှားယွင်းတဲ့ရွေးချယ်မှုတွေ ပြုလုပ်ခဲတာကြောင့်မို့လို့ပါ”

“ကျွန်တော် ဘောလုံးကို ပေးပို့ပြီးနောက်မှာ ပင်နယ်တီဧရိယာထဲမှာ ဘယ်နား နေရာယူရမလဲဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော် တခြားအရာတွေလည်း လုပ်နိုင်ပြီး အချို့ပွဲစဉ်တွေမှာ ခံစစ်နောက်ဘက် နေရာလွတ်တွေ အများကြီးရှိနေတယ်ဆိုတာ သိလိုက်ရပြီဆိုတာနဲ့ ကျွန်တော် မတူညီတဲ့ပုံစံနဲ့ ကစားပါတယ်”

“ကျွန်တော် ဂိုးသွင်းနှုန်းကောင်းရတဲ့ အကြောင်းအရင်းက တခြား တာဝန်တွေကိုလည်း လုပ်ဆောင်နိုင်တာကြောင့်ပါ”လို့ ပြောကြားခဲ့ပါတယ်။ လူကာကူးဟာ လက်ရှိ သူရောက်ရှိနေတဲ့ အဆင့်အတန်းကို ရောက်ဖို့အတွက် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရသူဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘယ်လ်ဂျီယံကြယ်ပွင့်တိုက်စစ်မှူးကို ပေါင် ၉၈ သန်းနဲ့ ခေါ်ယူခဲ့ပြီး အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်စေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘယ္လ္ဂ်ီယံတိုက္စစ္မႉး လူကာကူးဟာ လက္ရွိ ေဘာလုံးေလာကမွာ အေကာင္းဆုံး ေက်ာနံပါတ္ ၉ ေတြထဲက တစ္ဦးအျဖစ္ အခိုင္အမာရပ္တည္ေနေပမယ့္ ေကာက္စားလို႔ နာမည္ႀကီးေနတာကို မုန္းတီးေနၿပီး က်န္တာေတြကိုလည္း လုပ္နိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လူကာကူးဟာ ကမၻာ့ေဘာလုံးေလာကမွာ အေကာင္းဆုံး ေက်ာနံပါတ္ ၉ ထဲက တစ္ဦးျဖစ္ေပမယ့္ ခ်ဲလ္ဆီးတိုက္စစ္မႉးဟာ ၎ရဲ့ ေကာက္စားဆိုတဲ့ နာမည္ကို မုန္းတီးေနၿပီး ၎ဟာ ၿပိဳင္ဘက္ကစားသမားေတြနဲ႔ ရင္ဆိုင္တဲ့အခါမွာ အႏၲရာယ္အရွိဆုံးျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံတိုက္စစ္မႉးဟာ ကလပ္အသင္းအဆင့္မွာ စုစုေပါင္း သြင္းဂိုး ၂၅၅ ဂိုးနဲ႔ နိုင္ငံတကာအဆင့္မွာ ၆၇ ဂိုး သြင္းယူေပးထားၿပီး ထူးျခားတဲ့ စံခ်ိန္ကို ပိုင္ဆိုင္ထားတာျစဖ္ပါတယ္။

လူကာကူးဟာ ပရီးမီးယားလိဂ္တပ္မႉး၊ စီးရီးေအဖလားအနိုင္ရရွိသူနဲ႔ လက္ေရြးစင္အသင္းအတြက္ တသက္တာထိပ္တန္းဂိုးသြင္းရွင္ျဖစ္ေပမယ့္ ဘယ္လ္ဂ်ီယံတိုက္စစ္မႉးက ၎ဟာ ဂိုးသြင္းတာထက္ အမ်ားႀကီးပိုတဲ့အရာေတြကိုလည္း လုပ္ေဆာင္နိုင္တယ္ဆိုတာကို ျပသခ်င္ေနတာျဖစ္ပါတယ္။

“ကၽြန္ေတာ့္ခႏၶာကိုယ္တည္ေဆာက္ပုံက ေတာ္ေတာ္ေလးႀကီးမားပါတယ္။ အားလုံးက ကၽြန္ေတာ့္ကို အေထာင္တိုက္စစ္မႉး ပုံစံမ်ိဳးလို႔ ေတြးၾကမွာပါ။ ေဘာလုံးကို ယူၿပီး ဂိုးထဲ တန္းကန္တဲ့သူမ်ိဳးေပါ့။ ဒါေပမယ့္ ကၽြန္ေတာ္ အဲဒီလိုပုံစံမ်ိဳး ဘယ္တုန္းကမွ မကစားခဲ့ဘဲ အဲဒီလို ကစားတာကို မုန္းတီးပါတယ္”

“ကၽြန္ေတာ့္ရဲ့ အႀကီးမားဆုံး အားသာခ်က္က ဂိုးဆီကို မ်က္ႏွာခ်င္းဆိုင္တဲ့အခါမွာ အႏၲရာယ္ႀကီးတာပဲ။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္က အဲဒီအခ်ိန္ေတြမွာဆို မွားယြင္းတဲ့ေရြးခ်ယ္မႈေတြ ျပဳလုပ္ခဲတာေၾကာင့္မို႔လို႔ပါ”

“ကၽြန္ေတာ္ ေဘာလုံးကို ေပးပို႔ၿပီးေနာက္မွာ ပင္နယ္တီဧရိယာထဲမွာ ဘယ္နား ေနရာယူရမလဲဆိုတာ ကၽြန္ေတာ္ သိတယ္။ ကၽြန္ေတာ္ တျခားအရာေတြလည္း လုပ္နိုင္ၿပီး အခ်ိဳ႕ပြဲစဥ္ေတြမွာ ခံစစ္ေနာက္ဘက္ ေနရာလြတ္ေတြ အမ်ားႀကီးရွိေနတယ္ဆိုတာ သိလိုက္ရၿပီဆိုတာနဲ႔ ကၽြန္ေတာ္ မတူညီတဲ့ပုံစံနဲ႔ ကစားပါတယ္”

“ကၽြန္ေတာ္ ဂိုးသြင္းႏႈန္းေကာင္းရတဲ့ အေၾကာင္းအရင္းက တျခား တာဝန္ေတြကိုလည္း လုပ္ေဆာင္နိုင္တာေၾကာင့္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ လူကာကူးဟာ လက္ရွိ သူေရာက္ရွိေနတဲ့ အဆင့္အတန္းကို ေရာက္ဖို႔အတြက္ ျပင္းျပင္းထန္ထန္ ႀကိဳးစားခဲ့ရသူျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘယ္လ္ဂ်ီယံၾကယ္ပြင့္တိုက္စစ္မႉးကို ေပါင္ ၉၈ သန္းနဲ႔ ေခၚယူခဲ့ၿပီး အသင္းရဲ့ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးရွင္ျဖစ္ေစခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.