Premier League Transfer News

ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဘာအတြက္ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ညႇိႏွဳိင္းေနတဲ့ ႐ိုင္ယိုလာ

မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို အသင္းကေန ထြက္ခြာၿပီး ဂ်ဴဗင္တပ္စ္အသင္းကို ျပန္လည္ ေျပာင္းေရႊ႕ေစလိုေနတဲ့ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာအေနနဲ႔ သူ႕ကစားသမားအတြက္ ပုဂၢဳိလ္ေရးဆုိင္ရာကိစၥေတြကို တူရင္အသင္းဆီ ညႇိႏွဳိင္းေနတယ္လုိ႔ ဆုိပါတယ္။

ယူႏုိက္တက္နဲ႔ သိပ္ၿပီး အေစးမကပ္ေတာ့သလို ပရိသတ္ေတြကလည္း သိပ္ၿပီး အျမင္မၾကည္လင္ေတာ့တဲ့ ေပါ့ဘာအတြက္ အစားထိုးမွဳေတြ စဥ္းစားထားခဲ့ၿပီးျဖစ္သလို ဇန္နဝါရီက ေရာက္ရွိလာခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ကလည္း ေျခစြမ္းျပသေနတဲ့အတြက္ ေရာင္းခ်ခဲ့ရင္လည္း လြမ္းေလာက္စရာ သိပ္မရွိတဲ့ အေနအထားလည္းျဖစ္ပါတယ္။

အသင္းရဲ႕ လူစာရင္းကေန ဒဏ္ရာေတြ၊ ၿပီးေတာ့ ကိုဗစ္-၁၉ ေၾကာင့္ ပြဲေတြ ရပ္နားထားေတြေၾကာင့္ အခ်ိန္ေတာ္ေတာ္ၾကာၾကာ ေဝးကြာေနတဲ့ ေပါ့ဘာအတြက္ အစားထိုးဖို႔ အက္သလက္တီကို မက္ဒရစ္ရဲ႕ ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္နဲ႔လည္း သေဘာတူညီမွဳ ရရွိဖို႔ နီးစပ္ေနခ်ိန္မွာ ႐ိုင္ယိုလာရဲ႕ သူ႕အလုပ္သူလုပ္ေနတာကေတာ့ ယူႏုိက္တက္အတြက္ အျပဳသေဘာကိုပဲ ေဆာင္ဖို႔က မ်ားေနပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ေတာ့ ေပါ့ဘာအတြက္ ေငြသားသက္သက္ကိုသာ အလိုရွိေနႏုိင္ၿပီး ဂ်ဴဗင္တပ္စ္အသင္းဘက္က ျပန္လည္အလုိက္ေပးႏိုင္တဲ့ အာရြန္ ရမ္ေဆးနဲ႔ အက္ဒရီယင္ ရာဘီယိုတုိ႔ဟာ အသင္းရဲ႕ ကစားကြက္၊ ပရိသတ္ေတြနဲ႔ အံမဝင္ႏုိင္ဖို႔ မ်ားတာေၾကာင့္ ႐ိုင္ယိုလာအေနနဲ႔ေတာ့ အီတလီကလပ္ဘက္ကို အေတာ္ေလး စည္း႐ုံးရဖို႔လည္း ရွိပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းမွာ ၂၀၁၂ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အထိ ကစားခဲ့ဖူးတဲ့ ေပါ့ဘာအေနနဲ႔ တူရင္ကို ေရာက္ရင္ေတာ့ လက္ရွိယူႏုိက္တက္မွာ ရရွိေနတဲ့ လစာထက္ အနည္းငယ္ ေလွ်ာ့ယူရဖို႔ရွိေနၿပီး သူ႕ရဲ႕ ေအာင္ေျမျဖစ္ခဲ့တဲ့ အီတလီကို ျပန္ဖို႔အတြက္ ကစားသမားဘက္ကလည္း လိုက္ေလ်ာသြားဖြယ္ရွိေနေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို အသင်းကနေ ထွက်ခွာပြီး ဂျူဗင်တပ်စ်အသင်းကို ပြန်လည် ပြောင်းရွှေ့စေလိုနေတဲ့ အေးဂျင့် မီနို ရိုင်ယိုလာအနေနဲ့ သူ့ကစားသမားအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတွေကို တူရင်အသင်းဆီ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

ယူနိုက်တက်နဲ့ သိပ်ပြီး အစေးမကပ်တော့သလို ပရိသတ်တွေကလည်း သိပ်ပြီး အမြင်မကြည်လင်တော့တဲ့ ပေါ့ဘာအတွက် အစားထိုးမှုတွေ စဉ်းစားထားခဲ့ပြီးဖြစ်သလို ဇန်နဝါရီက ရောက်ရှိလာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကလည်း ခြေစွမ်းပြသနေတဲ့အတွက် ရောင်းချခဲ့ရင်လည်း လွမ်းလောက်စရာ သိပ်မရှိတဲ့ အနေအထားလည်းဖြစ်ပါတယ်။

အသင်းရဲ့ လူစာရင်းကနေ ဒဏ်ရာတွေ၊ ပြီးတော့ ကိုဗစ်-၁၉ ကြောင့် ပွဲတွေ ရပ်နားထားတွေကြောင့် အချိန်တော်တော်ကြာကြာ ဝေးကွာနေတဲ့ ပေါ့ဘာအတွက် အစားထိုးဖို့ အက်သလက်တီကို မက်ဒရစ်ရဲ့ ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်နဲ့လည်း သဘောတူညီမှု ရရှိဖို့ နီးစပ်နေချိန်မှာ ရိုင်ယိုလာရဲ့ သူ့အလုပ်သူလုပ်နေတာကတော့ ယူနိုက်တက်အတွက် အပြုသဘောကိုပဲ ဆောင်ဖို့က များနေပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့တော့ ပေါ့ဘာအတွက် ငွေသားသက်သက်ကိုသာ အလိုရှိနေနိုင်ပြီး ဂျူဗင်တပ်စ်အသင်းဘက်က ပြန်လည်အလိုက်ပေးနိုင်တဲ့ အာရွန် ရမ်ဆေးနဲ့ အက်ဒရီယင် ရာဘီယိုတို့ဟာ အသင်းရဲ့ ကစားကွက်၊ ပရိသတ်တွေနဲ့ အံမဝင်နိုင်ဖို့ များတာကြောင့် ရိုင်ယိုလာအနေနဲ့တော့ အီတလီကလပ်ဘက်ကို အတော်လေး စည်းရုံးရဖို့လည်း ရှိပါတယ်။

ဂျူဗင်တပ်စ်အသင်းမှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ကစားခဲ့ဖူးတဲ့ ပေါ့ဘာအနေနဲ့ တူရင်ကို ရောက်ရင်တော့ လက်ရှိယူနိုက်တက်မှာ ရရှိနေတဲ့ လစာထက် အနည်းငယ် လျှော့ယူရဖို့ရှိနေပြီး သူ့ရဲ့ အောင်မြေဖြစ်ခဲ့တဲ့ အီတလီကို ပြန်ဖို့အတွက် ကစားသမားဘက်ကလည်း လိုက်လျောသွားဖွယ်ရှိနေကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.