Premier League Transfer News

6 Oct နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းက စိတ်ဝင်စားနေခဲ့တဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ချ်ဟာ ဖလော့ရင့်ကလပ်ဘက်က ကမ်းလှမ်းတဲ့ စာချုပ်သစ်ကို ပယ်ချထားခဲ့တယ်လို့ သိရပြီး ၂၀၂၃ ခုနှစ်အထိ စာချုပ်ရှိနေသေးတဲ့ အသက် ၂၁ နှစ်အရွယ် ဆာဘီးယားသားအနေနဲ့ အသင်းကြီးတွေကို ပြောင်းရွှေ့လိုနေတာကြောင့် အမ်းမရိတ်ကို ဆွဲဆောင်စည်းရုံးနိုင်ဖို့ အားသာချက်ရှိလာ။

– အင်္ဂလန်အသင်းရဲ့ အန်ဒိုရာနဲ့ ကစားမယ့် ပွဲစဉ်မှာ ဘူကာယို ဆာကာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပြီး အာဆင်နယ်နဲ့ ဘရိုက်တန်တို့ ပွဲစဉ်မှာ ဒဏ်ရာအနည်းငယ် ရရှိထားခဲ့တဲ့ လူငယ်တောင်ပံသမားအနေနဲ့ လက်ရွေးစင်အသင်းရဲ့ ထရိန်နင်ကို တခြားကစားသမား ၃ ဦးနဲ့ အတူ လွဲချော်ထားခဲ့ကြောင်း သိရ။

– ဘာစီလိုနာအသင်းအနေနဲ့ လာမယ့် ဇန်နဝါရီမှာ မန်ချက်စတာစီးတီးအသင်းရဲ့ အရန်လိုဖြစ်နေတဲ့ တောင်ပံတိုက်စစ်မှူး ရာဟင်းမ် စတာလင်ကို အငှားနဲ့ ခေါ်ယူသွားဖို့ ဦးစားပေး ပစ်မှတ်အဖြစ် ကြိုးစားနေတာကြောင့် အာဆင်နယ်တို့အနေနဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို နူးကမ့်ဆီ အစွံထုတ်နိုင်ဖို့က ထင်သလောက် မလွယ်ဘူးလို့ ဆိုနေကြ။

– အာဆင်နယ်အသင်းရဲ့ ဘယ်နောက်ခံလူဟောင်းကြီး နိုက်ဂျယ်လ် ဝင်းတားဘန်းက ဦးစားပေးနေရာကနေ လျော့ကျခဲ့ရတဲ့ ဂိုးသမား ဘန်းဒ် လီနိုအနေနဲ့ အမ်းမရိတ်ကနေ ထွက်ခွာဖို့ သေချာသလောက်ရှိတယ်လို့ ပြောကြားလိုက်ပြီး ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ အသင်းက ထွက်ခွာသွားဖို့တော့ သည်းခံစောင့်ဆိုင်းရနိုင်တယ်လို့ သုံးသပ်။

– အာဆင်နယ်အသင်းအနေနဲ့ သုံးရာသီဆက်တိုက် အငှားချထားခဲ့တဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာရဲ့ ခြေစွမ်းတွေကို အနီးကပ် စောင့်ကြည့်ရာမှာ ကျေနပ်မှု ရရှိခဲ့ပြီး မာဆေးလ်အသင်းအတွက် ပွဲတိုင်းပွဲထွက်ခွင့်နဲ့ သွားရောက်ကစားနေတဲ့ ပြင်သစ်လူငယ်ကို လာမယ့် ရာသီမှာ အသင်းကြီးနဲ့ ကစားခွင့် ပေးတော့မှာဖြစ်ကြောင်း အသိပေးထား။

– ဂရိကလပ် ဂီယန်နီနာကနေ အသင်းရဲ့ ကင်းထောက်ချုပ်ဟောင်း မစ်စ်လင်တက်ရဲ့ ခေါ်ယူမှုဖြစ်ပြီး လက်ရှိမှာလည်း သူရှိရာ အသင်းကို အငှားနဲ့ ခေါ်ယူထားတဲ့ နောက်ခံလူ ဒီနို့စ် မာဗရိုပါနို့စ်ကို စတုဂတ်တို့အနေနဲ့ ရာသီကုန်မှာ ယူရို ၃ သန်းနဲ့ ခေါ်ယူရဖွယ်ရှိနေပြီး ဂျာမန် ကလပ်အနေနဲ့ ဘွန်ဒက်စ်လီဂါမှာ ဆက်ရှိရင် အပြီးသတ် ခေါ်ယူရမယ့်အချက်ကို အာဆင်နယ်တို့ ထည့်သွင်းထားခဲ့တာကြောင့်လို့ သိရ။

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူးတွေဖြစ်ကြတဲ့ အိုလီ ဝပ်ကင်းစ်နဲ့ ဒေါမနစ် ကဲလ်ဗတ်-လူဝင်တို့ကို ခေါ်ယူမယ့် အစီအစဉ်ကို သိပ်ပြီး သဘောမကျဘူးလို့ သိရပြီး နိုင်ငံပြင်ပက တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ရဲ့ ကာရင်မ် အဒီယီမီနဲ့ ရီးရဲလ် ဆိုစီဒက်ရဲ့ အလက်ဇန်းဒါး အီဆက်ခ်တို့ကိုပဲ အလိုရှိနေကြ။

– အမ်းမရိတ်ရဲ့ ပရိသတ်အချစ်တော် ဘရာဇီးလ်သား ဂါဘရီယယ်လ် မာတီနယ်လီအနေနဲ့ အသင်းကနေ ထွက်ခွာဖို့ တာဝန်ရှိသူတွေကို တောင်းဆိုထားခဲ့ပြီး သူ့ကို နေရာမပေးတဲ့ နည်းပြ မီခယ်လ် အာတီတာရဲ့ အစီအစဉ်တွေကို စိတ်ကုန်နေသလို ကစားခွင့်ရရှိဖို့အတွက် ဆာကာနဲ့ စမစ်ရိုးတို့ကို မယှဉ်နိုင်မှုအပေါ် စိတ်ပျက်နေပြီး အငှားနဲ့ စတင်ထွက်ခွာဖို့ အလိုရှိနေ။

– အာဆင်နယ်အသင်းပိုင်ရှင် စတန် ခရိုယန်ကီအနေနဲ့ အသင်းအပေါ် စိတ်သဘောထားပြောင်းလဲလာပြီလို့ ပရိသတ်တွေက မှတ်ချက်ပြုနေကြပြီး ဆောင်းရာသီမှာလည်း နည်းပြ အာတီတာအတွက် အသုံးစရိတ် ထပ်မံခွင့်ပြုဖွယ်ရှိနေသလို တိုက်စစ်မှူးတစ်ဦး အားဖြည့်ဖို့ ငွေထုတ်ပေးသွားမယ်လို့ သတင်းထွက်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းက စိတ္ဝင္စားေနခဲ့တဲ့ ဖီအိုရင္တီးနားတိုက္စစ္မႉး ဒူရွန္ ဗလာဟိုဗစ္ခ်္ဟာ ဖေလာ့ရင့္ကလပ္ဘက္က ကမ္းလွမ္းတဲ့ စာခ်ဳပ္သစ္ကို ပယ္ခ်ထားခဲ့တယ္လို႔ သိရၿပီး ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ရွိေနေသးတဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ဆာဘီးယားသားအေနနဲ႔ အသင္းႀကီးေတြကို ေျပာင္းေ႐ႊ႕လိုေနတာေၾကာင့္ အမ္းမရိတ္ကို ဆြဲေဆာင္စည္း႐ုံးႏိုင္ဖို႔ အားသာခ်က္ရွိလာ။

– အဂၤလန္အသင္းရဲ႕ အန္ဒိုရာနဲ႔ ကစားမယ့္ ပြဲစဥ္မွာ ဘူကာယို ဆာကာ ပါဝင္ႏိုင္မွာ မဟုတ္ဘူးလို႔ သိရၿပီး အာဆင္နယ္နဲ႔ ဘ႐ိုက္တန္တို႔ ပြဲစဥ္မွာ ဒဏ္ရာအနည္းငယ္ ရရွိထားခဲ့တဲ့ လူငယ္ေတာင္ပံသမားအေနနဲ႔ လက္ေ႐ြးစင္အသင္းရဲ႕ ထရိန္နင္ကို တျခားကစားသမား ၃ ဦးနဲ႔ အတူ လြဲေခ်ာ္ထားခဲ့ေၾကာင္း သိရ။

– ဘာစီလိုနာအသင္းအေနနဲ႔ လာမယ့္ ဇန္နဝါရီမွာ မန္ခ်က္စတာစီးတီးအသင္းရဲ႕ အရန္လိုျဖစ္ေနတဲ့ ေတာင္ပံတိုက္စစ္မႉး ရာဟင္းမ္ စတာလင္ကို အငွားနဲ႔ ေခၚယူသြားဖို႔ ဦးစားေပး ပစ္မွတ္အျဖစ္ ႀကိဳးစားေနတာေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို ႏူးကမ့္ဆီ အစြံထုတ္ႏိုင္ဖို႔က ထင္သေလာက္ မလြယ္ဘူးလို႔ ဆိုေနၾက။

– အာဆင္နယ္အသင္းရဲ႕ ဘယ္ေနာက္ခံလူေဟာင္းႀကီး ႏိုက္ဂ်ယ္လ္ ဝင္းတားဘန္းက ဦးစားေပးေနရာကေန ေလ်ာ့က်ခဲ့ရတဲ့ ဂိုးသမား ဘန္းဒ္ လီႏိုအေနနဲ႔ အမ္းမရိတ္ကေန ထြက္ခြာဖို႔ ေသခ်ာသေလာက္ရွိတယ္လို႔ ေျပာၾကားလိုက္ၿပီး ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလမွာ အသင္းက ထြက္ခြာသြားဖို႔ေတာ့ သည္းခံေစာင့္ဆိုင္းရႏိုင္တယ္လို႔ သုံးသပ္။

– အာဆင္နယ္အသင္းအေနနဲ႔ သုံးရာသီဆက္တိုက္ အငွားခ်ထားခဲ့တဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာရဲ႕ ေျခစြမ္းေတြကို အနီးကပ္ ေစာင့္ၾကည့္ရာမွာ ေက်နပ္မႈ ရရွိခဲ့ၿပီး မာေဆးလ္အသင္းအတြက္ ပြဲတိုင္းပြဲထြက္ခြင့္နဲ႔ သြားေရာက္ကစားေနတဲ့ ျပင္သစ္လူငယ္ကို လာမယ့္ ရာသီမွာ အသင္းႀကီးနဲ႔ ကစားခြင့္ ေပးေတာ့မွာျဖစ္ေၾကာင္း အသိေပးထား။

– ဂရိကလပ္ ဂီယန္နီနာကေန အသင္းရဲ႕ ကင္းေထာက္ခ်ဳပ္ေဟာင္း မစ္စ္လင္တက္ရဲ႕ ေခၚယူမႈျဖစ္ၿပီး လက္ရွိမွာလည္း သူရွိရာ အသင္းကို အငွားနဲ႔ ေခၚယူထားတဲ့ ေနာက္ခံလူ ဒီႏို႔စ္ မာဗ႐ိုပါႏို႔စ္ကို စတုဂတ္တို႔အေနနဲ႔ ရာသီကုန္မွာ ယူ႐ို ၃ သန္းနဲ႔ ေခၚယူရဖြယ္ရွိေနၿပီး ဂ်ာမန္ ကလပ္အေနနဲ႔ ဘြန္ဒက္စ္လီဂါမွာ ဆက္ရွိရင္ အၿပီးသတ္ ေခၚယူရမယ့္အခ်က္ကို အာဆင္နယ္တို႔ ထည့္သြင္းထားခဲ့တာေၾကာင့္လို႔ သိရ။

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ အသင္းရဲ႕ အဂၤလန္တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ အိုလီ ဝပ္ကင္းစ္နဲ႔ ေဒါမနစ္ ကဲလ္ဗတ္-လူဝင္တို႔ကို ေခၚယူမယ့္ အစီအစဥ္ကို သိပ္ၿပီး သေဘာမက်ဘူးလို႔ သိရၿပီး ႏိုင္ငံျပင္ပက တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ရဲ႕ ကာရင္မ္ အဒီယီမီနဲ႔ ရီးရဲလ္ ဆိုစီဒက္ရဲ႕ အလက္ဇန္းဒါး အီဆက္ခ္တို႔ကိုပဲ အလိုရွိေနၾက။

– အမ္းမရိတ္ရဲ႕ ပရိသတ္အခ်စ္ေတာ္ ဘရာဇီးလ္သား ဂါဘရီယယ္လ္ မာတီနယ္လီအေနနဲ႔ အသင္းကေန ထြက္ခြာဖို႔ တာဝန္ရွိသူေတြကို ေတာင္းဆိုထားခဲ့ၿပီး သူ႔ကို ေနရာမေပးတဲ့ နည္းျပ မီခယ္လ္ အာတီတာရဲ႕ အစီအစဥ္ေတြကို စိတ္ကုန္ေနသလို ကစားခြင့္ရရွိဖို႔အတြက္ ဆာကာနဲ႔ စမစ္႐ိုးတို႔ကို မယွဥ္ႏိုင္မႈအေပၚ စိတ္ပ်က္ေနၿပီး အငွားနဲ႔ စတင္ထြက္ခြာဖို႔ အလိုရွိေန။

– အာဆင္နယ္အသင္းပိုင္ရွင္ စတန္ ခ႐ိုယန္ကီအေနနဲ႔ အသင္းအေပၚ စိတ္သေဘာထားေျပာင္းလဲလာၿပီလို႔ ပရိသတ္ေတြက မွတ္ခ်က္ျပဳေနၾကၿပီး ေဆာင္းရာသီမွာလည္း နည္းျပ အာတီတာအတြက္ အသုံးစရိတ္ ထပ္မံခြင့္ျပဳဖြယ္ရွိေနသလို တိုက္စစ္မႉးတစ္ဦး အားျဖည့္ဖို႔ ေငြထုတ္ေပးသြားမယ္လို႔ သတင္းထြက္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.