Analysis Premier League

ပေါလ် မာဆန်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၇)အတွက် ခန့်မှန်းမှုများ

မန်ချက်စတာယူနိုက်တက် Vs အဲဗာတန်
မန်ချက်စတာယူနိုက်တက်တို့ ဘယ်လောက်ကံကောင်းမလဲပဲ ထပ်ကြည့်ရမှာပါ။ ပြီးခဲ့တဲ့ပွဲက သူတို့ကို ဗီလာရီးရဲလ်က ဘောလုံး ဘယ်လို ကစားရမယ်ဆိုတာကို ပြသွားပြီးပါပြီ။ ဒါပေမယ့် သူတို့အနေနဲ့ တိုက်ပွဲဝင်ခဲ့ကြတာကိုတော့ အသိအမှတ်ပြုရမှာဖြစ်ပြီး နောက်ဆုံးမိနစ်မှာ နိုင်ပွဲရခဲ့ပါတယ်။ အဲဗာတန်ကတော့ သူတို့ရဲ့ ပုံစံကောင်းတွေကို ဒဏ်ရာပြဿနာတွေက ဖျက်ဆီးနေခဲ့တာပါ။ တကယ်လို့ ဒီတစ်ပတ် အိုးလ်ထရက်ဖို့ဒ်မှာ သူတို့တွေအနေနဲ့ လူစုံထုတ်လာနိုင်မယ်ဆိုရင်တော့ မန်ချက်စတာယူနိုက်တက်ကို ခေါင်းကိုက်စေပါလိမ့်မယ်။ အိမ်ရှင်တွေ နှစ်ဂိုး-တစ်ဂိုးလောက်နဲ့ အနိုင်ရဖို့ မျှော်လင့်ပါတယ်။ (မန်ချက်စတာယူနိုက်တက် ၂-၁ အဲဗာတန်)

ချဲလ်ဆီး Vs ဆောက်သမ်တန်
ပြီးခဲ့တဲ့ပွဲမှာ ဝုလ်ဗ်စ်ကို အိမ်ကွင်းမှာ တစ်ဂိုးတည်းနဲ့ ရှုံးထားပြီး၊ လွန်ခဲ့တဲ့ တစ်ပတ်ကလည်း မန်စီးတီးနဲ့ ဂိုးမရှိသရေကစားခဲ့တဲ့ ဆောက်သမ်တန်ရဲ့ ကစားပုံက ခန့်မှန်းရခက်နေပြီး သူတို့တွေ ဘာလုပ်ပြနိုင်သလဲဆိုတာကို ပြောဖို့လည်း ခက်ပါတယ်။ ဒါပေမယ့် သူတို့တွေကို ချဲလ်ဆီးတို့ အနိုင်ရဖို့က ပျော်ပျော်ကြီး ရွေးချယ်ချင်စရာဖြစ်ပြီး နှစ်ပွဲဆက်တိုက် ရလဒ်ကောင်းတွေ မရခဲ့တဲ့ အသင်းအနေနဲ့ ဒီတစ်ပတ် အိမ်ကွင်းမှာ ကစားခွင့်ကို အကောင်းဆုံး အသုံးချပြီး နိုင်ပွဲရှာမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်နဲ့ပွဲမှာ ခီယေဆာရဲ့ တစ်ဂိုးတည်းနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ချဲလ်ဆီးရဲ့ ခြေစွမ်းက မညံ့ခဲ့ဘူးဆိုတော့ ဒီတစ်ပတ်မှာ မေဆန်မောင့်သာ ပြန်လာခဲ့ရင် ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်မှာပါ။ (ချဲလ်ဆီး ၂-၀ ဆောက်သမ်တန်)

ဝုလ်ဗာဟမ့်ပ်တန် Vs နယူးကာဆယ်လ်
ပြီးခဲ့တဲ့ တစ်ပတ်က ရာအူးလ် ဟီမီနက်ဇ်ရဲ့ ဒဏ်ရာကနေ ပြန်လာကတည်းက ပထမဆုံးသွင်းဂိုးကို ရယူပေးခဲ့ပုံကတော့ Wow စရာဖြစ်ခဲ့ပြီး သူ့လို ဂိုးပေါက်ပျောက်နေခဲ့တဲ့ လူတစ်ယောက်အတွက် သွေးအေးအေးနဲ့ အကောင်းဆုံးပုံစံကို အံ့ဩစရာလုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်လ်တို့ ကတော့ ပြီးခဲ့တဲ့ တစ်ပတ်က ဝတ်ဖို့ဒ်နဲ့ တစ်ဂိုးစီ သရေကျခဲ့သလို ဒီတစ်ပတ်မှာလည်း ဒီလိုရလဒ်မျိုးလောက်ပဲ သူတို့က ထိုက်တန်တာပါ။ ဒီနှစ်သင်းကြား ကွာဟချက် ကြီးကြီးမားမား မရှိသလို ဘယ်သူသာလဲတောင် မပြောနိုင်တဲ့အချိန်မှာ စန်မက်ဇီမန် ခြေစွမ်းပြနိုင်ပေမယ့်လည်း တစ်ဂိုးစီသရေပဲဖြစ်ကြမှာပါ။ (ဝုလ်ဗ်စ် ၁-၁ နယူးကာဆယ်လ်)

ဘန်လေ Vs နော့ဝစ်ချ်
ဒီပွဲမှာတော့ ဘန်လေက နှစ်ဂိုး-ဂိုးမရှိနဲ့ နိုင်မယ်လို့ ရဲရဲကြီး ခန့်မှန်းချင်ပါတယ်။ နော့ဝစ်ချ်က ဘောလုံးမှ ကောင်းကောင်းမကစားတတ်တာပဲဗျ၊ ပွဲတိုင်းမှာ အရှုံးပေးဖို့ ကစားနေတဲ့ အသင်းပဲ။ အမှတ်လည်း မရှာဖွေတတ်ဘူးဆိုတော့ ရာသီကုန်ရင် တန်းဆင်းရမယ့် နေရာကို ခုကတည်း ကျောက်ချနေပြီပေါ့။ ၁၆ ပွဲဆက်တိုက် ပရီးမီးယားလိဂ်မှာ ရှုံးသွားမှာလားတောင် မပြောတတ်ဘူးလေ။ ဘန်လေက သူတို့ပုံစံနဲ့သူတို့ ကောင်းတဲ့အသင်းပါ။ ဒီရာသီမှာ ကံသိပ်မကောင်းလို့ အမှတ်တွေ ဆုံးရှုံးနေရတာဖြစ်ပြီး ဒီတစ်ပွဲက သူတို့ကို တန်းဆင်းဇုန်ကနေ ထွက်လာဖို့ ကူညီနိုင်ပါလိမ့်မယ်။ (ဘန်လေ ၂-၀ နော့ဝစ်ချ်)

လိဒ်စ်ယူနိုက်တက် Vs ဝတ်ဖို့ဒ်
အရင်က ပြောဖူးသလိုပါပဲ၊ ကျွန်တော်ကတော့ လိဒ်စ်ယူနိုက်တက်ကစားတာကို စောင့်ကြည့်ရတာ ကြိုက်ပါတယ်။ သူတို့က ဖျော်ဖြေမှုဆန်တဲ့ ဘောလုံးကစားဟန်ကို ပြသနိုင်ပေမယ့် ဒီရာသီကတော့ မာဆယ်လို ဘီယယ်လ်ဆာနဲ့ သူ့လူတွေအတွက် ကြမ်းတမ်းလွန်းနေခဲ့တာပါ။ တစ်ဖက်က ဝတ်ဖို့ဒ် ကတော့ သူတို့မှာ နေရာလွတ်တွေ ရှာဖွေတတ်ပြီး တန်ပြန်တိုက်စစ်ကောင်းတဲ့ တောင်ပံတွေကို ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် ဒီလိုပွဲမျိုးကိုမှ လိဒ်စ်တို့ အနိုင်မယူနိုင်ဘူးဆိုရင် သူတို့ဘဝက တော်တော်လေး ခါးသွားမှာပါ။ တချို့တွေအသင်းတွေကတော့ သူတို့ရဲ့ အားနည်းချက်တွေကို ရှာဖွေထိုးနှက်နိုင်ခဲ့ပြီး ခုလို တန်းဆင်းဇုန်ထဲမှာ ရောက်နေခဲ့ရပေမယ့် ဒီနေ့မှာတော့ သူတို့အနေနဲ့ လွယ်ကူတဲ့ နိုင်ပွဲရမယ်လို့ ထင်ပါတယ်။ (လိဒ်စ် ၃-၁ ဝတ်ဖို့ဒ်)

ဘရိုက်တန် Vs အာဆင်နယ်
အာဆင်နယ်ကတော့ ငုပ်နေရာက ပြန်ပေါ်လာခဲ့ပါပြီ။ စပါးစ်နဲ့ပွဲမှာ စွမ်းဆောင်ရည်တော်တော်ကောင်းခဲ့ပြီး ဒီပွဲကို သူတို့အနေနဲ့ ပေးဂိုးမရှိ ပြည့်စုံဖို့အတွက်တောင် ထိုက်တန်ခဲ့သေးတာပါ။ ဒါပေမယ့် လူတွေက အာဆင်နယ်ဆိုတာနဲ့ ခြေမမှန်တတ်ဘူးဆိုတာနဲ့ တွဲမြင်နေကြတာကြောင့် လာမယ့် ဘရိုက်တန်နဲ့ပွဲမှာ သူတို့တွေအနေနဲ့ အမှတ်လျော့သွားမယ်ဆိုရင်လည်း ကျွန်တော်ကတော့ အံ့ဩမှာ မဟုတ်ပါဘူး။ သူတို့တွေအနေနဲ့ အကောင်းဆုံး ၁၁ ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီဆိုရင် နည်းစနစ်ပိုင်းအရရော ကြံ့ခိုင်မှုပိုင်းအရပါ အပြောင်းအလဲမရှိအောင် လုပ်ဆောင်ထားသင့်ပြီး ဥရောပပွဲတွေ မကစားရဘဲ တစ်ပတ်မှာ တစ်ပွဲသာ ကစားရတာက အားသာချက်ဖြစ်နေချိန်မှာ ဘရိုက်တန်တို့အနေနဲ့ ပဲလေ့စ်က ပုံစံနဲ့သာ ကစားလာရင် ဒီပွဲကို အာဆင်နယ်တို့ အနိုင်ရသင့်ပါတယ်။ (ဘရိုက်တန် ၁-၂ အာဆင်နယ်)

တော့တင်ဟမ် Vs အက်စ်တန်ဗီလာ
ဗီလာတို့ကတော့ ပြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ တော်တော်လေးကောင်းခဲ့တာဖြစ်ပြီး လာမယ့်ပွဲမှာလည်း ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်သွားဖို့ ထိုက်တန်နေတာပါ။ ဒါပေမယ့် တော့တင်ဟမ်နဲ့ပွဲမှာတော့ သူတို့အနေနဲ့ မတူညီတဲ့ ပြိုင်ပွဲတစ်ပွဲကို ရင်ဆိုင်ရမှာဖြစ်ပြီး အိမ်ရှင်တွေရဲ့ တကယ့်မျက်နှာအစစ်အမှန်က ဘာလဲဆိုတာ ပြောဖို့ခက်ချိန်မှာ ရလဒ်က ပြောဖို့ ခက်နေပါတယ်။ မန်စီးတီးကို အနိုင်ရသလိုမျိုး၊ ချဲလ်ဆီးနဲ့ပွဲက ပထမပိုင်းမျိုးကို သူတို့တွေ ပုံမှန်လုပ်ဆောင်နိုင်ခဲ့ရင် စပါးစ်ဟာ အင်မတန်ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်နိုင်ပေမယ့် နူနို ဆန်တိုရဲ့ အပြောင်းအလဲလုပ်ဖို့ ခေါင်းမာတဲ့ ပုံစံကြောင့် ဂရုတစိုက် ခန့်မှန်းပြီး ပြောရရင်တော့ ဗီလာတို့ပဲ နှစ်ဂိုး-တစ်ဂိုးလောက်နဲ့ ကပ်နိုင်သွားနိုင်ပါတယ်။ (တော့တင်ဟမ် ၁-၂ ဗီလာ)

ဝက်စ်ဟမ်း Vs ဘရန့်ဖို့ဒ်
ဘရန့်ဖို့ဒ်အကြောင်း ပြောပါဆိုရင်တော့ ကျွန်တော့်မှာ အားနည်းချက်ဖြစ်နေပါတယ်။ သူတို့ရဲ့ ပရီးမီးယားလိဂ်မှာ ကြိုးစားကစားနေတဲ့ ပုံစံက ခန့်မှန်းဖို့ ခက်ခဲစေတာပါ။ သူတို့ရဲ့ တိုက်စစ်မှူး အိုင်ဗန် တိုနီက သူ့ရဲ့အဆင့်အတန်းကို ပရီးမီးယားလိဂ်မှာ ပြသနေသလို ဘရန့်ဖို့ဒ်က အသင်းကောင်းလို့ပဲ ပြောရမယ့်အချိန်မှာ ဝက်စ်ဟမ်းကလည်း သူတို့ရဲ့ နာမည်ဂုဏ်သတင်းအရ လျှော့ပြောဖို့ ခက်ပါတယ်။ ဝက်စ်ဟမ်းရဲ့ ရလဒ်တွေကို ကြည့်ရင် အန်တိုနီယိုရဲ့ ခြေစွမ်းက အရေးပါနေပြီး သူတို့ရဲ့ ပင်နယ်တီသာ မန်ချက်စတာယူနိုက်တက်ဘက်ကို မလွဲခဲ့ဘူးဆိုရင် အကောင်းဆုံးတစ်သင်းလို့တောင် ပြောသင့်တာပါ။ ပြီးခဲ့တဲ့ ရာသီက သူတို့တွေအနေနဲ့ ဒီထက် ရပ်တည်မှု ကောင်းခဲ့သင့်ပြီး ဒီနေ့မှာလည်း ရလဒ်ကောင်းဖို့ မျှော်လင့်ပါတယ်။ (ဝက်စ်ဟမ်း ၂-၁ ဘရန့်ဖို့ဒ်)

ခရစ္စတယ်လ်ပဲလေ့စ် Vs လက်စတာစီးတီး
ပဲလေ့စ်ရဲ့ ဗီယာရာလက်အောက်မှာ တိုးတက်လာတဲ့ ပုံစံကို ကျွန်တော် သဘောကျမိပြီး ပြီးခဲ့တဲ့ အပတ်က သူတို့တွေ တော်တော်လေး ကောင်းခဲ့ပါတယ်။ နည်းပြသစ်နဲ့ အသင်းကြားမှာ ဆက်ဆံရေးကောင်းနဲ့ ကြိုးစားနေတဲ့ ပုံစံက နူနို ဆန်တိုရဲ့ စပါးစ်နဲ့တော့ ပြောင်းပြန်ပေါ့ဗျာ။ ကျွန်တော့် အနေနဲ့ ရလဒ်တွေကို ခန့်မှန်းတိုင်း လက်စတာကို ဘက်ကန်တာ ရှားပေမယ့် ဒီတစ်ခါမှာတော့ ပဲလေ့စ်အနိုင်ဘက်က ရပ်တည်လိုက်ချင်ပါတယ်။ ပဲလေ့စ် ကစားသမားတွေအနေနဲ့ ဒီထက် ကံပိုကောင်းမယ်လို့ မျှော်လင့်မိပြီး ဒီရာသီမှာ ရပ်တည်မှု ပိုကောင်းနိုင်မယ်လို့ မျှော်လင့်မိသလို ဘရိုက်တန်နဲ့ပွဲမှာ မရခဲ့တဲ့ နိုင်ပွဲကို ဒီနေ့ရသွားနိုင်ပါတယ်။ (ပဲလေ့စ် ၂-၁ လက်စတာ)

လီဗာပူးလ် Vs မန်ချက်စတာစီးတီး
ဒါကမှ ဒီတစ်ပတ်ရဲ့ တကယ့်ပွဲပေါ့ဗျာ။ ပွဲတွေ ကန်တာ များလာအပြီးမှာတော့ သူတို့ရဲ့ တိုက်စစ်မှူးမရှိတဲ့ ပြဿနာက တစ်ကျော့ပြန် ခြောက်လှန့်လာခဲ့ပြန်ပါပြီ။ ချဲလ်ဆီးနဲ့ပွဲမှာ လူထိပြီး ဝင်လို့ တစ်ဂိုးရပြီး ပီအက်စ်ဂျီကိုတော့ ဘောလုံးကိုင်ပြီး ရှုံးနိမ့်ခဲ့သလို ဒွန်နာရမ်မာကိုလည်း လုံးဝ မခြိမ်းခြောက်နိုင်ဘူးလေ။ နော့ဝစ်ချ်လို အသင်းမျိုးနဲ့ မကစားရင် သူတို့တွေ ဂိုးသွင်းဖို့က ခက်မှာဖြစ်ပြီး တစ်ဖက်မှာတော့ လီဗာပူးလ်တို့က တဒိုင်းဒိုင်း သွင်းပြနေပါတယ်။ ဒီပွဲက စိတ်ဝင်စားစရာကောင်းတဲ့ ပွဲမျိုးဖြစ်ပြီး တစ်ဖက် နှစ်ဂိုးစီ အပြန်အလှန်သွင်းပြီး သရေကျသွားဖို့ မျှော်လင့်မိပါတယ်။ သူတို့ နှစ်သင်းစလုံးက အကောင်းဆုံး လူစာရင်းကို ထုတ်သုံးခဲ့ရင် တိုက်စစ်တွေက ခံစစ်တွေကို အသီးသီး အနိုင်ယူကြမှာဖြစ်လို့ပါ။ (လီဗာပူးလ် ၂-၂ မန်စီးတီး)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ Vs အဲဗာတန္
မန္ခ်က္စတာယူႏိုက္တက္တို႔ ဘယ္ေလာက္ကံေကာင္းမလဲပဲ ထပ္ၾကည့္ရမွာပါ။ ၿပီးခဲ့တဲ့ပြဲက သူတို႔ကို ဗီလာရီးရဲလ္က ေဘာလုံး ဘယ္လို ကစားရမယ္ဆိုတာကို ျပသြားၿပီးပါၿပီ။ ဒါေပမယ့္ သူတို႔အေနနဲ႔ တိုက္ပြဲဝင္ခဲ့ၾကတာကိုေတာ့ အသိအမွတ္ျပဳရမွာျဖစ္ၿပီး ေနာက္ဆုံးမိနစ္မွာ ႏိုင္ပြဲရခဲ့ပါတယ္။ အဲဗာတန္ကေတာ့ သူတို႔ရဲ႕ ပုံစံေကာင္းေတြကို ဒဏ္ရာျပႆနာေတြက ဖ်က္ဆီးေနခဲ့တာပါ။ တကယ္လို႔ ဒီတစ္ပတ္ အိုးလ္ထရက္ဖို႔ဒ္မွာ သူတို႔ေတြအေနနဲ႔ လူစုံထုတ္လာႏိုင္မယ္ဆိုရင္ေတာ့ မန္ခ်က္စတာယူႏိုက္တက္ကို ေခါင္းကိုက္ေစပါလိမ့္မယ္။ အိမ္ရွင္ေတြ ႏွစ္ဂိုး-တစ္ဂိုးေလာက္နဲ႔ အႏိုင္ရဖို႔ ေမွ်ာ္လင့္ပါတယ္။ (မန္ခ်က္စတာယူႏိုက္တက္ ၂-၁ အဲဗာတန္)

ခ်ဲလ္ဆီး Vs ေဆာက္သမ္တန္
ၿပီးခဲ့တဲ့ပြဲမွာ ဝုလ္ဗ္စ္ကို အိမ္ကြင္းမွာ တစ္ဂိုးတည္းနဲ႔ ရႈံးထားၿပီး၊ လြန္ခဲ့တဲ့ တစ္ပတ္ကလည္း မန္စီးတီးနဲ႔ ဂိုးမရွိသေရကစားခဲ့တဲ့ ေဆာက္သမ္တန္ရဲ႕ ကစားပုံက ခန႔္မွန္းရခက္ေနၿပီး သူတို႔ေတြ ဘာလုပ္ျပႏိုင္သလဲဆိုတာကို ေျပာဖို႔လည္း ခက္ပါတယ္။ ဒါေပမယ့္ သူတို႔ေတြကို ခ်ဲလ္ဆီးတို႔ အႏိုင္ရဖို႔က ေပ်ာ္ေပ်ာ္ႀကီး ေ႐ြးခ်ယ္ခ်င္စရာျဖစ္ၿပီး ႏွစ္ပြဲဆက္တိုက္ ရလဒ္ေကာင္းေတြ မရခဲ့တဲ့ အသင္းအေနနဲ႔ ဒီတစ္ပတ္ အိမ္ကြင္းမွာ ကစားခြင့္ကို အေကာင္းဆုံး အသုံးခ်ၿပီး ႏိုင္ပြဲရွာမွာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္နဲ႔ပြဲမွာ ခီေယဆာရဲ႕ တစ္ဂိုးတည္းနဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္ ခ်ဲလ္ဆီးရဲ႕ ေျခစြမ္းက မညံ့ခဲ့ဘူးဆိုေတာ့ ဒီတစ္ပတ္မွာ ေမဆန္ေမာင့္သာ ျပန္လာခဲ့ရင္ ရလဒ္ေကာင္းေတြ ပိုင္ဆိုင္ႏိုင္မွာပါ။ (ခ်ဲလ္ဆီး ၂-၀ ေဆာက္သမ္တန္)

ဝုလ္ဗာဟမ့္ပ္တန္ Vs နယူးကာဆယ္လ္
ၿပီးခဲ့တဲ့ တစ္ပတ္က ရာအူးလ္ ဟီမီနက္ဇ္ရဲ႕ ဒဏ္ရာကေန ျပန္လာကတည္းက ပထမဆုံးသြင္းဂိုးကို ရယူေပးခဲ့ပုံကေတာ့ Wow စရာျဖစ္ခဲ့ၿပီး သူ႔လို ဂိုးေပါက္ေပ်ာက္ေနခဲ့တဲ့ လူတစ္ေယာက္အတြက္ ေသြးေအးေအးနဲ႔ အေကာင္းဆုံးပုံစံကို အံ့ဩစရာလုပ္ျပႏိုင္ခဲ့တာျဖစ္ပါတယ္။ နယူးကာဆယ္လ္တို႔ ကေတာ့ ၿပီးခဲ့တဲ့ တစ္ပတ္က ဝတ္ဖို႔ဒ္နဲ႔ တစ္ဂိုးစီ သေရက်ခဲ့သလို ဒီတစ္ပတ္မွာလည္း ဒီလိုရလဒ္မ်ိဳးေလာက္ပဲ သူတို႔က ထိုက္တန္တာပါ။ ဒီႏွစ္သင္းၾကား ကြာဟခ်က္ ႀကီးႀကီးမားမား မရွိသလို ဘယ္သူသာလဲေတာင္ မေျပာႏိုင္တဲ့အခ်ိန္မွာ စန္မက္ဇီမန္ ေျခစြမ္းျပႏိုင္ေပမယ့္လည္း တစ္ဂိုးစီသေရပဲျဖစ္ၾကမွာပါ။ (ဝုလ္ဗ္စ္ ၁-၁ နယူးကာဆယ္လ္)

ဘန္ေလ Vs ေနာ့ဝစ္ခ်္
ဒီပြဲမွာေတာ့ ဘန္ေလက ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ႏိုင္မယ္လို႔ ရဲရဲႀကီး ခန႔္မွန္းခ်င္ပါတယ္။ ေနာ့ဝစ္ခ်္က ေဘာလုံးမွ ေကာင္းေကာင္းမကစားတတ္တာပဲဗ်၊ ပြဲတိုင္းမွာ အရႈံးေပးဖို႔ ကစားေနတဲ့ အသင္းပဲ။ အမွတ္လည္း မရွာေဖြတတ္ဘူးဆိုေတာ့ ရာသီကုန္ရင္ တန္းဆင္းရမယ့္ ေနရာကို ခုကတည္း ေက်ာက္ခ်ေနၿပီေပါ့။ ၁၆ ပြဲဆက္တိုက္ ပရီးမီးယားလိဂ္မွာ ရႈံးသြားမွာလားေတာင္ မေျပာတတ္ဘူးေလ။ ဘန္ေလက သူတို႔ပုံစံနဲ႔သူတို႔ ေကာင္းတဲ့အသင္းပါ။ ဒီရာသီမွာ ကံသိပ္မေကာင္းလို႔ အမွတ္ေတြ ဆုံးရႈံးေနရတာျဖစ္ၿပီး ဒီတစ္ပြဲက သူတို႔ကို တန္းဆင္းဇုန္ကေန ထြက္လာဖို႔ ကူညီႏိုင္ပါလိမ့္မယ္။ (ဘန္ေလ ၂-၀ ေနာ့ဝစ္ခ်္)

လိဒ္စ္ယူႏိုက္တက္ Vs ဝတ္ဖို႔ဒ္
အရင္က ေျပာဖူးသလိုပါပဲ၊ ကြၽန္ေတာ္ကေတာ့ လိဒ္စ္ယူႏိုက္တက္ကစားတာကို ေစာင့္ၾကည့္ရတာ ႀကိဳက္ပါတယ္။ သူတို႔က ေဖ်ာ္ေျဖမႈဆန္တဲ့ ေဘာလုံးကစားဟန္ကို ျပသႏိုင္ေပမယ့္ ဒီရာသီကေတာ့ မာဆယ္လို ဘီယယ္လ္ဆာနဲ႔ သူ႔လူေတြအတြက္ ၾကမ္းတမ္းလြန္းေနခဲ့တာပါ။ တစ္ဖက္က ဝတ္ဖို႔ဒ္ ကေတာ့ သူတို႔မွာ ေနရာလြတ္ေတြ ရွာေဖြတတ္ၿပီး တန္ျပန္တိုက္စစ္ေကာင္းတဲ့ ေတာင္ပံေတြကို ပိုင္ဆိုင္ထားတယ္။ ဒါေပမယ့္ ဒီလိုပြဲမ်ိဳးကိုမွ လိဒ္စ္တို႔ အႏိုင္မယူႏိုင္ဘူးဆိုရင္ သူတို႔ဘဝက ေတာ္ေတာ္ေလး ခါးသြားမွာပါ။ တခ်ိဳ႕ေတြအသင္းေတြကေတာ့ သူတို႔ရဲ႕ အားနည္းခ်က္ေတြကို ရွာေဖြထိုးႏွက္ႏိုင္ခဲ့ၿပီး ခုလို တန္းဆင္းဇုန္ထဲမွာ ေရာက္ေနခဲ့ရေပမယ့္ ဒီေန႔မွာေတာ့ သူတို႔အေနနဲ႔ လြယ္ကူတဲ့ ႏိုင္ပြဲရမယ္လို႔ ထင္ပါတယ္။ (လိဒ္စ္ ၃-၁ ဝတ္ဖို႔ဒ္)

ဘ႐ိုက္တန္ Vs အာဆင္နယ္
အာဆင္နယ္ကေတာ့ ငုပ္ေနရာက ျပန္ေပၚလာခဲ့ပါၿပီ။ စပါးစ္နဲ႔ပြဲမွာ စြမ္းေဆာင္ရည္ေတာ္ေတာ္ေကာင္းခဲ့ၿပီး ဒီပြဲကို သူတို႔အေနနဲ႔ ေပးဂိုးမရွိ ျပည့္စုံဖို႔အတြက္ေတာင္ ထိုက္တန္ခဲ့ေသးတာပါ။ ဒါေပမယ့္ လူေတြက အာဆင္နယ္ဆိုတာနဲ႔ ေျခမမွန္တတ္ဘူးဆိုတာနဲ႔ တြဲျမင္ေနၾကတာေၾကာင့္ လာမယ့္ ဘ႐ိုက္တန္နဲ႔ပြဲမွာ သူတို႔ေတြအေနနဲ႔ အမွတ္ေလ်ာ့သြားမယ္ဆိုရင္လည္း ကြၽန္ေတာ္ကေတာ့ အံ့ဩမွာ မဟုတ္ပါဘူး။ သူတို႔ေတြအေနနဲ႔ အေကာင္းဆုံး ၁၁ ေယာက္ကို ရွာေဖြေတြ႕ရွိခဲ့ၿပီဆိုရင္ နည္းစနစ္ပိုင္းအရေရာ ႀကံ့ခိုင္မႈပိုင္းအရပါ အေျပာင္းအလဲမရွိေအာင္ လုပ္ေဆာင္ထားသင့္ၿပီး ဥေရာပပြဲေတြ မကစားရဘဲ တစ္ပတ္မွာ တစ္ပြဲသာ ကစားရတာက အားသာခ်က္ျဖစ္ေနခ်ိန္မွာ ဘ႐ိုက္တန္တို႔အေနနဲ႔ ပဲေလ့စ္က ပုံစံနဲ႔သာ ကစားလာရင္ ဒီပြဲကို အာဆင္နယ္တို႔ အႏိုင္ရသင့္ပါတယ္။ (ဘ႐ိုက္တန္ ၁-၂ အာဆင္နယ္)

ေတာ့တင္ဟမ္ Vs အက္စ္တန္ဗီလာ
ဗီလာတို႔ကေတာ့ ၿပီးခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာ ေတာ္ေတာ္ေလးေကာင္းခဲ့တာျဖစ္ၿပီး လာမယ့္ပြဲမွာလည္း ရလဒ္ေကာင္းတစ္ခုကို ပိုင္ဆိုင္သြားဖို႔ ထိုက္တန္ေနတာပါ။ ဒါေပမယ့္ ေတာ့တင္ဟမ္နဲ႔ပြဲမွာေတာ့ သူတို႔အေနနဲ႔ မတူညီတဲ့ ၿပိဳင္ပြဲတစ္ပြဲကို ရင္ဆိုင္ရမွာျဖစ္ၿပီး အိမ္ရွင္ေတြရဲ႕ တကယ့္မ်က္ႏွာအစစ္အမွန္က ဘာလဲဆိုတာ ေျပာဖို႔ခက္ခ်ိန္မွာ ရလဒ္က ေျပာဖို႔ ခက္ေနပါတယ္။ မန္စီးတီးကို အႏိုင္ရသလိုမ်ိဳး၊ ခ်ဲလ္ဆီးနဲ႔ပြဲက ပထမပိုင္းမ်ိဳးကို သူတို႔ေတြ ပုံမွန္လုပ္ေဆာင္ႏိုင္ခဲ့ရင္ စပါးစ္ဟာ အင္မတန္ခက္ခဲတဲ့ ၿပိဳင္ဘက္ျဖစ္ႏိုင္ေပမယ့္ ႏူႏို ဆန္တိုရဲ႕ အေျပာင္းအလဲလုပ္ဖို႔ ေခါင္းမာတဲ့ ပုံစံေၾကာင့္ ဂ႐ုတစိုက္ ခန႔္မွန္းၿပီး ေျပာရရင္ေတာ့ ဗီလာတို႔ပဲ ႏွစ္ဂိုး-တစ္ဂိုးေလာက္နဲ႔ ကပ္ႏိုင္သြားႏိုင္ပါတယ္။ (ေတာ့တင္ဟမ္ ၁-၂ ဗီလာ)

ဝက္စ္ဟမ္း Vs ဘရန႔္ဖို႔ဒ္
ဘရန႔္ဖို႔ဒ္အေၾကာင္း ေျပာပါဆိုရင္ေတာ့ ကြၽန္ေတာ့္မွာ အားနည္းခ်က္ျဖစ္ေနပါတယ္။ သူတို႔ရဲ႕ ပရီးမီးယားလိဂ္မွာ ႀကိဳးစားကစားေနတဲ့ ပုံစံက ခန႔္မွန္းဖို႔ ခက္ခဲေစတာပါ။ သူတို႔ရဲ႕ တိုက္စစ္မႉး အိုင္ဗန္ တိုနီက သူ႔ရဲ႕အဆင့္အတန္းကို ပရီးမီးယားလိဂ္မွာ ျပသေနသလို ဘရန႔္ဖို႔ဒ္က အသင္းေကာင္းလို႔ပဲ ေျပာရမယ့္အခ်ိန္မွာ ဝက္စ္ဟမ္းကလည္း သူတို႔ရဲ႕ နာမည္ဂုဏ္သတင္းအရ ေလွ်ာ့ေျပာဖို႔ ခက္ပါတယ္။ ဝက္စ္ဟမ္းရဲ႕ ရလဒ္ေတြကို ၾကည့္ရင္ အန္တိုနီယိုရဲ႕ ေျခစြမ္းက အေရးပါေနၿပီး သူတို႔ရဲ႕ ပင္နယ္တီသာ မန္ခ်က္စတာယူႏိုက္တက္ဘက္ကို မလြဲခဲ့ဘူးဆိုရင္ အေကာင္းဆုံးတစ္သင္းလို႔ေတာင္ ေျပာသင့္တာပါ။ ၿပီးခဲ့တဲ့ ရာသီက သူတို႔ေတြအေနနဲ႔ ဒီထက္ ရပ္တည္မႈ ေကာင္းခဲ့သင့္ၿပီး ဒီေန႔မွာလည္း ရလဒ္ေကာင္းဖို႔ ေမွ်ာ္လင့္ပါတယ္။ (ဝက္စ္ဟမ္း ၂-၁ ဘရန႔္ဖို႔ဒ္)

ခရစၥတယ္လ္ပဲေလ့စ္ Vs လက္စတာစီးတီး
ပဲေလ့စ္ရဲ႕ ဗီယာရာလက္ေအာက္မွာ တိုးတက္လာတဲ့ ပုံစံကို ကြၽန္ေတာ္ သေဘာက်မိၿပီး ၿပီးခဲ့တဲ့ အပတ္က သူတို႔ေတြ ေတာ္ေတာ္ေလး ေကာင္းခဲ့ပါတယ္။ နည္းျပသစ္နဲ႔ အသင္းၾကားမွာ ဆက္ဆံေရးေကာင္းနဲ႔ ႀကိဳးစားေနတဲ့ ပုံစံက ႏူႏို ဆန္တိုရဲ႕ စပါးစ္နဲ႔ေတာ့ ေျပာင္းျပန္ေပါ့ဗ်ာ။ ကြၽန္ေတာ့္ အေနနဲ႔ ရလဒ္ေတြကို ခန႔္မွန္းတိုင္း လက္စတာကို ဘက္ကန္တာ ရွားေပမယ့္ ဒီတစ္ခါမွာေတာ့ ပဲေလ့စ္အႏိုင္ဘက္က ရပ္တည္လိုက္ခ်င္ပါတယ္။ ပဲေလ့စ္ ကစားသမားေတြအေနနဲ႔ ဒီထက္ ကံပိုေကာင္းမယ္လို႔ ေမွ်ာ္လင့္မိၿပီး ဒီရာသီမွာ ရပ္တည္မႈ ပိုေကာင္းႏိုင္မယ္လို႔ ေမွ်ာ္လင့္မိသလို ဘ႐ိုက္တန္နဲ႔ပြဲမွာ မရခဲ့တဲ့ ႏိုင္ပြဲကို ဒီေန႔ရသြားႏိုင္ပါတယ္။ (ပဲေလ့စ္ ၂-၁ လက္စတာ)

လီဗာပူးလ္ Vs မန္ခ်က္စတာစီးတီး
ဒါကမွ ဒီတစ္ပတ္ရဲ႕ တကယ့္ပြဲေပါ့ဗ်ာ။ ပြဲေတြ ကန္တာ မ်ားလာအၿပီးမွာေတာ့ သူတို႔ရဲ႕ တိုက္စစ္မႉးမရွိတဲ့ ျပႆနာက တစ္ေက်ာ့ျပန္ ေျခာက္လွန႔္လာခဲ့ျပန္ပါၿပီ။ ခ်ဲလ္ဆီးနဲ႔ပြဲမွာ လူထိၿပီး ဝင္လို႔ တစ္ဂိုးရၿပီး ပီအက္စ္ဂ်ီကိုေတာ့ ေဘာလုံးကိုင္ၿပီး ရႈံးနိမ့္ခဲ့သလို ဒြန္နာရမ္မာကိုလည္း လုံးဝ မၿခိမ္းေျခာက္ႏိုင္ဘူးေလ။ ေနာ့ဝစ္ခ်္လို အသင္းမ်ိဳးနဲ႔ မကစားရင္ သူတို႔ေတြ ဂိုးသြင္းဖို႔က ခက္မွာျဖစ္ၿပီး တစ္ဖက္မွာေတာ့ လီဗာပူးလ္တို႔က တဒိုင္းဒိုင္း သြင္းျပေနပါတယ္။ ဒီပြဲက စိတ္ဝင္စားစရာေကာင္းတဲ့ ပြဲမ်ိဳးျဖစ္ၿပီး တစ္ဖက္ ႏွစ္ဂိုးစီ အျပန္အလွန္သြင္းၿပီး သေရက်သြားဖို႔ ေမွ်ာ္လင့္မိပါတယ္။ သူတို႔ ႏွစ္သင္းစလုံးက အေကာင္းဆုံး လူစာရင္းကို ထုတ္သုံးခဲ့ရင္ တိုက္စစ္ေတြက ခံစစ္ေတြကို အသီးသီး အႏိုင္ယူၾကမွာျဖစ္လို႔ပါ။ (လီဗာပူးလ္ ၂-၂ မန္စီးတီး)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.