Ligue1 Premier League

မက်ဆီကို နှိပ်ကွပ်နေတဲ့ အကြောင်းအရင်းဖြစ်နိုင်ခြေရှိနေတဲ့ အပြောင်းအရွှေ့ဇာတ်ရှုပ်

ပီအက်စ်ဂျီအသင်းဟာ လီယွန်နယ် မက်ဆီကို ခေါ်ယူခဲ့တဲ့အချိန်မှာ တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် အာဂျင်တီးနားကြယ်ပွင့်ကို မခေါ်ယူမီ အံ့အားသင့်ဖွယ် ပရီးမီးယားလိဂ်ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ၎င်းတို့ရဲ့အသင်းခေါင်းဆောင်ကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေအားလုံး လုပ်ဆောင်နေတာကြောင့် ဘယ်သူကမှ နွေရာသီမှာ မက်ဆီကို အသင်းပြောင်းရွှေ့လိမ့်မယ်လို့ ဘယ်သူကမှ မျှော်မှန်းထားခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ကနဦးမှာ မက်ဆီအနေနဲ့ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုမှာမဟုတ်ဘူးလို့ ကြေညာခဲ့တဲ့အချိန်မှာတောင် အများစုက လာလီဂါအနေနဲ့ ဘာကာနဲ့ မက်ဆီတို့ စာချုပ် ချုပ်ဆိုနိုင်အောင် ခြွင်းချက်ပေးလိမ့်မယ်လို့ ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက ဘယ်လွန်ဒေါ ၆ ဆုရှင် လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ အခွင့်အရေးမရရှိမီ ကွင်းလယ်ကစားတစ်ဦး ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး သတင်းအများစုအရ ပေါ့ဂ်ဘာဟာ ၎င်းတို့ရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့သတင်းတွေကို ဖွင့်ချတတ်တဲ့ ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ ပီအက်စ်ဂျီအသင်း ခေါ်ယူချင်ခဲ့တဲ့ ကွင်းလယ်ကစားသမားဟာ အခြားတစ်ယောက်သာဖြစ်တယ်လို့ သိရပါတယ်။

“ဂျော်ဒန် ဟန်ဒါဆန်အတွက် နောက်ကွယ်မှာ ကြိုးစားနေခဲ့တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ပီအက်စ်ဂျီအသင်းက ဟန်ဒါဆန်ကို ကစားသမားခေါ်ယူမှုအသစ်အဖြစ် ခေါ်ယူသွားဖို့ စဉ်းစားခဲ့ကြပါတယ်။ လီယို မက်ဆီကို အလကားရမယ့် အခွင့်အရေး မရခင်ပေါ့။ ဘာလို့လဲဆိုတော့ မက်ဆီကတော့ အခွင့်အရေးတစ်ခုဖြစ်ပြီး အဲဒီဟာကို သူတို့ အရယူခဲ့ကြတာပါ”

လီဂူးဝမ်းထိပ်သီးအသင်းကြီးဟာ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အသင်းက ထွက်ခွာနိုင်ခြေများနေတဲ့ ပေါ့ဂ်ဘာနဲ့ ရက်သတ္တပတ်ပေါင်းများစွာ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ယူနိုက်တက်က ပြင်သစ်ကြယ်ပွင့်ကို အမှန်တကယ် ထိန်းသိမ်းချင်ခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်အောင် ပေါင်သန်း ၅၀ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဟန်ဒါဆန်ဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုတော့မှာမဟုတ်ဘူးလို့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ပြီး ပီအက်စ်ဂျီအသင်းက ခေါ်ယူချင်နေတာကြောင့် အန်းဖီးကို စွန့်ခွာတော့မယ်လို့လည်း ပြောဆိုမှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

“မက်ဆီကို မခေါ်ခင် သူတို့ ကွင်းလယ်ကစားသမားလိုချင်ခဲ့တာပါ။ ပေါ့ဂ်ဘာက ရှုပ်ထွေးနေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ မန်ယူနိုက်တက်က သူ့ကို ထိန်းသိမ်းထားချင်လို့ ဖြစ်ပြီး ပီအက်စ်ဂျီက ဟန်ဒါဆန်နဲ့ လီဗာပူးလ်တို့ သဘောတူညီမှု မရခင်မှာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်”

“လီဗာပူးလ်ကတော့ သူတို့ရဲ့ နည်းဗျူဟာပိုင်းတွေ အရမ်းကောင်းမွန်ပါတယ်။ သူတို့မှာ အချိန်ကိုက် မှန်ကန်တဲ့ အဆိုပြုချက်တွေ ရှိခဲ့ပြီး ဟန်ဒါဆန်ကလည်း အဲဒါနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီအသင္းဟာ လီယြန္နယ္ မက္ဆီကို ေခၚယူခဲ့တဲ့အခ်ိန္မွာ တသက္တာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးကို ေခၚယူခဲ့တာျဖစ္ေပမယ့္ အာဂ်င္တီးနားၾကယ္ပြင့္ကို မေခၚယူမီ အံ့အားသင့္ဖြယ္ ပရီးမီးယားလိဂ္ကြင္းလယ္ကစားသမားကို ေခၚယူဖို႔ ပစ္မွတ္ထားခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ၎တို႔ရဲ့အသင္းေခါင္းေဆာင္ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ ေျပာဆိုေဆြးေႏြးမႈေတြအားလုံး လုပ္ေဆာင္ေနတာေၾကာင့္ ဘယ္သူကမွ ေႏြရာသီမွာ မက္ဆီကို အသင္းေျပာင္းေရႊ႕လိမ့္မယ္လို႔ ဘယ္သူကမွ ေမၽွာ္မွန္းထားျခင္းမရွိခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းက ကနဦးမွာ မက္ဆီအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမွာမဟုတ္ဘူးလို႔ ေၾကညာခဲ့တဲ့အခ်ိန္မွာေတာင္ အမ်ားစုက လာလီဂါအေနနဲ႔ ဘာကာနဲ႔ မက္ဆီတို႔ စာခ်ဳပ္ ခ်ဳပ္ဆိုနိုင္ေအာင္ ႁခြင္းခ်က္ေပးလိမ့္မယ္လို႔ ယုံၾကည္ခဲ့ၾကတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းက ဘယ္လြန္ေဒါ ၆ ဆုရွင္ လီယြန္နယ္ မက္ဆီကို ေခၚယူဖို႔ အခြင့္အေရးမရရွိမီ ကြင္းလယ္ကစားတစ္ဦး ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနခဲ့တာျဖစ္ၿပီး သတင္းအမ်ားစုအရ ေပါ့ဂ္ဘာဟာ ၎တို႔ရဲ့ ထိပ္တန္းပစ္မွတ္ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း အေျပာင္းအေရႊ႕သတင္းေတြကို ဖြင့္ခ်တတ္တဲ့ ဂ်ာနယ္လစ္ ဖက္ဘရီဇီယို ရိုမာနိုရဲ့ ေျပာၾကားခ်က္အရ ပီအက္စ္ဂ်ီအသင္း ေခၚယူခ်င္ခဲ့တဲ့ ကြင္းလယ္ကစားသမားဟာ အျခားတစ္ေယာက္သာျဖစ္တယ္လို႔ သိရပါတယ္။

“ေဂ်ာ္ဒန္ ဟန္ဒါဆန္အတြက္ ေနာက္ကြယ္မွာ ႀကိဳးစားေနခဲ့တယ္လို႔ ကၽြန္ေတာ္ ေျပာခ်င္ပါတယ္။ ပီအက္စ္ဂ်ီအသင္းက ဟန္ဒါဆန္ကို ကစားသမားေခၚယူမႈအသစ္အျဖစ္ ေခၚယူသြားဖို႔ စဥ္းစားခဲ့ၾကပါတယ္။ လီယို မက္ဆီကို အလကားရမယ့္ အခြင့္အေရး မရခင္ေပါ့။ ဘာလို႔လဲဆိုေတာ့ မက္ဆီကေတာ့ အခြင့္အေရးတစ္ခုျဖစ္ၿပီး အဲဒီဟာကို သူတို႔ အရယူခဲ့ၾကတာပါ”

လီဂူးဝမ္းထိပ္သီးအသင္းႀကီးဟာ ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ အသင္းက ထြက္ခြာနိုင္ေျခမ်ားေနတဲ့ ေပါ့ဂ္ဘာနဲ႔ ရက္သတၱပတ္ေပါင္းမ်ားစြာ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ ယူနိုက္တက္က ျပင္သစ္ၾကယ္ပြင့္ကို အမွန္တကယ္ ထိန္းသိမ္းခ်င္ခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕မျဖစ္ေျမာက္ေအာင္ ေပါင္သန္း ၅၀ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

၂၀၂၃ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ဟန္ဒါဆန္ဟာ လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုေတာ့မွာမဟုတ္ဘူးလို႔ ေကာလာဟလေတြလည္း ထြက္ေပၚခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းက ေခၚယူခ်င္ေနတာေၾကာင့္ အန္းဖီးကို စြန႔္ခြာေတာ့မယ္လို႔လည္း ေျပာဆိုမႈေတြ ရွိေနခဲ့တာျဖစ္ပါတယ္။

“မက္ဆီကို မေခၚခင္ သူတို႔ ကြင္းလယ္ကစားသမားလိုခ်င္ခဲ့တာပါ။ ေပါ့ဂ္ဘာက ရႈပ္ေထြးေနခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ မန္ယူနိုက္တက္က သူ႔ကို ထိန္းသိမ္းထားခ်င္လို႔ ျဖစ္ၿပီး ပီအက္စ္ဂ်ီက ဟန္ဒါဆန္နဲ႔ လီဗာပူးလ္တို႔ သေဘာတူညီမႈ မရခင္မွာ ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ပါတယ္”

“လီဗာပူးလ္ကေတာ့ သူတို႔ရဲ့ နည္းဗ်ဴဟာပိုင္းေတြ အရမ္းေကာင္းမြန္ပါတယ္။ သူတို႔မွာ အခ်ိန္ကိုက္ မွန္ကန္တဲ့ အဆိုျပဳခ်က္ေတြ ရွိခဲ့ၿပီး ဟန္ဒါဆန္ကလည္း အဲဒါနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.